Day: April 3, 2020

Zoom အစားထိုး အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှု (၅)ခု

ကမ္ဘာတစ်ဝန်း ကို ရိုနာဗိုင်းရပ်စ် ကပ်သင့်နေတာကြောင့် လူအများစုဟာ နေအိမ်တွင်းမှာ နေထိုင်ကြပြီး အလုပ်တွေလုပ်ကိုင်နေကြပါတယ်။ လူအများစုက COVID-19 အကျပ်အတည်းကာလအတွင်း ဗီဒီယိုကွန်ဖရင့်နဲ့ သတင်းလွှင့်တင်ဖို့ Zoom ကိုအသုံးပြုနေကြပါတယ်။ ဒါပေမဲ့ Zoom ဟာတစ်ကိုယ်ရေလုံခြုံမှုကို ချိုးဖောက်နေသလို လုံခြုံရေးအားနည်းချက်လည်းရှိပါတယ်။ ဒါကြောင့် Zoom ကိုအသုံးမပြုလိုသူတွေအနေနဲ့ အခြား အလားတူ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ပါတယ်။ Twitch ဂိမ်မာတွေက ပရိသတ်တွေနဲ့ မျက်နှာပြင်တွေကို ဝေမျှနိုင်ဖို့ Twitch ထွက်ပေါ်လာပါတယ်။ Twitch မှာရုပ်သံထုတ်လွှင့်ဖို့ set up လုပ်နိုင်တဲ့ အသုံးဝင် feature ၃ခုပါဝင်လာပါတယ်။ Twitch ကိုအခမဲ့ အသုံးပြုနိုင်ပြီး app ဒါမှမဟုတ် ဝက်ဘ် browser ကနေတစ်ဆင့် ထပ်ဆင့်ထုတ်လွှင့်နိုင်ပါတယ်။   Google Hangouts Meet […]

Read More

နာရီ ၅၀၀ စာ အစီအစဉ်တွေ ကြည့်ရှုခွင့်ပေးလိုက်တဲ့ HBO

HBO ဟာ ဧပြီ ၃ ရက်စပြီး အခကြေးငွေပေးစရာမလိုဘဲ စီးရီးနဲ့ အစီအစဉ်တွေကို ကြည့်ရှုခွင့်ပြုလိုက်ပါတယ်။ HBO ရဲ့ #StayHomeBoxOffiice အစီအစဉ်အရ COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း လူတွေကို အိမ်မှာပဲ နေထိုင်ဖို့ တွန်းအားပေးတာပဲ ဖြစ်ပါတယ်။ HBO အတွက် HBO Now နဲ့ HBO Go paywall‌ တွေကျော်လွန်ပြီး အလွန်များပြားတဲ့ အစီအစဉ်တွေကို ပထမဆုံးအကြိမ်အဖြစ် အခမဲ့ ပေးဝေခဲ့တာ ဖြစ်ပါတယ်။ HBO ရဲ့နာမည်ကျော် စီးရီးတွေ၊ ရုပ်ရှင်ကားတွေနဲ့ မှတ်တမ်းကားတွေကို ကြည့်နိုင်ပြီ ဖြစ်ပါတယ်။ HBO မှာအခမဲ့ ကြည့်နိုင်မယ့် စီးရီးတွေမှာ The Sopranos, Veep, Six Feet Under နဲ့ The Wire တို့လို […]

Read More

မျက်နှာပြင် ၄.၇လက်မ iPhone SE ထုတ်ကုန် Apple Store မှာထွက်ပေါ်

Apple ရဲ့အသစ်ထွက်ရှိမယ့် ၄.၇ လက်မ iPhone ဟာ ထွက်ရှိလာတော့မှာ ဖြစ်ပြီး iPhone SE လို့ခေါ်ဆိုမယ်လို့ သိရပါတယ်။ Apple Store ပေါ်မှာ ရောင်းချနေတဲ့ Belkin screen protector ဟာ iPhone SE အပြင် iPhone 8 နဲ့ iPhone 7 အတွက်လို့ စာရင်းသွင်းထားပါတယ်။ ဒီနှစ်မှာ မိတ်ဆက်မယ့် iPhone SE ကို အဖြူ၊ အနက်နဲ့ အနီတို့နဲ့ storage 64GB, 128GB နဲ့ 256GB မော်ဒယ်တွေ ထုတ်လုပ်မယ်လို့ 9to5Mac ကဖော်ပြခဲ့ပါတယ်။ iPhone SE မှာ A13 ပရိုဆက်ဆာ ပါဝင်ပေမယ့် ဈေးနှုန်းကတော့ မသိသေးပါဘူး။ […]

Read More

လုံခြုံရေးပြဿနာဖြေရှင်းဖို့ update တွေကို ရပ်ဆိုင်းထားမယ်လို့ Zoom စီအီးအိုပြော

Zoom စီအီးအို အဲရစ်ယွမ်က ဗီဒီယိုကွန်ဖရင့်လုပ်တဲ့ app မှာ လုံခြုံရေးပြဿနာရှိတဲ့အပေါ် ပြောကြားခဲ့ပြီး ရက် ၉၀ အတွင်း ပြဿနာဖြေရှင်းသွားမယ်လို့ ပြောထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်ကနေအလုပ်လုပ်သူ များပြားလာတာကြောင့် နေ့စဉ်သုံးစွဲသူ ဒီဇင်ဘာလမှာ ၁၀ သန်းရှိရာကနေ မတ်လအတွင်း သန်း၂၀၀ အထိ ရှိလာတယ်။ အဲဒီကာလအတွင်း Zoom ဟာ ကုမ္ပဏီအစည်းအဝေးအတွက် လူတွေအများဆုံး အသုံးပြုကြတဲ့ နာမည်ကျော် နံပါတ်တစ် ‌app ဖြစ်လာပါတယ်။“ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း အလွန်များပြားလာတဲ့ သုံးစွဲသူတွေကို ထောက်ပံ့ရတာက အလွန်အံ့အားသင့်စရာကောင်းတဲ့ တာဝန်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ အဓိက အာရုံစိုက်မှုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသိုက်အဝန်းရဲ့ privacy နဲ့ လုံခြုံရေးပိုင်းကတော့ လျော့ကျသွားပါတယ်” လို့ ယွမ်က blog […]

Read More

Facebook မှာ မြင်ရတဲ့ COVID-19 သတင်းအချက်အလက်ကို မှန်၊ မှား စစ်ဆေးနိုင်မယ့် လမ်းညွှန်ချက် ၅ ချက်

Covid-19 ကူးစက်ရောဂါဟာ ကမ္ဘာတစ်ဝှမ်း အရှိန်အဟုန်နဲ့ ပျံ့နှံ့လာချိန်မှာ အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ အွန်လိုင်းမှာ ဘာတွေမျှဝေနေလဲဆိုတာ အထူးသတိချပ်ဖို့ လိုလာပါတယ်။ အတည်မပြုထားတဲ့ မှားမှန် မသေချာတဲ့ အချက်အလက်တွေဟာ လူတွေကို စိတ်ရှုပ်ထွေးမှုတွေ ဖြစ်စေရုံမျှမက မလိုလားအပ်တဲ့ စိုးရိမ် ကြောက်ရွံ့စိတ်တွေကို ဖြစ်စေပါတယ်။ အဆိုးဆုံးကတော့ မလိုလားအပ်တဲ့ စိုးရိမ်ကြောက်ရွံ့စိတ်တွေကို လိုက်ဖြန့်နေသလို ဖြစ်စေနိုင်တာဖြစ်ပါတယ်။ မှန်ကန်ကြောင်း အတည်ပြုပြီးသား သတင်းအချက်အလက်ကိုပဲ မျှဝေမိအောင် သတိထားရင်း သတင်းအမှား ပျံ့နှံ့ရောက်ရှိမှု လျှော့ချနိုင်ဖို့ ကူညီပေးရမယ့် တာဝန်ဟာ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီရဲ့ တာဝန်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သတင်းစဉ်မှာ မြင်လိုက်ရတဲ့ အကြောင်းအရာတစ်ခုခုကို share နှိပ်ပြီး မမျှဝေခင် အလွယ်တကူ စစ်ဆေးနိုင်တဲ့ အချက် (၅) ချက်ကို Facebook က ထုတ်ပြန်ပေးထားကို ဖော်ပြပေးလိုက်ပါတယ်။ […]

Read More

ဩစတြေးလျပညာသင်ဆု လျှောက်လွှာပိတ်ရက်တိုးမြှင့်

COVID-19 ရဲ့ ရေရှည်သက်ရောက်မှုကို ထောက်ရှုပြီး ဩစတြေးလျပညာသင်ဆု လျှောက်လွှာပိတ်မယ့်ရက်ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၃၀ ရက် အထိ တိုးမြှင့်လိုက်ပါတယ်။ ပညာသင်ဆုကို ဩစတြေးလျမှာ ဘွဲ့လွန်ပညာ သင်ကြားလိုသူတွေ အတွက် ပေးအပ်တာဖြစ်ပြီး ၂၀၂၁ ပညာသင်နှစ်အတွက် လျှောက်လွှာတွေကို ဇွန် ၃၀ ရက် ည ၈ နာရီ ၂၉ မိနစ် မတိုင်ခင် လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားသူတွေ ဟာ မြန်မာနိုင်ငံသား၊ လက်ရှိမြန်မာနိုင်ငံမှာ နေထိုင်သူ၊ ဧပြီ ၃၀ ရက်မှာ အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ လုပ်သက် အတွေ့အကြုံ အနည်းဆုံး၂ နှစ်ရှိသူတွေ ဖြစ်ရပါမယ်။ လျှောက်လွှာတွေကို https://oasis.dfat.gov.au ကနေ လျှောက်ထားနိုင်ပြီး တစ်ကြိမ်သာ တင်ရမှာဖြစ်ပါတယ်။ -သန္တာ

Read More

Migrants and Refugees in Education: A Toolkit for Teachers အခမဲ့ အွန်လိုင်းသင်တန်း ဖွင့်မည်

Migrants and Refugees in Education: A Toolkit for Teachers အွန်လိုင်းသင်တန်းကို အခမဲ့ ဖွင့်လှစ်မယ်လို့ ဗြိတိသျှကောင်စီမှ သိရပါတယ်။ အဆိုပါ အခမဲ့ အွန်လိုင်းသင်တန်းဟာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေအတွက် ပညာရေးကဏ္ဍအောက်မှာ အလုပ်လုပ်ကိုင်ပေးနေရသူတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုများ၊ ပဋိပက္ခများနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကမ္ဘာအနှံ့ရှိလူငယ်များအား ထောက်ပံ့သင်ကြားနည်းတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ သင်တန်းကို ဧပြီ ၆ ရက်မှာ စတင်မှာဖြစ်ပြီး ဒီနေရာမှာ ကြိုတင် စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်။ အခမဲ့ အွန်လိုင်းသင်တန်းကို ဗြိတိသျှကောင်စီမြန်မာမှ စီစဉ်ခြင်းမဟုတ်တဲ့အတွက် သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုသူတွေအနေနဲ့ (FAQ) ကို ဒီနေရာမှာ တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ -သန္တာ

Read More