မိုဘိုင်းဆိုင်ရာနည်းပညာတွေကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ဖုန်းအမျိုးမျိုး အသုံးပြုသူတိုင်းဖြစ်တတ်တဲ့ ဖုန်း Lock မေ့သွားခြင်း၊ FRP lock ကျသွားခြင်း၊ ဖုန်းဆေးနည်း၊ SD ကတ်ပြည့်ခြင်း၊ SIM ကတ် lock ကျခြင်းစတဲ့ ပြဿနာဖြေရှင်းနေဗီဒီယိုတွေကို လေ့လာနိုင်မှာဖြစ်ပြီး Vivo, Oppo, Huawei, Xiaomi, Samsung စတဲ့ ဖုန်းအမှတ်တံဆိပ်အလိုက် နည်းလမ်းတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App အမျိုးအစားဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီကနေ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read Moreလူတော်တော်များများက ဖုန်းမပျောက်ခင်အချိန်အထိ ဖုန်းထဲက အချက်အလက်တွေကို back up လုပ်ဖို့ သိပ်မတွေးမိကြပါဘူး။ သုံးစွဲသူတွေအနေနဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် ဖုန်းပျောက်တာ၊ ဖုန်းပျက်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဖုန်းထက် သုံးစွဲသူအချက်အလက်တွေက ပိုမိုအရေးကြီးတာကြောင့် back up လုပ်ထားသင့်ပါတယ်။ အောက်မှာတော့ iPhone အတွက် အချက်အလက်တွေ back up လုပ်ပေးနိုင်တဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။ Google Photos Google Photos ဟာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ သိမ်းဆည်းပေးနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ App ကိုဖုန်းမှာ install လုပ်ပြီး Google account နဲ့ချိတ်ဆက်ကာ ကိုယ်ပိုင်ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို သိမ်းဆည်းနိုင်ပါတယ်။ Google Photos က Live Photo ကိုလည်းသိမ်းဆည်းပေးပါတယ်။ ဒါ့အပြင် သိမ်းဆည်းထားတဲ့ […]
Read Moreအိန္ဒိယအစိုးရက ကိုရိုနာဗိုင်းရပ်စ်ကို ခြေရာခံဖို့ မိုဘိုင်းတည်နေရာအခြေခံ Aarogya Setu (သက္ကတကနေ ဘာသာပြန်ရင် “ကျန်းမာရေးပေါင်းကူးတံတား”လို့ဆိုနိုင်) အအမည်ရ app ကိုဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ App ရဲ့အဓိက လုပ်ဆောင်ချက်ကတော့ ဖုန်းတည်နေရာနဲ့ Bluetooth ကိုအသုံးပြုပြီး အတည်ပြုထားတဲ့ လူနာစာရင်းအရ COVID-19 ကူးစက်ခံရတဲ့ လူအနီးအနားမှာ ရှိ၊ မရှိကို သိနိုင်ပါတယ်။ အချက်အလက်တွေကို encrypt လုပ်ထားတယ်လို့ သိရပါတယ်။ သုံးစွဲသူရဲ့ အနီးအနားမှာ ရောဂါကူးစက်ခံရတဲ့ လူနာရှိ၊ မရှိကို စစ်ဆေးနိုင်ဖို့ အမည်မဖော်ပြထားတဲ့ပုံစံနဲ့ အချက်အလက်ကို ဆာဗာဆီပို့ပေးပါမယ်။ အဲဒီအတွက် app ဟာ Bluetooth ကိုအမှီပြုထားကာ ၆ ပေအတွင်း ရောဂါကူးစက်ခံထားရသူ ရှိ၊ မရှိ သိနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူမှာ ကိုရိုနာဗိုင်းရပ်စ်ရှိတာ ဒါမှမဟုတ် […]
Read MoreYouTube ဟာ TikTok နဲ့ယှဉ်ပြိုင်သွားမယ့် Shorts အမည်ရ ဝန်ဆောင်မှုတစ်ခုကို လုပ်ကိုင်နေပြီး ၂၀၂၀ အကုန်မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Shorts ဟာ YouTube app ထဲမှာပဲပါဝင်မယ့် feature ဖြစ်တယ်လို့ The Information ကပြောခဲ့ပါတယ်။ Shorts မှာသုံးစွဲသူတွေက ဖန်တီးလိုက်တဲ့ ဗီဒီယိုအတိုကို တင်နိုင်မယ်လို့ အမည်မဖော်ပြတဲ့ သတင်းရင်းမြစ် ၂ ခုက ပြောခဲ့ပါတယ်။ Google ပိုင်ဆိုင်တဲ့ YouTube မှာခွင့်ပြုချက်ရထားတာကြောင့် Shorts ကသီချင်းတွေ အားလုံးကို အသုံးပြုနိုင်ပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး YouTube ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ သုံးစွဲသူက ဗီဒီယိုအတိုလေးတွေ တင်နိုင်တဲ့ လူမှုရေးမီဒီယာ platform TikTook ဟာ ၂၀၁၉ ခုနှစ်မှာ […]
Read Moreကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ်မှာ လူအများစုက အိမ်မှာပဲ နေထိုင်ကြရပါတယ်။ လူတော်တော်များများက လူစုလူဝေးကို ရှောင်ကြဉ်ကြသလို အိမ်ကနေ အလုပ်လုပ်နေကြပါတယ်။ ကပ်ရောဂါကြောင့် အိမ်မှာ ဘယ်လောက်နေရမှန် မသိသေးတဲ့အတွက် ကုန်ကျစရိတ်ကို တွက်ချက်လိုပါတယ်။ iPhone နဲ့ iPad တွေနဲ့ စာအုပ်ဖတ်ရှုတဲ့အခါ စာအုပ်နဲ့ app တွေကို ဝယ်ယူလိုက်ရင် ကုန်ကျစရိတ်တွေ တက်လာနိုင်ပါတယ်။ ဒါကြောင့် iPhone နဲ့ iPad တို့မှာ စာအုပ်တွေ အခမဲ့ ဖတ်ရှုနိုင်တဲ့ app စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။ Marvin Marvin ကတော့ eBooks နဲ့ comisc တွေဖတ်နိုင်တဲ့ iOS ပေါ်က အကောင်းဆုံး app တစ်ခုဖြစ်ပါတယ်။ Marvin နဲ့ DRM မလိုတဲ့ […]
Read Moreအမျိုးသားစာကြည့်တိုက် (ရန်ကုန်) Website www.nlm.gov.mm ကို ဝင်ရောက်ပြီး စာကြည့်တိုက်ပိုင် e-Resources ဝန်ဆောင်မှုကို ဧပြီ ၃ ရက်မှ စတင်ကာ အွန်လိုင်းမှ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ရှိ စုဆောင်းထားတဲ့ စာပေပစ္စည်းတွေရဲ့ စာရင်းအချက်အလက်တွေကို အမျိုးသားစာကြည့်တိုက် Website Homepage မှ Resources ရှိ အွန်လိုင်းစာရင်း (Online Public Access Catalogue) မှာ အချိန်တိုအတွင်း လျင်မြန်စွာရှာဖွေနိုင်မှာဖြစ်ကြောင်း၊ Digital စာစုတွေဖြစ်တဲ့ စာအုပ်၊ စာနယ်ဇင်း၊ ပေ၊ ပုရပိုက်၊ ပညာရေးဆိုင်ရာ အစီရင်ခံစာများ၊ ရှေးဟောင်းသုတေသနဆိုင်ရာစာစုများ၊ ဗုဒ္စစာပေဆိုင်ရာ စာအုပ်များ၊ စွယ်စုံကျမ်းများ၊ ကလေးစာပေဆိုင်ရာ စတဲ့ e-Resources တွေကို ချိတ်ဆက်ဆောင်ရွက်ထားပြီး အမျိုးသားစာကြည့်တိုက် Website ရှိ […]
Read MorePUBG MOBILE မှ COVID-19 အခြေအနေကြောင့် ဘေးကင်းလုံခြုံမှုအတွက် Myanmar Championship 2020 ဖိုင်နယ် ဂိမ်းပြိုင်ပွဲကို အွန်လိုင်းသီးသန့်ပြိုင်ပွဲအဖြစ် မတ် ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ နေ့လယ် ၁ နာရီမှ ည ၈ နာရီ အထိ ကျင်းပခဲ့ပြီး ဂိမ်းပြိုင်ပွဲမှ ဆုရရှိတဲ့အသင်းတွေကို ဆုကြေးငွေတွေနဲ့အတူ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲမှာ My GALAXY အသင်းက PUBG MOBILE Myanmar Championship 2020 ရဲ့ Champion ဖြစ်ခဲ့ပြီး First Runner-Up ဆုကို Yangon Galacticos က လည်းကောင်း၊ Second Runner-Up ဆုကို DEUS […]
Read Moreသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT) သမဂ္ဂမှ ဦးဆောင်ပြီး UIT ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသော Covid-19 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များ ပါဝင်တဲ့ ဝက်ဘ်ဆိုက် https://covid19mm.info/ ကို စတင် အသုံးပြုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဝက်ဘ်ဆိုက်မှာ Covid-19 နဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖတ်ရှုနိုင်သလို အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုပါ ထည့်သွင်းထားပါတယ်၊၊ ဒါ့အပြင် မြန်မာနိုင်ငံမှာ အတည်ပြုပြီးတဲ့ Cases တွေ၊ Up to date Cases တွေသာမကဘဲ ကမ္ဘာမှာ အတည်ပြုပြီးတဲ့ Cases တွေကိုလည်း ကြည့်ရှုနိုင်မှာပါ၊၊ တစ်ကမ္ဘာလုံးဆိုင်ရာ Covid-19 ဖြစ်ပွားမှု၊ သေဆုံးမှုနဲ့ ပြန်လည်ကောင်းမွန်လာမှု ဖြစ်စဉ်အရေအတွက်တွေကို အချိန်နဲ့ တစ်ပြေးညီ ထည့်သွင်းဖော်ပြထားသလို မြန်မာနိုင်ငံတွင်း […]
Read More