Day: April 1, 2020

အခုတစ်ပတ်အတွင်း အကန့်အသတ်မရှိ ကစားနိုင်မယ့် Candy Crush

နာမည်ကျော် Candy Crush ဂိမ်းဖန်တီးတဲ့ King ဟာ ဒီတစ်ပတ်အတွင်း Candy Crush Saga နဲ့ အခြားဂိမ်းတွေမှာ အသက်တွေ အကန့်အသတ်မရှိ ကစားခွင့်ရအောင် ထည့်သွင်းပေးလိုက်ပါတယ်။ Candy Crush Saga ဂိမ်းမှာ ကစားသူက level များစွာ ရှုံးနိမ့်တဲ့အခါ စောင့်ဆိုင်းတာ၊ ငွေပေးချေစရာ မလိုတော့ပါဘူး။ အခုအစီအစဉ်က ဧပြီ ၅ ရက်အထိရှိမှာ ဖြစ်ပါတယ်။ #PlayApartTogehter လို့အမည်ရတဲ့ WHO အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ #PlayApartTogehter အစီအစဉ်ဆိုတာ WHO ကပြုလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးရှောင်ကြဉ်တာနဲ့ လုံခြုံမှုကို သတိပြုမိအောင် ဆော်ဩမှုပဲဖြစ်ပါတယ်။ အစီအစဉ်ထဲမှာ Candy Crush Saga, Candy Crush Soda Saga, Candy Crush […]

Read More

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အချက်အလက်များ မျှဝေသွားမည့် Dr. Thuta Chatbot ကိုမိတ်ဆက်

မြန်မာနိုင်ငံမှာ Covid 19 ရောဂါ ကူးစက်ပြန့်ပွားနေမှုနဲ့ ပတ်သက်ပြီး Covid 19 အသိပညာပေးလုပ်ငန်းတွေမှာ နည်းပညာအသုံးပြု ပိုမို ထိရောက်အောင်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကာ ဖန်တီးရာကနေ Dr. Thuta Chatbot(https://www.facebook.com/Dr.ThutaChatbot/) ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ chatot မှာ မိမိတွင် ရောဂါကူးစက်ခံရနိုင်ချေ ရှိ၊ မရှိ ဆန်းစစ်လိုသူများ၊ မိမိတိုင်နဲ့ မိမိမိသားစုအား မည်သို့ကာကွယ်ရမည်ကို လေ့လာလိုသူများ၊ ရောဂါအခြေအနေ နောက်ဆုံးရ သတင်းအချက်အလက်များကို သိရှိလိုသူများအပြင် ဆေးရုံနှင့် ခရီးသွားအချက်အလက်များကို သိရှိလိုသူများ အတွက် ရည်ရွယ်ကာ တီထွင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ chatbot နဲ့ chatbot အတွင်း ထည့်သွင်းထားတဲ့ အချက်အလက်တွေကို မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ နှစ်ဘာသာစလုံးနဲ့ အသုံးပြုနိုင်မယ်လို့ ဖြစ်ပါတယ်။ “COVID-19 […]

Read More

မိုဘိုင်းဝန်ဆောင်ခနှုန်းထားများ လျှော့ပေးခြင်းကို အော်ပရေတာလေးခုစလုံးမှ ဆောက်ရွက်ပေးခဲ့

မိုဘိုင်းဝန်ဆောင်ခနှုန်းထားများ လျှော့ပေးခြင်းကို မိုဘိုင်းအော်ပရေတာလေးခုလုံးမှ ဆောက်ရွက်ပေးခဲ့ပြီဖြစ်ပါတယ်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ Covid 19 ကာလအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက် အလက် တွေကို အများပြည်သူမှကျယ်ကျယ်ပြန့်ပြန့်ရရှိဖို့အတွက် အထောက်အကူပြုစေရေး၊ Work From Home ပြုလုပ် သူများအတွက် ဆက်သွယ်ရေးကိစ္စရပ်များ အဆင်ပြေစေရေး၊ အများပြည်သူများ သက်သာသောနှုန်းထားနဲ့ ဆက်သွယ်ပြောဆိုနိုင်ရေးတို့ကို ရည်ရွယ်၍ မိုဘိုင်းဝန်ဆောင်ခနှုန်းထားများအတွက် ထားရှိရမယ့် အနိမ့်ဆုံးနှုန်းထား သတ်မှတ်ချက်ကို ၂၇-၃-၂၀၂၀ မှ ၃၀-၆-၂၀၂၀ အထိ ဖြေလျှော့ပေးခဲ့ပြီး အော်ပရေတာတွေအနေနဲ့ ယခုကာလအတွင်း အများပြည်သူများ သက်သာသောနှုန်းထားဖြင့် သုံးစွဲနိုင်ရေးအတွက် ဝန်ဆောင်ခနှုန်းထားများ လျှော့ချဆောင်ရွက် ပေးရန် တိုက်တွန်းခဲ့ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အော်ပရေတာများထံ ဝန်ဆောင်ခနှုန်းထားများ လျှော့ချရန်တိုက်တွန်းခဲ့ပြီး နောက် မိုဘိုင်းဝန်ဆောင်ခနှုန်းထားများ လျော့ပေါ့ပေးခြင်းကို မိုဘိုင်းအော်ပရေတာများမှလည်း ဆောက်ရွက်ပေးခဲ့တယ်လို့ ထုန်ပြန်ချက်မှာ […]

Read More

Samsung ထုတ် Exynos ထောက်ပံ့ထားတဲ့ Vivo S6 5G ဖုန်းကို မိတ်ဆက်

Vivo S6 5G ဖုန်းဟာ Samsung Exynos chipset အသုံးပြုထားတဲ့ ဖုန်းဖြစ်ပါတယ်။ ဒီဖုန်းကို ဒီတစ်ပတ်မှာ Vivo ကမိတ်ဆက်လိုက်ပါတယ်။ Vivo S6 5G မှာ Exynos 980 ပရိုဆက်ဆာ ပါဝင်လာပါတယ်။ အဲဒီ chipset မှာ နောက်ဆုံးပေါ် CPU core တွေပါဝင်ပြီး Cortex-A77 core ၂ ခုကို စွမ်းဆောင်ရည်ထိရောက်တဲ့ Core-A55 ၆ ခုနဲ့ တွဲဖက်ထားပါယ်။ ဒါ့အပြင် Mali-G76 MP5 GPU, machine learning အတွက် NPU နဲ့ 8nm ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို အသုံးပြုထားပါတယ်။ Samsung ရဲ့ chipset မှာ sub-6Ghz […]

Read More

Myanmar Babylon Book

ကမ္ဘာကျော်စာအုပ်တစ်အုပ်ဖြစ်တဲ့ ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ်စာအုပ် မြန်မာလိုဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ စာအုပ်ပါမာတိက အခန်းစဉ်အလိုက် ဖတ်ရှုနိုင်အောင် ဖန်တီးထားပြီး စာလုံးအရွယ်အစားကိုလည်း မိမိအဆင်ပြေအောင် ထားရှိဖတ်ရှုနိုင်အောင် ဖန်တီးထားပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး Online, Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီကနေ Download လုပ်ပါ။

Read More

ဒေတာပါရှိသည့် ဆင်းကတ်များကို အူရီဒူးမြန်မာမှလှူဒါန်း

အူရီဒူးမြန်မာမှ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ပံ့ပိုးကူညီမှုပြုလုပ်ပေးတဲ့ နိုင်ငံတော်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုကို ကူညီပေးရန်အတွက် အူရီဒူးဆင်းကတ် ၁,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးမှ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းထံသို့ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ COVID-19 ရောဂါကြုံတွေ့နေရတဲ့ ကာလအတွင်းမှာ အူရီဒူးမြန်မာအနေနဲ့ မြန်မာပြည်သူများကို အန္တရာယ်ကင်းစွာဖြင့် အချင်းချင်း အဆက်အသွယ်မပြတ်စေဘဲ ဆက်သွယ်ချိတ်ဆက်ပေးလိုတဲ့ရည်ရွယ်ချက်နဲ့ အသွားအလာကန့်သတ်ခြင်းအတွက် သတ်မှတ်ထားတဲ့ နေရာများမှာ နေထိုင်ရသူများ အသုံးပြုနိုင်ဖို့ ရက် ၆၀ သက်တမ်းရှိ 1GB ပမာဏ အခမဲ့ဒေတာနဲ့ TopUp များပါရှိတဲ့ ဆင်းမ်ကတ် ၁,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသို့ပေးအပ်ပြီး ကူညီလှူဒါန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ -ရဲထွဋ်ဝင်း

Read More

Myanmar COVID-19 Technology Taskforce ဖွဲ့စည်းမည်

ပြည်တွင်းပြည်ပမှ သတင်းအချက်အလက် နည်းပညာအင်အားစုများကို စုစည်းပြီး ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးအတွက် Technology Taskforce ကို ဖွဲ့စည်းရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါ Technology Taskforce တွင်ပါဝင်ရန်အတွက် လက်ရှိအချိန်ကာလအထိ volunteer ၂၅၀ ဦး စာရင်း ပေးသွင်းထားပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ပြုလုပ်တဲ့ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရဲ့ ပါဝင်လှုပ်ရှား ဆောင်ရွက်မှုတွေကို ရှင်းလင်းပြောကြားခဲ့တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါ Myanmar COVID-19 Technology Taskforce တွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ ပြည်နယ်/တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်/လုပ်ငန်းရှင်အသင်းများ၊ ပြည်တွင်းမှကျွမ်းကျင်သူများအပြင် ပြည်ပရောက် ကျွမ်းကျင်သူတွေ ပါဝင်မှာဖြစ်ပါတယ်။ “Myanmar COVID-19 Technology […]

Read More

သုံးစွဲသူအချက်အလက်တချို့ ပေါက်ကြားထွက်ပေါ်လာတဲ့ Zoom

Zoom ဆီကနေ အီးမေးလ်လိပ်စာ၊ သုံးစွဲသူဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်နေပြီး တချို့သုံးစွဲသူတွေက လူစိမ်းတွေနဲ့ ဗီဒီယိုခေါ်ဆိုနိုင်ပါတယ်။ Zoom app ကိုင်တွယ်တဲ့ contact တွေကို အဖွဲ့အစည်း တစ်ခုတည်းက လုပ်ကိုင်နေတာကြောင့် ဖြစ်တယ်လို့ Vice ကဖော်ပြခဲ့ပါတယ်။ Zoom မှာ“Company Directory” ထဲမှာ အီးမေးလ် domain တစ်ခုတည်းနဲ့ contact တွေကို စုပေးပါတယ်။ ဒါကြောင့် သုံးစွဲသူတွေရဲ့ ဓာတ်ပုံ၊ အီးမေးလ်ကို ကြည့်ပြီး လူတစ်ဦးချင်းကို ရှာဖွေပြီး အဲဒီလူနဲ့ ဗီဒီယိုခေါ်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ Zoom က တစ်ကိုယ်ရေသုံးအီးမေးလ်နဲ့ ဝန်ဆောင်မှုကို sign up လုပ်တဲ့လူတွေကိုလည်း စုစည်းပေးနိုင်ပါတယ်။ ဒါကြောင့် Company Directory ထဲက domain ထဲမှာ လူတွေရဲ့ တစ်ကိုယ်ရေ […]

Read More

Spotify Kids ကိုဖြန့်ချိ

Spotify ဟာ နေအိမ်မှာနေထိုင်တဲ့ ကလေးတွေအတွက် kids app ကိုဖြန့်ချိလိုက်ပါတယ်။ Spotify Kids ကို အမေရိကန်၊ ကနေဒါနဲ့ ပြင်သစ်မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ Spotify Kids မှာ ကြော်ငြာမပါဝင်ဘဲ Spotify Premium Family လစဉ်ကြေးပေးသွင်းသူတွေ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Spotify Kids မှာ ၃ နှစ်နဲ့အထက် ကလေးတွေအတွက် သင့်တော်တဲ့ content တွေပါဝင်လာပါတယ်။ Spotify ဟာ အောက်တိုဘာလတွင် Kids ကို အိုင်ယာလန်မှာ ပထမဆုံး ဖြန့်ချိခဲ့ပါတယ်။ နောက်ပိုင်း ထုတ်ကုန်ကို အပြောင်းအလဲလုပ်ခဲ့ပေမယ့် beta အဆင့်မှာပဲ ရှိပါသေးတယ်။ Spotify Kids ကိုမိတ်ဆက်အပြီး ၅ လအတွင်း ကဏ္ဍအလိုက် သီချင်းပေါင်း […]

Read More

Huawei Ultralight MateBook D Series ကို ပြည်တွင်းမှာမိတ်ဆက်

HUAWEI MateBook D 15 မော်ဒယ်ကို မတ်လနောက်ဆုံးပတ်အတွင်း အမေရိကန်ဒေါ်လာ ၅၉၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ပြည်တွင်းမှာဝယ်ယူရရှိနိုင်ပြီဖြစ်တယ်လို့ Huawei ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ MateBook D15 မှာ ၁၅.၆ လက်မရှိတဲ့ FullView Display ပါဝင်ပြီး အဆိုပါ 16:9 IPS panel က ရုပ်ထွက်အရည်အသွေး resolution ကို 1920×1080 pixel အထိ ထောက်အပံ့ပေးနိုင်ပါတယ်။ AMD Ryzen™ 5 3500U processor အသုံးပြုထားပြီး GPU အတွက် AMD Radeon Vega 8 Graphics ပါဝင်ပါတယ်။ RAM 16GB ပါဝင်ပြီး […]

Read More