Month: April 2020

ကပ်ရောဂါအတွင်း အသုံးဝင်လာနိုင်မယ့် iOS feature များ

လက်ရှိမှာ လူတိုင်းအတွက် ဘဝက မလွယ်ကူဘူး။ လုပ်ငန်းနဲ့ တစ်ဦးချင်း ကိစ္စတွေက ခက်ခဲလာပါတယ်။ လွန်ခဲ့တဲ့ ၂ လအတွင်း ကမ္ဘာကြီးက လုံးဝပြောင်းလဲသွားပါတယ်။ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်နဲ့ ကလေးတွေအပေါ် သွန်သင်မှုတွေ နည်းလမ်းပေါင်းများစွာပြောင်းလဲသွားပါတယ်။ အခုအချိန်မှာ အဆိုးထဲက အကောင်းတစ်ခုက လူစုလူဝေး ရှောင်ကြဉ်ပြီး လူတွေအချင်းချင်း နည်းပညာနဲ့ ဆက်သွယ်နေကြပါတယ်။ ပြဿနာတစ်ခုကတော့ နည်းပညာအားလုံးက လူသားတွေရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ လူသားအခြေအနေအရ လိုအပ်နေတဲ့ အခြေအနေတွေ များစွာရှိဆဲပါ။ ဒါပေမဲ့ နည်းပညာက ကပ်ရောဂါကို ကျော်ဖြတ်နိုင်အောင် တစ်နည်းတစ်ဖုံ အထောက်အကူပေးမှာပါ။ ဒီဆောင်းပါးမှာတော့ COVID-19 ကာလအတွင်း သုံးစွဲသူတွေ အသုံးဝင်စေမယ့် Apple iOS အတွင်းက feature တွေကို ဖော်ပြပေးပါမယ်။ Contact Tracing API […]

Read More

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း Facebook အသုံးပြုမှုမြှင့်တက်

ကမ္ဘာတစ်ဝန်းက လူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာ နေထိုင်ရစဉ် Facebook ကိုပိုမိုအသုံးပြုလာကြပါတယ်။ လူတွေက Facebook ပေါ်မှာ သတင်းတွေ ဝေမျှတာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာအပြင် ကွာရန်တင်းလုပ်ထားချိန်အတွင်း ပျင်းရိမှုကို ဖြေဖျောက်ဖို့ ဖျော်ဖြေရေးတွေကို ပိုမိုရှာဖွေလာပါတယ်။ ဒါပေမဲ့ Facebook ဒါမှမဟုတ် Twitter နဲ့ Snap လိုမျိုး လူမှုရေးမီဒီယာ ကုမ္ပဏီတွေ ဝင်ငွေများစွာ ရတယ်လို့ မပြောနိုင်ပါဘူး။ ဗုဒ္ဓဟူးနေ့မှာ Facebook က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ နောက်ပိုင်း ပထမဆုံးဝင်ငွေစာရင်းကို ဖြန့်ချိလိုက်ပါတယ်။ စာရင်းအရ Facebook app တွေဖြစ်တဲ့ Facebook, Instagram, Messenger ဒါမှမဟုတ် WhatsApp တစ်ခုခုကို အသုံးပြုသူ လူဦးရေ ၃ ဘီလျံနီးပါး ရှိပါတယ်။ နှစ်စဉ်တိုးတက်မှု […]

Read More

Developer တွေအတွက် ကိုရိုနာဗိုင်းရပ်စ် ခြေရာခံ API ကို Apple နဲ့ Google ဖြန့်ချိ

ဒီလအစောပိုင်းမှာ Google နဲ့ Apple ဟာ iOS နဲ့ Android ထဲမှာ contact tracing နည်းညာကို ထည့်သွင်း တည်ဆောက်ဖို့ ပူးပေါင်းမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ အခုဆိုရင် Apple နဲ့ Google က exposure notification API ပထမဆုံးဗားရှင်းကို ဖြန့်ချိလိုက်ပါတယ်။ အရင်တုန်းကတော့ contact tracing API လို့ အမည်ပေးထားခဲ့ပါတယ်။ အခုဗားရှင်းက developer အတွက် ရည်ရွယ်ပြီး ဖြန့်ချိတာဖြစ်ပြီး တည်ဆောက်ဆဲ API မျိုးစေ့တစ်ခု ဖြစ်ပါတယ်။ Developer တွေက အများပြည်သူဆိုင်ရာ ကျန်းမာရေးအေဂျင်စီကိုယ်စား သတိပေးချက် app တွေနဲ့ contact tracing app အသစ်တွေ ဖန်တီးဖို့ API […]

Read More

ဆရာ/ဆရာမများအတွက် အခမဲ့ အွန်လိုင်းသင်တန်းများ တက်ရောက်နိုင်

ဆရာ/ဆရာမများအတွက် အခမဲ့ အွန်လိုင်းသင်တန်းများဖြစ်တဲ့ Language Assessment in the Classroom နဲ့ Understanding Language: Learning and Teaching တန်းတွေကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ Language Assessment in the Classroom သင်တန်းမှာ ဘာသာစကားအကဲဖြတ်ခြင်းရဲ့ အခြေခံမူအကြောင်းကို သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်သူများက ကွဲပြားခြားနားတဲ့ စာမေးပွဲ/စစ်ဆေးမှုများနောက်ကွယ်မှ အတွေးအခေါ်များကို နားလည်လာပြီး ဘာသာစကားသင်တဲ့စာသင်ခန်းထဲမှာ အကဲဖြတ်ဖို့ ဘယ်လို ပြန်လည်အသုံးပြုနိုင်ကြောင်းကို လေ့လာနိုင်မှာပါ။ အတွေ့အကြုံရှိတဲ့ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များရဲ့ လမ်းညွှန်မှုနဲ့ လက်တွေ့ကျတဲ့ ဘာသာစကား ဆန်းစစ်အကဲဖြတ်ခြင်းများကို သင်ယူနိုင်မှာဖြစ်တဲ့အတွက် သင်တန်းအပြီးမှာ မိမိရဲ့ ပညာရေးနယ်ပယ်အတွက် သင့်တော်တဲ့ အကဲဖြတ်နည်းလမ်းများကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေဟာ ဒီနေရာမှာ စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်။ Understanding Language: […]

Read More

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း ကွန်ပျူတာလုပ်ငန်းတိုးတက်လာဟု Microsoft ပြောကြား

Microsoft ဟာ၂၀၂၀ သုံးလပတ်ဘဏ္ဍာရေးစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ Microsoft ဟာ ဝင်ငွေ ၃၅ ဘီလျံ ရရှိခဲ့ပြီး စုစုပေါင်း အသားတင်ဝင်ငွေ ဒေါ်လာ ၁၀.၈ ဘီလျံ ရရှိခဲ့ပါတယ်။ ဝင်ငွေက ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး အသားတင်ဝင်ငွေကလည်း ၂၂ ရာခိုင်နှုန်းအထိ ရရှိလာပါတယ်။ COVID-19 ဟာ ကုမ္ပဏီရဲ့ စုစုပေါင်းဝင်ငွေအပေါ် အနည်းဆုံး အသားတင်ဝင်ငွေအပေါ်ပဲ သက်ရောက်မှုရှိတယ်လို့ Microsoft က ပြောထားပါတယ်။ ကပ်ရောဂါအတွင်း ကွန်ပျူတာဝယ်လိုအား တိုးမြင့်လာတာကြောင့် Windows ကနေ ငွေကြေးများစွာ ရရှိခဲ့ပါတယ်။ Microsoft ဟာ Surface နဲ့ ဈေးသက်သာတဲ့ ကွန်ပျူတာတွေအတွက် တရုတ်နိုင်ငံအတွင်း ပစ္စည်းထောက်ပံ့မှု ခက်ခဲတာနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဒါ့အပြင် ကပ်ရောဂါအတွင်း အိမ်ကနေ အလုပ်လုပ်တာနဲ့ […]

Read More

Microsoft Teams ကိုနေ့စဉ်အသုံးပြုမှု ၇၅ သန်းရှိလာ

ပြီးခဲ့တဲ့လ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း Microsoft Teams ကိုနေ့စဉ်သုံးစွဲသူ ၄၄ သန်းရှိတယ်လို့ Microsoft ကထုတ်ပြန်ခဲ့ဖူးပါတယ်။ အခုဆိုရင် သုံးစွဲသူ ၇၀ ရာခိုင်နှုန်းကို ထပ်မံရရှိခဲ့တယ်။ Microsoft စီအီးအို ဆတ်ရာနာဒယ်လာက ရင်းနှီးမြှုပ်နှံသူများ အစည်းအဝေးမှာ နေ့စဉ်သုံးစွဲသူ ၇၅ သန်းကျော် အထိ တိုးမြှင့်လာတယ်လို့ ပြောခဲ့ပါတယ်။ ဒီလအတွင်း တစ်ရက်မှာ အစည်းအဝေးလုပ်သူ သန်း ၂၀၀ ရှိတယ်လို့ Teams သုံးစွဲမှုအချက်အလက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ပြိုင်ဘက် Zoom ကလည်း အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ထားပါတယ်။ Zoom ကိုအသုံးပြုပြီး အစည်းအဝေးပြုလုပ်သူ သန်း ၃၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ Zoom ကနေ့စဉ်သုံးစွဲသူ အရေအတွက်ကို မကြေညာသေးပါဘူး။ အခုပုံစံအရဆို Microsoft […]

Read More

HP Probook 445 G6 Notebook

HP Probook 445 G6 Notebook ကတော့ Narrow Bezel လေးနဲ့ 180 Degree အထိ ခေါက်ချိုးလို့ရပါတယ်။ Business သမားတွေအတွက် အထူးသင့်လျော်ပြီး AMD Ryzen CPU နဲ့ Finger Print Sensor & HP Client Security System တွေပါဝင်ပါတယ်။ 8 GB DDR4 Memory ပါဝင်ပြီး 1TB HDD နဲ့ ဖြစ်ပါတယ်။ Radeon™ Vega 8 Graphics ( 8 Core Vega Graphics Engine ) ကိုအသုံးပြုပေးထားပြီး မျက်နှာပြင် 14″ HD AG LED […]

Read More

Facebook မှ COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား မိတ်ဆက်ရှင်းလင်း

Facebook မှ ၂၀၂၀ ခုနှစ် ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့၊ နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီ ၁၅ မိနစ် အတွင်း အွန်လိုင်းမှ တစ်ဆင့် သတင်းမီဒီယာများနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် Facebook မှ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလျက်ရှိတဲ့ COVID-19 ကပ်ရောဂါနဲ့စပ်လျဉ်းပြီး ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေဖို့နဲ့ အချိန်နဲ့တစ်ပြေးညီ သတင်းအချက်အလက်များ ရရှိစေဖို့ လတ်တလော ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေအကြောင်းကို မျှဝေသွားပါတယ်။ ၎င်းရဲ့ လုပ်ငန်းစဉ်များတွင် Facebook ရဲ့ မူဝါဒပိုင်းဆိုင်ရာ အဓိက အပြောင်းအလဲများ (သတင်းအချက်အလက်အမှား၊ ကုန်သွယ်စီးပွားနှင့် အွန်လိုင်းပေါ်ရှိ အကြောင်းအရာများ)၊ Facebook ကုမ္ပဏီရဲ့ အက်ပလီကေးရှင်းများ အတွင်း နည်းပညာထုတ်ကုန် […]

Read More

MoHS Myanmar

ကျန်းမာ​ရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရား၀င် App ဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ ကျန်းမာ​ရေး အသိပညာဆိုင်ရာ​တွေ၊ သတင်းအချက်အလက်နဲ့ဆောင်ရွက်မှု​တွေကို သိရှိနိုင်မှာဖြစ်ပြီး Covid-19 ပိုး​တွေ့ရှိသူများနဲ့ အနီးကပ် ထိ​တွေ့ဆက်စပ်မှုရှိခဲ့ပါကလည်း App က​နေ တိုက်ရိုက် သတင်းပို့နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိတိုင်း​ဒေသကြီးနဲ့ ပြည်နယ်​အလိုက် ​ဆောင်ရွက်မှု​တွေကိုလည်း သိနိုင်​အောင် ဖန်တီးထားပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

TikTok ပေါ်မှာ ဝင်ငွေများစွာရရှိနေတဲ့ influencer များ

လူတွေကို ဖျော်ဖြေမှုပေးနိုင်တဲ့ TikTok မှာကျော်ကြားလာမှုက ဝင်ငွေရရှိစေမှာပါ။ Instagram, YouTube နဲ့ အခြားလူမှုရေးမီဒီယာ platform တွေမှာ အောင်မြင်သူတိုင်း monetize လုပ်ရင်းနဲ့ ငွေကြေးများစွာ ရရှိနေကြပါတယ်။ TikTok ကလည်း အဲဒီ platform တွေလိုပါပဲ။ တရုတ်နိုင်ငံက အင်တာနက်ကုမ္ပဏီ ByteDance ပိုင်တဲ့ TikTok ဟာ အလွန်ရေပန်းစားတယ်။ ၂၀၁၉ ခုနှစ်မှာ download ပြုလုပ်မှုနှုန်းက အလွန်မြင့်တက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာလည်း ဆက်လက်မြင့်တက်နေပါတယ်။ Tiktok မှာ lip sync လုပ်တဲ့ ဗီဒီယိုအတိုလေးတွေကို ဖန်တီးကြပါတယ်။ ဒါ့အပြင် ၉၀ ခုနှစ် နောက်ပိုင်းမွေးတဲ့ Z မျိုးဆက်တွေကြောင့် TikTok အလွန်ကျော်ကြားလာပါတယ်။ TikTok က YouTube မတူတာက […]

Read More