Day: March 30, 2020

Android

Myanmar Cooking book

ဟင်းလျာမျိုးစုံချက်ပြုတ်နည်းတွေကို စုစည်းပေးထားတဲ့ App ဖြစ်ပါတယ်။ အဓိကဟင်းလျာချက်ပြုတ်နည်းများအပြင် အရံဟင်းလျာချက်ပြုတ်နည်းတွေကိုပါလေ့လာနိုင်မှာဖြစ်ပါတယ်။ မိမိအနေနဲ့ချက်ပြုတ်ချင်တဲ့ ဟင်းလျာကို search ကနေ ရှာဖွေနိုင်အောင် ဖန်တီးထားပြီး အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Local

Covid-19 နှင့်ပတ်သက်သည့်အချက်အလက်များ ဖော်ပြပေးမည့် Care Together App ထွက်ရှိလာ

Covid-19 နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေဖော်ပြပေးမယ့် Care Together App ထွက်ရှိလာပါတယ်။ “Care Together App ကို ကျွန်တော်တို့ကုမ္ပဏီက CTO ဖြစ်သူ ကိုရဲသူစိုးက ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်မှာ စပြီး လုပ်ဖို့ ပြောလာခဲ့တာပါ။ သူက လက်ရှိ နိုင်ငံခြားမှာဆိုတော့ အခြားနိုင်ငံတွေက Action Plan တွေကို သူလည်း မြင်နေရတယ်လေ။ US မှာလည်း ဘယ်လိုတွေလုပ်နေကြောင်း၊ စင်ကာပူမှာဆိုရင်လည်း ဘယ်လို လုပ်နေကြောင်း ကျွန်တော်တို့ကုမ္ပဏီက Development Manager ကိုဉာဏ်လင်းထွဋ်နဲ့ ပြောရင်း ကျွန်တော်တို့ နိုင်ငံအတွက်ကိုလည်း တစ်ခုခုလုပ်ဖို့လိုကြောင်း ပြောရင်းကနေ ချက်ချင်း စလုပ်ဖြစ်သွားကြတာပါ”လို့ Care Together App ကိုရေးဆွဲခဲ့တဲ့ Za Information Technology […]

Read More
Local

COVID-19 နှင့်ပတ်သက်သော သတင်းမှန်များ ပိုမိုရရှိရန် လူငယ်နည်းပညာရှင်များပြုလုပ်

COVID-19 အတွက် အထောက်အကူဖြစ်စေရန် ဝက်ဘ်ဆိုက်၊ Application နဲ့ Facebook Chat bot ကို လူငယ်နည်းပညာရှင်တွေ ပြုလုပ်ဖြန့်ချိထားတယ်လို့ သိရပါတယ်။ COVID-19 နဲ့ ပတ်သက်တဲ့ သတင်းမှန်များပိုမိုရရှိရန်နဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ပြီး CoronaHelp Myanmar ဝက်ဘ်ဆိုက်၊ Android Application နဲ့ Facebook မှ သတင်းအချက်အလက်များ အလိုအလျောက် ပြန်ပြောပေးတဲ့ Chat bot တို့ကို CoronaHelp Myanmar အဖွဲ့က ပြုလုပ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။ ဝက်ဘ်ဆိုက်လိပ်စာမှာ https://coronahelpmm.org/ ဖြစ်ပြီး မတ်လ ၂၆ ရက်က စတင်ကာ အွန်လိုင်းတင်ခဲ့ပြီး Android ဖုန်းများအတွက် Application ကိုလည်း CoronaHelp MM အမည်ဖြင့် ထိုနေ့မှာပင် […]

Read More
Uncategorized

သူငယ်ချင်းတွေနဲ့ တစ်ချိန်တည်း ရုပ်ရှင်အတူကြည့်နိုင်မယ့် Netflix Party အသုံးပြုနည်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးရှောင်ကြဉ်တာနဲ့ သီးခြားခွဲနေထိုင်တဲ့အချိန် မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်ဖို့ Netflix Party အမည်ရ Google Chrome browser ကိုအသုံးပြုသင့်ပါတယ်။ သူငယ်ချင်းနဲ့ မိသားစုအဖွဲ့လိုက် တစ်ချိန်တည်း Netflix ရုပ်ရှင် ဒါမှမဟုတ် တီဗီအစီအစဉ်ကို စကြည့်တာ၊ ခဏရပ်တန့်တာနဲ့ ပိတ်တာလည်း ပြုလုပ်နိုင်ပါတယ်။ အခု လုပ်ဆောင်ချက်က အရမ်းမရှုပ်ထွေးပါဘူး။ ဒါ့အပြင် Netflix Party ဘေးဘက်မှာ chat bar ပါဝင်တာကြောင့် သူငယ်ချင်း အချင်းချင်း စကားပြောနိုင်ပါသေးတယ်။ သင်နဲ့ သူငယ်ချင်းတွေ desktop ပေါ်မှာ ရုပ်ရှင်နဲ့ အစီအစဉ်တွေ ကြည့်နို်ငဖို့ Netflix Pary က ပေါင်းကူးဆောင်ရွက်ပေးနိုင်ပါတယ်။ အရေးအကြီးဆုံးက Netflix Pary ကိုအသုံးပြုမယ့် အဖွဲ့မှာပါဝင်မယ့် သူငယ်ချင်းအားလုံးမှာ Netflix account […]

Read More
Local

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးတွင် ပါဝင်လှုပ်ရှား

နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်မှု၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းနဲ့ ပြည်တွင်းပြည်ပ မှ ပညာရှင်များ ပူးပေါင်းကာ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် ဆောင်ရွက်ချက်တွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေနဲ့ ဆက်သွယ်ရေးကုမ္ပဏီများ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး တင်ပြညှိနှိုင်းခြင်း၊ ဆိုရှယ်မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်း၊ Crowd Funding Platform တစ်ခု တည်ထောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိခြင်း အပြင် နည်းပညာဆိုင်ရာစီမံကိန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော မိဘပြည်သူများ၊ လုပ်ငန်းများနှင့် ကျောင်းသား၊ ကျောင်းသူတွေအတွက် Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအချိန်ကာလအတွင်း မိမိတို့၏ နေအိမ်မှနေကာ အေးဆေးစွာ အလုပ်လုပ်နိုင်စေရန်နှင့် ပညာလေ့လာသင်ယူနိုင်စေရန် ဆက်သွယ်ရေးလုပ်ငန်းများရဲ့ မိုဘိုင်းဒေတာများသုံးစွဲရာတွင် မိုဘိုင်းဒေတာအသုံးပြုသူများ သက်သာစွာ […]

Read More
Tech

စာအုပ်ပေါင်း ၁.၄ သန်းကို Internet Archive မှာ အခမဲ့ ဖတ်ရှုနိုင်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများ လူစုလူဝေးရှောင်ကြဉ်ပြီး အိမ်မှာပဲ နေထိုင်နေတာကြောင့် ကမ္ဘာတစ်ဝန်းက အသိုက်အဝန်းများစွာ အများပြည်သူစာကြည့်တိုက်တွေ ပိတ်ထားရပါတတယ်။ ဒီတစ်ပတ်မှာတော့ အင်တာနက်ပေါ်က Wayback Machine ကိုအသုံးပြုထားတဲ့ အွန်လိုင်းစာကြည့်တိုက် Internet Archive ကတော့ ကပ်ရောဂါကာလအတွင်း ဒီဂျစ်တယ်စာအုပ်တွေ ဖတ်ရှုနိုင်မယ့် အစီအစဉ်သစ်ကို ကြေညာလိုက်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကလောက် Internet Archive အစီအစဉ်တစ်ခုဖြစ်တဲ့ Open Library ကတော့ ဒီဂျစ်တယ်နဲ့ scan လုပ်ထားနိုင်တဲ့ စာအုပ်တွေကို လူတွေဆီ ငှားရမ်းခဲ့ပါတယ်။ စာဖတ်သူတွေက browswer အတွင်း စာအုပ်ကို ဖတ်နိုင်သလို e-reader ဆီကိုလည်း download လုပ်နိုင်ပါတယ်။ စာဖတ်သူက တစ်ကြိမ်မှာ ကန့်သတ်ထားတဲ့ အရေအတွက်နဲ့ပဲ စာအုပ်တွေကို ငှားရမ်းနိုင်ပြီး ပြန်လည် ပေးအပ်ရမှာ ဖြစ်ပါတယ်။ အခုအပတ်မှာတော့ […]

Read More
Education

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း

တက္ကသိုလ်စာမေးပွဲများ၊ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူတွေ့ရှိသည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ယခုအခါ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ခြင်း လုပ် ငန်းများ ဆောင်ရွက်ရန်အတွက် အဖြေလွှာများကို ကုဒ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေဆဲကာလဖြစ်ပြီး ယင်းလုပ်ငန်းများကိုလည်း စတင်ရပ်ဆိုင်းရန် ညွှန်ကြားထားကာ ဒေသအသီးသီးမှ စာစစ်ရန်လာရောက်နေသည့် ဆရာ၊ ဆရာမများသည် သက်ဆိုင်ရာတက္ကသိုလ်များအထိ လာရောက်စရာမလိုကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရပါတယ်။ စာစစ်လုပ်ငန်းမှာ သာမန်စာမေးပွဲတာဝန်များနှင့် မတူညီဘဲ တစ်နိုင်ငံလုံးရှိ ဆရာ/ဆရာမများ ထောင်နှင့်ချီ၍ တစ်နေရာတည်းတွင် စုဝေးဆောင်ရွက်ရသော လုပ်ငန်းဖြစ်သဖြင့် စာစစ်တာဝန်များကို သတ်မှတ်ကာလတွင် ဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်စဉ်းစားသုံးသပ်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်နှင့် တက္ကသိုလ်ဆရာ/ဆရာမများအသင်းများကိုယ်စားပြုကော်မတီတို့က မတ်လ ၁၈ ရက်က တညီတညွှတ်တည်း ထုတ်ပြန်ထားပါတယ်။ -ဝေဝေ

Read More
Microsoft
Tech

Cloud အသုံးပြုမှု မြင့်တက်လာတာကြောင့် Xbox နဲ့ Teams ဝန်ဆောင်မှုကို Microsoft ပြောင်းလဲ

Microsoft ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုအတွင်း cloud ဝန်ဆောင်မှု အလွန်အမင်း မြင့်တက်လာတာကို တွေ့နေရပါတယ်။ “လူစုလူဝေးရှောင်တာ ဒါမှမဟုတ် စခန်းရှိတဲ့ ဒေသအတွင်း ကျွန်တော်တို့ရဲ့ cloud ဝန်ဆောင်မှု ၇၇၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်” လို့ Microsoft Azure က ရေးသားခဲ့ပါတယ်။ Windows Virtual Desktop ကိုအသုံးပြုမှု ၃ ဆကျော် ပိုမိုမြှင့်တက်လာပြီး Microsoft Teams, Xbox Game Pass, Xbox Live နဲ့ Mixer မှာလည်း အသုံးပြုသူတွေ မြင့်တက်လာပါတယ်။ Microsoft က cloud ဝန်ဆောင်မှုတွေကို အပြောင်းအလဲ ချိန်ညှိမှုတွေလုပ်ဆောင်နေပါတယ်။ “ကျွန်တော်တို့အနေနဲ့ စိတ်ကြိုက် ဂိမ်မာရုပ်ပုံတွေ၊ ကလပ်ပုံနဲ့ ကလပ်နောက်ခံ upload […]

Read More
Huawei
Local

HUAWEI P40 Series စမတ်ဖုန်းများ မေလဆန်းတွင် ပြည်တွင်းစျေးကွက်ဝင်ရောက်နိုင်မည်

HUAWEI P40 Series စမတ်ဖုန်းတွေအနေနဲ့ မြန်မာပြည်စျေးကွက်အတွင်းကို ဧပြီလအကုန် မေလဆန်းမှာ ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပြီး ရက်အတိအကျနဲ့ ဈေးနှုန်းအတိအကျကို Huawei Consumer Business Group (Myanmar) ရုံးမှ ထုတ်ပြန်ကြေညာပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါစမတ်ဖုန်းတွေကို နိုင်ငံတကာမှာ ရောင်းချမယ့် ဈေးနှုန်းတွေက HUAWEI P40 Pro+ 8GB/512GB 1,399 EUR , HUAWEI P40 Pro 8GB/256GB 999 EUR , HUAWEI P40 8GB/128GB 799 EUR တို့ဖြစ်ပါတယ်။ HUAWEI ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ P40 Series တွေမှာ အရွယ်အစားအကြီးဆုံး CMOS Sensor အသုံးပြုထားပြီး အရည်အသွေးမြင့် […]

Read More
Apple
Tech

ကိုရိုနာဗိုင်းရပ်စ်ကြောင့် iPhone ဝယ်လိုအားကျဆင်းနိုင်

မတ်လသုံးလပတ်အတွင်း iPhone မှာယူမှုအတွက် နှစ်စဉ် စာချုပ်ချုပ်မှု ၁၈ ရာခိုင်နှုန်းပဲရှိမယ်လို့ Apple ရဲ့ အရေးပါဆုံး ကန်ထရိုက်တာတစ်ခုက ခန့်မှန်းထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားနေတာကြောင့် ကမ္ဘာ့စီးပွားရေး ပြိုလဲမှုနဲ့ ဈေးကွက်မှာ အခုနှစ်အတွင်း iPhone ဝယ်လိုအား နည်းပါးနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အစောပိုင်းမှာ ကော်ပိုရေးရှင်းတွေက လုပ်သားဆုံးရှုံးမှုအပေါ် စိတ်ပူနေကြပေမယ့် တရုတ်မှာ အခြေအနေတွေ တည်ငြိမ်သွားပြီး စားသုံးသူ ဝယ်လိုအားက ဖိအားရှိနေပါတယ်။ “အခုအချိန်မှာ တရုတ်နိုင်ငံက လုပ်သားအင်အား ဒါမှမဟုတ် ကုန်ကြမ်းပြတ်လပ်မှုကို မပြောတော့ပါဘူး။ အခုအခါမှာတော့ လူတိုင်းက အမေရိကန်နဲ့ ဥရောပက ဝယ်လိုအားအကြောင်းတွေပဲ ပြောတော့ပါတယ်” လို့ သတင်းရင်းမြစ်တစ်ခုက Reuters ကိုပြောခဲ့ပါတယ်။ Apple အတွက် iPhone display တွေထောက်ပံ့ပေးသူက မှာယူမှု ၁၇ […]

Read More