Apple ဟာ Saffar က third-party cookies တွေကို ပိတ်ပင်သွားမယ်လို့ Apple WebKit အင်ဂျင်နီယာ ဂျွန်ဝီလန်ဒါက ကြေညာခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးထွက်ပေါ်လာတဲ့ Safari က Tor လိုမျိုး third-party cookies တွေပိတ်ပင်သွားပမယ်။ Google ကလည်း ၂ နှစ်အတွင်း အလားတူ လုပ်ဆောင်ချက်ကို ထည့်သွင်းဖို့ လုပ်ကိုင်နေတယ်လို့ ဒီနှစ်အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ Cookies တွေဆို ဝက်ဘ်ဆိုက်ပေါ်မှာ သုံးစွဲသူရဲ့ အမူအကျင့်ကို ခြေရာခံတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ နှစ်အနည်းငယ်အတွင်း cookies တွေက အွန်လိုင်းကနေ အချက်အလက်ဘယ်လောက် စုဆောင်းနေလဲဆိုတာ စစ်ဆေးနေကြပါတယ်။ Third-party cookies တွေကို လူမှုရေးမီဒီယာနဲ့ ကြော်ငြာကုမ္ပဏီတွေက မကြာခဏ အသုံးပြုလာကြပါတယ်။ အခု […]
Read Moreစမတ်အိမ်သုံးလုံခြုံရေး ကုမ္ပဏီ Wyze ဟာ ပြီးခဲ့တဲ့လက Alexa ထောက်ပံ့ထားတဲ့ fitness tracker နဲ့အခြားထုတ်ကုန်တွေ ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ အခုဆိုရင် Wyze Band လို့အမည်ရတဲ့ စမတ်လက်ပတ်ကို မိတ်ဆက်လိုက်ပြီး ဧပြီလမှာ ရောင်းချပါမယ်။ အခုလက်ပတ်က အခြား Wyze ထုတ်ကုန်တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ Wyze Band မှာ Alexa ပါဝင်တဲ့အတွက် စမတ်အိမ်သုံးပစ္စည်းတွေကို ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် Wyze Band ရဲ့ရုပ်ထွက်အရည်အသွေးက 120x 240 ဖြစ်ပြီး AMOLED touch screen နဲ့ ၁၀ရက်ကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီ ဖုန်းပျောက်ရှာဖွေရေးလုပ်ဆောင်ချက်၊ ရေထဲမှာ ၁၀မိနစ်ကြာ မီတာ ၅၀အထိ ထားနိုင်ပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်းနဲ့ အိပ်စက်ခြင်းကိုလည်း […]
Read MoreGoogle ဟာဒီဇိုင်းပိုင်းပြန်လည် ပြင်ဆင်ထားတဲ့ Podcasts ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အသစ်ပြင်ဆင်ထားတဲ့ app မှာ discovery ကိုအခြေပြုတည်ဆာက်ထားပြီး tab သုံးခုခွဲထားပါတယ်။ Google Podcasts ရဲ့ Home စာမျက်နှာမှာ နာမည်ကျော်နဲ့ အစီအစဉ်တွေရှာဖွေနိုင်တဲ့ Explore နဲ့ အမူအကျင့်တွေ မှတ်သားပေးနိုင်တဲ့ Activity တို့ပါဝင်လာပါတယ်။ ဒါ့အပြင် Google ဟာ Podcasts ကို iOS အတွက်ဖြန့်ချိပေးလိုက်ပါတယ်။ ပြီးခဲ့နှစ်က ဖြန့်ချိလိုက်တဲ့ Google Podcasts ဟာ Android ပေါ်က ထိပ်တန်း podcasting app ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း cross-platform မှာအသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်က အကန့်အသတ်ရှိနေပါတယ်။ iPhone နဲ့ iPad သုံးစွဲသူတွေက Apple ကိုယ်ပိုင် […]
Read Moreသင်္ကြန်သီချင်းကောင်းတွေကို နားဆင်နိုင်မယ့် App ဖြစ်ပါတယ်။ မိမိနှစ်သက်ရာသီချင်းတွေကို App ကနေ တိုက်ရိုက် နားဆင်နိုင်မယ့်အပြင် ဖုန်းထဲကို download ပြုလုပ်ကာလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး မိမိနားဆင်ချင်တဲ့ သီချင်းကိုလည်း App ကနေ တောင်းဆိုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read MoreOBS Studio ဆိုတာကတော့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေမှာ live ပြုလုပ်ဖို့နဲ့ streaming လုပ်ဆောင်ဖို့အတွက် သုံးစွဲရတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Ubuntu OS အသုံးပြုထားတဲ့ ကွန်ပျူတာတွေမှာ OBS Studio ကိုထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Ubuntu OS မှာ OBS Studio ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ […]
Read More၁၉၉၇ ခုနှစ်က Nintendo 64 နဲ့ ကစားနိုင်အောင် ထုတ်လုပ်ခဲ့တဲ့ တိုက်ခိုက်ပစ်ခတ်ရေး ဂိမ်းကတော့ ၂၂ နှစ်အကြာမှာ Platform စုံနဲ့ ကစားနိုင်အောင် ဖန်တီးပြီးပြန် လည်ရောက်ရှိလာပါပြီ။ ဒီတစ်ခါမှာတော့ Nintendo Switch , Xbox One, PS4 တွေအပြင် Wins စနစ်နဲ့ပါ ကစားနိုင်အောင် ဖန်တီးထားတာပါ။ နာမည်ကျော်မင်းသား The Rock ပါဝင်သရုပ်ဆောင်ထားတဲ့ Doom ဇာတ်ကားထဲကလိုပဲ ရန်သူတွေရော အပြင်အဆင်တွေပါ ဆင်ပါတယ်။ ဇာတ်လမ်းသွားတော့ မတူပါဘူး။ အဓိကအား နည်းချက်တစ်ခုပဲ ပြောစရာရှိတာက Single အနေနဲ့ပဲ ကစားနိုင်တာပါ။ ကျန်တဲ့ဂိမ်းရဲ့ ဖန်တီးမှုတွေကတော့ စိတ်ဝင်စားစရာ တကယ်ကို ကောင်းပါတယ်။ ကစားသူအနေနဲ့ အဆင့်ပေါင်း ၃၂ ဆင့်ကို အနိုင်ရအောင် […]
Read MoreWindows အသုံးပြုထားတဲ့ ကွန်ပျူတာတွေမှာ screen record လုပ်ဖို့အတွက် အခမဲ့ အသုံးပြုနိုင်မယ့် freeware တစ်ခုဖြစ်ပါတယ်။ Video တွေသာမက အသံဖိုင်တွေကိုပါ record လုပ်ဆောင်နိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ
Read MorePenguin Subtitle Player ဆိုတဲ့ ဆော့ဖ်ဝဲကတော့ Linux အသုံးပြုထားတဲ့ ကွန်ပျူတာတွေကနေ video တွေကို ကြည့်တဲ့အခါမှာ subtitle တွေ ထည့်သွင်း ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားတဲ့ ဆောဖ့်ဝဲတစ်ခုဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ
Read MoreBattery Monitor ဆိုတဲ့ ဆောဖ့်ဝဲကတော့ Mac OS အသုံးပြုထားတဲ့ ကွန်ပျူတာတွေ ဘက်ထရီအခြေအနေတွေကို စောင့်ကြည့်စစ်ဆေးပေးမယ့် ဆောဖ့်ဝဲတစ်ခုဖြစ်ပါတယ်။ ဘက်ထရီနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြပေးနိုင်အောင် စီစဉ်ထားပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ
Read Moreယူကေ၊ ဥရောပနဲ့ အမေရိကန်မှာ စာရေးသူတစ်ယောက် သေဆုံးသွားရင် မူပိုင်ခွင့်က နှစ် ၇၀ သက်တမ်းရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း စာအုပ်များစွာဟာ အများပြည်သူဆီ ဖြန့်ဝေပြီးသားဖြစ်နေပါတယ်။ ၁၉၄၅ နောက်ပိုင်း စာပေလက်ရာတွေ ဖတ်လိုရင်တော့ အခုဖော်ပြမယ့် ဝက်ဘ်ဆိုက် ၁၀ ခုကို အသုံးပြုသင့်ပါတယ်။ ဝက်ဘ်ဆိုက် စာအုပ်တွေကို download လုပ်ပြီး Kindles, tablet နဲ့ laptop တွေမှာဖတ်နိုင်ပါတယ်။ ဒါ့အပြင် တချို့ဝက်ဘ်ဆိုက်တွေမှာ audiobook တွေလည်း ရှိပါတယ်။ (၁) Gutenburg Project Gutenburg Project မှာ Kindle နဲ့ iPad အတွက် စာအုပ်တွေ ဖတ်နိုင်ဖို့ ebook ပေါင်း ၅သိန်းကျော်ရှိပါတယ်။ ဒါ့အပြင် နေ့စဉ်လူဖတ်အမျာဆုံး စာအုပ် ၁၀၀ […]
Read MoreCopyright © 2021 | Internet Journal