Day: March 25, 2020

MPL-MM S4 နှင့် ရှုံးထွက်ပွဲစဉ်များအား ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း

Esports လောကကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စီစဉ်ကျင်းပလျက်ရှိတဲ့ Mobile Legends: Bang Bang Professional League ကို သုံးကြိမ်တိုင်ကျင်းပပြီးစီးခဲ့ပြီဖြစ်သော်လည်း COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ယခုနှစ်ရဲ့ MPL-MM S4 ရဲ့ပုံမှန်ရာသီပွဲစဉ်များတွေနဲ့ ရှုံးထွက်ပွဲစဉ်များ ကျင်းပမယ့်ရက်ကို နောက်ထပ်အသိပေးအကြောင်းကြားမှုမပြုလုပ်မီ အချိန်ထိ ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ် မတ် ၂၅ ရက်မှာ မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အဆုတ်ရောင် ကူးစက်မြန်ရောဂါ Covid-19 ကူးစက်ထားသူ လူနာသုံးဦးအား မြန်မာနိုင်ငံတွင် တွေ့ရှိထားကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ထိုကပ်ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် လုပ်ဆောင်ရမည့် အချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသလို လူစုလူဝေးဖြစ်ပေါ်စေတဲ့ ပွဲလမ်းသဘင်များ ကျင်းပခြင်းကိုလည်း ကန့်သတ်ထားကြောင်း၊ အစိုးရမှချမှတ်ထားသော […]

Read More

ကိုရိုနာဗိုင်းရပ်စ် hackathon ပြုလုပ်ဖို့ WHO နှင့်အတူ Facebook နဲ့ Microsoft ပူးပေါင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ဆက်စပ်တဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ software ဖန်တီးရန် hackathon ပြုလုပ်ဖို့ Facebook, Microsoft အပြင် အခြားနည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်က #BuildfromCOVID19 hackathon အစီအစဉ်ကိုကြေညာခဲ့ပြီး စီမံကိန်းလျှောက်လွှာတွေကို စတင်လက်ခံနေပါပြီ။ Facebok , Microsoft နဲ့အတူ Twitter, WeChat, TikTok, Pinterest, Slack နဲ့ Giphy တို့လည်း ပူးပေါင်းပါဝင်နေကြပါတယ်။ နည်းပညာကုမ္ပဏီတွေက လျှောက်လွှာလက်ခံမှုအတွင်း ပူးပေါင်းပါဝင်သူတွေ ထောက်ပံ့ဖို့ ရင်းမြစ်တွေ ဝေမျှသွားပါမယ်။ Facebook အနေနဲ့ hackathon တွေမှာ ပထမဆုံးတည်ဆောက်ထားတဲ့ Blood Donations နဲ့ Crisis Response တို့ကို ကမ္ဘာတစ်ဝန်းက လူပေါင်းများစွာ အသုံးပြုနေကြတယ်လို့ hackathon အကြောင်း […]

Read More

Huawei P40 နဲ့ P40 Pro အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာ

Huawei ဟာ မတ်လ ၂၆ ရက်မှာ P40 ဖုန်းတွေ ထုတ်ဖော်မိတ်ဆက်ပါမယ်။ ဒါပေမဲ့ သတင်းအချက်အလက်ဖော်ထုတ်တဲ့ Roland Quandt ကတော့ ဖုန်းအသေးစိတ်အချက်အလက်နဲ့ ဈေးနှုန်းတွေ ဖော်ပြလိုက်ပါတယ်။ ဥရောပမှာ ရောင်းချမယ့် Huawei P40 နဲ့ P40 Pro ဖုန်းတွေမှာ Kiriin 990 5G chipset ပါဝင်ပြီး 5G ချိတ်ဆက်နိုင်ပါတယ်။ တချို့ဒေသတွေမှာတော့ LTE အသုံးပြုနိုင်မယ့် P40 နဲ့ P40 Pro ဖုန်းတွေ ရပါမယ်။ Quandt ရဲ့အချက်အလက်တွေက P40 နဲ့ Pro မော်ဒယ်တွေအကြောင်းပဲ ဖြစ်ပြီး Premium ဗားရှင်းအကြောင်းကို မဖော်ပြထားပါဘူး။ Huawei P40 Pro Huawei P40 […]

Read More

Dhamma MP3

မြတ်ဗုဒ္ဓဓမ္မတရားတော်ကို နာယူနိုင်မယ့် App ဖြစ်ပါတယ်။ ဆရာတော်ကြီးများရဲ့ အန္တရာယ်ကင်း ဝတ်ရွတ်စဉ်၊ ပရိတ်တော်၊ ပဌာန်း စတာတွေကို ပါဠိ-မြန်မာပြန်များနဲ့ နာယူနိုင်မှာဖြစ်ပြီး မိမိနာယူချင်တဲ့တရားကို အလွယ်တကူ ခလုတ်တစ်ချက်နှိပ် နာယူနိုင်အောင် ဖန်တီးထားပါတယ်။ အွန်လိုင်းအခြေပြု App အမျိုးအစား ဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

စင်ကာပူနိုင်ငံရှိ Nanyang Institute of Management (NIM) ၏ မေလကျောင်းဖွင့်ချိန်အတွက် Study Grant ကိုလျှောက်ထားနိုင်

စင်ကာပူနိုင်ငံ Nanyang Institute of Management (NIM) ရဲ့ ၂၀၂၀ ပြည့်နှစ် မေလကျောင်းဖွင့်ချိန် အတွက် STUDY Grant များ ရယူလျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ Tourism & Hospitality ဘာသာရပ်ကို တက်ရောက်လိုတဲ့ ကျောင်းသူ ၊ ကျောင်းသားတွေအနေနဲ့ Nanyang Institute of Management (NIM )မှာ တက်ရောက်နိုင်ပြီး စာတွေ့ (၆) လ ၊လက်တွေ့ (၆) လနဲ့ တက်ရောက်ရမှာ ဖြစ်ပါတယ်။ ဘာသာရပ်တွေကို စိတ်ဝင်စားသူတွေအနေနဲ့ SGD 2000 , SGD 3000 ရရှိနိုင်မယ့် Study Grant တွေလျှောက်ထားနိုင်ပါတယ်‌။ Diploma in Construction Engineering အတွက် […]

Read More

မိတ္ထီလာစီးပွားရေးတက္ကသိုလ် မှ မဟာဘွဲ့ တန်းများအတွက် လျှောက်လွှာခေါ်ယူ

မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွက် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) အမှတ်စဉ် (၁၇) သင်တန်း နဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ (MPA) သင်တန်း အမှတ်စဉ် (၁၇) အတွက် ဝင်ခွင့်တွေခေါ်ယူနေပါတယ်။ သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေတက်ရောက်နိုင်ပြီး ရေးဖြေ နဲ့ နှုတ်ဖြေစာမေးပွဲတွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ မတ် ၂၅ ရက်မှာ စတင်ရယူနိုင်ပြီး သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲ အတွက် လျှောက်လွှာတွေကို မေ ၁၀ ရက် နောက်ဆုံးထားကာ မန္တလေးတက္ကသိုလ်၊ စီးပွားရေးဌာနမှာ ပြန်လည်တင်သွင်းရမှာ ဖြစ်ပါတယ်။ သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို မေလ ၁၇ ရက် ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် မှာ ကျင်းပသွားမှာ ဖြစ်ပြီး သင်တန်းချိန်ကတော့ […]

Read More

Hoco Gaming Headphones

ဂိမ်းကစားသူတွေ အကြိုက်တွေ့စေနိုင်မယ့် Hoco အမှတ်တံဆိပ် W100 မော်ဒယ် Gaming Headphones ဖြစ်ပါတယ်။ အသံထွက်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ရှင်းရှင်းလင်းလင်း ကြားရသလို Bass အသံထွက်ကိုလည်း ကြည်လင်ပြတ်သားစွာ ခံစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 3.5mm နားကြပ်ပေါက်နဲ့ LED lights အတွက် USB ပါဝင်ပါတယ်။ ကြိုးအရှည်မှာ 2.4m ရှိမှာဖြစ်ပါတယ်။ တန်ဖိုးက ၁၈၀၀၀ ကျပ်ဖြစ်ပြီး Hoco Myanmar-Authorized Distributor ဖုန်း ၀၉- ၉၆၆၂၆၉၈၉၂ နဲ့ ၀၉- ၇၇၀၈၆၅၇၈၈ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ -ဝေဝေ

Read More

နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအား ၂၀၂၁ ပညာသင်နှစ်တွင် MDSC General သင်တန်းသို့ တက်ရောက်ခွင့်ပြုမည်

နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်တွေကို ၂၀၂၁ ပညာသင်နှစ်မှာ MDSC General သင်တန်းသို့ တက်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ မတ် ၂၃ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ သိရပါတယ်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့မှာ ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေးက အစိုးရဝန်ထမ်းမဟုတ်သော ပြင်ပသွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များအား သက်ဆိုင်ရာဘာသာရပ် တစ်ခုချင်းစီအလိုက် အထူးပြုမဟာဘွဲ့လွန်ပညာများ ဆက်လက်သင်ကြားပေးရန်အတွက် မည်သည့် ပညာသင်နှစ်တွင် စတင်သင်ကြားပေးမည်နှင့် မည်သည့်တက္ကသိုလ်တွင် သင်ကြားပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့တာဖြစ်ပါတယ်။ အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်များအား ၂၀၂၁ ပညာသင်နှစ်တွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် […]

Read More

Wave Money မှ နေ့စဉ်ငွေလွှဲနိုင်သည့် ပမာဏကိုတိုးမြှင့်ပေး

Wave Money အနေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အရ Wave Money ကိုယ်စားလှယ်ဆိုင်များမှတစ်ဆင့် တစ်ရက်အတွင်း ငွေလွှဲနိုင်သည့်ပမာဏကို ယခင် ၅ သိန်း ကျပ်မှ ယခုအခါ ၁၀ သိန်းကျပ်အထိ တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်း လူအများစု ငွေကြေးကိုင်ဆောင် အသုံးပြုခြင်းနဲ့ လဲလှယ်အသုံးပြုခြင်းတို့အား လျှော့ချပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နေ့စဉ်ငွေလွှဲပမာဏကို မတ်လ ၂၅ ရက် မှ ဧပြီ ၃၀ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ Wave Money အရောင်းဆိုင် ၅၇,၀၀၀ ကျော်မှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး လွယ်ကူလျင်မြန်စွာ ငွေလွှဲ၊ ငွေထုတ် ပြုလုပ်လျက်ရှိကြောင်း၊ သုံးစွဲသူများသိရှိလိုတဲ့ မေးမြန်းချက်တွေကို အချိန်နဲ့တစ်ပြေးညီ ပြန်လည် ဖြေကြားပေးနိုင်ရန်အတွက် Wave Money […]

Read More

ဘွဲ့ကြိုဒီပလိုမာသင်တန်း (Dip-IT) စာမေးပွဲ ရက်ရွှေ့ဆိုင်း

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ဖွင့်လှစ်တဲ့ ဘွဲကြိုဒီပလိုမာသင်တန်း (Dip-IT) စာမေးပွဲရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ စာမေးပွဲကို မတ် ၃၀ ရက်တွင် စတင်ဖြေဆိုရမှာဖြစ်ပြီး COVID -19 ကြောင့်ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ရဲ့ မတ် ၂၆ ရက်မှာ စတင်ဖြေဆိုရမယ့် ပထမနှစ်ဝက်စာမေးပွဲများကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။ စာမေးပွဲ ဖြေဆိုရမည့်ရက်ကို အချိန်နှင့် တစ်ပြေးညီ ထပ်မံကြေညာပေးသွားမယ်လို့ သိရပါတယ်။ -သန္တာ

Read More