Day: March 24, 2020

Education

၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် အထွေထွေလုပ်သားများကို မူလတန်းဆရာအတတ်စာပေးစာယူသင်တန်း ခေါ်ယူခြင်းမရှိတော့ကြောင်း ပညာရေးဝန်ကြီးပြောကြား

၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် အထွေထွေလုပ်သားများကို မူလတန်းဆရာ အတတ်စာပေးစာယူသင်တန်း ခေါ်ယူခြင်းမရှိကြောင်း မတ် ၂၃ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ပညာရေးဝန်ကြီးက ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက် မြောက်နေ့မှာ သရက် မဲဆန္ဒနယ်မှ ဦးကံမြင့်က ၁၇. ၃.၂၀၁ရ ၊ နိုင်ငံပိုင်ကြေးမုံသတင်းစာပါ အလုပ်ခေါ်စာအရ မူလတန်းစာပေးစာယူ သင်တန်း တက်ရောက်မယ့် အရည်အချင်းစစ်စာမေးပွဲ ယှဉ်ပြိုင်ဖြေဆို အောင်မြင်ခဲ့ပြီးတဲ့ အထွေထွေလုပ်သားတွေကို သတင်းစာပါ အလုပ်ခေါ်စာ ကတိကဝတ်အတိုင်း မူလတန်း စာပေးစာယူသင်တန်း ခေါ်ယူရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။ အဆိုပါမေးခွန်းနဲ့ စပ်လျဉ်းပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၆ ခုနှစ် ဧပြီမှ […]

Read More
Android
Download

Mogok Phone Directory 2020

မိုးကုတ်မြို့ဖုန်းလမ်းညွှန် App ဖြစ်ပါတယ်။ အရေးကြီးဖုန်းနံပါတ်၊ ဘဏ်လိပ်စာ၊ ကားဂိတ်၊ ရုံးဌာန၊ ဟိုတယ်နှင့် တည်းခိုရိပ်သာတို့ရဲ့ ဆက်သွယ်နိုင်မယ့် လိပ်စာဖုန်းနံပါတ်တွေအပြင် မိုးကုတ်မြို့က အသင်းအဖွဲ့တွေရဲ့ ဖုန်းနံပါတ်တွေကိုလည်း အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

Read More
Huawei
Tech

Huawei P40 Pro နဲ့ Premium မှာငွေပေးချေဖို့ 3D sensor ပါဝင်လာနိုင်

မတ် ၂၆ ရက်မှာ ထုတ်ဖော်မိတ်ဆက်မယ့် Huawei P40 Pro နဲ့ Premium ဖုန်းတွေရဲ့ ရှေ့ဘက်မှာ face unlock အတွက် 3D ToF ပါဝင်လာမယ်လို့ သိရပါတယ်။ အဲဒီ sensor ကိုငွေပေးချေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါမယ်။ ဖုန်းမှာပါဝင်မယ့် 3D ToF sensor ကို punch hole ထဲမှာ ထည့်သွင်းထားပါတယ်။ ဖုန်းသရုပ်ဖော်ပုံတွေကို @evleaks ကဖော်ပြခဲ့ပါတယ်။P40 Pro နဲ့ Premium တွေမှာ ရှေ့ကင်မရာ 32MP အပြင် ToF sensor လည်းပါဝင်လာပါတယ်။ ဖုန်းရှေ့ဘက်မှာ gesture motion sensor အပြင် အခြား hardware တွေ (ambient light နဲ့ […]

Read More
Tech

ကိုရိုနာဗိုင်းရပ်စ် ခြေရာခံဖို့ မြေပုံတစ်ခုကို IBM ဖြန့်ချိ

IBM ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်မြေပုံကို Weather Channel မှာဖြန့်ချိသွားမယ်လို့ ကြေညာခဲ့ပါတယ်။ Weather.com နဲ့ Weather Channel မိုဘိုင်း app ပေါ်က သတင်းနဲ့ အချက်အလက် feed တွေမှာ မြေပုံကို မြင်ရမှာပါ။ Weather Channel ကိုလစဉ်အသုံးပြုသူ သန်း ၃၀၀ကျော်ရှိတယ်လို့ IBM ကထုတ်ပြန်ခဲ့ပါတယ်။ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ် အချက်အလက်မြေပုံမှာ WHO အပြင် နိုင်ငံတော်နဲ့ ဒေသတွင်း အစိုးရအချက်အလက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် အချက်အလက် လေ့လာဆန်းစစ်ဖို့ သုတေသီတွေ၊ အချက်အလက်ဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့ မီဒီယာတွေ အတွက် ဒီဇိုင်းထုတ်ထားတဲ့ IBM ရဲ့ Cognos Analytics suite လည်းပါဝင်ပြီး နိုင်ငံတော်အဆင့်အထိ ဒေသတွင်းအချက်အလက်ကို […]

Read More
Tech

ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ နည်းပညာကုမ္ပဏီကြီးတွေ ပူးပေါင်း

ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှု kit တွေသယ်ယူ ပို့ဆောင်ဖို့ Microsoft တွဲဖက်တည်ထောင်သူ ဘီလ်ဂိတ်စ်က ငွေကြေးထောက်ပံ့ထားတဲ့ သုတေသီတွေနဲ့ Amazon ပူးပေါင်းလိုက်ပါတယ်။ ဂိတ်စ်ဖောင်ဒေးရှင်းက ငွေကြေးထောက်ပံ့ထားတဲ့ ဆီယက်တယ် ကိုရိုနာဗိုင်းရပ်စ်ရှာဖွေရေးကွန်ရက် (SCAN) က ရောဂါကူးစက်မှုကို လေ့လာနေပါတယ်။ ဝါရှင်တန်ပြည်နယ် ဆီယက်တယ်ရဲ့ ကင်းစ် စီရင်စုမှာ နေထိုင်သူတွေအကြား ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကို ခြေရာခံဖို့ နှာခေါင်းက အနာတွေကို စုဆောင်းနေပါတယ်။ Amazon ရဲ့ဝန်ထမ်းဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု ဌာနခွဲ Amazon Care ကလည်း kit ပို့ဆောင်ရေးကို အကူအညီပေးသွားပါမယ်။ကင်းစ်စီရင်စုဟာ အမေရိကန်မှာ ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံး‌ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆေးပညာ၊ အများပြည်သူကျန်းမာရေးနဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ SCAN ကလည်း လူအဖွဲ့အစည်း အစိတ်အပိုင်းများစွာမှာ ပျံ့နှံ့နေတဲ့ ကူးစက်ရောဂါကို […]

Read More
Tech

Prime Video တွေကို Amazon အခမဲ့ကြည့်ခွင့်ပြု

Amazon က Prime Video လစဉ်ကြေးပေးသွင်းစရာမလိုဘဲ ကလေးအစီအစဉ်တွေကို အခမဲ့ကြည့်ရှုခွင့်ပြုလိုက်ပါတယ်။ အဲဒီ content တွေထဲမှာ Amazon က third-party နဲ့ မူရင်းတီဗီအစီအစဉ်တွေကို ကြည့်ရှုနိုင်ပါမယ်။ ဒါ့အပြင် Peppa Pig and Arthur လိုမျိုး အစီအစဉ်နဲ့ Just Add Magic နဲ့ Pete the Cat တို့ပါဝင်လာပါတယ်။ ကမ္ဘာပေါ်က လူပေါင်းများစွာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာပဲ နေကြရတဲ့အတွက် ရုပ်သံဝန်ဆောင်မှုတွေကို အသုံးပြုသူ များပြားလာပါတယ်။ လူပေါင်းများစွာ အသုံးပြုလာတာကြောင့် ရုပ်သံဝန်ဆောင်မှုများစွာဟာ ဥရောပမှာ ရုပ်ထွက်အရည်အသွေး ကြည့်ရှုမှုကို လျှော့ချဖို့ သဘောတူညီခဲ့ပါတယ်။ ကလေးငယ်တွေနဲ့အတူ နေထိုင်ရတဲ့ မိဘတွေအတွက် Amazon ကအခုအစီအစဉ်ကို ပြုလုပ်ပေးလိုက်ပါတယ်။ Prime Video […]

Read More
Education

တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ လက်ရှိဖြေဆိုနေသည့်စာမေးပွဲများဆိုင်းငံ့ထား

အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရန်အတွက် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ လက်ရှိဖြေဆိုနေတဲ့စာမေးပွဲတွေကိုဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ မတ် ၂၄ ရက်မှစတင်ကာ ရက်အကန့်အသတ်မရှိယာယီရပ်ဆိုင်းထားမှာဖြစ်ကြောင်း၊ ကျန်ရှိနေတဲ့ ဘာသာရပ်တွေအတွက် ပြန်လည်ဖြေ ဆိုရမယ့် ရက်ကို ထပ်မံကြောညာပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဖြေဆိုပြီးသော ဘာသာများထပ်မံဖြေဆိုရန် မလိုအပ်ကြောင်းသိရပါတယ်။ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှု သိပ္ပံများ အားလုံးအပါအဝင် နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္က သိုလ်များက စာမေးပွဲကို ယာယီ ရပ်ဆိုင်းကြောင်း မတ် ၂၄ ရက် နံနက်ပိုင်းတွင် ကြေညာခဲ့ပါတယ်။ တက္ကသိုလ် စာမေးပွဲ ဆက်လက် ကျင်းပမှု၊ ရပ်ဆိုင်းခြင်းနဲ့ ပတ်သက်ပြီး သက် ဆိုင်ရာ တက္ကသိုလ်ပညာရေးအဖွဲ့ကို ဆုံးဖြတ်ခွင့်ပေး […]

Read More