Day: March 23, 2020

Local

Suzuki ကားစက်ရုံ သီလဝါအထူးစီးပွားရေးဇုန်တွင်တည်ဆောက်မည်

Suzuki Motor Corporation အနေနဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ Suzuki Thilawa Motor Co., Ltd အဖြစ် ရင်းနှီးမြှုပ်ခဲ့နှံပြီး SKD စနစ်နဲ့ မော်တော်ယာဉ်တွေကို ထုတ်လုပ်တပ်ဆင်ပြီး ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချလျက်ရှိရာမှ CKD စနစ်နဲ့ ထုတ်လုပ်တပ်ဆင်ဖို့ Welding Process, Painting Process နဲ့ Assembly Process တို့ပါဝင်တဲ့ စက်ရုံအသစ်ကို သီလဝါအထူးစီးပွားရေးဇုန်မှာ တည်ဆောက်သွားမယ်လို့ သိရပါတယ်။ စက်ရုံသစ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ စတင်လည်ပတ်ရန် ရည်မှန်းထားပြီး နှစ်စဉ် ကားအစီးရေ ၄၀,၀၀၀ ခန့်ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။ Suzuki အနေနဲ့ ၁၉၉၈ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံမှာ ကာလရှည်ကြာစွာ ရင်းနှီးမြုပ်နှံခဲ့ကာ ၁၉၉၉ မှာ မော်တော်ဆိုင်ကယ်နဲ့ […]

Read More
Article

 နေအိမ်ကနေ အလုပ်လုပ်သူတွေ အသုံးပြုလာကြတဲ့ Zoom မှာ ဗီဒီယိုနောက်ခံ ဘယ်လိုပြောင်းမလဲ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း နေအိမ်ကနေ အလုပ်လုပ်သူတွေ၊ စာသင်ကြားသူတွေ သန်းပေါင်းများစွာက Zoom video chat app ကိုအသုံးပြုလာကြပါတယ်။ Zoom အသုံးပြုသူတွေ ဗီဒီယို chat ကိုအသုံးပြုစဉ်မှာ နောက်ခံပုံရိပ်ကို အာကာသအပြင်ဘက် ဒါမှမဟုတ် ဆန်ဖရန်စစ္စကိုဂိုးဒန်းဂိတ်တံတားပုံတွေ ပြောင်းလဲနေကြပါတယ်။ ဒါ့အပြင် နောက်ခံကို ကိုယ်ပိုင်ဓာတ်ပုံလည်း သုံးနိုင်ပါတယ်။ ကပ်ရောဂါကြောင့် အိမ်မှာ နေထိုင်ဖို့နဲ့ အခြားကာကွယ်ရေး အစီအစဉ်တွေကြောင့် Zoom ကိုအသုံးပြုသူ အလွန်မြင့်တက်လာပါတယ်။ အိမ်ခန်းအတွင်းက ရှုပ်ပွနေတာကို ဖုံးကွယ်ဖို့နဲ့ ပျော်စရာနည်းလမ်းအဖြစ် အသုံးပြုနိုင်ဖို့ Zoom နောက်ခံကို အသုံးပြုနိုင်ပါတယ်။ Desktop app မှာ Zoom နောက်ခံကို ပြောင်းလဲခြင်း (၁) Zoom app မှာ ညာဘက်ထောင့်ဆုံးက Settings ကိုနှိပ်ရပါမယ်။ (၂) […]

Read More
Apple
Tech

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို Siri မှာ Apple အဆင့်မြှင့်တင်

Apple ဟာ COVID-19 နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို Siri ကိုထည့်သွင်းလိုက်ပါတယ်။ Siri ရဲ့ကိုရိုနာဗိုင်းရပ်စ် အဖြေတွေကို CDC နဲ့အခြားသတင်းရင်းမြစ်တွေကနေ ရယူထားပါတယ်။ သုံးစွဲသူက Siri ကို “Do I have a coronavirus?” ရှိလားလို့ မေးမြန်းပြီး မေးခွန်းတွေ တစ်ဆင့်ချင်းစီ ဖြေကြားရမှာ ဖြစ်ပါတယ်။ Siri အနေနဲ့ သုံးစွဲသူတွေ COVID-19 ရောဂါလက္ခဏာခံစားနေရခြင်း ရှိ၊ မရှိမေးပြီး ရောဂါလက္ခဏာတွေက အသက်အန္တရာယ်စိုးရိမ်ရရင် ၉၁၁ ခေါ်ဆိုဖို့ အကြံပေးပါမယ်။ ဒါမှမဟုတ် မေးခွန်းမေးသူက အိမ်မှာပဲ နေထိုင်ပြီး အခြားလူတွေနဲ့ဆက်သွယ်တာ ရှောင်ကြဉ်ဖို့ Siri ကအကြံပေးမှာ ဖြစ်ပါတယ်။ Apple ဟာ ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို Siri မှာမေးမြန်းတဲ့အခါ App Store […]

Read More
Android

Bmovies v2

မြန်မာစာတန်းထိုး နိုင်ငံခြားဇာတ်လမ်းတွေကို ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ SD, HD, FHD စတဲ့ အရည်အသွေးတွေနဲ့ ရွေးချယ်ကြည့်ရှုနိုင်မှာဖြစ်ပြီး App ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်သလို ဖုန်းထဲကို download ပြုလုပ်ကာလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Apple
Tech

 အချိန်အကန့်အသတ်နဲ့ စာအုပ်တွေကို Apple အခမဲ့ပေးဝေ

Apple Books ဟာ အမေရိကန်မှာ နေထိုင်သူတွေအတွက် အချိန်အကန့်အသတ်နဲ့ စာအုပ်တွေ၊ audiobook တွေပေးနေပါတယ်။ Apple ရဲ့ App Store ကိုဖွင့်လိုက်ရင် သတိပေးချက်တစ်ခုကို မြင်တွေ့ရပါမယ်။ အဲဒီသတိပေးချက်မှာ မိသားစုတစ်ခုလုံးအတွက် အခမဲ့စာအုပ်တွေ ရှာဖွေခံစားနိုင်တယ်လို့ ရေးသားထားပါတယ်။ သတိပေးချက်ကို နှိပ်လိုက်ရင် Apple Books Store အတွင်းက Free Books စာမျက်နှာကို ရောက်သွားပါမယ်။ အဲဒီမှာ သုံးစွဲသူတွေက အမျိုးအစားအလိုက် ဝတ္ထုတွေကို ရှာဖွေနိုင်သလို audiobooks တွေကိုလည်း ရှာဖွေတာ ဒါမှမဟုတ် Apple ရဲ့ ‘First in a Series’ ကစာအုပ်သစ်ကို ရွေးတာအပြင် Free tab ကိုစူးစမ်းနိုင်ပါတယ်။ Apple အနေနဲ့ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကာလအတွင်း […]

Read More
Local

ချိတ်ဆက် Premium ဆားဗစ်ကို ဝန်ဆောင်ခပေးရန်မလိုသည့် Exclusive ဆားဗစ်အဖြစ်သတ်မှတ်

အလွတ်တန်းပညာရှင်များ ထောက်ပံ့ပေးရာဝက်ဘ်ဆိုက်ဖြစ်တဲ့ Chate sat freelancing Platform မှ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ Covid-19 ကြောင့် ဖြစ်ပေါ်လာနေတဲ့ စီးပွားရေးအကျပ်အတည်း ကာလမှာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတွေကို တစ်ဖက်တစ်လမ်းမှ ကူးညီပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခင်က ချိတ်ဆက် Premium ဆားဗစ်ကို ရယူအသုံးပြုမယ်ဆိုရင် ဝန်ဆောင်ခအနေနဲ့ ကျသင့်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို ကောက်ခံခဲ့ရာကနေ ယခုအခါ ဝန်ဆောင်ခပေးရန် လုံး၀မလိုတဲ့ Exclusive ဆားဗစ်အဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကို မတ် ၁၉ ရက်ကနေ စတင်ပြီး မေ ၁၅ ရက်အထိ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အလွတ်တန်းပညာရှင်တွေ (Freelancers) တွေကို စတင်အသုံးပြုမယ့် စီးပွားရေးလုပ်ငန်းတွေ အတွက်လည်း အဆင်ပြေစွာ ဆောင်ရွက်နိုင်ဖို့ Hotline […]

Read More
Tech

ထိုင်ဝမ်ရဲ့ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရေး ‘electronic fence’ နည်းပညာ

ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်တဲ့နည်းလမ်းနဲ့ တိုက်ခိုက်နိုင်တဲ့ ထိုင်ဝမ်နိုင်ငံကို တစ်ကမ္ဘာလုံးက ချီးကျူးနေကြပါတယ်။ အခုဆိုရင် ထိုင်ဝမ်ကလူတွေ နေအိမ်တွင်းမှာ သီးခြားခွဲနေတာ သေချာစေဖို့ တည်နေရာခြေရာခံ အသုံးပြုထားတဲ့ မိုဘိုင်းဖုန်းအခြေခံ “electronic fence” ကိုဖြန့်ချိလိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းက အစိုးရတွေက လူတွေ ဗိုင်းရပ်စ်မကူးစက်အောင် အိမ်မှာနေထိုင်ကြဖို့ နည်းပညာနဲ့ လူသားလုပ်အားကို ပေါင်းစပ်နေကြပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ရဲ့စနစ်ဟာ အိမ်မှာ လူတွေနေကြဖို့ ရည်ရွယ်ချက်နဲ့ မိုဘိုင်းဖုန်း ခြေရာခံမှုကို ပထမဆုံး အသုံးပြုလာတာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် ရောဂါကူးစက်မှုကို ဖြန့်ဝေတာနဲ့ လှုပ်ရှားသွားလာတဲ့လူတွေကို ရပ်တန့်ဖို့ပါပဲ” လို့ ထိုင်ဝမ်ဆိုက်ဘာလုံခြုံရေးအကြီးအကဲ၊ ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ တွဲဖက်လုပ်ကိုင်ဖို့ ဦးဆောင်နေတဲ့ Jyan Hong-wei ကပြောခဲ့ပါတယ်။ အခုစနစ်က ဖုန်းလိုင်းတွေကို စောင့်ကြည့်ပြီး ဖုန်းကို […]

Read More
Local

Jack Ma Foundation နှင့် Alibaba Foundation မှ COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုအခြေအနေဖြင့် ရင်ဆိုင်နေရသည့် အရှေ့တောင်အာရှနိုင်ငံများသို့ ဆေးဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့လှူဒါန်းမည်

COVID-19 ဗိုင်းရပ်စ်ပျံနှံ့မှု အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အာရှ ၁၀ နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းတွေကို ထောက်ပံ့လှူဒါန်းသွားမယ်လို့ သိရပါတယ်။ အဆိုပါ ဖောင်ဒေးရှင်းမှ အာဖဂန်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအို၊ မောလ်ဒိုက်၊ မွန်ဂိုးလီးယား၊ မြန်မာ၊ နီပေါလ်၊ ပါကစ္စတန်၊ သီရိလင်္ကာနိုင်ငံများရဲ့ အစိုးရအဖွဲ့အစည်းများသို့ မျက်နှာစည်းပေါင်း ၁.၈ မီလီယံ၊ COVID-19 ကို စစ်ဆေးနိုင်တဲ့ ပစ္စည်းစုစုပေါင်း အရေအတွက် ၂၁၀,၀၀၀ ခု၊ အကာအကွယ်အင်္ကျီအထည်ပေါင်း ၃၆,၀၀၀ ထည်၊ ကိုယ်ပူချိန်တိုင်းကိရိယာများ၊ လေသန့်စင်စက်များနဲ့ အခြားသောကပ်ရောဂါကာကွယ်ရေး ဆက်စပ်ပစ္စည်းမျိုးစုံကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ “လူတိုင်းပူးပေါင်းပြီး ဒီဗိုင်းရပ်စ်ကို တိုက်ထုတ်ကြရမယ်။ နိုင်ငံအနှံ့အပြားသို့ ထောက်ပံ့ရေးပစ္စည်းများ အလျင်အမြန်ပေးပို့ဖို့က မလွယ်ကူပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြီးမြောက်အောင်လုပ်ကြမယ်” လို့ ဂျက်မ (Jack […]

Read More
Tech

ဥရောပအတွင်း ဗီဒီယိုအရည်အသွေးတွေကို Facebook လျှော့ချ

Facebook ဟာဥရောပအတွင်းက Instagram နဲ့ Facebook ပေါ်က ဗီဒီယိုအရည်အသွေးကို လျှော့ချသွားပါမယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်ကနေ အလုပ်လုပ်နေသူ ထောင်ပေါင်းများစွာရှိနေပြီး အင်တာနက်အသုံးပြုမှု များပြားလာမှုအပေါ် ဝန်လျှော့ချဖို့ အီးယူက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အခုတစ်ပတ်အစောပိုင်းမှာ Netflix, Alphabet Inc ရဲ့ YouTube, Amazon နဲ့ Disney ကလည်း ဗီဒီယိုအရည်အသွေးကို လျှော့ချခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဗီဒီယိုထုတ်လွှင့်တဲ့ platform တွေက ကျောင်းတွေပိတ်ပြီး နေအိမ်က ကလေးထောင်ပေါင်းများစွာ အဝေးက စာသင်ကြားရေးနဲ့ ကျန်းမာရေးစောင့်ရှောက်ရေးဌာနအတွက် bandwidth ကိုနေရာပေးဖို့ အီးယူလုပ်ငန်းအကြီးအကဲ သီယာရီဘရန်တန်ကတိုက်တွန်းခဲ့ပါတယ်။ ဥရောပဆက်သွယ်ရေးကုမ္ပဏီတွေက data traffic မြင့်တက်မှုကို ကွန်ရက်တွေနဲ့ ထိန်းကျောင်းနိုင်တယ်လို့ ပြောထားပါတယ်။ နေအိမ်ကနေ အလုပ်လုပ်သူ များပြားလာတာကြောင့် အင်တာနက်လိုင်း […]

Read More
Education

မန္တလေးတက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ အမှတ်စဉ် (၆) သင်တန်း ဖွင့်မည်

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ (MPA) သင်တန်း အမှတ်စဉ် (၆) အတွက် ဝင်ခွင့်ခေါ်ယူနေပါတယ်။ သင်တန်းကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီး မန္တလေးတက္ကသိုလ်မှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး ရေးဖြေနဲ့ နှုတ်ဖြေစာမေးပွဲတွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို မန္တလေးတက္ကသိုလ်၊ စီးပွားရေးဌာနမှာ မတ် ၂၅ ရက် မှ စတင်ရယူနိုင်ပြီး သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲ အတွက် လျှောက်လွှာတွေကို မေ ၁၀ ရက် နောက်ဆုံးထားကာ မန္တလေးတက္ကသိုလ်၊ စီးပွားရေးဌာနမှာ ပြန်လည်တင်သွင်းရမှာ ဖြစ်ပါတယ်။ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို မေလ ၁၇ ရက်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေ ဖြစ်ပါတယ်။ […]

Read More