Day: March 18, 2020

Article

အိမ်မှာနေထိုင်တဲ့အခါ လူမှုဆက်ဆံရေးမပြတ်စေဖို့ အထောက်အကူဖြစ်စေမယ့် မိုဘိုင်းဂိမ်းများ

ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်နေတာကြောင့် လူများစွာက အိမ်ထဲမှာ သီးသန့်ခွဲနေထိုင်တာ ပြုလုပ်လာကြပါတယ်။ အိမ်မှာနေထိုင်စဉ်မှာ ပျော်ရွှင်နေဖို့အတွက် သူငယ်ချင်းတွေနဲ့ အွန်လိုင်းဂိမ်းကစားတာဟာ အကောင်းဆုံးဖြေရှင်းနည်း ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာနေစဉ် သူငယ်ချင်းအချင်းအချင်း အဆက်အသွယ်တွေ မပြတ်စေဘဲ အွန်လိုင်းမှာ အတူတကွကစားနိုင်တဲ့ မိုဘိုင်းဂိမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ Golf Clash (iOS/ Android) မိုဘိုင်းပေါ်မှာ ဂေါ့ဖ်ရိုက်ဝါသနာပါသူတွေ သူငယ်ချင်းတွေနဲ့ အတူကစားနိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။ အလားတူဂိမ်းတွေကတော့ Super Stickman Golf 3 နဲ့ Golf Battle တို့ပဲဖြစ်ပါတယ်။ Golf Clash မှာ Facebook သူငယ်ချင်းတွေနဲ့ အတူကစားနိုင်တဲ့ အသိုက်အဝန်းရှိပါတယ်။ Words With Friends Classic (iOS/ Android) အခုဂိမ်းက သက်တမ်းအကြာဆုံး […]

Read More
Android

Myanmar Baydin မြန်မာဗေဒင်

မြန်မာဗေဒင်စာအုပ် App ဖြစ်ပါတယ်။ ၇ ရက်သားသမီးတွေအတွက် အချစ်ရေးဗေဒင်၊ ရာသီဖွားတွေအကြောင်း၊ မွေးနေ့မွေးရက်ဗေဒင်၊ မွေးလကပြောတဲ့ ဗေဒင်၊ မျက်နှာရှိ မှဲ့အကြောင်း စတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို စုစည်းပေးထားပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး အွန်လိုင်း Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Google
Tech

ဘာသာစကား ၈ မျိုးနဲ့ ဘာသာပြန်ပေးနိုင်တဲ့ feature ကို Google Translate ဖြန့်ချိ

Google Translate ဟာ အချိန်နဲ့တစ်ပြေးညီ စကားပြောဆိုမှုကို ဘာသာပြန်ပေးနိုင်တဲ့ Transcribe for Android အမည်ရ feature ကိုဖြန့်ချိလိုက်ပါတယ်။ စာတမ်းထိုးနဲ့ဘာသာပြန်မှုကို အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဟင်ဒီ၊ ရုရှား၊ စပိန်နဲ့ ထိုင်း စတဲ့ ဘာသာစကား ၈ မျိုးနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။ Translate မှာ Transcribe ပါဝင်လာတာကြောင့် အချိန်အကန့်အသတ် မရှိဘဲ စာသင်ခန်း ဒါမှမဟုတ် ကွန်ဖရင့်အတွင်း ပို့ချမှုတွေကို ဘာသာပြန်နိုင်ပါတယ်။ Translate မှာပါဝင်တဲ့ speech-to-text AI ကတော့ စကားလုံး၊ စကား ဒါမှမဟုတ် ဝါကျကို ဘာသာမပြန်ပေးနိုင်ပါဘူး။ Google က လာမယ့်အနာဂတ်အတွင်း iOS ထုတ်ကုန်တွေဆီ Transcribe ကိုဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ Transcribe […]

Read More
Tech

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း Facebook က ဝန်ထမ်းတိုင်းကို ဒေါ်လာ ၁,၀၀၀ ပေး

Facebook ဟာ ကမ္ဘာအနှံ့ဖြစ်ပေါ်နေတဲ့ ကိုရိုဗိုင်းရပ်စ် ကပ်ရောဂါအတွင်း ဝန်ထမ်းတိုင်းကို အပိုဆုကြေး ဒေါ်လာ ၁,၀၀၀ ပေးဖို့ စီစဉ်ထားတယ်လို့ The Information ကဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီစီအီးအို မာ့ခ်ဇူကာဘတ်က ကုမ္ပဏီအတွင်း ထုတ်ပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အပိုဆုကြေးတွေကို ဧပြီလမှာ ပေးသွားမယ်လို့ Facebook က The Verge ကိုပြောဲ့ပါတယ်။ ကုမ္ပဏီဝန်ထမ်းဦးရေ ၄၅,၀၀၀ ဟာ ၂၀၂၀ ပထမဆုံး ၆ လ သုံးသပ်ချက်အတွက် အဆင့်သတ်မှတ်ချက်တွေ ကျော်လွန်သွားတာကြောင့် ကပ်ရောဂါအတွင်း ဝန်ထမ်းတွေ ဆက်လက်ကူညီဖို့ အပိုဆုကြေးများစွာ ပေးတာ ဖြစ်နိုင်ပါတယ်။ Facebook ဝန်ထမ်းတစ်ဦးရဲ့ ပျှမ်းမျှရရှိငွေက ၂၂၈,၆၅၁ ဒေါ်လာဖြစ်တယ်လို့ The Information ကပြောခဲ့ပါတယ်။ အချိန်ပြည့် Facebook ဝန်ထမ်းတွေက စာချုပ်ချုပ်ထားတဲ့ […]

Read More
Tech

တရားဝင် ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်တွေကို Facebook ပိတ်ပင်ခဲ့

ပြီးခဲ့တဲ့ အင်္ဂါနေ့က Facebook ရဲ့ News Feed spam လုပ်ဆောင်ချက်က ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး ကိုရိုနာသတင်းအချက်အလက်ပါဝင်တဲ့ လင့်ခ်အပါအဝင် လင့်ခ်ဝေမျှမှုကိုလည်း တားဆီးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး TechCrunch ကသတင်းပေးခဲ့ပါတယ်။ အခု အားနည်းချက်က ကိုရိုနာဗိုင်းရပ်စ်လင့်ခ် အားလုံးကို မထိခိုက်ဘူးလို့ သိရပါတယ်။ Facebook က အားနည်းချက်ကို သတိပေးခဲ့ကာ ပြင်ဆင်ခဲ့ပါတယ်။ ညနေ ၆ နာရီခွဲလောက်မှာ ပြဿနာကို ဖြေရှင်းနိုင်ပြီလို့ ကုမ္ပဏီအမှုဆောင်တစ်ဦးက ပြောခဲ့ပေမယ့် သုံးစွဲသူတချို့ကတော့ ပြဿနာတွေ ဆက်လက်ကြုံတွေ့ခဲ့ရပါတယ်။ “ကျွန်တော်တို့အနေနဲ့ COVID-19 နဲ့ဆက်စပ်တဲ့ ခေါင်းစဉ်မဟုတ်ဘဲ ခေါင်းစဉ်အားလုံးက မှားယွင်းဖျက်မိတဲ့ post တွေအားလုံးကို ပြန်လည်ထိန်းသိမ်းလိုက်ပါတယ်။ စည်းကမ်းချိုးဖောက်တဲ့ ဝက်ဘ်ဆိုက်လင့်ခ်တွေကို ဖယ်ရှားတဲ့ အလိုအလျောက်စနစ်မှာ ပြဿနာဖြစ်ပေါ်တာဖြစ်ပြီး အခြား post တွေအများအပြားကိုလည်း မှားယွင်းဖယ်ရှားလိုက်တယ်” […]

Read More
Tech

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Marvel ရဲ့ Black Widow ရုံတင်မယ့်ရက် ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Disney ရဲ့ Black Widow ရုပ်ရှင်ဟာ ရုံတင်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ စကားလက်ယိုဟန်ဆန်ရဲ့ Marvel Cinematic Universe ဇာတ်ကောင် နာတာရှာရိုမန်အော့ဖ်အကြောင်း ရိုက်ကူးထားတဲ့ Black Widow ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရုံတင်မယ့်ရက် နောက်ဆုတ်လိုက်ပါတယ်။ မူလက Black Widow ဇာတ်ကားကို မေလ ၁ ရက်မှာ ရုံတင်ဖို့ စီစဉ်ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း ရုပ်ရှင်ရုံများစွာ ပိတ်နေကြသလို အရေးပါတဲ့မြို့တချို့ကို ပိတ်ပင်ထားကြပါတယ်။ Disney ဟာ မေလမှာ ထွက်ရှိမယ့် The Personal History of David Copperfield နဲ့ The Woman in the Window ထွက်ရှိမှုကိုလည်း ရွှေ့ဆိုင်းလိုက်တယ်လို့ မီဒီယာတွေဆီ အီးမေးလ်ပို့ခဲ့ပါတယ်။ […]

Read More
Sony
Tech

PS5 အသေးစိတ်အချက်အလက်တွေကို ယနေ့ Sony ထုတ်ပြန်မယ်

Sony ဟာ ယနေ့မှာ အထူးပွဲနဲ့ PlayStation 5 ထုတ်ကုန်အသေးစိတ်ကို မိတ်ဆက်ပါမယ်။ Sony ရဲ့မျိုးဆက်သစ်ဂိမ်းစက် အသေးစိတ်အချက်အလက်တွေကို system architect မာ့ခ်ကာနီက ထုတ်ပြန်ပါမယ်။ PS5 ရဲ့စနစ်ပိုင်း တည်ဆောက်မှုနဲ့ ဂိမ်းအနာဂတ်တွေကိုလည်း ပြောသွားပါမယ်။ PS5 ဂိမ်းစက်မှာ eight-core CPU (AMD ရဲ့တတိယမြောက်မျိုးဆက် Ryzen) နဲ့ AMD ရဲ့ Radeon Navi အခြေခံ အထူးပြုလုပ်ထားတဲ့ GPU ကိုအသုံးပြုသွားနိုင်ပါတယ်။ Sony ဟာ PS5 ဂိမ်းစက်မှာ 8K ရုပ်ထွက်အရည်အသွေး ထောက်ပံ့ထားပြီး 3D အသံစနစ်၊ 120Hz နဲ့ 4K gaming အပြင် စွမ်းဆောင်သုံးစွဲမှုနည်းပါးတဲ့ option ကိုလည်း ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် […]

Read More
Mobile
Tech

အသစ်မိတ်ဆက်လိုက်တဲ့ Realme 6i မှာ ဘယ်လို feature တွေပါဝင်မလဲ

Realme ဟာ ဇန်နဝါရီလမှာ Realme 5i ကိုမိတ်ဆက်ပြီး ၂ လအကြာ Realme 6i ကိုမိတ်ဆက်လိုက်ပါတယ်။ Realme 6i ဟာ MediaTek Helip G80 SoC ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းဖြစ်ပါတယ်။ Android 10 အခြေခံ Realme UI ကိုအသုံးပြုထားကာ 3GB/64GB နဲ့ 4GB/128GB ဗားရှင်း ၂ မျိုးကို ထုတ်လုပ်ထားပါတယ်။ Realme 6i မှာ မျက်နှာပြင် ၆.၅ လက်မ HD+ display ပါဝင်ပြီး 16MP selfie ကင်မရာကို notch ထဲမှာ ထည့်သွင်းထားပါတယ်။ Realme 6i ကျောဘက်ဒီဇိုင်းကို Naoto Fukasawa ကပြုလုပ်ပေးထားပါတယ်။ […]

Read More
Education

 ICTTI Advanced ICT Engineering သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနနဲ့ ဂျပန်နိုင်ငံ၊ JICA တို့ပူးပေါင်းဖွင့်လှစ်တဲ့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသင်တန်းဌာန (Information and Communication Technology Training Institue/ICTTI) မှ သင်တန်းသားတွေခေါ်ယူနေပါတယ်။ အမှတ်စဉ် (၁) Professional Diploma in Software Engineering Course သင်တန်းကို မေ ၁၁ ရက်မှ စတင် ကာ ၂၃ ပတ်ကြာ ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသားဦးရေ ၃၀ လက်ခံမှာ ဖြစ်ပါတယ်။ အမှတ်စဉ် (၂ ) Professional Diploma in Network Engineering သင်တန်းကို မေ ၁၁ ရက် မှစတင်ကာ ၂၃ ပတ်ကြာ ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသားဦးရေ ၆၀ လက်ခံမှာ […]

Read More
Education

MCEITS Advanced ICT Engineering သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနနဲ့ အိန္ဒိယနိုင်ငံ C-DAC တို့ ပူးပေါင်း ဖွင့်လှစ်တဲ့ အိန္ဒိယ- မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်းဌာန India-Myanmar Centre for Enhancement of IT Skills (IMCEITS) သင်တန်းဌာနတို့မှ သင်တန်းလျှောက်လွှာ ခေါ်ယူနေပါတယ်။ Professional Diploma in Java Programming Course (DJP) သင်တန်းကို မေ ၂၈ ရက် မှစတင်ကာ ၂၄ ပတ်ကြာ ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသားဦးရေ ၈၀ လက်ခံမှာ ဖြစ်ပါတယ်။ Professional Diploma in MS.Net Programming Course (D.Net) သင်တန်းကို မေ ၂၈ ရက် မှစတင်ကာ ၂၄ ပတ်ကြာ ဖွင့်လှစ်မှာဖြစ်ပြီး […]

Read More