Day: March 17, 2020

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အသိအမြင်များစေမယ့် အကောင်းဆုံး app များ

ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်းများစွာမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတာကြောင့် လူအများစုက နေအိမ်က ဆိုဖာပေါ်မှာ ဖုန်းတွေ ပိုမိုအသုံးပြုလာကြပါတယ်။ Developer တွေကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်တဲ့ app တွေကို ဖန်တီးနေကြပါတယ်။ ဒါပေမဲ့ သတင်းမှားတွေကို တားဆီးနိုင်ဖို့ အစိုးရနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေလိုမျိုး အသိအမှတ်ပြုအဖွဲ့တွေက app တွေကိုပဲ လက်ခံမယ်လို့ Apple က ကြေညာထားပါတယ်။ App Store က ကိုရိုနာဗိုင်းရပ်စ်ဂိမ်းတွေကိုလည်း ဖယ်ရှားနေပါတယ်။ ရောဂါနဲ့ပတ်သက်တဲ့ သတင်းတွေကို သိစေဖို့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်တဲ့ app တချို့ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ အခု app တွေက ယုံကြည်စိတ်ချရပါတယ်။ COVID-19 Tracker အခု app က ဗိုင်းရပ်စ်ပျံ့နှံ့မှုကို အစက်အပြောက်တွေနဲ့ ဖော်ပြဖို့ WHO က […]

Read More

အွန်လိုင်းအမှာ မြင့်တက်လာတာကြောင့် ဝန်ထမ်း ၁၀၀,၀၀၀ Amazon ငှားရမ်းထား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများစု ကုန်ပစ္စည်းတွေ ဝယ်ယူနေကြတာကြောင့် အွန်လိုင်းမှာ ပစ္စည်းမှာယူမှု မြင့်တက်လာပြီး ဂိုဒေါင်ဝန်ထမ်းနဲ့ ပစ္စည်းပို့ဆောင်သူ ၁၀၀,၀၀၀ ကို Amazon ကငှားရမ်းထားတယ်လို့ ပြောခဲ့ပါတယ်။ ဈေးဝယ်သူအများစုက အိမ်မှာသီးသန့်နေထိုင်တာ ဒါမှမဟုတ် ထုတ်ကုန်ပြတ်လပ်မှာ စိုးရိမ်မှုနဲ့ ပစ္စည်းတွေကို အလုအယက် ဝယ်ယူခဲ့ပါတယ်။ လက်လီရောင်းချသူတွေက အစားအသောက်နဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကို မပြတ်လပ်စေဖို့ ပြုလုပ်နေကြပြီး စတိုးဆိုင်အလုပ်နဲ့ သယ်ယူပို့ဆောင်ဖို့အတွက် ဝန်ထမ်းတွေ ထားရှိထားပါတယ်။ Amazon လိုမျိုး အမေရိကန်စူပါမားကတ် chain တွေဖြစ်တဲ့ Albertsons, Kroger နဲ့ Raley တို့ကလည်း ဝန်ထမ်းတွေ ခန့်အပ်နေပြီး အွန်လိုင်းအမှာစာတွေ ပြည့်မီအောင် လုံးပမ်းနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ခရီးသွားနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေက လူတွေကို လက်လီကုန်ပစ္စည်းရောင်းချတဲ့ ကုမ္ပဏီက ခန့်အပ်နေပါတယ်။ […]

Read More

Dama School Song

ဓမ္မစကူးလ်တေးတွေကို နားထောင်နိုင်မယ့် App ဖြစ်ပါတယ်။ သီချင်းပုဒ်ရေပေါင်း ၃၇ ပုဒ် ပါဝင်ပြီး မိမိနှစ်သက်တဲ့ တေးတွေကို ခလုတ်တစ်ချက်နှိပ် နားဆင်နိုင်မှာဖြစ်ပါတယ်။ App ကို မြန်မာဘာသာနဲ့အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

အလိုအလျောက် ဖျက်ပစ်နိုင်တဲ့ message တွေကို WhatsApp မိတ်ဆက်နိုင်

WhatsApp ဟာ Snapchat မှာလိုမျိုး အလိုအလျောက် ဖျက်ပေးနိုင်တဲ့ message တွေကို စမ်းသပ်ဖို့ရှိနေပါတယ်။ Facebook ကပိုင်ဆိုင်တဲ့ WhatsApp ရဲ့နောက်ဆုံး beta ဗားရှင်း (2.20.83/2.20.84) မှာ တစ်ကိုယ်ရေ chat တွေ အတွက် “Delete messages” ဆိုတာ ပါဝင်လာပါတယ်။ အရင် beta ဗားရှင်းတွေတုန်းက group chat တွေ အတွက် အလားတူ setting တစ်ခု ပါဝင်လာပေမယ့် တစ်ကိုယ်ရေစကားပြောဆိုမှုထဲ တိုးချဲ့ထည့်သွင်းပေးထးတာ ဖြစ်ပါတယ်။ WhatsApp အတွင်းက လူတစ်ယောက်ရဲ့ profile ကိုဖွင့်လိုက်ရင် “Encryption” အပေါ်ဘက်မှာ option အသစ်ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ option ကိုနှိပ်လိုက်ရင် pop-up တစ်ခုပေါ်လာပြီး […]

Read More

OnePlus လိုဂို ဒီဇိုင်းသစ် ထွက်ပေါ်

ပြီးခဲ့တဲ့ ၆ နှစ်အတွင်း OnePlus ဟာ မူလ အနီ/အဖြူအရောင်၊ font နဲ့ လိုဂိုကို အသုံးပြုနေပါတယ်။ အခုတစ်ပတ်အတွင်း OnePlus အမှတ်တံဆိပ်ကို ပြောင်းလဲသွားမယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ပီတီလူက ပြောထားပါတယ်။ OnePlus community ဖိုရမ်တွေထဲမှာ ဖော်ပြထားတဲ့ post တစ်ခုမှာ မတ် ၁၈ ရက်မှာ လိုဂိုသစ်ကို ကြေညာမယ်လို့ ပီတီလူက ထုတ်ပြန်ထားပါတယ်။ OnePlus အမှတ်တံဆိပ်ကို ဘယ်လိုပြောင်းလဲမလဲဆိုတာ မပြောခဲ့ပါဘူး။ ဒါပေမဲ့ အခုအခါမှာတော့ ကုမ္ပဏီရဲ့ font နဲ့ လိုဂိုတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ OnePlus ရဲ့ font ပုံစံက ထူးခြားပေမယ့် လိုဂိုကတော့ ကြီးကြီးမားမား ပြောင်းလဲထားတာ မရှိပါဘူး။ စိုးထက် Ref: AndroidAuthority

Read More

Motorola Edge ဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်

Motorola က မိတ်မဆက်ရသေးတဲ့ Edge စမတ်ဖုန်းဓာတ်ပုံတွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Motorola Edge မှာ မျက်နှာပြင်ကွေး 90Hz display နဲ့ 3.5mm နားကြပ်ပေါက်တို့ ပါဝင်လာပါတယ်။ ဓာတ်ပုံတွေကို XDA-Developers ကဖော်ပြခဲ့ပြီး ဖုန်းရဲ့အသေးစိတ်အချက်အလက်လည်း ထွက်ပေါ်လာပါတယ်။ ဖုန်းမှာ Snapdragon 765 ပရိုဆက်ဆာနဲ့ ဘက်ထရီက 4,500mAh ဖြစ်ပါတယ်။ Edge ဖုန်းနဲ့အတူ Edge Plus ကိုလည်း Motorola ကဖြန့်ချိမယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။ လာမယ့်နှစ်အတွင်း Motorola အနေနဲ့ ဘတ်ဂျက်နဲ့ အလယ်အလတ်ဖုန်းတွေ ထုတ်လုပ်ဖို့ ပစ်မှတ်ထားနေပါတယ်။ Motorola က Edge စီးရီးဖုန်းတွေနဲ့အတူ Samsung, Google နဲ့ OnePlus ကို ယှဉ်ပြိုင်ပြီး အဆင့်မြင့်စမတ်ဖုန်းဈေးကွက်ထဲ […]

Read More

ဈေးသက်သာတဲ့ ၅.၅ လက်မ iPhone ကို Apple ထုတ်လုပ်ဖွယ်ရှိ

Apple ဟာ မျက်နှာပြင် ၅.၅ လက်မအရွယ် ဈေးနှုန်းသက်သာတဲ့ဖုန်းကို ထုတ်လုပ်ဖွယ်ရှိပါတယ်။ iOS 14 မှာ တွေ့ရတဲ့ သက်သေကို ဖော်ပြပြီး 9to5Mac ကဖော်ပြခဲ့ပါတယ်။ Apple ဟာ ၄.၇ လက်မအရွယ် LCD ဖုန်းကို မကြာခင်မှာ ဖြန့်ချိနိုင်ကာ အတွင်းပိုင်းအဆင့်မြှင့်တင်ပြီး iPhone 8 ဒီဇိုင်းကို ပြန်လည် အသုံးပြုဖွယ်ရှိတယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။ Apple အနေနဲ့ Plus ဗားရှင်းအဖြစ် ၅.၅ လက်မ မျက်နှာပြင်အရွယ်အစား iPhone 8 Plus ဒီဇိုင်းကို အသုံးပြုနိုင်ပါတယ်။ ဖုန်းသစ်မှာ မူလ iPhone 8 နဲ့ iPhone 8 Plus လိုမျိုး solide state home […]

Read More

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနမှ ဖွင့်လှစ်လျက်ရှိသော သင်တန်းများကို ခေတ္တရပ်နား

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနမှ ဖွင့်လှစ်လျက်ရှိတဲ့ Executive Master of Business Administration (EMBA), Myanmar – India Entrepreneurship Development Centre (MIEDC) နဲ့ Center of Excellence for Business Skills Development (CEBSD) တို့မှ သင်တန်းတွေကို မတ် ၁၇ ရက်မှ စတင်ကာ သင်္ကြန်ကာလ ရုံးပိတ်ရက်ပြီးဆုံးသည်အထိ ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။ Executive Master of Business Administration (EMBA) နေပြည်တော်နဲ့ Post-Graduate Diploma in Human Resource Management သင်တန်းစာမေးပွဲကို မူလ အစီအစဉ်အတိုင်း စစ်ဆေးပြီးနောက် သင်တန်းကို ၂၀၂၀ ပြည့်နှစ် […]

Read More

ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက် ဝက်ဘ်ဆိုက်ကို ဖြန့်ချိဖို့ Google ကြန့်ကြာနေ

Google ဟာ ကိုရိုနာသတင်းအချက်အလက်ဝက်ဘ်ဆိုက်ကို ဒီတစ်ပတ်နှောင်းပိုင်း ဖြန့်ချိဖို့ စီစဉ်ထားပေမယ့် နှောင့်နှေးနိုင်တယ်လို့ သိရပါတယ်။ Google ဟာ ပြီးခဲ့တဲ့အပတ်အထိ ဝက်ဘ်ဆိုက်ကို ဖြန့်ချိဖို့ အစီအစဉ် မရှိသေးပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Google ကိုရိုနာဗိုင်းရပ်စ်ဝက်ဘ်ဆိုက်ဟာ ရောဂါလက္ခဏာတွေကြည့်ရှုတာ၊ စမ်းသပ်မှုကို စီစဉ်ပေးတာနဲ့ စမ်းသပ်မှုရလဒ်တွေယူတာတွေ ပြုလုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ Alphabet ကုမ္ပဏီခွဲ၊ Google ရဲ့ညီအမဝက်ဘ်ဆိုက် Verily ကပြုလုပ်မယ့် စီမံကိန်းပဲဖြစ်ပါတယ်။ အဲဒီပြောကြားချက်ကြောင့် ဒေါ်နယ်ထရမ့်၊ Google နဲ့ သတင်းမီဒီယာတွေအကြား အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ သတင်းအချက်အလက်ဆိုက် feature တွေကို ဖြည့်သွင်းဖို့ အချိန်ယူရမယ်လို့ Google ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ Google အနေနဲ့ ကိုရိုနာသတင်းအချက်အလက် ထောက်ပံ့ရေးဝက်ဘ်ဆိုက်မှာ ခိုလှုံနိုင်မယ့်နေရာကို ဖုန်းခေါ်ဆိုနိုင်မယ့် […]

Read More

COVID –19 ကြိုတင်ကာကွယ်ရန် အတွက် ပုဂ္ဂလိကတက္ကသိုလ်များ၊ သင်တန်းကျောင်းများနှင့် မူကြိုကျောင်းအချို့ ပိတ်

COVID –19 ကြိုတင်ကာကွယ်ရန် အတွက် ပုဂ္ဂလိကတက္ကသိုလ်များ၊ သင်တန်းကျောင်းများနဲ့ မူကြိုကျောင်းအချို့ ခေတ္တ ပိတ်ထားတယ်လို့ သိရပါတယ်။ ကျောင်းတွေအနေနဲ့ မတ် ၁၇ ရက်မှ စတင်ကာ ဧပြီ ၃၀ ရက် အထိ ပိတ်သွားမှာဖြစ်ပြီး မေလမှသာ ပြန်လည်ဖွင့်လှစ်ကြမှာဖြစ်ပါတယ်။ နွေရာသီသင်တန်းတွေအတွက် အချို့သောကျောင်းများ မှာ ကျောင်းလခများ ပြန်လည် ထုတ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှလည်း Internship လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်းများကို ရပ်နားလိုက်ပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှ ပြန်လည်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါတယ်။ ဒါ့အပြင် YUFL မှာ ဖွင့်လှစ်ဆဲနဲ့ ဖွင့်လှစ်ရန်ရှိတဲ့ သင်တန်းတွေဖြစ်တဲ့ Global Young Business Manager သင်တန်း၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အင်္ဂလိပ်စာမွမ်းမံသင်တန်း၊ Japan International […]

Read More