Day: March 16, 2020

Article

ရာသီမရွေးလျှပ်စစ်ထုတ်လုပ်နိုင်မည့် ဆိုလာဆဲလ်တီထွင် အောင်မြင်ခဲ့မှုများ

စက်မှုနည်းပညာ အလွန်လျင်မြန်စွာ တိုးတက်လာသည့် ယနေ့အချိန်အခါတွင် လူမှုနေထိုင်ခြင်းအတွက် လျှပ်စစ်သည်မရှိမ ဖြစ်လိုအပ်ချက်တစ်ခု လည်းဖြစ်သည်။ သို့သော် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်မူနေရာတိုင်းဒေသတိုင်းအတွက် ကန့်သတ်ချက် အမျိုးမျိုးကြောင့် အဆင်ပြောချောမွေ့နိုင်မှု မရှိသေးသည်ကိုလည်း တွေ့ရှိနေရဆဲ ဖြစ်သည်။ ၂၁ ရာစုအတွင်း တိုးတက်လာသည့် နည်းပညာများကြောင့် တစ်ကမ္ဘာလုံး၌ အလွယ်တကူရရှိနိုင်သည့် နေရောင်ခြည်ကို စွမ်းအင်အဖြစ် ပြောင်းလဲကာ အသုံးပြုနိုင်စေရန် ဆိုလာဆဲလ် (Solar Cell) များ ထွက်ပေါ်လာပြီး မြို့ပြလူနေမှုအတွက်သာမက ကျေးလက်ဒေသအထိပါ စွမ်းအင်အတွက် ဖြေရှင်းလာနိုင်ခဲ့ကြပေသည်။ သို့သော် ရာသီဥတုအမျိုးမျိုးရှိသည့် ကမ္ဘာကြီး၏ဒေသတိုင်း၊ နိုင်ငံတိုင်းအတွက် ၎င်းစွမ်းဆောင်နိုင်မှုသည်လည်း အကန့်အသတ်ဖြင့်သာ ရပ်တည်နေခဲ့ရပြန်ပါသည်။ အထူးသဖြင့် နေရောင်ခြည်စွမ်းအင်ကို တိုတောင်းစွာရရှိသည့် ဒေသများ၊ နှင်းအမြဲကျ ရောက်နေသည့်ဒေသများ၊ မိုးများသောဒေသများ အစရှိသည့်ဒေသအမျိုးမျိုးအတွက် နေရောင်ခြည် သီးသန့်ကိုသာ စုဆောင်း၍ […]

Read More
Local

Rakuten Viber မှ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်အတွင်း Group Call လုပ်ဆောင်ချက်တွင် ပါဝင်နိုင်သူဦးရေကို တိုးမြှင့်ပေး

Rakuten Viber မှ COVID –19 ဖြစ်ပွားချိန်အတွင်း ၎င်းတို့ရဲ့ Group Call လုပ်ဆောင်ချက်မှာ ပါဝင်နိုင်တဲ့လူဦးရေကို မတ် ၁၆ ရက် (ယနေ့) မှစ၍ တိုးမြှင့်လိုက်တဲ့အတွက် လူဦးရေ ၂၀ ဦး အထိ Group Call ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Rakuten Viber အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ COVID-19 ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာပြီးချိန်တွင် စီးပွားရေးမိတ်ဖက်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုများနှင့် လူပုဂ္ဂိုလ်များ အချင်းချင်း အလွယ်တကူ ချိတ်ဆက်မိစေရန်အတွက် ရည်ရွယ်ကြောင်း၊ ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ မတွေ့ရှိသေးသော်လည်း ကျန်းမာရေးနဲ့ လုံခြုံရေး တိုင်းတာချက်များဖြင့် အဆိုပါ ကူးစက်ရောဂါအား ကြိုတင်ကာကွယ်ရန် အလွန်အရေးကြီးကြောင်း၊ […]

Read More
Education

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်းများ ဧပြီ ၁၉ ရက်တွင်ဖွင့်လှစ်မည်

ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်းတွေကို ဧပြီ ၁၉ ရက်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ စာပေးစာယူ ပထမနှစ်သင်တန်းနဲ့ ဒုတိယနှစ်သင်တန်းတွေကို ဧပြီ ၁၉ ရက်မှ မေ ၃ ရက်အထိ ရန်ကုန် ပညာရေးတက္ကသိုလ်မှာ ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းများအတွက် စာမေးပွဲတွေကို မေ ၇ ရက် မှ ၁၃ ရက်အထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပထမနှစ် ဝင်ခွင့်လျှောက်လွှာတွေကို ဒီဇင်ဘာ ၂၄ ရက်မှာ နောက်ဆုံးတင်သွင်းစေခဲ့ကြောင်း ဝင်ခွင့်စာမေးပွဲများကို ဖေဖော်ဝါရီ ၂ ရက်မှာ ကျင်းပခဲ့ကြောင်း၊ သင်တန်းသားရွေးချယ်ရာမှာ ဝင်ခွင့်ဖြေဆိုတဲ့ အထက်ပြ (၆၇၅) ဦး၊ ဒုဦးစီးမှူး၊ ဒုကြီးကြပ်ရေးမှူး၊ PGDMA ဘွဲ့ရကွန်ပျူတာလုပ်ဆောင်ရေးမှူးများနှင့် ဒုလက်ထောက်ကြီးကြပ်ရေးမှူများနှင့် PGDMA ဘွဲ့ရ လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး […]

Read More
Education
News

အနုပညာသင်တန်းကျောင်းများအတွက် သင်တန်းသားခေါ်ယူ

၂၀၂၀-၂၀၂၁ ပညာသင်နှစ် (ပထမနှစ်) အတွက် ရန်ကုန်မြို့နဲ့ မန္တလေးမြို့များရှိ အနုပညာအထက်တန်းကျောင်း တွေမှာ သင်တန်းသားတွေခေါ်ယူနေပါတယ်။ ပန်တျာသင်တန်းနဲ့ ပန်းချီပန်းပုသင်တန်းအတွက် ခေါ်ယူတာဖြစ်ပြီး ပန်တျာသင်တန်းအတွက် အနုပညာ (ဂီတ /သဘင်) သီးသန့်ကို သတ္တမတန်း Grade 8 အောင်မြင်သူတွေ၊ ပန်တျာသင်တန်း စာပေနှင့် အနုပညာ (ဂီတ/သဘင်) တွဲဖက်အတွက် အဋ္ဌမတန်း (Grade 9) အောင်မြင်သူတွေ၊ ပန်ချီပန်းပုသင်တန်းရဲ့ အနုပညာ (ပန်းချီ/ပန်းပု) သီးသန့်သင်တန်းနဲ့ စာပေနှင့် အနုပညာ (ပန်းချီ/ပန်းပု) တွဲဖက်သင်တန်းအတွက် အဋ္ဌမတန်း (Grade 9) အောင်မြင်သူတွေဖြစ်ရမှာဖြစ်ပြီး ဂီတ သို့မဟုတ် ပန်းပုအခြေခံပညာကို အသင့်အတင့် တတ်ရမှာ ဖြစ်ပါတယ်။ အသက် ၁၃ နှစ်မှ ၁၇ နှစ် အတွင်း ရှိသူတွေ […]

Read More