မြန်မာသီချင်း အဟောင်း၊ အသစ်တွေရဲ့ သီချင်းစာသားနဲ့ ဂစ်တာကော့ဒ်တွေ ရှာဖွေနိုင်မယ့် App ဖြစ်ပါတယ်။ သီချင်းအမည်၊ အဆိုတော်အမည်များနဲ့ အလွယ်တကူရှာဖွေနိုင်အောင် ဖန်တီးထားပြီး အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။
Read MoreXiaomi Mi 10 နဲ့ Mi 10 Pro တို့ကို တရုတ်နိုင်ငံမှာ တရားဝင်ရောင်းချနေပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်က အွန်လိုင်းကတစ်ဆင့် စမတ်ဖုန်းသစ် ၂ မျိုးကို Xiaomi ကမိတ်ဆက်ခဲ့ပါတယ်။ Xiaomi အနေနဲ့ မတ် ၂၇ ရက်မှာတော့ နိုင်ငံတကာဈေးကွက်အတွက် ဖုန်းအသေးစိတ်အချက်အလက်ကို မိတ်ဆက်ပါမယ်။ Xiaomi Mi 10 နဲ့ Mi 10 Pro မှာအထူး feature တွေနဲ့ အသေးစိတ်အချက်အလက်တွေပါဝင်လာပါတယ်။ Xiaomi က Mi 10 ဖုန်းကို Samsung Galaxy S20 နဲ့ Galaxy S20 Ultra တို့နဲ့ယှဉ်ပြိုင်ဖွယ်ရှိပါတယ်။ကနဦးက Xiaomi Mi 10 နဲ့ […]
Read Moreဆီယက်တယ်မှာ နေထိုင်တဲ့ ဂျူးလူမျိုး ဆယ်ကျော်သက်တစ်ဦးက COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနှုန်း အချက်အလက်တွေ စုစည်းပေးထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အသက် ၁၇နှစ် ကောင်လေးတည်ထောင်ထားတဲ့ ncov2019.live ဝက်ဘ်ဆိုက်ကို ဒီဇင်ဘာလနှောင်ပိုင်းမှာ ဖြန့်ချိခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ၁၂သန်းအထိ ရှိလာပါတယ်။ ကွန်ပျူတာပိုင်းကျွမ်းကျင်တဲ့ အသက် ၁၇ နှစ်အရွယ် အာဗီရှစ်ဗ်မန်းဟာ အချိန်တော်တော်များများ အသုံးပြုပြီး ဝက်ဘ်ဆိုက်တိုးတက်အောင် ပြုလုပ်နေသလို အချက်အလက်တွေကိုလည်း အစဉ်အမြဲ update လုပ်နေပါတယ်။ ဝက်ဘ်ဆိုက်က ကမ္ဘာတစ်ဝန်းက အားထားရတဲ့ရင်းမြစ်များစွာကနေ အချက်အလက်တွေ ရယူနေပါတယ်။ မူလက ဝက်ဘ်ဆိုက်ဟာ ၁၀မိနစ်တစ်ခါ update လုပ်ပေးပါတယ်။ အခုဆိုရင်တော့ အတည်ပြုနိုင်တဲ့ ရောဂါရှင်၊ ပြင်းထန်တဲ့ရောဂါရှင်၊ သေဆုံးမှုနဲ့ ရောဂါပြန်သက်လာသူ အရေအတွက်ကို မိနစ်နဲ့အမျှ update လုပ်ပေးနေပါတယ်။ ဝက်ဘ်ဆိုက်က […]
Read Moreကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ဗိုင်းရပ်စ်ကာကွယ်တဲ့ မျက်နှာဖုံးအတွက် ကုန်သွယ်ရေးစာရင်းသွင်းမှုနဲ့ ကြော်ငြာတွေကို ပိတ်ပင်လိုက်ပါတယ်။ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေကို အသုံးချတဲ့လူတွေကို တွေ့တဲ့အခါ ပေါ်လစီကို လိုအပ်သလို update လုပ်သွားမယ်လို့ Facebook ကထုတ်ပြန်ခဲ့ပါတယ်။ Facebook ဟာ လာမယ့်ရက်အနည်းငယ်အတွင်း ပေါ်လစီကို စတင်ကျင့်သုံးသွားမယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က eBay ကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ဆက်စပ်တဲ့ မျက်နှာဖုံးရောင်းချမှုကို ပိတ်ပင်လိုက်ပါတယ်။ Amazon ကလည်း မျက်နှာဖုံးနဲ့ လက်ဆေးရည်လိုမျိုး ကုန်ပစ္စည်းတွေ ဈေးနှုန်းမြှင့်တင်တဲ့ ရောင်းချသူတွေကို ပိတ်ပင်နေပါတယ်။ Facebook အနေနဲ့ COVID-19 ကြောင့်ဖြစ်ပေါ်တဲ့ ဖျားနာမှုနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်တဲ့ ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်နေပါတယ်။ စိုးထက် Ref: CNET
Read Moreပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း Samsung က သူတို့ရဲ့ခေါက် နိုင်ဖြန့်နိုင်မယ့် မျက်နှာပြင်နဲ့ ဒုတိယစမတ်ဖုန်း Galaxy Z Flip ကို ဖြန့်ချိလိုက်ပါတယ်။ ဟိုအရင်ကတည်းက အခုလိုမျိုး ခေါက်နိုင်ဖြန့်နိုင်မယ့် မျက်နှာပြင်ရှိတဲ့ Galaxy Fold ကိုလည်း ထုတ်လုပ်ပြီးသားပါ။ ဒါ့အပြင် မကြာသေးခင်ကပဲ ထွက်ရှိထားတဲ့ Motorola ရဲ့ Razr ဖုန်းလည်း ဈေးကွက်ထဲမှာ ပူပူနွေးနွေး ရှိနေပါသေးတယ်။ တကယ်တော့ အခုလိုမျိုး ခေါက်နိုင်ဖြန့်နိုင်မယ့် မျက်နှာပြင်နဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းက Royole ကုမ္ပဏီရဲ့ FlexPai ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကျမှ Galaxy Fold , Huawei ရဲ့ Mate X စသည်ဖြင့် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ဒါဖြင့် Samsung ရဲ့ […]
Read Moreစီးပွားရေးလုပ်ငန်းရှင် ဘီလ်ဂိတ်ရဲ့ ဖောင်ဒေးရှင်းဟာ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တယ်မြို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးနိုင်တဲ့ နေအိမ်သုံးကိရိယာအတွက် ငွေကြေးထောက်ပံ့သွားပါမယ်။ အဲဒီကိရိယာက သုံးစွဲသူရဲ့ နှာခေါင်းက ထွက်လာတဲ့အရာ နမူနာကိုယူပြီး လေ့လာဆန်းစစ်ဖို့ ကျန်းမာရေးအာဏာပိုင်တွေဆီ ပေးပို့ပေးမှာ ဖြစ်ပါတယ်။ ရလဒ်ကို သိရဖို့ ၂ ရက်ခန့် စောင့်ဆိုင်းရပါမယ်။ ဘီလ်နဲ့ မယ်လင်ဒါဖောင်ဒေးရှင်းက ငွေကြေးထောက်ပံ့ထားတဲ့ Seattle Flu Study ဟာ စီမံကိန်းအတွက် ရင်းမြစ်ကို ဘယ်လိုသုံးစွဲမလဲဆိုတာ ကြံဆနေပါတယ်။ တကယ်လို့ ကိုရိုနာဗိုင်းရပ်စ်ရှိနေတယ်ဆိုရင် ရောဂါကူးစက်ခံရသူက အွန်လိုင်းပုံစံတွေကို ဖြည့်သွင်းလိုက်တဲ့အခါ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ကျန်းမာရေးအာဏာပိုင်တွေက ခြေရာခံနိုင်မယ်လို့ Seattle Times ဖော်ပြခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ လူထောင်ပေါင်းများစွာကို ဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးနိုင်ဖို့ အဓိက ရည်ရွယ်ချက်ဖြစ်တယ်လို့ […]
Read MoreGoogle ဟာ Play Store ပေါ်လစီကို ချိုးဖောက်တဲ့ကုမ္ပဏီတွေကို ပြင်းထန်စွာအပြစ်ပေးနေပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်လောက်က Android app ရာပေါင်းများစွာကို ဖယ်ရှားခဲ့ပါတယ်။ အခုဆိုရင်လည်း Google က နာမည်ကျော် benchmark app ဖြစ်တဲ့ AnTuTu ကို PlayStore ကနေဖယ်ရှားလိုက်ပါတယ်။ AnTuTu ဟာ Cheetah Mobile နဲ့ဆက်စပ်နေတဲ့အတွက် ဖယ်ရှားခံရတာဖြစ်တယ်လို့ AndroidPolice က ဖော်ပြခဲ့ပါတယ်။ Cheetah Mobile ကပိုင်ဆိုင်တဲ့ app တွေဟာ play store ပေါ်လစီတွေ အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကြောင့် Google ကပိတ်ပင်ခဲ့ဖွယ်ရှိပါတယ်။ ဒါပေမဲ့ AnTuTu ကို Cheetah Mobile က အပြည့်အဝ မပိုင်ဆိုင်ပါဘူး။ AnTuTu […]
Read Moreနည်းပညာဆိုင်ရာ developer တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကြား လူသိများတဲ့ analytics platform ဖြစ်တဲ့ Sensor Tower ဟာ လူသန်းပေါင်းများစွာဆီက အချက်အလက်တွေကို တိတ်တဆိတ် စုဆောင်းနေပါတယ်။ Sensor Tower ဟာ Android နဲ့ iOS က နာမည်ကျော် VPN နဲ့ ကြော်ငြာပိတ်ပင်တဲ့ app တွေ install လုပ်ထားသူတွေဆီက အချက်အလက်ကို ရယူစုဆောင်းနေတာ ဖြစ်ပါတယ်။ အဲဒီကိစ္စကို BuzzFeed News စုံစမ်းစစ်ဆေးမှုက တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ VPN နဲ့ ကြော်ငြာပိတ်ပင်တဲ့ app တွေက Sensor Tower နဲ့ဆက်စပ်မှုကို မဖော်ပြထားသလို အချက်အလက်ကို ပေးပို့နေတာကိုလည်း မဖော်ထုတ်ခဲ့ပါဘူး။ အဲဒီ app တွေကို download […]
Read More