Day: March 6, 2020

Dhamma MP4

နိုင်ငံကျော်ဓမ္မကထိက ဆရာတော်ကြီးများရဲ့ တရားတော် ဗီဒီယိုတွေကို နာကြားနိုင်မယ့် App ဖြစ်ပါတယ်။ ဟောကြားထားတဲ့ တရားဗီဒီယိုများအပြင် ပရိတ်တော်နဲ့ တရားတော် မြန်မာပြန်ဗီဒီယိုတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ တရားအမည်အလိုက်၊ ဆရာတော်ကြီးများအမည်အလိုက် တရားတော်တွေကို ရှာဖွေကြည့်ရှုနိုင်အောင်ဖန်တီးထားပြီး အွန်လိုင်းအခြေပြု App အမျိုးအစားဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

Rescue Wings

  တောမီးလောင်ကျွမ်းမှုကို လေယာဉ်နဲ့ မီးငြိမ်းသတ်ပေးရမယ့် ဂိမ်းဖြစ်ပါတယ်။ ကစားသူဟာ မီးလောင်ကျွမ်းမှုကို သိပြီဆိုရင် လေယာဉ်နဲ့ ရေသယ်ဆောင်ကာ မီးလောင်ကျွမ်းတဲ့နေရာတွေမှာ ရေပက်ဖြန်ပေးရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းကို ထည့်သွင်းကစားလိုသူတွေအနေနဲ့ Play Store ကနေရယူနိုင်မှာဖြစ်ပါတယ်။ Android version 6.0 နဲ့ အထက်မှာ ထည့်သွင်း ကစားနိုင်မယ့် ဂိမ်းဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ

Read More

World of Submarines

ရေငုတ်သင်္ဘောကို ဦးစီးတဲ့ Captain နေရာကနေ ကစားပေးရမှာဖြစ်ပါတယ်။ ပင်လယ်နက်အောက်ကိုဆင်းရင်း အခြားရေငုတ်သင်္ဘောတွေကို တိုက်ခိုက်ရမှာဖြစ်ပါတယ်။ Player vs Player ကစားနိုင်အောင် စီစဉ်ပေးထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ထည့်သွင်းကစားလိုသူတွေအနေနဲ့ Play Store ကနေအခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ Android version 4.4 နဲ့ အထက်မှာထည့်သွင်းကစားနိုင်မယ့် ဂိမ်းလည်းဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ    

Read More

My Home Design Story

Single Mom Donna နဲ့ သူ့သမီးလေး Joyce တို့အတွက်စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ကစားပေးရမယ့်ဂိမ်းဖြစ် ပါတယ်။ Donna ရဲ့ အချစ်အသစ်နဲ့ နေထိုင်ဖို့အတွက် အိမ်လေးကို အစွမ်းကုန်လှပအောင် ပြင်ဆင် ဒီဇိုင်းရေးဆွဲပေးရမယ့် ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းကို Play Store ကနေအခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ Android version 4.4 နဲ့အထက်မှာထည့်သွင်း ကစားနိုင်မယ့် ဂိမ်းဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ    

Read More

Garena Free Fire

Garena Free Fire ဆိုတဲ့ ဂိမ်းကတော့ survival game အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဂိမ်းကစားချိန် ၁၀ မိနစ် အတွင်းမှာ နောက်ဆုံး အသက်ရှင်အောင်ကြိုးပမ်းပြီး တိုက်ခိုက်ကစားရမှာဖြစ်ပါတယ်။ ထည့်သွင်းကစားလိုသူတွေအနေနဲ့ Play Store ကနေအခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ Android version 4.0.3 နဲ့အထက်မှာထည့်သွင်း ကစားနိုင်မယ့် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ    

Read More

European War 6

အင်ပါယာကြီ းပိုမိုတိုးတက်လာစေဖို့အတွက် ရေနွေးငွေ့သုံးရထားစက်ခေါင်းတွေ တည်ဆောက်ခြင်း ရထားလမ်းတွေဖောက်လုပ်ခြင်း အစရှိတာတွေကို လုပ်ဆောင်ကာ အင်ပါယာကို ချဲ့ထွင်နိုင်အောင် ကစားပေးရမယ့်ဂိမ်းဖြစ်ပါတယ်။ ထည့်သွင်းကစားလိုသူတွေအနေနဲ့ Play Store ကနေအခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ Android version 5.0 နဲ့အထက်မှာထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ      

Read More

Vivo S1 Pro

429,800 Ks (8GB/128GB) အားသာချက် စတိုင်ကျတဲ့ဒီဇိုင်း၊ RAM 8GB ထည့်သွင်းပေးထားပြီး အရည်အသွေးကောင်းမွန်တဲ့ selfie ကင်မရာ၊ ကာလာရုပ်ထွက်ပိုင်းစိုပြည်လှတဲ့ Display နဲ့ ပြည့်ဝတဲ့ ဘက်ထရီစွမ်းဆောင်ရည်တွေက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ အားနည်းချက် Funtouch OS က bloatware တွေ အများကြီးပါလာတာ၊ သုံးထားတဲ့ chipset နဲ့ RAM 8GB ပါဝင်တာတွေက Multi-task စွမ်းဆောင်ရည်ပိုင်းကောင်းမွန်ပေမယ့် ဂရပ်ဖစ်အမြင့်ဂိမ်းကြီးတွေ ဆော့ဖို့ကတော့ သိပ်အဆင်မပြေတာနဲ့ ကင်မရာစနစ်မှာ Night mode နဲ့ ဗီဒီယိုရိုက်ကူးမှုမှာ တုန်ခါမှုစနစ်ကို ထိန်းချုပ်ပေးမယ့် stabilization စနစ်တွေ မပါဝင်တာက ဒီဖုန်းရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။ စွမ်းဆောင်ရည် · Qualcomm Snapdragon 665 (11 […]

Read More

‘Understanding IELTS: Reading’ အခမဲ့ အွန်လိုင်းသင်တန်းဖွင့်မည်

‘Understanding IELTS: Reading’ အခမဲ့ အွန်လိုင်းသင်တန်းကို မတ် ၁၆ ရက် မှာ စတင်မယ်လို့ သိရပါတယ်။ အဆို အခမဲ့အွန်လိုင်းသင်တန်းမှာ reading စာမေးပွဲတွင် အမှတ်ကောင်းကောင်းရဖို့အတွက် အဓိကထားသင်ကြားပေးမှာ ဖြစ်ပြီး စာမေးပွဲပုံစံ၊ လေ့လာဖတ်ရှုသင့်တဲ့ စာတွေ၊multiple choice နဲ့ အမှား၊ အမှန် မေးခွန်းအမျိုးမျိုးကို ဖြေဆိုတတ်ဖို့ လိုအပ်တဲ့ လေ့လာမှုနည်းလမ်းတွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်လိုသူတွေဟာ ဒီနေရမှာ ကြိုတင်စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး သင်တန်းနဲ့ ပတ်သက်ပြီး သိရှိလိုတာတွေကို ဒီနေရာမှာ တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ -သန္တာ

Read More

Gear For  Heroes

Empire တစ်ခုကို တည်ထောင်ဖို့အတွက် စစ်တပ်တွေနဲ့ လက်နက်တွေကို စုဆောင်းကာ ကစားပေးရမယ့် ဂိမ်းဖြစ်ပါတယ်။ ပန်းပဲထုလုပ်သူတွေကို လေ့ကျင့်ကာ ဌားရမ်းပြီး စစ်သားတွေအတွက်အကောင်းဆုံး လက်နက်တွေကိုထုတ်ယူနိုင် ကစားပေးရမှာ ဖြစ်ပါတယ်။ ထည့်သွင်းကစားလိုသူတွေ အနေနဲ့ App Store ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ iOS version 10.0 နဲ့အထက်မှာ ထည့်သွင်းကစားနိုင်မှာ ဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ

Read More

Valhalla Hop

Valhalla Hop ဆိုတဲ့ ဂိမ်းကတော့ လမ်းတစ်လျောက်ရှိ အခက်အခဲတွေကို ကျော်လွှားပြီး ဒင်္ဂါးတွေနဲ့ ကျောက်မျက်တွေကို စုဆောင်းပြီးကစားရမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းကို App Store ကနေအခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ iOS version 8.0 နဲ့အထက်မှ ာထည့်သွင်းကစားနိုင်မယ့် ဂိမ်းအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ

Read More