ကမ္ဘောဇဘဏ်မှ အမျိုးသားစီမံခန့်ခွဲမှုပညာဒီပရီကောလိပ်ရှိ ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၉၀ ဦးကို ရာနှုန်း ပြည့်ပညာသင်ဆုများ ပေးအပ်ခဲ့ပါတယ်။ အဆိုပါပညာသင်ဆုတွေကို ဖေဖော်ဝါရီ ၂၈ ရက်က အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးငွေ စုစုပေါင်း ၇၂,၀၀၀,၀၀၀ ကျပ်ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ တစ်ဦးလျှင် ငွေကျပ် ၈ သိန်းရရှိမယ့် ကမ္ဘောဇပညာသင်ဆုနဲ့ စာသင်နှစ် တစ်နှစ်တာအတွင်း ကျောင်းလခ၊ အဆောင်ငှါးရမ်းစရိတ်၊ ကျောင်းသွား/ပြန်ကားခ နဲ့ အခြားစရိတ်များအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပညာသင်ဆုရရှိတဲ့ ကျောင်းသား၊ ကျောင်းသူ ၉၀ ဦးတွင် သတင်းအတတ်ပညာဘာသာရပ်အထူးပြု (JNL) မှ ၁၈ ဦး၊ စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်အထူးပြု (BBM) မှ ၂၄ ဦး၊ ဟိုတယ်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းပညာစီမံခန့်ခွဲမှုဘာသာရပ်အထူးပြု (BTHM) မှ […]
Read Moreမြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ အပါအဝင် အခြားသိသင့်သိထိုက်တဲ့ ဥပဒေများ၊ အကြောင်းအရာများကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝက်ဘ်ဆိုက်မှ အချက်အလက်တွေကို App ကနေ အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်အောင် ဖန်တီးထားတာဖြစ်ပြီး အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read Moreတန်ဖိုး – ကန်ဒေါ်လာ ၁၀၉.၉၉ အားသာချက် ဂိမ်းကစားရတာ ဝါသနာပါသူတွေအတွက် စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ကစားနိုင်မယ့် tablet တစ်ခုဖြစ်ပါတယ်။ Display ပိုင်းကလည်း အတော်ကောင်းမွန်ပါတယ်။ အားနည်းချက် ဘက်ထရီ သုံးစွဲနိုင်မယ့် သက်တမ်းကတော့ ကြာရှည်စွာ သုံးစွဲနိုင်မှာမဟုတ်ပါဘူး။ အဓိက အားနည်းချက်အနေနဲ့ HDMI out မပါရှိပါဘူး။ အသေးစိတ်ဖော်ပြချက် – Rockchip RK3288 chip ကို အသုံးပြုထားပြီး processor speed ကတော့ 1.8GHz ရှိမှာ ဖြစ်ပါတယ်။ RAM 3GB ပါဝင်မှာဖြစ်ပြီး storage ကတော့ 32GB ခန့်ပမာဏရှိတဲ့ storage ကို အသုံးပြုထားပါတယ်။ Display screen အရွယ်အစားကတော့ ၇.၈၅ လက်မခန့်ရှိမှာဖြစ်ပြီး display […]
Read MoreTimex ဟာ ကလေးတွေအတွက် ပလတ်စတစ်နာရီတွေ ထုတ်လုပ်ဖူးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် Timex ဟာ Ironman GPS tracker နာရီသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ Timex Ironman R300 GPS နာရီကို ဒေါ်လာ ၁၂၀ နဲ့ Timex ဝက်ဘ်ဆိုက်မှာ ရောင်းချနေပါတယ်။ Timex ရဲ့ R300 ဟာ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်နာရီ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ Timex R300 ဟာ စမတ် feature တွေပါဝင်တဲ့ fitness tracker တွေဖြစ်ပြီး touchscreen, GPS, မြန်နှုန်းနဲ့ အကွာအဝေးခြေရာခံမှု၊ ဖုန်းခေါ်ဆိုမှုနဲ့ လေ့ကျင့်ခန်းပြုလုပ်မှု အချက်အလက်တွေကို upload လုပ်ပေးနိုင်ပါတယ်။ Timex R300 မှာ ထိပ်တန်း […]
Read Moreမိုဘိုင်းဖုန်းများရောင်းချရာတွင် အခွန်ပြေစာများ ကပ်နှိပ်ရောင်းချခြင်းနဲ့ ပတ်သက်ပြီး စနစ်တကျရှိလာစေဖို့အတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မိုဘိုင်းဖုန်းလုပ်ငန်းရှင်တွေနဲ့ အခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက်၊ နေ့လယ် ၂ နာရီက နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို နေပြည်တော်ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးနဲ့ သီရိငါးသီရိမှ အခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တင်သွင်းကုမ္ပဏီများနဲ့အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မိုဘိုင်းဖုန်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်း မိုဘိုင်းဖုန်းရောင်းချမှုနဲ့အတူ အခွန်တံဆိပ်ခေါင်းများ စနစ်တကျကပ်ရန်လိုပြီး အကယ်၍ စနစ်တကျ ကပ်နှိပ်ခြင်းမရှိက အခွန်တံဆိပ်မကပ်ဘဲရောင်းချသကဲ့သို့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါမူဝါဒမှာ မတ် ၁ ရက်တွင် စတင်မှာ ဖြစ်ပြီး စစ်ဆေးဆောင်ရွက်ကာ အရေးယူမှုများ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ […]
Read Moreတန်ဖိုး – ကန်ဒေါ်လာ 5995$ အားသာချက် 24 x 36 mm အရွယ်ရှိ FX-Format CMOS Sensor ပါ၀င်ပြီး Leica Maestro III Image Processor ထောက်ပ့ံ ပေးထားပါတယ်။ Body အ တွင်းမှာ အဆင့်မြင့်ပြုပြင်ဒီဇိုင်း ထွင်ထည့်ထားတဲ့ Shutter စနစ်ထည့်သွင်းထားပြီး Shutter မြန်ဆန်သလို အသံထွက် တော်တော်ညက်ညောပါတယ်။ 47.3 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် DNG File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ 5K (4992 x 3744), DCI 4K (4096 x 2160) up […]
Read Moreဈေးနှုန်း – ကန်ဒေါ်လာ ၈၂၉.၉၉ အားသာချက် High-end တီဗီတွေမှာ အသုံးပြုတဲ့ ရုပ်ထွက်အရည်အသွေးပိုင်း မြင့်မားတဲ့ QLED display ၊ ပါးလွှာပြီးပေါ့ပါးတဲ့ ကိုယ်ထည်၊ လက်ဗွေလုံခြုံရေးစနစ်အပြင် သင့်တင့်တဲ့ဈေးနှုန်းတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက် RAM က 12GB အထိပဲ အမြင့်ဆုံး တိုးမြှင့် အသုံးပြုနိုင်တာနဲ့ Thunderbolt 3 ပေါက်မပါဝင်တာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။ သုံးသပ်ချက် Samsung Galaxy Book flex Alpha က စွမ်းဆောင်ရည်မြင့်မားလှတဲ့ 2-in-1 အမျိုးအစား Ultrabook ကို အရည်အသွေးမြင့် display နဲ့ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ထုတ်လုပ်ထားတဲ့ Laptop တစ်လုံးလို့ဆိုရမှာပါ။ […]
Read MoreDynamic AMOLED Display နည်းပညာဆိုတာက ၂၀၁၉ ခုနှစ်မှာ Samsung ကနေ ၎င်းတို့ရဲ့ Galaxy S10 စမတ်ဖုန်းစီးရီးနဲ့အတူ မိတ်ဆက်ခဲ့တဲ့ Display နည်းပညာပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း OLED မျက်နှာပြင်တွေက အကောင်းဆုံးအရည်အသွေးရှိတဲ့ ရုပ်ပုံတွေနဲ့ ပြောင်းလွယ်ပြင်လွယ်သော ဒီဇိုင်းနဲ့ အသုံးပြုနိုင်ပြီး မကြာသေးမီနှစ်များအတွင်းက Samsung, Apple, Huawei, Xiaomi နဲ့ အခြားကုမ္ပဏီတွေက OLED Display အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ Samsung အနေနဲ့ ၎င်းတို့ရဲ့ စမတ်ဖုန်း OLED Display တွေကို Super AMOLED မျက်နှာပြင်အဖြစ် ခေါ်ဝေါ်ခဲ့ပြီး ဒီ AMOLED မျက်နှာပြင်တွေက ရုပ်ထွက်အရည်အသွေး အလွန်မြင့်မားကာ ယေဘုယျအားဖြင့် ကမ္ဘာ့အကောင်းဆုံးမိုဘိုင်း Display […]
Read Moreစိတ်လှုပ်ရှားဖွယ်ဆုမဲတွေနဲ့အတူ ငွေကျပ်သန်းပေါင်းများစွာ ပိုင်ဆိုင်ခွင့်ရရှိနိုင်မယ့် “ပျော်ရွှင်ကံထူး MPT Money နဲ့ မြူး ကံစမ်းမဲအစီအစဉ်ကို MPT ကြိုတင်ငွေဖြည့်ကတ် ကျပ် ၁,၀၀၀ ဖိုးဘီလ် ဖြည့်သွင်းခြင်းဖြင့် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ မတ်လ ၁ ရက်မှ ဧပြီ ၂၅ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး MPT သုံးစွဲသူတွေအနေနဲ့ အပတ်စဉ် ကျပ် ၁ သန်း အထူးဆုကြီး ၁၀ ဆုနဲ့ ကျပ် ၁ သိန်းဆု ၅၀ တို့ကို ကံထူးနိုင်မှာ ဖြစ်ပါတယ်။ MPT ရဲ့ ကြိုတင်ငွေဖြည့်စနစ် အသုံးပြုတဲ့ GSM နှင့် WCDMA ဆင်းမ်ကတ် သုံးစွဲသူတွေ အနေနဲ့ ဖုန်းငွေဖြည့်သွင်းမှု စနစ်တွေဖြစ်တဲ့ USSD, E Top-up, […]
Read MoreApple ဟာ ဒီနှစ်အတွင်း trackpad ပါဝင်တဲ့ iPad keyboard တစ်ခုကို ဖြန့်ချိဖို့ စီစဉ်နေပြီး အဲဒီ keyboard ကိုထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Apple ဟာ Smart Keyboard ဗားရှင်းသစ်ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ဖူးပါတယ်။ iPad Pro Smart Keyboard မှာပါဝင်လာမယ့် trackpad ကိုအထည်သားနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် trackpad မှာအထည်သားနဲ့ ဖုံးအုပ်ထားတဲ့ ခလုတ်တွေ ပါဝင်လာပါတယ်။ အဲဒီ keyboard ကို Foxconn ကပဲထုတ်လုပ်မယ်လို့ သိရပါတယ်။ Apple အနေနဲ့နောက်ခံမှာ မီးအလင်းရောင်ပါဝင်တဲ့ Smart Keyboard ကိုလည်း ဖန်တီးနေတယ်လို့ Digitimes ကဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ […]
Read MoreCopyright © 2021 | Internet Journal