Day: February 26, 2020

Android
Download

Service Mark Calculator

နိုင်ငံ့ဝန်ထမ်းများအနေနဲ့ မိမိတို့ရဲ့လုပ်သက်ကို အလွယ်တကူ တွက်ချက်နိုင်မယ့် App ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ အခန်း (၄)၊ ရာထူးတိုးမြှင့်ခြင်းပုဒ်မ ၃၆ အရ ရာထူးသက်၊ လုပ်သက်အတွက် အမှတ်ပေးရာတွင် တွက်ချက်မှု အချက်ပေါ်မူတည်ကာ ဖန်တီးထားတာဖြစ်ပြီး မိမိအလုပ်စတင်ဝင်ရောက်တဲ့ ရက်စွဲနဲ့ လက်ရှိ ရက်စွဲကို ထည့်သွင်းကာ အလွယ်တကူ တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Local

ကိုယ်ပိုင် UI အသုံးပြုထားတဲ့ realme C3 ဖုန်းကို ပြည်တွင်းမှာ မိတ်ဆက်

Realme ရဲ့ ကိုယ်ပိုင် UI အသုံးပြုထားတဲ့ realme C3 မော်ဒယ်စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်မှာ ဖေဖော်ဝါရီ ၂၉ ရက်မှ စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ Realme C3 ဖုန်းမှာ ကင်မရာပိုင်းအဆင့်မြှင့်တင်မှုများနဲ့အတူ ဂိမ်းစွမ်းဆောင်ရည်ပိုင်းကောင်းမွန်တဲ့ MediaTek ရဲ့ Helio G70 Octa-core Processor ကို အသုံးပြုထားပါတယ်။ မြင်ကွင်းအရွယ်အစား ၆.၅ လက်ရှိကာ RAM အနေနဲ့ 2GB/32GB နဲ့ 3GB/32GB ဆိုပြီး မော်ဒယ်နှစ်မျိုးရှိမှာဖြစ်ပါတယ်။ Aperture f/1.8 ရှိတဲ့ 12MP ကင်မရာ၊ Aperture f/2.4 ရှိတဲ့ 2MP (depth) ကင်မရာ၊ 2MP (macro) ကင်မရာ စုစုပေါင်း ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပြီး ရှေ့ကင်မရာကတော့ […]

Read More
Samsung
Tech

ဘက်ထရီအလွန်ကြီးမားတဲ့ Samsung Galaxy M31 ကိုမိတ်ဆက်

Samsung ဟာ ၂၀၂၀ မှာ Galaxy M စီးရီး ပထမဆုံးဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ Galaxy M31 ဖုန်းမှာ OneUI 2 နဲ့ Android 10 အပြင် ကင်မရာပိုင်း တိုးတက်လာပြီး ဘက်ထရီက အလွန်ကြီးမားကာ 6,000mAh ရှိပါတယ်။ ၆.၄ လက်မအရွယ် FHD+ SuperAMOLED display ပါဝင်ပြီး aspect ratio 19.5:9 ရှိပါတယ်။ ရှေ့ကင်မရာကတော့ 16MP ဖြစ်ပြီး ရေစက်ပုံစံ notch ထဲထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ ကျောဘက်ကို ပိုလီကာဗွန်နိတ်နဲ့ ဖန်တီးထားပြီး ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။ အဓိကကင်မရာကတော့ 64MP sensor နဲ့အတူ Samsung ရဲ့ Tetracell […]

Read More
Article

Android 10 ရဲ့ အကောင်းဆုံး feature များ

ပြီးခဲ့တဲ့စက်တင်ဘာလက Android 10 ကို Pixel ဖုန်းတွေနဲ့ စတင်ဖြန့်ချိပြီးနောက် အခြားထုတ်ကုန်တွေအတွက် ဖြန့်ချိပေးလျက်ရှိပါတယ်။ Samsung ရဲ့ဖုန်းတွေမှာ Android 10 ကိုအသုံးပြုထားပြီး မကြာသေးခင်က မိတ်ဆက်ထားတဲ့ Galaxy S20 နဲ့ Z Flip မှာလည်း Android 10 ပဲအသုံးပြုထားပါတယ်။ Android 10 မှာ feature များစွာပါဝင်ပြီး ဘက်ထရီသက်သာစေမယ့် dark mode ကနေ privacy ကာကွယ်မှု တိုးတက်လာသလို live caption feature လည်းပါဝင်လာပါတယ်။ Android 10 မှာအသုံးပြုထားတဲ့ ဖုန်းသစ်တွေမှာ feature သစ်တွေ ပါဝင်လာပါတယ်။ အဲဒီ feature တွေထဲက အသုံးအဝင်ဆုံး (၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။ (၁) […]

Read More
Local

MPT Club အစီအစဉ်သစ်ကို မိတ်ဆက်

ကုန်ပစ္စည်းအမှတ်တံဆိပ် ၅၀ ကျော်ရဲ့ အထူးလျှော့စျေးတွေ၊ အခြားအကျိုးခံစားခွင့်တွေကို ရရှိခံစားနိုင််မယ့် MPT Club အစီအစဉ်သစ်ကို မိတ်ဆက်လိုက်ပါတယ်။ MPT Club အဖွဲ့ဝင်တွေအနေနဲ့ ၎င်းတို့ရဲ့ အကျိုးခံစားခွင့်တွေကို အသုံးပြုနိုင်ဖို့အတွက် မိမိအသုံးပြုတဲ့ ပမာဏပေါ်မူတည်ပြီး ပွိုင့်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ပြန်လည်ဆန်းသစ်ထားတဲ့ “MPT Club” အစီအစဉ်သစ်မှာ စာရင်းသွင်းသူတွေရဲ့ ၃ လစာ သုံးစွဲမှုပမာဏကို ပျမ်းမျှတွက်ချက်ပြီး အဆင့် (၃) ဆင့် ခွဲခြား သတ်မှတ်ပေးထားတယ်လို့သိရပါတယ်။ အဆင့်သတ်မှတ်ချက် ကွာခြားမှုအလိုက် ပွိုင့်ရရှိမှုနှုန်းများ၊ အကျိုးအမြတ်များနဲ့ ဆုလက်ဆောင်များလည်း ကွာခြားသွားမှာဖြစ်သလို Premium အဖွဲ့ဝင် အဆင့်သတ်မှတ်ချက် တစ်ကြိမ်ရရှိပါက အဆိုပါ သုံးစွဲသူသည် အထူးရပိုင်ခွင့်များကို မဆုံးရှုံးသွားစေရန် သုံးလဆက်တိုက် Premium အဖွဲ့ဝင်အဖြစ် စာရင်းဝင်မှာ ဖြစ်ပြီး MPT Club […]

Read More
Apple
Tech

အချက်အလက်အသစ်အရ ၂၀၁၉ ခုနှစ်ရဲ့ ရောင်းအားအကောင်းဆုံးဖုန်းမှာ iPhone XR ဖြစ်နေ

Apple ရဲ့ iPhone XR ဖုန်းဟာ ၂၀၁၉ ခုနှစ်ရဲ့ ရောင်းအားအကောင်းဆုံးဖုန်း ဖြစ်တယ်လို့ Omdia ကရရှိတဲ့ အချက်အလက်အသစ်အရ သိရပါတယ်။ iPhone XR တင်ပို့ရောင်းချမှုက iPhone 11 ထက် အလုံးရေ ၉ သန်း သာလွန်ပါတယ်။ Omdia ဟာ သုတေသနကုမ္ပဏီ ဖြစ်ပြီး Informa Tech သုတေသနဌာနနဲ့ HIS Markit နည်းပညာသုတေသန ရင်းနှီးမြှုပ်နှံမှု အစုစုကို ပေါင်းစပ်ထားပါတယ်။ Omdia ရဲ့ စမတ်ဖုန်းမော်ဒယ်ဈေးကွက် Tracker အစီရင်ခံစာ အရ Apple ဟာ ၂၀၁၉ ခုနှစ်အတွင်း iPhone XR ၄၆.၃ သန်း တင်ပို့ရောင်းချထားခဲ့ပါတယ်။ iPhone XR အလုံးရေတင်ပို့ရောင်းချမှု ၂ […]

Read More
Sony
Tech

5G ထောက်ပံ့မှုပါဝင်တဲ့ Sony Xperia 1 II

MWC 2020 ပြပွဲဖျက်သိမ်းလိုက်တာကြောင့် Sony ဟာ ထုတ်ကုန်သစ်ကို အွန်လိုင်းမှာ မိတ်ဆက်ခဲ့ပါတယ်။ Sony Xperia 1 II (Xperia One Mark Two လို့အသံထွက်ပါ) မှာ chipset အသစ်နဲ့ ပြင်ဆင်ထားတဲ့ ကင်မရာ setup အသစ်နဲ့ 5G ထောက်ပံ့မှုတို့ ပါဝင်လာပါတယ်။ ဒါ့အပြင် Sony ဟာ ပရော်ဖက်ရှင်နယ် ဗီဒီယိုဖန်တီးသူတွေ အတွက် Xperia Pro ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Sony Xperia 1 II Sony Xperia 1 II မှာ မျက်နှာပြင် ၆.၅ လက်မ 4K HDR OLED panel နဲ့အတူ 21:9 […]

Read More
Mobile
Tech

အဆင့်မြှင့်တင်ထားတဲ့ Realme X50 Pro 5G ထွက်ရှိ

Realme X50 Pro 5G ဟာ ဈေးကွက်ထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ အခုဖုန်းဟာ X50 5G နဲ့စာရင် အဆင့်မြှင့်တင်မှု အနည်းငယ်နဲ့ အားသွင်းမြန်ဆန်စနစ်တို့ ပါဝင်လာပြီး မျက်နှာပြင်သစ်လည်း ပါဝင်လာပါတယ်။ Realme X50 Pro 5G မှာ Snapdragon S865 ချစ်ပ်နဲ့ မြန်ဆန်တဲ့ storage UFS 3.0 တို့ပါဝင်လာပါတယ်။ Realme X50 Pro 5G မှာ Super AMOLED နဲ့ refresh rate 90Hz အထိ ပါဝင်လာပါတယ်။ ဒါကြောင့် ဂိမ်းတွေကို ချောမွေ့စွာ ကစားနိုင်ပြီး refresh rate ကတော့ 60Hz အထိ ပြန်လည်လျှော့ချနိုင်ပါတယ်။   […]

Read More
Tech

ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေး ကြော်ငြာတွေကို Facebook ပိတ်ပင်

Facebook ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ကြော်ငြာတွေကို တင်းကျပ်စွာ ကိုင်တွယ်နေပါတယ်။ သတင်းအချက်အလက်အမှားနဲ့ အကြောက်တရားအပေါ် အခြေခံပြီး အမြတ်ထုတ်နေတဲ့ ကြော်ငြာတွေကို Facebook ကပိတ်ပင်နေပါတယ်။ အခုဆိုရင် Facebook ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်မှုလုပ်ငန်းစဉ်တွေ ဒါမှမဟုတ် ဗိုင်းရပ်စ်ပျောက်ဆေးကြော်ငြာတွေကို ပိတ်ပင်သွားပါတော့မယ်။ “မကြာသေးခင်က ကျွန်တော်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ရည်ညွှန်းတဲ့ ကြော်ငြာတွေကို တားဆီးဖို့ ပေါ်လစီတစ်ခု ချမှတ်ခဲ့ပြီး ကုန်ပစ္စည်းတွေ အကန့်အသတ်ရှိကြောင်း သွယ်ဝိုက်ဖော်ပြတာ ဒါမှမဟုတ် ဗိုင်းရပ်စ်ကုသမှု ဒါမှမဟုတ် တားဆီးမှုကို အာမခံတာလိုမျိုး အလောတကြီးဖြစ်အောင် ပြုလုပ်တာမျိုးကို ပိတ်ပင်သွားပါမယ်။ အလားတူ အမူအကျင့်မျိုး တားဆီးတဲ့ Marketplace လိုမျိုး နေရာအတွက် ပေါ်လစီတွေ ကျွန်တော်တို့မှာ ရှိပါတယ်” လို့ Facebook ပြောရေးဆိုခွင့်ရှိသူက Business Insider ကိုပြောခဲ့ပါတယ်။ […]

Read More
Tech

 နောက်ဆုံးပေါ် VR ချစ်ပ်အတွက် headset ဒီဇိုင်းကို Qualcomm ထုတ်ဖော်မိတ်ဆက်

Qualcomm ဟာ virtual နဲ့ augmented reality platform အသစ်တွေအတွက် ရည်ညွှန်းဒီဇိုင်းသစ်တစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီ headset ဟာ Snadragon XR2 နဲ့ဖန်တီးထားတဲ့ headset ဒီဇိုင်းအကြမ်းကို ဖော်ပြခဲ့ပါတယ်။ Qualcomm ဟာ VR/AR ထုတ်ကုန်တွေအတွက် 5G ထောက်ပံ့ထားတဲ့ Snapdragon XR2 ကို ပြသခဲ့ပါတယ်။ အခုဒီဇိုင်းကို အီလက်ထရောနစ်ကုမ္ပဏီ Goertek ကဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ Qualcomm က မိတ်ဆက်လိုက်တဲ့ အခုဒီဇိုင်းက အစောပိုင်း XR1 ရည်ညွှန်းဒီဇိုင်းနဲ့ ဆင်ပါတယ်။ Qualcomm Snapdragon XR2 ချစ်ပ်တွေမှာ စွမ်းဆောင်ရည်အသစ်တွေ ပါဝင်ပြီး 5G ကွန်ရက် ဒါမှမဟုတ် ကင်မရာ ၇ လုံးအထိ ထောက်ပံ့ပေးနိုင်ကာ မျက်လုံးတစ်လုံးအတွက် […]

Read More