Day: February 25, 2020

Honor
Tech

Google app နဲ့ service တွေမပါဝင်တဲ့ Honor ရဲ့ပထမဆုံး 5G ဖုန်း

Honor ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်း Honor View 30 Pro ကို live stream ကတစ်ဆင့် ကမ္ဘာတစ်ဝန်း မိတ်ဆက်လိုက်ပါတယ်။ Honor View 30 Pro ဖုန်းမှာ Kirin 990 5G chipset ထောက်ပံ့ထားပြီး မျက်နှာပြင် ၆.၇ လက်မ 1080p display နဲ့အတူ hole-punch selfie ကင်မရာနဲ့ ဘက်ထရီ 4,100mAh တို့ပါဝင်လာပါတယ်။ Honor အနေနဲ့ pop-up selfie ကင်မရာတပ်ထားတဲ့ 9X Pro ကို ယူရို ၂၄၉ နဲ့ ဥရောပဈေးကွက်တချို့မှာ ရောင်းချမယ်လို့ ကြေညာထားပါတယ်။ 9X Pro နဲ့ […]

Read More
Huawei
Tech

နောက်ဆုံးပေါ် Intel ချစ်ပ်အသုံးပြုထားတဲ့ Huawei MateBook X Pro

ဒီနှစ်မှာတော့ Huawei ဟာ MateBook X Pro ထုတ်ကုန်ကို အစိမ်းရောင်နဲ့ ထုတ်လုပ်ထားပြီး Intel ရဲ့ဒသမမြောက်မျိုးဆက် ပရိုဆက်ဆာနဲ့ အဆင့်မြှင့်တင်လိုက်ပါတယ်။ အခု laptop ဒီဇိုင်းက ပြီးခဲ့တဲ့နှစ်က MateBook X Pro နဲ့တူပြီး ၁၃.၉ လက်မ မျက်နှာပြင်၊ 450 nit နဲ့ edge-to-edge 3000x 2000 pixel touchscreen အပြင် ပါဝါခလုတ်ထဲမှာ fingerprint scanner ကိုထည့်သွင်းကာ အလေးချိန်က ၂.၉၄ ပေါင် ရှိပါတယ်။ ဒါ့အပြင် MateBook X Pro မှာ keyboard ထဲထည့်သွင်းတည်ဆောက်ထားတဲ့ pop-up webcam ပါဝင်လာပါတယ်။ ဒီနှစ်မော်ဒယ်မှာ အသုံးပြုထားတဲ့ Intel ရဲ့ဒသမမြောက်မျိုးဆက် […]

Read More
Huawei
Tech

ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ MatePad Pro 5G ကို Huawei မိတ်ဆက်

Huawei ဟာ ပြီးခဲ့တဲ့နှစ်က တရုတ်ဈေးကွက်အတွက် မျက်နှာပြင် ၁၀.၈ လက်မ tablet MatePad Pro ကို မိတ်ဆက်ခဲ့ဖူးပါတယ်။ အခုအခါမှာတော့ Huawei ဟာ 5G ဗားရှင်းဖြစ်တဲ့ MatePad Pro 5G ကို မိတ်ဆက်လိုက်ပါတယ်။ အခု tablet အသစ်မှာ keyboard case နဲ့ M-Pencil ပေါင်းစပ်ထားပြီး Apple ရဲ့ iPad Pro နဲ့ဆင်ပါတယ်။ ဒါပေမဲ့ Huawei tablet မှာ ထူးခြားတဲ့ feature တွေပါဝင်လာပါတယ်။ Huawei Mate Pad Pro 5G က အခြားထုတ်ကုန် ကြိုးမဲ့စနစ်နဲ့ အားသွင်းပေးနိုင်ပြီး စမတ်ဖုန်းနဲ့ pair လုပ်ထားရင် မျက်နှာပြင်ကို […]

Read More
Android
Download

ငွေသုံးစာရင်း

ဖုန်းနဲ့ပင် မိမိရဲ့နေ့စဉ်ငွေသုံးစာရင်းကို မှတ်သားထားနိုင်မယ့် ငွေသုံးစာရင်း App ဖြစ်ပါတယ်။ နေ့စဉ်သုံးခဲ့သမျှထွက်ငွေနဲ့ ဝင်ငွေကို ပုံမှန်မှတ်သားထားကာ အပတ်စဉ် အသုံးစရိတ်၊ လစဉ် အသုံးစရိတ်တွေကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်မှာဖြစ်ပြီး App ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Huawei
Tech

ပါရီမှာ P40 ဖုန်းကို မိတ်ဆက်မယ့် Huawei

Huawei ဟာ ပါရီမှာ ပြုလုပ်မယ့် မတ်၂၆ ရက်ပွဲမှာ P40 နဲ့ P40 Pro ကိုထုတ်ဖော်မိတ်ဆက်မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ P40 ဖုန်းတွေမှာ Google ရဲ့ app တွေနဲ့ ဝန်ဆောင်မှုတွေ မပါဝင်လာပါဘူး။ အိမ်ဖြူတော်က အမေရိကန်ကုမ္ပဏီနဲ့ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei အကြား လက်တွဲဆောင်ရွက်ခွင့်ကို ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်က Huawei ဟာ အခုလိုအခြေအနေမှာ Mate 30 Pro ကိုမိတ်ဆက်ခဲ့ပါတယ်။ အဲဒီပြဿနာနဲ့ပတ်သက်ပြီး Google ကရှင်းလင်းပြောကြားခဲ့ပြီး software တွေကို download ပြုလုပ်ကာ အသုံးမပြုဖို့ သတိပေးခဲ့ပါတယ်။ အခုမိတ်ဆက်မယ့် ဖုန်းသစ်တွေမှာ 120Hz display ပါဝင်လာပြီး P40 မှာ ကင်မရာ ၃ လုံးနဲ့ […]

Read More
Asia
Tech

ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက် ဝေမျှမှုကို ပိတ်ပင်ဖို့ WeChat နဲ့ Twitter ကိုတရုတ်အသုံးပြုနေ

တရုတ်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး အပြုသဘောမဆောင်တဲ့ သတင်းအချက်အလက်ဝေမျှသူတွေကို ရှာဖွေဖို့ Twitter နဲ့ WeChat ကိုအသုံးပြုပြီး ခြေရာခံနေပါတယ်။ တရုတ်နိုင်ငံမှာ ဆန္ဒပြသမှုနဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သတင်းအချက်အလက်တွေ ကို ဝေမျှနေသူတွေဟာ လူမှုရေးမီဒီယာပေါ်မှာ ဆက်သွယ်မှုတွေပြုလုပ်နေမှုကို တရုတ်အစိုးရက တုံ့ပြန်လေ့ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ သဘောထားကွဲလွဲနေကြပြီး သတင်းအချက်အလက်ဖော်ထုတ်သူ Li Wenlian သေဆုံးမှုကြောင့် အွန်လိုင်းမှာ ဝေဖန်သူတွေ ဒေါသထွက်ခဲ့ကြပေမယ့် ဖြုတ်ချခံခဲ့ရပါတယ်။ Li ရဲ့ သေဆုံးမှုအပြီး တရုတ်လူမှုရေးမီဒီယာဝက်ဘ်ဆိုက် Weibo မှာ “I want freedom of speech” hashtag ပေါ်လာပြီး post ၂ သန်းမှာ ပါဝင်ခဲ့ပါတယ်။ နောက်တစ်ရက်မှာ အဲဒီ hashtag ဖြုတ်ချခံခဲ့ရပါတယ်။ […]

Read More
Mobile Phone

iOS မှာ မျက်နှာပြင်ပြည့် screenshot ဘယ်လိုယူမလဲ

iOS 13 ဗားရှင်းမှာ မျက်နှာပြင်ပြည့် screenshot ကို အလွယ်တကူ ရိုက်ကူးရယူနိုင်မှာဖြစ်သလို မိမိရိုက်ထားတဲ့ screenshot ကို PDF ဖိုင်အနေနဲ့လည်း သိမ်းဆည်းနိုင်အောင် ဖန်တီးပေးထားပါတယ်။ မိမိအနေနဲ့ ဝက်ဘ်ဆိုက်စာမျက်နှာတွေကို မျက်နှာပြင်ပြည့် screenshot ရိုက်ကူးနိုင်မှာဖြစ်ပေမယ့် လက်ရှိမှာတော့ iOS 13 ဗားရှင်းရဲ့ Safari ဝက်ဘ်ဘရောက်ဇာမှာသာ ဒီလိုမျိုးလုပ်ဆောင်နိုင်သေးတာဖြစ်ပါတယ်။ iOS ရဲ့ နောက်ပိုင်း update မှာတော့ အခြား ဘရောက်ဇာတွေမှာပါ သုံးလို့ရချင်ရလာမှာဖြစ်ပါတယ်။ အရင်ဆုံး ဖုန်းက Safari ဝက်ဘ်ဘရောက်ဇာကို ဖွင့်ပါ။ ဖွင့်ပြီးရင်တော့ မိမိ မျက်နှာပြင်အပြည့် Screenshot ရိုက်လိုတဲ့ ဝက်ဘ်စာမျက်နှာကို ရှာလိုက်ပါ။ ပြီးရင်တော့ Home ခလုတ်နဲ့ အသံကျယ်တဲ့ volume up ခလုတ်ကို နှိပ်ပါ။ […]

Read More
Tech

Xbox Series X ဂိမ်းစက် အချက်အလက်တွေ ပေါ်ထွက်လာ

Microsoft ရဲ့အသစ်ထွက်ရှိမယ့် Xbox Series X ဟာ ရုပ်ထွက်ပိုင်း ပိုမိုကောင်းမွန်ပြီး solid-state drive ကလည်း စွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထွက်ရှိပြီးသား Xbox ဂိမ်းတွေလည်း ကစားနိုင်မယ်လို့ Xbox အကြီးအကဲ ဖီးလ်စပင်ဆာကပြောခဲ့ပါတယ်။ Xbox Series X မှာ RDNA 2 နဲ့ AMD က Zen 2 တည်ဆောက်မှုတွေ အသုံးပြုထားတဲ့ သီးသန့် ပရိုဆက်ဆာ ပါဝင်လာပါတယ်။ ဒါကြောင့် Xbox Series X စနစ်က Xbox One ထက် ၄ ဆမြန်ဆန်ပြီး 12 teraflop အထိ စွမ်းဆောင်နိုင်ပါတယ်။ GUP ကလည်း မျက်နှာပြင်တစ်ခုလုံးထက် […]

Read More
Tech

လူကြည့်အများဆုံး ထိပ်တန်းရုပ်ရှင်တွေကို စာရင်းနဲ့ဖော်ပြပေးမယ့် Netflix

Netflix ဟာ ဝန်ဆောင်မှုမှာ ပြသနေတဲ့ ရုပ်ရှင်နဲ့ တီဗီအစီအစဉ်တွေကို လူဘယ်လောက်ကြည့်လဲဆိုတာနဲ့ ပတ်သက်ပြီး မထုတ်ပြန်ခဲ့ပါဘူး။ အခုဆိုရင် Netflix ကပွင့်လင်းမြင်သာတဲ့ ခြေလှမ်းတစ်ရပ်ကို ဆောင်ရွက်နေပါပြီ။ Netflix ဟာ နေ့စဉ် update လုပ်ပေးမယ့် ရေပန်းအစားဆုံး ထိပ်တန်းအစီအစဉ်နဲ့ ရုပ်ရှင် ၁၀ မျိုးကို ပြသမယ့် feature သစ်ကို ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ Netflix ဟာ အခု feature ကိုမက္ကဆီကိုနဲ့ ယူကေအတွင်း စမ်းသပ်နေတယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။ “မက္ကဆီကိုနဲ့ ယူကေနိုင်ငံအတွင်းက သုံးစွဲသူတွေအတွက် အလွန်အသုံးဝင်တာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အခြားနိုင်ငံတွေဆီ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်” လို့ Netflix ထုတ်ကုန်တီထွင်ဆန်းသစ်ရေး ကြီးကြပ်သူ ကင်မရွန်ဂျွန်ဆင်ကပြောခဲ့ပါတယ်။ Netflix မှာ […]

Read More
Education

ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း မှ ကာလတိုသင်တန်းများဖွင့်လှစ်မည်

ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) မှ ကာလတိုသင်တန်းတွေဖြစ်တဲ့ Arc Welding နဲ့ Pipe Welding Training Course တွေကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက် မှစတင်ကာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ သင်တန်းကို ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာန နှင့် တိုတယ်မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ရတနာစီမံကိန်း) တို့ပူးပေါင်းဖွင့်လှစ်တာ ဖြစ်ပါတယ်။ Arc Welding Traning Course ကို တက်ရောက်လိုသူတွေအနေနဲ့ အခြေခံပညာအလယ်တန်း အောင်မြင်ထားပြီး အခြေခံအင်္ဂလိပ်စာ နားလည်သူတွေဖြစ်ရမှာဖြစ်ပြီး Pipe Welding Training Course ကို တက်ရောက်လိုသူတွေ အနေနဲ့ အခြေခံပညာအလယ်တန်းအောင်မြင်ထားပြီး အခြေခံအင်္ဂလိပ်စာ နားလည်သူတွေနဲ့ ဂဟေဆက်ပညာ […]

Read More