ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဆိုင်ရာမှတ်တမ်းတွေကို ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ လူထုခေါင်းဆောင်အမေစုရဲ့ နေ့စဉ်လှုပ်ရှားမှုသတင်း၊ ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ မှတ်တမ်းများအပြင် ဘဝတစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ဆိုင်ရာတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို ယူနီကုတ်၊ ဇော်ဂျီဖောင့် စနစ်နှစ်မျိုးနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားပြီး အွန်လိုင်း၊ Offline ပုံစံနှစ်မျိုးအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read MoreGoogle ဟာ Android 11 ရဲ့ပထမဆုံး developer preview ကိုဖြန့်ချိလိုက်ပါပြီ။ Google ရဲ့မျိုးဆက်သစ် operating system မှာ အဆင့်မြှင့်တင်မှုများစွာ ပါဝင်ပြီး 5G ထောက်ပံ့တိုးတက်လာသလို တစ်ကိုယ်ရေအချက်အလက် အလေးထားတဲ့ feature တွေနဲ့ message interface အသစ်တွေ ပါဝင်လာပါတယ်။ Android 11 developer preview ကို Pixel 2, 3, 3A နဲ့ 4 မှာပဲအသုံးပြုနိုင်ပြီး install လုပ်ဖို့ အချက်အလက်အားလုံးကိုဖျက်သွားပါမယ်။ Android 11 မှာပါဝင်တဲ့ feature ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Bubbles Facebook ရဲ့ chat head တွေနဲ့ဆင်တဲ့ bubbles feature […]
Read Moreနည်းပညာအင်အားကြီးနိုင်ငံ တွေအနေနဲ့ အာကာသကို လေ့လာရေးခရီးထွက်ခြင်းအပေါ်ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက်၊ ဒါမှမဟုတ်လည်း လဂြိုဟ်အပေါ်မှာ အာကာသအခြေပြု ဟိုတယ်တွေကို တည်ဆောက်ပြီး အနားယူနိုင်ဖို့အတွက် ဝန်ဆောင်မှုပေးနိုင်ဖို့ကို ဆောင်ရွက်လာနေခဲ့ကြတာကို သတင်းတွေထဲမှာ ဖတ်ကြားသိရှိနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ယခုတဖန်ထွက်ပေါ်လာတဲ့ သတင်းကတော့ မားစ်ဂြိုဟ်လို့အမည်ရတဲ့ ဂြိုဟ်နီကြီးမှာသက်ရှိတွေအနေနဲ့ အမှန်တကယ်နေထိုင်နေခြင်းရှိ၊ မရှိကို ရှာဖွေဖို့အတွက် အမေရိကန်၊ ဥရောပ၊ တရုတ်နဲ့ ယူအေအီးနိုင်ငံတွေဟာ ကိုယ်စီရည်မှန်းချက် အသီးသီးနဲ့ အပြိုင်အဆိုင်ဆောင်ရွက်နေတဲ့ ဆိုတဲ့သတင်းပါပဲ။ အဆိုပါ နိုင်ငံလေးနိုင်ငံဟာ လာမယ့်နွေဦးရာသီမှာ မားစ်ဂြိုဟ်ကို ပျံသန်းဖို့အတွက် ကမ္ဘာမြေပြင်နဲ့ မားစ်ဂြိုဟ်တို့မှာ အာကာသယာဉ် ဆင်းသက်ဖို့အတွက် နေရာတွေကိုတောင် သတ်မှတ်ခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။ နိုင်ငံအသီးသီးအနေနဲ့ မိမိတို့ရည်မှန်းချက်ကို ပြည့်ဝစေဖို့အတွက် ဆောင်ရွက်တဲ့အခါမှာ နိုင်ငံ ၃ နိုင်ငံအနေနဲ့ မားစ်ဂြိုဟ်ပေါ်က သက်ရှိတွေကို ရှာဖွေနိုင်ဖို့ ဂြိုဟ်ဆင်းယာဉ်တွေကို […]
Read Moreကမ္ဘာလုံးဆိုင်ရာ နည်းပညာလုပ်ငန်းတွေဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် အထိနာနေပြီး စတိုးတွေနဲ့ ရုံးတွေ ပိတ်သိမ်းနေသလို ခရီးသွားလာမှုကိုလည်း ကန့်သတ်ထားရပြီး ပွဲကိုလည်း ဖျက်သိမ်းထားရကာ ကမ္ဘာတစ်ဝန်းက supply chain တွေလည်း နှောင့်နှေးနေပါတယ်။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဟာ Samsung ရဲ့နောက်ဆုံးပေါ် စမတ်ဖုန်းအပေါ် အကြီးအကျယ် စတင်ရိုက်ခတ်နေပါပြီ။ Samsung ဟာ Galax Z Flip ကိုမိတ်ဆက်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ စက်ရုံတစ်ရုံကို ပိတ်သိမ်းထားပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဂူမီမြို့က စက်ရုံအတွင်းက စမတ်ဖုန်းထုတ်လုပ်ရေး ကြိုးမဲ့ဌာနက ဝန်ထမ်းတစ်ဦးမှာ နမိုးနီးယားလိုမျိုး အဖျားရောဂါရှိတဲ့အတွက် စက်ရုံကို ပိတ်သိမ်းလိုက်ပါတယ်။ဝန်ထမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ရှိတယ်လို့ စနေနေ့မှာ Samsung ကပြောခဲ့ပါတယ်။ စက်ရုံကို တနင်္လာနေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ ရည်မှန်းထားပြီး စက်ရုံပိတ်သိမ်းမှုကြောင့် အနည်းငယ်ပဲ ဆုံးရှုံးနစ်နာနိုင်ပါတယ်။ […]
Read MoreHuawei ဟာ P40 နဲ့ P40 Pro ဖုန်းတွေကို မတ်လနှောင်းပိုင်းမှာ မိတ်ဆက်ဖို့ရှိပါတယ်။ Huawei P40 နဲ့ P40 Pro ဖုန်းတွေဟာ Google app တွေ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ တရုတ်နဲ့ အမေရိကန်အကြားက ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်အစိုးရက Huawei ကို ကုန်သွယ်ခွင့် ပိတ်ပင်တားဆီးထားပါတယ်။ Google app တွေကို အခြားဖုန်းတွေက ဝေမျှသုံးစွဲနိုင်သလားဆိုတာ သုံးစွဲသူတွေအကြား ရှုပ်ထွေးမှုဖြစ်ပေါ်နေပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး Google က တရားဝင် blog post ကနေ ဖြေရှင်းခဲ့ပါတယ်။ Huawei ဟာ မေ ၁၆ ရက်မှာ အမေရိကန်အစိုးရ နာမည်ပျက်စာရင်းသွင်းခံခဲ့ရပြီးနောက် Google က အဲဒီကာလနောက်ပိုင်း Huawei နဲ့ […]
Read Moreလတ်တလော HTC ဟာ VR headset တွေကို အာရုံစိုက်လုပ်ကိုင်နေပါတယ်။ ဒါပေမဲ့ HTC ဟာ ၂၀၂၀ ခုနှစ် အတွင်း ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းကို မိတ်ဆက်မယ်လို့ အမှုဆောင်အရာရှိချုပ် Yves Maitre က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ HTC 5G ဖုန်းအသေးစိတ်အချက်အလက်တွေ မဝေမျှခဲ့ပေမယ့် တန်ဖိုးကြီးဖုန်းလို့ သိရပါတယ်။ HTC အနေနဲ့ အလယ်အလတ်တန်းစားဖုန်းတွေအတွက် MediaTek နဲ့ Qualcomm ကထုတ်လုပ်တဲ့ 5G ပရိုဆက်ဆာတွေကိုလည်း ထည့်သွင်းဖွယ်ရှိပါတယ်။ HTC အမှုဆောင်အရာရှိချုပ် Yves Maitre က 5G နဲ့ရင်းနှီးမယ့် app တွေအပြင် virtual reality app တွေလည်း ထုတ်လုပ်မယ်လို့ ပြောခဲ့ပါတယ်။ […]
Read MoreSony ဟာ 5G စမတ်ဖုန်းဈေးကွက်ထဲ ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေပုံရပါတယ်။ XDA က Max Weinbach ဟာ ၂၀၂၀ ခုနှစ်အတွင်း Sony ကထွက်ရှိမယ့် ဖုန်းဓာတ်ပုံတွေနဲ့ အချက်အလက်တွေကို ဖော်ပြသွားခဲ့ပါတယ်။ Sony ဟာ ၂၀၂၀ ခုနှစ်အတွင်း Xperia 1 II နဲ့ Xperia 10 II ကိုမိတ်ဆက်ဖွယ်ရှိပါတယ်။ Xperia 1 II မှာ မျက်နှာပြင် ၆.၅ လက်မ အသုံးပြုထားသလို low နဲ့ mid-band 5G ကွန်ရက်တွေပါဝင်ပြီး Snapdragon 865 ပရိုဆက်ဆာနဲ့ 90Hz အထိပြသပေးမယ့် motion blur လုပ်ဆောင်ချက် ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် ဘက်ထရီ 4,000mAh, […]
Read MoreSony ရဲ့ PlayStation, Facebook Gaming နဲ့ Oculus VR headset အဖွဲ့တွေက Games Developers Conference 2020 ပြပွဲမှာ ဝင်ရောက်ပြသမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတာကြောင့် GDC 2020 ပြပွဲကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက် ခက်ခဲစွာချမှတ်ခဲ့ရတယ်လို့ Sony Interactive Entertainment က GamesIndustry.biz ဆီထုတ်ပြန်ခဲ့ပါတယ်။ အလားတူ အကြောင်းပြချက်ကြောင့် ဘော်စတွန်မြို့မှာ ပြုလုပ်မယ့် PAX East ပြပွဲကနေလည်း နုတ်ထွက်ထားတယ်လို့ Sony ကပြောထားပါတယ်။ Oculus VR အပါအဝင် Facebook Gaming အဖွဲ့ကလည်း အလားတူ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ အများပြည်သူကျန်းမာရေး ကိစ္စကြောင့် […]
Read Moreဗြိတိသျှကောင်စီမှ စီစဉ်တဲ့ Study UK: a Guide for Education Agents သင်တန်းကို မတ်လ ၂ ရက်မှ စတင်ကာ အွန်လိုင်းမှ အခမဲ့တက်ရောက်နိုင်မယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းကို တက်ရောက်ခြင်းအားဖြင့် နိုင်ငံတကာ ပညာရေးအေးဂျင့်များ၊ ပညာရေးအကြံပေးများနဲ့ အတိုင်ပင်ခံများအနေဖြင့် ယူကေပညာရေးနဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာ ဗဟုသုတတွေကို ရရှိနိုင်မှာဖြစ်သလို Professional education agent တစ်ဦးဖြစ်စေမယ့် အကြံပေးချက်တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ယူကေသို့ သွားရောက်ပညာသင်ကြားရန် ပြင်ဆင်နေသူတွေနဲ့ ယူကေပညာရေးဆိုင်ရာ ပညာရေးဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး အလုပ်လုပ်ကိုင်နေသူများအတွက် သင့်တော်တဲ့သင်တန်းတစ်ခု ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ ဒီနေရာမှာ စာရင်းပေးသွင်းပြီး တက်ရောက်နိုင်မှာဖြစ်ပါတယ်။ အသေးစိတ်ကို ဗြိတိသျှကောင်စီ ဖုန်း – ၀၁-၂၅၀၀၉၉ […]
Read MoreCopyright © 2021 | Internet Journal