Day: February 19, 2020

Local

Rakuten Viber မှ Flagship လုပ်ဆောင်ချက်အသစ် My Notes အား မိတ်ဆက်

Viber App အသုံးပြုသူများအနေနဲ့ ကိစ္စကြီးငယ်မရွေး စီမံခန့်ခွဲ၍ နေ့စဉ်လုပ်ငန်းဆောင်တာများကို လွယ်ကူစွာ မှတ်သားဆောင်ရွက်နိုင်တဲ့ Rakuten Viber မှ Flagship လုပ်ဆောင်ချက်အသစ်ဖြစ်တဲ့ My Notes ကို မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။ အသုံးပြုသူများရဲ့လုပ်ဆောင်ရန်များ၊ ဓာတ်ပုံများ၊ သတိပေးချက်များနဲ့ အခြားသောလုပ်ဆောင်ချက်များကို တစ်နေရာတည်းမှာ ကြည့်ရှုလုပ်ဆောင်နိုင်ရန် ကူညီပေးတဲ့အနေနဲ့ Viber မှ My Notes အား ဖန်တီးပေးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အသုံးပြုသူ သန်းတစ်ထောင်ကျော်နဲ့ တစ်မိနစ်တိုင်းအတွက် ဝင်ရောက်အသုံးပြုနေသူ ခုနစ်သန်းခန့်ရှိနေတဲ့ Viber app ရဲ့ feature အသစ်ဖြစ်တဲ့ My Notes ဟာ အသုံးပြုသူများရဲ့ လုပ်ဆောင်ချက်များကို ပိုမို အဆင်ပြေ မြန်ဆန်ချောမွေ့စေမှာဖြစ်တယ်လို့ သိရပါတယ်။ My Notes ရဲ့ […]

Read More
Android
Download

Knowledge Box

ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ နည်းပညာနယ်ပယ်မှ ပုဂ္ဂိုလ်များအကြောင်း အကျဉ်းချုံးရေးသားထားမှုများနဲ့ အထွေထွေ နည်းပညာဗဟုသုတတွေကို ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ Offline အနေနဲ့ ဖတ်ရှုနိုင်အောင်ဖန်တီးထားပြီး အကြောင်းအရာပေါင်း ၂၇၃ ခု ပါဝင်ကာ Serach box ကနေလည်း မိမိဖတ်ချင်တာကို ပြန်လည်ရှာဖွေဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဖုန်းမှာ မြန်မာစနစ်မပါဝင်လည်း ဖတ်ရှုနိုင်မှာဖြစ်ပြီး စာလုံးအရွယ်အစားကိုလည်း ချုံ့ချဲ့ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Article

လူသိပ်မသိသေးတဲ့ Apple Maps လုပ်ဆောင်ချက် (၅) ခု

အသစ်ပြင်ဆင်ထားတဲ့ Apple Maps မှာ လူတွေ သတိမထားမိလေ့ရှိတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ အဲဒီ feature တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ အခု feature တွေက Apple Maps ကို နေ့စဉ်အသုံးပြုသူတွေ အတွက် အသုံးဝင်လာမှာပါ။ Mac ကတစ်ဆင့် မြေပုံလမ်းညွှန်ကို iPhone ဆီဝေမျှခြင်း သုံးစွဲသူက Mac ပေါ်က Maps app ကိုအသုံးပြုပြီး ခရီးစဉ်ရေးဆွဲကာ ထွက်ခွာဖို့ iPhone ဆီ လမ်းညွှန်ပေးပို့နိုင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို အသုံးပြုဖို့ ထုတ်ကုန် ၂ ခုစလုံးမှာ တူညီတဲ့ Apple ID အသုံးပြုကာ iCloud account ကို sign in လုပ်ထားရပါမယ်။ Mac […]

Read More
Laptop Review
Review

Dell Latitude 5400 Chromebook

ဈေးနှုန်း – ကန်ဒေါ်လာ ၁၄၂၉ အားသာချက် ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့အပြင် အကြမ်းခံပြီး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ဒီဇိုင်းတွေက နှစ်သက်စရာပါ။ စွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်သလို အသုံးပြုရတာ သက်သောင့်သက်သာ ရှိလှတဲ့ ကီးဘုတ်စနစ်တွေက ဒီလက်ပ်တော့ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက် ဈေးနှုန်းကြီးမြင့်တာ၊ Display အနည်းငယ်မှိန်တာနဲ့ အသံထွက်ပိုင်း အနည်းငယ် အားနည်းတာတွေက ဒီလက်ပ်တော့ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။ သုံးသပ်ချက် Dell Latitude 5400 Chromebook က လုပ်ငန်းသုံးအနေနဲ့ အသုံးပြုနိုင်တဲ့ ပရီမီယံ Chromebook လက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်၊ မြင့်မားတဲ့ overall လက်ပ်တော့စွမ်းဆောင်ရည်၊ သက်သောင့်သက်သာရှိလှတဲ့ ကီးဘုတ်စနစ်နဲ့ အကြမ်းခံတဲ့ကိုယ်ထည်ဒီဇိုင်းတွေက သွားလေရာ သယ်ဆောင်အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ အသံထွက်ပိုင်းက […]

Read More
Education

Environmental Studies Online Course သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

Environmental Studies ဘာသာရပ်ကို Online ကနေတစ်ဆင့် လေ့လာနိုင်ဖို့အတွက် လျှောက်လွှာခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။ Environmental Studies ဘာသာရပ်ကို ပြန်လည်ဝေမျှလိုတဲ့ B.Sc (Environmental Studies) Engg. ဘွဲ့ရကျောင်းသား၊ ကျောင်းသူဟောင်းများမှ ကိုယ်ပိုင်အစီအစဉ်ဖြင့် Environmental Studies Online Course ကို ဦးဆောင်ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ Environmental Studies ဘာသာရပ်ကို ပြည်သူလူထု အလွယ်တကူ လေ့လာနိုင်စေဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ပိုမိုချစ်မြတ်နိုးပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်ကြစေဖို့ ရည်ရွယ်ဖွင့် လှစ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အွန်လိုင်းကနေတစ်ဆင့် အလွယ်တကူ လေ့လာနိုင်သလို မိမိအဆင်ပြေ တဲ့ အချိန်မှလည်း ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ email မှ တစ်ဆင့် သင်ခန်းစာတွေကို ပေးပို့သွားမှာ ဖြစ်သလို သင်တန်းသားတွေအနေနဲ့ အင်တာနက်ရှိတဲ့ မည်သည့်နေရာမှမဆို ချိတ်ဆက်အသုံးပြုပြီး […]

Read More
Tech

ဝတ်လစ်စလစ် selfie ပုံတွေကို ပိတ်ပင်မယ့် ဖုန်း

၂၀၁၄ ခုနှစ်မှာ ထွက်ပေါ်ခဲ့တဲ့ စစ်တမ်းအရ အမေရိကန်က အရွယ်ရောက်သူ ၅၀ ရာခိုင်နှုန်းဟာ ဝတ်လစ်စလစ်ဓာတ်ပုံတွေ ရိုက်ကူးပြီး အသိမိတ်ဆွေတွေဆီ ပေးပို့ကြပါတယ်။ Cosmo ကပြုလုပ်တဲ့ စစ်တမ်းမှာတော့ ၂၀၀၀ ခုနှစ်ဖွား အမျိုးသမီး ၈၉ ရာခိုင်နှုန်းဟာ ဝတ်လစ်စလစ်ဓာတ်ပုံတွေ ရိုက်ကူးကြပါတယ်။ အခုဆိုရင် ဝတ်လစ်စလစ်ဓာတ်ပုံတွေ ရိုက်ကူးမှုကို ပိတ်ပင်မယ့် ဖုန်းတစ်မျိုးလည်း ပေါ်လာပါတယ်။ e20 ဟာ ဂျပန်ကုမ္ပဏီ Tone ကထုတ်လုပ်ထားတဲ့ တန်ဖိုးနည်းဖုန်း ဖြစ်ပါတယ်။ ဖုန်းမှာ ကျောဘက်ကင်မရာ ၃ လုံးပါဝင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၀ (ယန်း ၁၉,၈၀၀) ကျသင့်ပြီး display ကတော့ ၆.၂၆ လက်မ ဖြစ်ပါတယ်။ ဖုန်းရဲ့ အဓိက feature ကတော့ စမတ်ဖုန်းကာကွယ်မှုပဲ […]

Read More
Apple
Tech

ကိုရိုနာဗိုင်းရပ်စ်ကြောင့် iPhone 9 ထုတ်လုပ်မှု နှောင့်နှေးနိုင်

တရုတ်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ၂၀၂၀ ဒုတိယသုံးလပတ်ဝင်ငွေ လမ်းကြောင်းပေါ် မရောက်နိုင်ဘူးလို့ ရင်းနှီးမြှုပ်နှံသူတွေကို Apple ကသတိပေးထားခဲ့ပါတယ်။ ဒါ့အပြင် တန်ဖိုးနည်း iPhone 9 ထုတ်လုပ်မှုလည်း စီစဉ်ထားတာထက် နှောင့်နှေးမယ်လို့ Nikkei ကဖော်ပြခဲ့ပါတယ်။ မူလက Apple ဟာ ဖေဖော်ဝါရီလအတွင်း iPhone 9 ထုတ်လုပ်မှုစတင်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ မတ်လအတွင်း ဖုန်းထုတ်လုပ်မှု နှောင့်နှေးနိုင်တယ်လို့ Nikkei ကဖော်ပြခဲ့ပါတယ်။ Nikkei ကသတင်းရင်းမြစ်ကို ကိုးကားပြီး မူလအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ Apple အတွက် အလွန်ခက်ခဲမယ်လို့ ဖော်ပြထားပါတယ်။ Apple အတွက် အစိတ်အပိုင်းထောက်ပံ့သူတွေက လုပ်ငန်းရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းအကြားပဲ လည်ပတ်လျက်ရှိသေးတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ iPhone အစိတ်အပိုင်း […]

Read More
Microsoft
Tech

Android အတွက် all-in-one Office app ကို Microsoft ဖြန့်ချိ

Microsoft ဟာ Office app တွေစုစည်းပေးထားတဲ့ Android app beta စမ်းသပ်မှုအပြီး ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ app မှာ Word, Powerpoint နဲ့ Excel တို့ပါဝင်ပြီး သီးခြား download လုပ်စရာမလိုဘဲ အသုံးပြုနိုင်ပါမယ်။ ဒါ့အပြင် OneDrive ပေါင်းစပ်မှုနဲ့ Office Lens အသုံးပြုပြီး စာရွက်စာတမ်းတွေကို သိမ်းဆည်းနိုင်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ Micrsooft က app preview ကိုမပြသခင် ၂၀၁၉ အစောပိုင်းမှာ အမြည်းမိတ်ဆက်ထားပါတယ်။ နောက်ပိုင်းမှာ Microsoft ကအစီအစဉ်ကို ရပ်ဆိုင်းခဲ့ပေမယ့် app ရဲ့ APK ဖိုင်တွေကတော့ ပေါက်ကြားထွက်ပေါ်လာပါတယ်။ မိုဘိုင်းပေါ်က Microsoft Office ဟာ လူသုံးအများဆုံး app […]

Read More
Huawei
Tech

Huawei အတွက် ချစ်ပ်ထုတ်လုပ်မှုရပ်တန့်ဖို့ TSMC ကို အမေရိကန်ဖိအားပေး

ထရမ့်အစိုးရဟာ Huawei ကိုချေမှုန်းဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ TSMC က Huawei အတွက် ချစ်ပ်တွေ ထုတ်လုပ်မှုကို ရပ်တန့်ဖို့ အမေရိကန်က ဖိအားပေးနေပါတယ်။ TSMC ဟာ ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီ ဖြစ်ပေမယ့် ကုမ္ပဏီမှာ အမေရိကန် ထုတ်လုပ်ရေးပစ္စည်းတွေကိုပဲ အသုံးပြုနေပါတယ်။ အမေရိကန်ကုန်သွယ်ရေးရဲ့ နိုင်ငံရပ်ခြားဆီ တိုက်ရိုက် ထုတ်ကုန်ရောင်းချမှု စည်းမျဉ်း အပြောင်းအလဲအရ အမေရိကန်နည်းပညာ အသုံးပြုတဲ့ ကုမ္ပဏီတွေ Huawei ဆီ ပစ္စည်းရောင်းချဖို့ လိုင်စင်လျှောက်ထားရမှာ ဖြစ်ပါတယ်။ TSMC ဟာ Huawei Kirin ချစ်ပ်တွေရဲ့အဓိက ထောက်ပံ့သူဖြစ်ပါတယ်။ တကယ်လို့ အခုစည်းမျဉ်းက အတည်ပြုဖြစ်ရင်တော့ အမေရိကန်နည်းပညာ မပါဘဲ ချစ်ပ်တွေ ထုတ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။ တရုတ်နိုင်ငံအတွင်းက ထုတ်လုပ်ရေးကုမ္ပဏီကတော့ အမေရိကန်က စက်ပစ္စည်းကို အသုံးမပြုပါဘူး။ […]

Read More
Tech

အနာဂတ် 5G ဖုန်းတွေမှာ မြင်တွေ့ရမယ့် Qualcomm X60

Qualcomm ဟာ ကြိုးမဲ့လှိုင်းအမျိုးမျိုးကို ထုတ်လွှင့်ပြီး လာမယ့်နှစ်အတွင်း အသစ်ထွက်ရှိမယ့် 5G ဖုန်းရဲ့ ပျှမ်းမျှမြန်နှုန်းကို မြှင့်တင်ဖို့ modem သစ်ကို မိတ်ဆက်လိုက်ပါတယ်။ Qualcomm ဟာ Snapdragon X60 5G modem ကိုထုတ်ဖော်ပြသလိုက်ပါတယ်။ X60 ကို 5 nanometer နည်းပညာနဲ့ ဖန်တီးထားပါတယ်။ ဒါကြောင့် စွမ်းအင်အသုံးပြုမှုနည်းပါးပြီး ထုတ်ကုန်တွေကို ပိုမိုမြန်ဆန်စေပါတယ်။ X60 မတိုင်မီက ထွက်ရှိခဲ့တဲ့ X55 လိုမျိုး 2G ကနေ 5G ကွန်ရက်တွေအထိ အသုံးပြုနိုင်ပါတယ်။ X60 ဟာ အလွန်အမင်း မြန်နှုန်းမမြင့်ပေမယ့် 5G ကွန်ရက်တွေမှာ အချက်အလက်တွေကို 7.5 Gbps အထိ download လုပ်ကာ အချက်အလက်တွေကို 3 Gbps […]

Read More