Day: February 18, 2020

Local

မြန်မာနိုင်ငံရဲ့ e-Government ညွှန်းကိန်းမှာ အာဆီယံဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပျမ်းမျှအောက်ရောက်နေဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

မြန်မာနိုင်ငံရဲ့ လက်ရှိ e-Government ညွှန်းကိန်းမှာ နိုင်ငံတကာတွင် အဆင့်တိုးတက်သော်လည်း အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ပါက ပျမ်းမျှအောက်ရောက်နေသေးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက် (ယနေ့) နေပြည်တော်ရှိ MICC 2 မှာကျင်းပတဲ့ 4th eGOVERNMENT Conference ICT Exhibition အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ e-Government ညွှန်းကိန်းကိုကြည့်ပါက ၂၀၁၆ ခုနှစ်က နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အဆင့် ၁၆၉ ၊ ၂၀၁၈ ခုနှစ်မှာ အွန်လိုင်းဝန်ဆောင်မှုများနဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အဦတွေ အထူးသဖြင့် မိုဘိုင်းဆက်သွယ်ရေးမှာ တိုးတက်လာတဲ့အတွက် ၁၅၇ အဆင့်ကို တိုးတက်လာခဲ့ကြောင်း၊ ညွှန်းကိန်းတန်ဖိုးတွေဟာ အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ပါက ပျမ်းမျှအောက်ရောက်နေသေးတာကို တွေ့နေရသေးကြောင်း၊ ဒါကြောင့် […]

Read More
Local

အာရှ၏အကြီးဆုံးနှင့် ပညာပေးလှုပ်ရှားမှု ဓာတ်ပုံပွဲတော်ကျင်းပမည်

အာရှ၏အကြီးဆုံးနှင့် ပညာပေးလှုပ်ရှားမှု ဓာတ်ပုံပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂၁ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါဓာတ်ပုံပွဲတော်မှာ ကမ္ဘာတစ်ဝှမ်းရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုများ၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် လူမှုတရားမျှတမှုမှတ်တမ်းဓာတ်ပုံလက်ရာ (၂၀၀) ကျော်ကို စုစည်းပြသထားမယ်လို့ သိရပါတယ်။ Pascal Maître, Steve McCurry, Franck Seguin နဲ့ Fausto Podavini စတဲ့ နိုင်ငံတကာမှ အထင်ကရ ဓာတ်ပုံဆရာတွေရဲ့ ဓာတ်ပုံတွေ၊ မြန်မာနိုင်ငံရဲ့ နာမည်ကျော်ဓာတ်ပုံဆရာတွေဖြစ်တဲ့ ခွန်လတ်၊ ခွန်လီနဲ့ ကိုမျိုးတို့ရဲ့ ဓာတ်ပုံတွေအပြင် YPF မှ ရုပ်ပုံဖြင့် ဇာတ်ကြောင်းပြောခြင်းသင်တန်းများ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားဒေသများရှိ တက်သစ်စဓာတ်ပုံပညာရှင်တွေရဲ့ လက်ရာများလည်း ပါဝင်ပြသသွားမှာဖြစ်ပါတယ်။ အဆိုပါ (၁၂) ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်ကို ဖေဖော်ဝါရီ […]

Read More
Android
Download

IT Library – နည်းပညာစာကြည့်တိုက်

နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ရှာဖွေဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ မြန်မာဘာသာနဲ့ထုတ်ဝေထားတဲ့ နည်းပညာစာအုပ်တွေကို Download ပြုလုပ်ကာ ဖတ်ရှုနိုင်မှာဖြစ်ပြီး နည်းပညာနဲ့ပတ်သက်တဲ့ စာအုပ်မျိုးစုံကို ရှာဖွေဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Events

Cyber security နှင့်ပတ်သက်သည့်ဆွေးနွေးပွဲ ပြုလုပ်ခဲ့

US အခြေစိုက် FireEye Inc. နဲ့ Golden Myanmar Apex တို့ ပူးပေါင်း၍ Cyber Security ဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၈ ရက် (ယနေ့) နံနက်ပိုင်းက Melia ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ FireEye Inc. (Asia Pacific) ရဲ့ Chief Technology Officer Mr.Steve Ledzian မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ယနေ့ခေတ် အဖွဲ့အစည်းတွေမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ Cyber security Threat များ၊ ၂၀၂၀ ခုနှစ်အတွက် ပေါ်ပေါက်လာနိုင်တဲ့ Security ဆိုင်ရာ မှန်းဆချက်တွေနဲ့ Security Operations Centers (SOC) တွေရဲ့ လိုအပ်ချက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ […]

Read More
Education

English in Early Childhood: Language Learning and Development သင်တန်းကို အွန်လိုင်းမှတစ်ဆင့် အခမဲ့တက်ရောက်နိုင်

မိဘများနဲ့ ဆရာ/ဆရာမများအတွက် English in Early Childhood: Language Learning and Development သင်တန်းကို အွန်လိုင်းမှ အခမဲ့ တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ www.futurelearn.com မှတစ်ဆင့် တက်ရောက်ရမှာဖြစ်ပြီး သင်တန်းမှာ ငယ်ရွယ်သောကလေးများက မိခင်ဘာသာစကားလေ့လာနေချိန်မှာ အင်္ဂလိပ်စာကို နောက်ထပ်ဘာသာစကားတစ်ခု အနေနဲ့ ဘယ်လိုပုံစံမျိုး အထိရောက်ဆုံးလေ့လာပုံကို သင်ကြားပို့ချပေးမှာဖြစ်သလို ကလေးငယ်တွေကို အကောင်းဆုံးလေ့လာနိုင်တဲ့ အတွေ့အကြုံမျိုး ရရှိစေဖို့ နည်းလမ်းများကိုလည်း ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းမှာ How Childern Learn, Learning Through play, How to talk to young children, Learning: English and everything, Positive relationships and enabling environments, Watching […]

Read More
Education

2020 @YSEALI Professional Fellows ပညာတော်သင်ဆုအတွက် လျှောက်လွှာခေါ်ယူ

2020 @YSEALI Professional Fellows ပညာတော်သင်ဆုအတွက် လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။ လျှောက်လွှာကို မတ် ၁ ရက် နောက်ဆုံးထား လျှောက်ထားရမှာပါ။ ဒီပညာတော်သင်ဆုကတော့ အသက် ၂၅-၃၅ အကြားက မြန်မာတွေ အမေရိကန်ပြည်ထောင်စုမှာ သီတင်းပတ် ငါးပတ်ကြာ နေထိုင်ပြီး နိုင်ငံတစ်ဝန်းက အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ ဒေသန္တရအစိုးရဌာနတွေ၊ ပုဂ္ဂလိက ကဏ္ဍရုံးတွေက အသင့်ပြင်ဆင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အမေရိကန်လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ တစ်ယောက်ချင်းစီ တိုက်ရိုက် တွဲဖက်ဆောင်ရွက်ကြရမယ့် အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ Civic Engagement, Economic Empowerment, Governance and Society , Sustainable Development and the Environment အစရှိတဲ့နယ်ပယ်တွေအတွက် ခေါ်ယူတာဖြစ်ပါတယ်။ ဝိုင်ဆီးလီ အသင်းဝင်မဟုတ်သူတွေအနေနဲ့ ဒီနေရာမှာ အသင်းဝင်နိုင်ပြီး […]

Read More
Education

ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ ဆင့်ပွားဆွေးနွေးပွဲကျင်းပ

ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ ဆင့်ပွားဆွေးနွေးပွဲ (အခြေခံပညာကဏ္ဍ) အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက် (ယနေ့) နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ တောင်ငူပညာရေးကောလိပ်၊ မြတ်ပညာခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပညာရေးသင်ယူမှုအခွင့်အလမ်း ပိုမိုမြင့်မားရေးအတွက် ယနေ့ခေတ်တွင် Industrial Revolution-IR 4.0 နှင့် လိုက်လျောညီထွေဖြစ်သောပညာရေးသည် Education 4.0 ဖြစ်ပါကြောင်း၊ Industrial Revolution-IR 4.0 နှင့် လိုက်လျောညီထွေဖြစ်သော ပညာရေးဖြစ်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ Education 4.0 တွင် သင်ယူသူတစ်ဦးချင်းသည် ဗဟိုဖြစ်ပါကြောင်း၊ သင်ယူခြင်းသည် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးစနစ်တွင် သင်ယူပြီးရင်းသင်ယူနေရပြီး ဘဝတစ်သက်တာ သင်ယူကြရမည်ဖြစ်ပါကြောင်း၊ သင်ယူသူတစ်ဦးချင်းစီကို ဗဟိုပြုပြီး သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ပါကြောင်း ပညာရေးဝန်ကြီးဌာန […]

Read More