အိပ်မက်အဘိဓာန် App ဖြစ်ပါတယ်။ မိမိအနေနဲ့ အိပ်မက်ရဲ့ အဓိပ္ပာယ်တွေကို မြန်မာလို အလွယ်တကူ ဖတ်ရှုနိုင်မယ့် App ဖြစ်ပြီး မိမိသလိုရှိတဲ့ keyword ကို ရိုက်ထည့်ကာ ရှာဖွေနိုင်အောင် ဖန်တီးပေးထားပါတယ်။ အွန်လိုင်းအခြေပြု App အမျိုးအစားဖြစ်ပြီး Online, Offline အနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read MoreGoogle Keep နေရာမှာ အစားထိုးဝင်ရောက်နိုင်မယ့် အခြား app တွေရှိပါတယ်။ အခုစာရင်းမှာ Google Keep နေရာအစားထိုးနိုင်မယ့် အခမဲ့ open-source app တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ တချို့ app တွေက Google Keep လိုမျိုး cloud နဲ့ sync လုပ်နိုင်ပါတယ်။ NextCloud Notes NextCloud ဟာ open-source app ဖြစ်ပြီး ကိုယ်ပိုင် cloud storage တစ်ခုကို ဖန်တီးနိုင်တဲ့ ဆာဗာ app တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် plugin တချို့လည်းပါဝင်ပြီး Google service နေရာအစားထိုးအသုံးပြုနိုင်ပါတယ်။ NextCloud ကို set up လုပ်ပြီးရင်တော့ Notes extension […]
Read Moreနေပြည်တော် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (MCIA NAYPYITAW) ဖြစ်မြောက်ရေး အတွက် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ မန္တလေးပါရာဒိုက် စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ နေပြည်တော်ကွန်ပျူတာလုပ်ငန်းရှင်များအသင်းကို မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်း (MCIA)မှ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကွန်ပျူတာလုပ်ငန်းရှင်များအတွက် လာရောက်ဖွဲ့စည်းပေးမှာဖြစ်ပြီး အသင်းဖွဲ့စည်းရေးအတွက် လိုအပ်တာတွေကို ကနဦး လာရောက်တွေ့ဆုံဆွေးနွေးတာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်း (MCIA) အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ ဖွဲ့စည်းထားပြီး အသင်းသား ၁၁၀၀ ကျော်ပြီဖြစ်တယ်လို့ သိရပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကွန်ပျူတာလုပ်ငန်းရှင်တွေအနေနဲ့ အသင်းဖွဲ့စည်းရေးကို MCIA နဲ့ ပူးပေါင်းလုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ -ကျော်ဇေယျ
Read MoreGoogle ဟာ permission တွေအပေါ် အသာစီးရယူလေ့ရှိတဲ့ Android app တွေကို ပိတ်သိမ်းနေပါတယ်။ အခုဆိုရင် အဲဒီလုပ်ငန်းစဉ် ထိရောက်တာကို တွေ့ရပါတယ်။ Google ရဲ့ ၂၀၁၉ ခုနှစ်အတွင်း သုံးစွဲသူဆီက ဖုန်းခေါ်ဆိုမှုနဲ့ call log နဲ့ SMS အချက်အလက်ကို ရယူနေတဲ့ Play Store app အရေအတွက် ၉၈ ရာခိုင်နှုန်း အထိ ကျဆင်းလာပါတယ်။ Google အနေနဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်လိုက်တဲ့ ပေါ်လစီမှာ သုံးစွဲသူအချက်အလက် ရယူနေတဲ့ app တွေကို ဖယ်ရှားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဖုန်းခေါ်ဆိုမှုနဲ့ SMS အချက်အလက်ကို မဖြစ်မနေရယူဖို့ လိုတဲ့ app က ၂ ရာခိုင်နှုန်းပဲ […]
Read MoreGoogle ဟာ ယူအေအီးအတွက် သူလျှိုလုပ်ငန်း လုပ်ကိုင်ပေးနေတဲ့ ToTok chat app ကို ဒုတိယအကြိမ် အဖြစ် Play Store ကနေဖယ်ရှားလိုက်ပါတယ်။ ဒီဇင်ဘာလမှာ Apple ရဲ့ App Store နဲ့ Google Play Store ကနေ ToTok ဖယ်ရှားခံရပါတယ်။ ဇန်နဝါရီလမှာ Google က ToTok ကိုပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။ အခုအခါမှာတော့ ToTok ဟာ Play Store မှာမရှိတော့ပါဘူး။ ToTok ထပ်မံဖယ်ရှားခံရတဲ့ သတင်းကို 9to5Google ကဖော်ပြခဲ့ပါတယ်။ Google က ToTok ကို ဖယ်ရှားလိုက်တဲ့ အကြောင်း အတည်ပြုခဲ့ပေမယ့် မရှင်းလင်းခဲ့ပါဘူး။ ToTok ကို ပထမဆုံးအကြိမ် ပိတ်ပင်တုန်းက ပေါ်လစီကို […]
Read MoreSamsung ဟာ Unpacked ပွဲမှာ Galax Z Flip ကိုမိတ်ဆက်အပြီး ဖေဖော်ဝါရီ ၁၄ ရက်မှာ ခေါက်စမတ်ဖုန်းကို စတင်ရောင်းချခဲ့ပါတယ်။ Motorola Razr ရောင်းချမှုအပြီး တစ်ပတ်အကြာမှာ Galaxy Z Flip ဖုန်း ထွက်ရှိလာပါတယ်။ Razr နဲ့ Galaxy Z Flip ဟာ ဒီဇိုင်းဆင်တူတာ များပေမယ့် မတူညီတဲ့ဖုန်းတွေ ဖြစ်ပါတယ်။ Samsung ရဲ့ Galaxy Z Flip ဖုန်းမှာ အလွန်အံ့အားသင့်စရာ feature တွေပါဝင်လာပါတယ်။ ဖုန်းမှာ ၁.၁လက်မ အရွယ် external display တစ်ခုနဲ့ Flex Mode တို့ပါဝင်လာပါတယ်။ Z Flip မှာ ချိန်ညှိပြုလုပ်နိုင်မယ့် Android […]
Read Moreတောင်ကိုရီးယားအစိုးရက နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရှိကြောင်း အတည်ပြုထားသူတွေကို ခြေရာခံပြီး အွန်လိုင်းမှာ တင်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ Covid-19 ရောဂါကူးစက်ခံရသူ ၂၉ ဦးရှိပါတယ်။ ကမ္ဘာတစ်ဝန်း Covid-19 ကြောင့် လူပေါင်း ၁,၆၀၀ ကျော် သေဆုံးခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရှိသူတွေရဲ့ ခရီးသွားလာမှုနဲ့ တည်နေရာကို အစိုးရအာဏာပိုင်တွေက မှတ်တမ်းတင်ထားပါတယ်။ ရောဂါကူးစက်ခံထားရသူတွေရဲ့ ခရီးသွားလာတဲ့ မှတ်တမ်းကို ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။ ဒါကြောငင့် တောင်ကိုရီးယားနိုင်ငံသားတွေက ရောဂါကူးစက်ခံသူနဲ့ ထိတွေ့မှုကို ကြိုတင်ခန့်မှန်း သတိပြုမိနိုင်ပါမယ်။ အခြားအာရှနိုင်ငံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် မြင့်မာလားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံမှာ ရောဂါရှိသူ ၆၈,၅၀၀ ရှိပြီး မိုဘိုင်းဖုန်းအချက်အလက်တွေနဲ့ မျက်နှာချင်းဆိုင်အင်တာဗျူးက အချက်အလက်တွေကို အသုံးပြုကာ ခြေရာခံခဲ့ပါတယ်။ ဟောင်ကောင်မှာတော့ အီလက်ထရောနစ်လက်ပတ်တွေနဲ့ နေအိမ်တွင်း သီးခြားခွဲထုတ်ထားတဲ့ […]
Read Moreမိုဘိုင်းလောကမှာ Android လည်ပတ်စနစ်က ဈေးကွက်ရှယ်ယာ ၇၄.၃% အထိ စိုးမိုးထားလျက်ရှိတယ်။ Android လည်ပတ်စနစ်ရဲ့ သက်တမ်း ၁၂ နှစ်ခန့်ရှိခဲ့ပါပြီ။ ၂၀၁၈ ခုနှစ်ကစပြီး Android လည်ပတ်စနစ်ကို အသုံးပြုခွင့်ရခဲ့ကြတယ်။ Google ကထုတ်လုပ်တဲ့ မိုဘိုင်းလည်ပတ်စနစ်အဖြစ် အသုံးပြုသူတိုင်းက နားလည်သိရှိထားခဲ့ကြတယ်။ တကယ်တော့ Android မူလပထမပိုင်ရှင်မှာ Android Inc. ကုမ္ပဏီဖြစ်တယ်။ ဒီစနစ်ကို Android Inc. ကုမ္ပဏီအနေနဲ့ ဒီဂျစ်တယ်စနစ်သုံး စမတ်ကင်မရာများဆီကို လွှဲပြောင်းပေးနိုင်ဖို့ ရည်ရွယ်ဖန်တီးခဲ့တာလို့ ဆိုရပါလိမ့်မယ်။ Android Inc ကုမ္ပဏီကို ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့စဉ်က ပါဝင်ခဲ့တဲ့ Andy Rubin အနေနဲ့ Google ကို ပြောင်းရွှေ့လုပ်ကိုင်ပြီး ၂၀၀၅ ခုနှစ်၊ ဩဂုတ်လမှာ Google ကုမ္ပဏီက […]
Read More“မြင်ရင်ယုံလိုက်မယ်”ဆိုတဲ့စကားကို လူတိုင်းတစ်သက်မှာတစ်ခါတော့ ပြောဖူးကြပါလိမ့်မယ်။ ငါသာအမှန်ဆုံးလို့ နားထင်သွေး ရောက်နေသူတွေဆိုရင် ဒီစကားကို လက်ကိုင်ထားပြီး အရာရာကို ဆုံးဖြတ်တတ်ပါလိမ့်ဦးမယ်။ ဒါပေမဲ့ အဲဒီစကားက ရာစုသစ်မှာ အသုံးတည့်နိုင်ပါဦးမလား။ တကယ်တော့ လူတိုင်းက ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေ၊ အဖြစ်အပျက်တွေနဲ့ ပတ်သက်လာရင် ကိုယ်ပိုင်အာရုံ ငါးပါးအပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ်ကြရပါတယ်။ အဲဒီအထဲမှာမှ အဓိကအားဖြင့် ကိုယ်ကြားတာ၊ ကိုယ်မြင်တာအပေါ် ပိုပြီးယုံကြည် လက်ခံတတ်ကြတာပါ။ အထူးသဖြင့် ကိုယ်တိုင်မြင်တွေ့ လိုက်ရတာကို ပိုပြီးယုံကြည်တတ်ကြပါတယ်။ ဒါပေမဲ့တိုးတက်လာတဲ့ နည်းပညာတွေကြောင့် ကိုယ်မျက်လုံးနဲ့ မြင်တွေ့လိုက်ရတာတောင် ချက်ချင်းမယုံကြည်လိုက်ဘဲ သေသေချာချာ အချိန်ယူဆန်းစစ်ဖို့ လိုအပ်နေပါပြီ။ အဲဒီထဲက သတိထားစရာ နည်းပညာတစ်ခုကတော့ Deepfakes တွေ ဖြစ်ပါတယ်။ Deepfakes Deepfakes ဆိုတာ Deep Learning နဲ့ Fake […]
Read More