Day: February 13, 2020

Android
Download

CE Dictionary 3

Civil မြို့ပြအင်ဂျင်နီယာဝေါဟာရအဘိဓာန် App ဖြစ်ပါတယ်။ မြို့ပြအင်ဂျင်နီယာနဲ့ပတ်သက်တဲ့ ဝေါဟာရပေါင်း ၃၅၀၀ ခန့်ရဲ့ မြန်မာအဓိပ္ပာယ် ဝေါဟာရရှင်းလင်းချက်တွေကို ရှာဖွေကြည့်ရှုနိုင်တဲ့ အွန်လိုင်းအခြေပြု App ဖြစ်ပြီး Online-Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Local
News

Grab မှ နေ့စဉ်သုံး လိုအပ်ချက်အားလုံ းသုံးနိုင်မည့် Super App တစ်ခုအဖြစ် ဝန်ဆောင်မှုပေးသွားမည်

Grab အသုံးပြုသူများအနေနဲ့ Grab App မှ တစ်ဆင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများမှစပြီး အစားအသောက် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအထိ အမျိုးမျိုးသော ဝန်ဆောင်မှုများကို လွယ်ကူစွာ အသုံးပြုနိုင်သကဲ့သို့ Grab အနေနဲ့ နေ့စဉ်သုံးလိုအပ်ချက်အားလုံးအတွက် သုံးနိုင်မယ့် Super App တစ်ခုအဖြစ် ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။ “Grab အနေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်သူတွေရဲ့ လူနေမှုဘဝ အရည်အသွေးတွေ ပိုမိုကောင်းမွန်လာဖို့အတွက် အမြဲတမ်း ကြိုးစားနေပြီးတော့ ဘယ်လူမှုအသိုက်အဝန်းအတွက်မဆို ကောင်းမွန်တဲ့ အကျိူးရလဒ်တွေ ရရှိဖို့အတွက် ဆက်လက်အားထုတ်လုပ်ဆောင်သွားမှာပါ။ ၂၀၁၉ ခုနှစ်အတွင်းမှာ Grab က အမျိုးမျိုးသော ဝန်ဆောင်မှုတွေကို မိတ်ဆက်ပေးနိုင်ခဲ့လို့ ကျွန်မတို့အတွက် တကယ်ကို အမှတ်ရစေမယ့် နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ နေ့စဉ်လိုအပ်ချက်အားလုံးအတွက် သုံးနိုင်မယ့် Super App တစ်ခုအနေနဲ့ […]

Read More
Education
News

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် နိုင်ငံတကာသရုပ်ပြတရားခွင်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် နိုင်ငံတကာသရုပ်ပြတရားခွင်ပြိုင်ပွဲ Jessup Moot Court Competition ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်မှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ ပြိုင်ပွဲကို နိုင်ငံတကာ ဥပဒေကျောင်းသားကျောင်းသူများအသင်း (ILSA) ရဲ့ ဦးဆောင်မှုနဲ့ အမေရိကန်သံရုံးနဲ့ ပူးပေါင်းကာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အာရှဥပဒေကျောင်းသားကျောင်းသူများအသင်း (ALSA Myanmar) မှ ပညာရေးရာကိစ္စရပ်များ တာဝန်ခံနေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ မရွှေရည်သန်းထိုက်ဝင်း မှလည်း “ယခု မြန်မာနိုင်ငံတွင်ကျင်းပမည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာသရုပ်ပြတရားခွင်ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံရဲ့ National Administrator အဖြစ် တာဝန်ယူထမ်းဆောင်မည် ဖြစ်ကြောင်း၊ ယမန်နှစ်က ပြိုင်ပွဲဝင်အသင်း ၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင် ပြိုင်ပွဲဝင် အသင်း ၇ သင်း […]

Read More
How To
Mobile Phone

Android ဖုန်းရဲ့ ဗီဒီယိုတွေမှာ တိုက်ရိုက်စာတန်းထိုးစနစ်ကို ဘယ်လိုဖွင့်သုံးမလဲ

မိမိက ဖုန်းနဲ့ အင်္ဂလိပ်ဗီဒီယိုကြည့်ရှုရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အသံအတိုင်း အင်္ဂလိပ်စာတန်းထိုးတွေကို ထည့်သွင်းနိုင်ဖိုံ Gogole ကနေ Android OS မှာ ထည့်သွင်းပေးထားပါတယ်။ အဲဒီလို တိုက်ရိုက်စာတမ်းထိုးစနစ်ကို ဖွင့်ပေးဖို့အတွက် Setting စနစ်ထဲကို ဝင်လိုက်ပါ။ ပြီးရင်တော့ Accessibility စနစ်ထဲကိုထပ်ဝင်ပေးပါ။ Accessibility စနစ်ထဲကိုရောက်ရင်တော့ Captions ဆိုတဲ့စာသားကိုတွေ့အောင်ရှာပြီး နှိပ်လိုက်ပါ။ အဲလိုဝင်လိုက်ရင်တော့ Captions ဆိုတဲ့စာသားဘေးနားက မှိန်နေတဲ့ ခလုတ်လေးကို အပြာရောင်ပုံစံ ပြောင်းသွားအောင် တစ်ချက်နှိပ်ပြီး ဖွင့်ပေးလိုက်ပါ။ အဲလိုဖွင့်လိုက်ပြီးရင်တော့ အပေါ်ပုံထဲကအတိုင်း ဘာသာစကား၊ ဖောင့်အရွယ်အစားတွေရွေးချယ်ပေးနိုင်ပါတယ်။ ဘာသာစကားမှာ မိမိရွေးချယ်ထားတဲ့ ဘာသာစကားကို Google translate ကနေ တိုက်ရိုက်ဘာသာပြန်ပြီး စာတန်းထိုးပေးမှာဖြစ်ပါတယ်။ မိမိအနေနဲ့ အဲလိုလုပ်ထားလိုက်ပြီဆိုရင်တော့ မိမိအနေနဲ့ ဖုန်းကနေ ဗီဒီယိုကြည့်ရှုတိုင်မှာ စာတမ်းကို ဖုန်းက […]

Read More
Laptop Review
Review

Google Pixelbook

ဈေးနှုန်း – ကန်ဒေါ်လာ ၁၁၉၉ အားသာချက် ပါးလွှာတဲ့ဒီဇိုင်း၊ မြန်ဆန်တဲ့ လက်ပ်တော့စွမ်းဆောင်ရည်၊ ဘက်ထရီစနစ်မှာ အားသွင်းမြန်တဲ့ fast-charging စနစ်ပါဝင်တာနဲ့ Display ပိုင်းကောင်းမွန်တာတွေအပြင် Stylus စနစ်က အသုံးပြုရတာ ကောင်းမွန်တာက ဒီလက်ပ်တော့ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက် ဈေးနှုန်းကြီးမြင့်မာတဲ့ ဘက်ထရီပိုင်းနဲ့ အသုံးပြုနိုင်မှုက ပုံမှန်ရှိသင့်တာထက် နည်းတာက ဒီလက်ပ်တော့ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။ Stylus Pen ကို လက်ပ်တော့နဲ့ တစ်ပါတည်းမဟုတ်ဘဲ သပ်သပ်ခွဲပြီး ရောင်းချတာကလည်း အပိုငွေ ထပ်မံကုန်ကျစေမှာဖြစ်ပါတယ်။ သုံးသပ်ချက် Google Pixelbook က Surface Pro နဲ့ MacBook Pro တွေနဲ့ ယှဉ်နိုင်လောက်တဲ့ ဒီဇိုင်း၊ high-end 2-in-1 လက်ပ်တော့တွေလိုမျိုး စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ Chromebook […]

Read More
News
Tech

Android တည်ထောင်သူ အန်ဒီရူဘင် ဦးဆောင်တဲ့ Enssential ကုမ္ပဏီ ပိတ်သိမ်း

Android တည်ထောင်သူ အန်ဒီရူဘင်တည်ထောင်တဲ့ မိုဘိုင်း startup ကုမ္ပဏီ Essential Products ရဲ့ အော်ပရေးရှင်းရပ်တန့်ပြီး ကုမ္ပဏီကို ပိတ်သိမ်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ Essential Products ကို ၂၀၁၇ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး Essential Phone ကိုကြေညာခဲ့ပါတယ်။ Essential ဟာ Google အမှုဆောင်ဟောင်းက Android စီမံကိန်းအပြီး မိုဘိုင်းဈေးကွက်ထဲ ဝင်ရောက်ဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီတန်ကြေးက ဒေါ်လာ ၁ ဘီလျံအထိ ရှိပြီး ပြင်ပငွေကြေးထောက်ပံ့မှု ဒေါ်လာသန်း ၃၃၀ အထိ ရရှိခဲ့ပါတယ်။ Essential Products ဟာ ၂၀၁၇ ခုနှစ်အတွင်း အဆင့်မြင့်စမတ်ဖုန်းတစ်လုံးကို ဖြန့်ချိခဲ့ပေမယ့် ကျရှုံးခဲ့ပါတယ်။ Essential ဟာ၂၀၁၉ ခုနှစ်မှာ ဒုတိယမြောက်ဖုန်းကိုလည်း အမြည်းမိတ်ဆက်ခဲ့ပြီး Project […]

Read More
News
Tech

Facebook မှ သတင်းတုဖော်ပြသေ ာရင်းမြစ်များ ဖော်ထုတ်ပိတ်ပင်ရာတွင် အရှေ့တောင်အာရှ ဆက်သွယ်ရေးကုမ္ပဏီများပါဝင်

Facebook ဟာ Instagram နဲ့ platform ပေါ်က သတင်းတုဖော်ပြတဲ့ ရင်းမြစ်တွေ ဖော်ထုတ်ပြီး ပိတ်ပင်လိုက်ပါတယ်။ ပိတ်ပင်လိုက်တဲ့ စာမျက်နှာတွေမှာ အရှေ့တောင်အာရှ ဆက်သွယ်ရေးကုမ္ပဏီတွေ ပါဝင်နေပါတယ်။ အရှေ့တောင်အာရှက ဆက်သွယ်ရေးကုမ္ပဏီတွေက ပြိုင်ဘက်ကို တိုက်ခိုက်ဖို့ သတင်းတုဖြန့်ချိတဲ့ စာမျက်နှာတွေကို အသုံးချပါတယ်။ အမျိုးသားရေးထက် စီးပွားရေးပြိုင်ဆိုင်မှုမှာ အသာရဖို့ သတင်းတုတွေကို အသုံးပြုကြပါတယ်။ Facebook ရဲ့လုံခြုံရေးပေါ်လစီအကြီးအကဲ ဖြစ်တဲ့ Nathaniel Gleicher ရဲ့ထုတ်ပြန်ချက်အရ မြန်မာက Mytel နဲ့ ဗီယက်နမ် Viettle လိုမျိုး နိုင်ငံပိုင် ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ သတင်းတုစာမျက်နှာတွေဆက်နွှယ်နေပါတယ်။ Facebook ဟာ စည်းမျဉ်းချိုးဖောက်တဲ့ account ၁၃ ခုနဲ့ စာမျက်နှာ ၁၀ ခု ပိတ်သိမ်းခဲ့ပါတယ်။ အဲဒီစာမျက်နှာတွေက အခြားကုမ္ပဏီတွေကို တိုက်ခိုက်ဖို့ […]

Read More
News
Tech

 WhatsApp အသုံးပြုသူ ၂ ဘီလျံအထိရှိလာ

၂၀၁၄ ခုနှစ်မှာ Facebook က WhatsApp ကို ဒေါ်လာ ၂၁.၈ ဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။ အဲဒီအချိန်က သုံးစွဲသူ သန်း ၅၀၀ ပဲရှိတဲ့ WhatsApp ကို အလွန်များပြားတဲ့ ငွေကြေးပမာဏနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် WhatsApp အသုံးပြုသူ ၄ ဆများပြားလာပြီ ဖြစ်ပါတယ်။ အခုအခါမှာ WhatsApp အသုံးပြုသူ ၂ ဘီလျံ အထိ ရှိလာပြီ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း WhatsApp သုံးစွဲသူအလွန်များပြားလာပြီး ၂၀၁၈ ခုနှစ်မှာ app အသုံးပြုသူ ၁ ဘီလျံရှိကာ ၂၀၁၈ ခုနှစ်မှာတော့ ၁.၅ ဘီလျံ ရှိလာပါတယ်။ WhatsApp ဟာ end-to-end encryption ကိုအသုံးပြုထားပြီး […]

Read More
Article

Unpacked ပွဲမှာ Samsung မိတ်ဆက်ခဲ့သမျှ ထုတ်ကုန်များ

Samsung ဟာ နှစ်စဉ် “Samsung Unpacked” အမည်ရ ပွဲကို ပြုလုပ်လေ့ရှိပါတယ်။ အဲဒီပွဲအတွက် မိုဘိုင်းလုပ်ငန်းရှင်တွေ၊ လေ့လာဆန်းစစ်သူတွေနဲ့ သတင်းထောက်ရာပေါင်းများစွာကို ဖိတ်ကြားလေ့ရှိပါတယ်။ Samsung ဟာ Unpacked ပွဲမှာ နောက်ဆုံးပေါ် flagship ထုတ်ကုန်တွေကို ထုတ်ဖော်ပြသလေ့ရှိပါတယ်။ Samsung ဟာ ၂၀၂၀ ခုနှစ်အတွက် Unpacked ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်ပါတယ်။ ပွဲအတွင်း zoom အဆ ၁၀၀ အထိဆွဲနိုင်တဲ့ ကင်မရာပါဝင်တဲ့ ဒေါ်လာ ၁,၄၀၀ တန် ခေါက်စမတ်ဖုန်းကို ပြသခဲ့ပါတယ်။ Samsung က Unpacked ပွဲအတွင်း မိတ်ဆက်ခဲ့သမျှ ထုတ်ကုန်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Galaxy Z Flip Samsung […]

Read More
News
Tech

ကရိုနာဗိုင်းရပ်စ်ကြောင့် MWC 2020 ပြပွဲ ဖျက်သိမ်း

ကမ္ဘာ့အကြီးဆုံး မိုဘိုင်းပြပွဲဖြစ်တဲ့ MWC 2020 ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ နှစ်စဉ် ဘာစီလိုနာမြို့မှာ ပြုလုပ်နေလေ့ရှီတဲ့ MWC ပြပွဲကို တာဝန်ယူကျင်းပတဲ့ GSMA အဖွဲ့အစည်းက ဒီနှစ် MWC ပြပွဲကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း ကရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် မိုဘိုင်းကုမ္ပဏီပေါင်းများစွာက ပွဲကနေ နုတ်ထွက်ခဲ့ကြပါတယ်။ “ကမ္ဘာတစ်ဝန်း ကရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအပေါ် စိုးရိမ်နေကြပြီး အခြားအခြေအနေတွေနဲ့ ခရီးသွားလာမှုအပေါ် စိုးရိမ်တကြီးဖြစ်နေတာကြောင့် GSMA အနေနဲ့ ပွဲကျင်းပဖို့ မဖြစ်နိုင်ပါဘူး” လို့ GSMA အမှုဆောင်အရာရှိချုပ် ဂျွန်ဟော့မန်းကထုတ်ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်လောက်က LG ဟာ MWC ပြပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ AT&T, Facebook နဲ့ Amazon အပါအဝင် နည်းပညာကုမ္ပဏီတွေက နှစ်စဉ်ကျင်းပနေကျ MWC ပြပွဲကနေ […]

Read More