Samsung ဟာပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက Galaxy M30 ကိုမိတ်ဆက်ခဲ့ပါတယ်။ စက်တင်ဘာလက M30s ကိုမိတ်ဆက်ထားတဲ့အတွက် ဒီနှစ်မှာတော့ M31 ကိုမိတ်ဆက်ပါမယ်။ Samsung ဟာ အိန္ဒိယအတွက် တရားဝင်ဝက်ဘ်ဆိုက်မှာ ဖေဖော်ဝါရီ ၂၅မှာ Galaxy M31 ကိုမိတ်ဆက်မယ်လို့ ဖော်ပြထားပါတယ်။ M31 ဖုန်းမှာ ကျောဘက်ကင်မရာ ၄လုံးပါဝင်ပြီး အဓိက ကင်မရာကတော့ 64MP ဖြစ်ပါတယ်။ ကျောဘက်မှာပဲ fingerprint sensor ပါဝင်လာပြီး ဘက်ထရီကတော့ 6,000mAh ဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ AMOLED ဖြစ်ပြီး ရှေ့ဘက်ကင်မရာကို […]
Read Moreပြီးခဲ့တဲ့အပတ်က Vivo အမှတ်တံဆိပ်ခွဲ iQOO ဟာ iQOO 3 5G စမတ်ဖုန်းကို အမြည်းပြသခဲ့ပါတယ်။ iQOO က Weibo ကတစ်ဆင့် UFS 3.1 storage ကိုမိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ UFS 3.1 ထောက်ပံ့ထားတဲ့ ထုတ်ကုန်တွေဟာ UFS storage ဆီ SSD နည်းပညာက SLC cache ပါဝင်လာပြီး ပိုမိုအဆင့်မြင့်လာစေပါတယ်။ အခုဆိုရင် iQOO က Weibo ကနေ အမြည်းမိတ်ဆက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ဖုန်းဒီဇိုင်းကို ပြသခဲ့ပါတယ်။ ပိုစတာအရ iQOO 3 5G ဖုန်း ညာဘက်မှာ အသံအတိုး၊ အကျယ်ခလုတ်နဲ့ အနီရောင်ပါဝါခလုတ်တို့အပြင် ဖုန်းထောင့်မှာ touch-sensitive ခလုတ်လည်းပါဝင်လာနိုင်ပါတယ်။ iQOO 3 […]
Read Moreပြည်တွင်းက အဝေးပြေးကားဂိတ်ပေါင်း ၁၇၀ ကျော်က ကားဂိတ်ဖုန်းနံပါတ်တွေကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ မိမိသွားလိုတဲ့ နေရာဒေသကို ရိုက်ထည့်လိုက်ရုံနဲ့ သွားရောက်နိုင်တဲ့ကားဂိတ်တွေကို ကြည့်ရှုနိုင်မှာြဖစ်ပြီး ကားဂိတ်တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေ ရှာဖွေကြည့်ရှုနိုင်အောင် ဖန်တီးထားပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read Moreတရုတ်နိုင်ငံက ကရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူကို သိနိုင်မယ့် app တစ်ခုကို ဖြန့်ချိခဲ့ပါတယ်။ အခု app က ဗိုင်းရပ်စ်ရှိသူ ဒါမှမဟုတ် ဗိုင်းရပ်စ်ရှိကြောင်း သံသယရှိသူ အနီးတဝိုက်မှာ ရှိနေတာကို သုံးစွဲသူကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရတဲ့ သုံးစွဲသူဆိုရင် အိမ်ထဲမှာပဲ နေထိုင်ဖို့နဲ့ ဒေသတွင်း ကျန်းမာရေးအာဏာပိုင်တွေဆီ သတင်းပေးပို့ဖို့ အကြံပေးသွားမှာ ဖြစ်ပါတယ်။ အခုနည်းပညာက တရုတ်အစိုးရရဲ့ လူဦးရေအပေါ် အနီးကပ်စောင့်ကြည့်မှုကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အခု app ကိုအသုံးပြုမယ်ဆိုရင် Alipay လိုမျိုးငွေပေးချေဝန်ဆောင်မှု ဒါမှမဟုတ် WeChat လိုမျိုး app တွေအသုံးပြုပြီး စမတ်ဖုန်းပေါ်က QR code ကို scan လုပ်ရပါမယ်။ App အသစ်မှာ ဖုန်းနံပါတ်နဲ့ စာရင်းသွင်းပြီးတဲ့အခါ သုံးစွဲသူတွေက အမည်နဲ့ […]
Read MoreChrome သုံးစွဲသူတွေအတွက် မလုံခြုံတဲ့ download တွေကို ပိတ်ပင်သွားမယ်အစီအစဉ်ကို Google က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ “Chrome ဟာ လုံခြုံတဲ့ (HTTPS) စာမျက်နှာက လုံခြုံစိတ်ချရတဲ့ ဖိုင်တွေကိုပဲ download ပြုလုပ်ခွင့်ပေးသွားမယ့် အကြောင်း ကျွန်တော်တို့ ကြေညာပါတယ်” လို့ Chrome လုံခြုံရေးအဖွဲ့က ဂျိုးဒီဘလာစီယိုက blog post မှာရေးသားခဲ့ပါတယ်။ “မလုံခြုံတဲ့ download ဖိုင်တွေက သုံးစွဲသူ လုံခြုံရေးနဲ့ တစ်ကိုယ်ရေအချက်အလက်ကို အန္တရာယ်ဖြစ်စေပါတယ်။ မလုံခြုံတဲ့ download ပရိုဂရမ်တွေကလည်း တိုက်ခိုက်သူတွေအတွက် malware ကိုလဲလှယ်ထည့်သွင်းနိုင်ပြီး အချက်အလက်ခိုးယူသူတွေကလည်း သုံးစွဲသူရဲ့ ဘဏ်အကောင့်ကို ကြည့်ရှုနိုင်ပါတယ်” ဧပြီလအတွင်း ထွက်ရှိမယ့် Chrome 82 ကစတင်ပြီး သုံးစွဲသူတွေ လုံခြုံတဲ့ဝက်ဘ်ဆိုက်ကနေ content အမျိုးမျိုးကို […]
Read Moreစမတ်နာရီလိုမျိုး ထုတ်ကုန်တွေက မှတ်ဉာဏ်မေ့ရောဂါ အစောပိုင်းလက္ခဏာတွေကို ခြေရာခံပေးနိုင်ပါမယ်။ အဲဒီထုတ်ကုန်တွေကို ဗြိတိန်လူမျိုး တစ်သန်းနဲ့ စမ်းသပ်သွားမယ်လို့ သိရပါတယ်။ ဘီလ်ဂိတ်နဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်တို့က ပေါင်သန်း ၁၀၀တန် စီမံကိန်းကို ထောက်ပံ့ထားပါတယ်။စမတ်လက်ပတ်ထုတ်ကုန်တွေက artificial intelligence အသုံးပြုပြီး မှတ်ဉာဏ်မေ့လျော့ရောဂါ ခြေရာခံမှုကို တော်လှန်ပြောင်းလဲနိုင်ပါတယ်။ စမတ်ထုတ်ကုန်တွေက စကားပြောဆိုတာ၊ ကြွက်သားလှုပ်ရှားမှုနဲ့ အိပ်စက်မှုလိုမျိုး အညွှန်း ၃၀ကျော်ကို စောင့်ကြည့်ပေးပါတယ်။ ၃ နှစ်အတွင်း အစိုးရရဲ့ ရောဂါရှာဖွေမှုအရှိန်မြှင့်တင်ရေး စီမံကိန်းအဖြစ် ရှေ့ပြေးပုံစံလက်ပတ်ကို အသက် ၄၀ ကျော် ဗြိတိန်နိုင်ငံသား တစ်သန်း ဝတ်ဆင်စေမယ်လို့ The Times ဖော်ပြခဲ့ပါတယ်။ အခုထုတ်ကုန်က အယ်ဇိုင်းမားနဲ့ မှတ်ဉာဏ်မေ့လျော့တဲ့ ရောဂါပုံစံအမျိုးမျိုး အစောပိုင်း ကုသကာကွယ်မှုနဲ့ ကူညီပေးနိုင်ပါတယ်။ မှတ်ဉာဏ်မေ့လျော့ရောဂါက လက္ခဏာမပြသခင် နှစ် […]
Read MoreMotorola ဟာ လူအများစိတ်ဝင်စားနေကြတဲ့ ခေါက်စမတ်ဖုန်း ရွှေရောင် Razr ကိုရောင်းချမယ်လို့ အတည်ပြုလိုက်ပါတယ်။ ရွှေရောင် Razr ဖုန်းကို နွေရာသီမှာ ရောင်းချမယ်လို့ သိရပါတယ်။ လက်ရှိမှာ Motorola ကအနက်ရောင် Razr ကိုဒေါ်လာ ၁,၄၉၉ နဲ့ရောင်းချနေပြီး မှာယူမှုအသစ်တွေကို မတ် ၃ရက်မှာ ပေးပို့ပါမယ်။ Motorola ကရွှေရောင် Razr ဘယ်လောက်ကျသင့်မလဲဆိုတာ မထုတ်ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ အနက်ရောင် Razr ထက်ဈေးနှုန်းမြင့်မားဖွယ် မရှိပါဘူး။ ရွှေရောင် Razr ရဲ့အသေးစိတ်အချက်အလက်တွေ အနက်ရောင် Razr နဲ့တူညီပြီး Snapdragon 710 ပရိုဆက်ဆာ ပါဝင်လာပါမယ်။ ဖုန်းရဲ့၆.၂လက်မအရွယ်ရှိ ခေါက်နိုင်တဲ့ ပလတ်စတစ် OLED panel ဟာကွေးနိုင် ခေါက်နိုင်အောင် ပြုလုပ်ထားတယ်လို့ Motorola ထုတ်ပြန်ခဲ့ပါတယ်။ […]
Read MoreXiaomi Mi 10 နဲ့ Mi 10 Pro ကိုတော့ ဖေဖော်ဝါရီ ၁၃ ရက်မှာ မိတ်ဆက်ပါမယ်။ Xiaomi ရဲ့ထုတ်ကုန်သစ်တွေ မိတ်ဆက်မဆက်ခင်မှာတော့ ကြော်ငြာပိုစတာ ထွက်ပေါ်လာပါတယ်။ ကင်မရာ ၄လုံးပါဝင်တဲ့ အပြာရောင်ဖုန်းပုံကတော့ Mi 10 Pro ဖြစ်ပြီး အစိမ်းရောင် ဖုန်းကတော့ Mi 10 ဖြစ်နိုင်ပါတယ်။ Mi 10 ကျောဘက်ကင်မရာမှာ ကင်မရာ ၄လုံးပါဝင်ပေမယ့် Mi 10 Pro လိုမျိုး sensor တော့မပါဝင်လာပါဘူး။ဖုန်းရဲ့ ရှေ့ဘက်ခြမ်း ဘယ်ဘက်ထိပ်မှာတော့ punch hole နဲ့အတူ display တစ်ခုနဲ့ ဖုန်းအနားစွန်းကွေး ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဓာတ်ပုံထဲမှာ Mi 10 ဖုန်းအသေးစိတ်အချက်အလက် အနည်းငယ်ကို […]
Read Moreကမ္ဘာတစ်ဝန်းက လူတွေဟာ ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရဖို့ စိုးရိမ်ပူပန်နေကြပါတယ်။ ကရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လူတွေ သိချင်နေတဲ့ မေးခွန်းတွေကို ဖြေကြားပေးနိုင်တဲ့ စက်ရုပ် တိုင်းစကွဲမှာ ရှိပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်စီးတီး၊ မက်ဟန်တန်က တိုင်းစကွဲမှာ ၅ပေ မြင့်မားတဲ့ Promobot ကတော့ ကရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အကြံပေးနိုင်ပါတယ်။ တိုင်းစကွဲအနီးအနားဖြတ်သန်းသွားသူတွေက Promobot အနား ရပ်တန့်ပြီး မေးခွန်းတွေ မေးကြပါတယ်။ စက်ရုပ်ရဲ့ ရင်ဘတ်မှာ ထည့်သွင်းထားတဲ့ iPad လိုမျိုး touch screen ထဲ မေးခွန်းတွေ ရိုက်ထည့်ပြီး စက်ရုပ်နဲ့အပြန်အလှန်ပြောဆိုနိုင်ပါတယ်။ Promobot ကို ဖီလာဒယ်ဖီးယားမြို့အခြေစိုက် startup ကုမ္ပဏီတစ်ခုက ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကို ရုရှားအဖွဲ့တစ်ခုက စီမံခန့်ခွဲပြီး လုပ်ငန်းတွေအတွက် အလိုအလျောက် ဝန်ဆောင်မှုစက်ရုပ်တွေ ဖန်တီးပေးပါတယ်။ […]
Read Moreရန်ကုန်စီးပွားရေး တက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန၊ MBA Program ရဲ့ “25th Anniversary Silver Jubilee of MBA Program” အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်တွေမှာ နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ ပတ္တမြားဆောင်ခြံဝန်းအတွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read MoreCopyright © 2021 | Internet Journal