Day: February 3, 2020

Samsung ခေါက်စမတ်ဖုန်း Galaxy Z Flip ဗီဒီယိုထွက်ပေါ်လာ

Samsung ဟာ ဒီလအတွင်း ခေါက်စမတ်ဖုန်းသစ် တစ်မျိုးကို မိတ်ဆက်ဖို့ရှိပါတယ်။ အခုဆိုရင် အွန်လိုင်းမှာ Galaxy Z Flip ရဲ့ပထမဆုံး hands-on ဗီဒီယို ထွက်ပေါ်လာပါတယ်။ ဗီဒီယိုကို Ben Gesking ဆိုသူက Twitter ကတစ်ဆင့် တင်ခဲ့ပြီး ဖုန်းကို ပြသထားပါတယ်။ Galaxy Z Flip ဖုန်းမှာ “ultra-thin glass” ပုံစံတစ်မျိုးကို အသုံးပြုထားဖွယ်ရှိပါတယ်။ ဖုန်းပုံစံက အလွယ်တကူ အိတ်ကပ် ဒါမှမဟုတ် လက်ကိုင်အိတ်ထဲ ထည့်သွင်းထားနိုင်ပါတယ်။ Motorola ရဲ့အသစ်ထွက်ရှိမယ့် Razr နဲ့လည်း ဆင်ပါတယ်။ Galaxy Z Flip ကို ဖေဖော်ဝါရီ ၁၁ ရက်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်မယ့် Samsung ရဲ့Unpacked ပွဲအတွင်း […]

Read More

အကောင်းဆုံး ဓာတ်ပြားဖွင့်စက် (၇) ခု

အခုစာရင်းမှာ ဖော်ပြထားတဲ့ ဓာတ်ပြားဖွင့်စက်တွေကို ဒီဂျေတွေ၊ အသံသွင်း ဓာတ်ပြားစတိုး ပိုင်ဆိုင်တွေနဲ့ ဓာတ်ပြားစုဆောင်းရသူ အပါအဝင် ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးပြီး The Strategist က ရွေးချယ်ထားတာ ဖြစ်ပါတယ်။ အကောင်းဆုံး ဓာတ်ပြားဖွင့်စက် (၁) Audio-Technica AT-LP 120X Audio-Technica AT-LP 120X ထုတ်ကုန်ရဲ့ အဓိက feature ကတော့ သံလိုက်နဲ့ထောက်ပံ့ထားတဲ့ direct drive ပါဝင်လာပါတယ်။ အဲဒီ direct drive ကို ပရော်ဖက်ရှင်နယ် ဓာတ်ပြားဖွင့်စက်တွေမှာ တွေ့ရတတ်ပါတယ်။ အခု feature ကတော့ မော်တာနဲ့ထောက်ပံ့ထားတဲ့ အစားထိုးနိုင်တဲ့ စက်ခါးပတ်ကြိုး belt drive နဲ့မတူပါဘူး။ Direct drive ကိုထိန်းသိမ်းမှု ပြုလုပ်ရခဲပါတယ်။ Direct drive […]

Read More

၂၄ ပစ္စည်း ပဋ္ဌာန်း

ဗုဒ္ဓဘာသာဝင်များအတွက် ပဋ္ဌာန်း ၂၄ ပစ္စည်း ပါဠိတော်ကို အသံထွက်နဲ့ အလွယ်တကူ နာကြားရွတ်ဖတ် ပူဇော် ကုသိုလ်ပွားများနိုင်စေမယ့် App ဖြစ်ပါတယ်။ ပဋ္ဌာန်းကို အကျယ် အကျဉ်း မြန်မာပြန်နဲ့တကွ ရွတ်ဖတ်နိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android Ver 1.1နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ Download လုပ်ပါ။  

Read More

လုပ်ငန်းခွန်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အတွက်သင်တန်းသားများ ခေါ်ယူ

၂၀၂၀ ပညာသင်နှစ်အတွက် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ် ၇/၂၀ ကို ပညာရေးကောလိပ်မှာ ဧပြီ ၁ ရက်တွင် ဖွင့်လှစ်မှာဖြစ်တဲ့အတွက် သင်တန်းသားလျှောက်လွှာတွေ ခေါ်ယူနေပြီဖြစ်ပါတယ်။ သင်တန်းဝင်ခွင့်လျှောက်ထားသူတွေဟာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူ၊ ပြင်ပဘွဲ့ရများအတွက် မတ် ၃၁ ရက်မှာ အသက် ၃၀ နှစ်ထက်မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲရဲ့ ခွင့်ပြုချက် စတာတွေကို တင်ပြရမှာ ဖြစ်ပါတယ်။ လျှောက်ထားသူတွေအနေနဲ့ အင်္ဂလိပ်စာ၊ ပညာရေးဆိုင်ရာ ဗဟုသုတရေးဖြေစာမေးပွဲကို ပညာရေးကောလိပ်များမှ သတ်မှတ်ထားတဲ့ စာဖြေဌာနတွေမှာ ဖြေဆိုရမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်ရဘူးလို့ သိရပါတယ်။ လျှောက်လွှာကို ဖေဖော်ဝါရိ ၁၁ ရက်ထက်နောက်မကျဘဲ မိမိနေထိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပညာရေးကောလိပ်တွေမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။ […]

Read More

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သံသယရှိတဲ့ account ၂၄၀ကျော်ကို Uber ပယ်ဖျက်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုတွေကို ကမ္ဘာတစ်ဝန်း ခံစားနေရပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ယာဉ်မောင်းတွေက ကိုရိုနာဗိုင်းရပ်စ်ရှိသူတွေနဲ့ ထိတွေ့မှုရှိနိုင်တာကြောင့် Uber က အခြေအနေတစ်ခု ဖန်တီးပေးလိုက်ပါတယ်။ Uber အနေနဲ့ မက္ကဆီကိုမြို့တော်အတွင်း ယာဉ်မောင်းတွေနဲ့ ခရီးသွားလာခဲ့တဲ့ account ၂၄၀ ကို ပိတ်ပင်လိုက်ပါတယ်။ Uber အနေနဲ့ twitter မှာထုတ်ပြန်ချက်ကြေညာခဲ့ကာ ဖြစ်ရပ်နဲ့ပတ်သက်ပြီး သုံးစွဲသူတွေကို အသိပေးခဲ့ပါတယ်။ မက္ကဆီကိုမြို့တော်ရဲ့ ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သံသယရှိတဲ့ ယာဉ်မောင်းတစ်ဦးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို Uber ကလက်ခံရရှိခဲ့ပါတယ်။ Uber အနေနဲ့ ရောဂါရှိသူနဲ့ ဆက်သွယ်ခဲ့တဲ့ ယာဉ်မောင်း ၂ ဦးရဲ့ သတင်းအချက်အလက်ကို ကျန်းမာရေးဌာနကို ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် Uber ကယာဉ်မောင်း ၂ ဦးနဲ့ ခရီးသွားလာခဲ့တဲ့ […]

Read More

တရုတ်နိုင်ငံက ရုံးနဲ့ စတိုးတွေ အားလုံးကို ဖေဖော်ဝါရီ ၉ရက်အထိ Apple ပိတ်မည်

Apple ဟာတရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကြောင့် တရုတ်ပြည်မကြီးမှာ ဖေဖော်ဝါရီ ၉ရက်အထိ ကော်ပိုရိတ်ရုံး၊ စတိုးနဲ့ ဆက်သွယ်ရေးစင်တာတွေအားလုံးကို ပိတ်သွားပါမယ်။ အဲဒီထုတ်ပြန်ချက်ကို Bloomberg ကဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာအများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်ကြေညာထားပါတယ်။ နှစ် ၅၀အတွင်း အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် လိုက်နာရမယ့် CDC သီးသန့်ဇုန်ကို ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံက ပြန်လာတဲ့ နိုင်ငံခြားသားကို ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် နိုင်ငံထဲဝင်ရောက်လာတဲ့ လေယာဉ်အားလုံး ယာယီရပ်ဆိုင်းထားဖို့ လေကြောင်းလိုင်းတွေကို ဖိအားပေးထားပါတယ်။ Foxconn ကစီမံခန့်ခွဲတဲ့ Apple ရဲ့တရုတ်စက်ရုံတွေလည်း ပိတ်သိမ်းပြီး စက်ရုံလုပ်သားတွေ ရပ်နားထားမလားဆိုတာ မသိပါဘူး။ တရုတ်နိုင်ငံအတွင်းက ဂိမ်းစက်တွေထုတ်လုပ်တဲ့ Nintendo က ကိုရိုနာဗိုင်းရပ်စ်ကြောင့် Nintendo Switch ဂိမ်းစက်ထုတ်လုပ်မှု ထိခိုက်နေတယ်လို့ […]

Read More