Month: February 2020

Microsoft
Tech

Android အတွက် all-in-one Office app ကို Microsoft ဖြန့်ချိ

Microsoft ဟာ Office app တွေစုစည်းပေးထားတဲ့ Android app beta စမ်းသပ်မှုအပြီး ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ app မှာ Word, Powerpoint နဲ့ Excel တို့ပါဝင်ပြီး သီးခြား download လုပ်စရာမလိုဘဲ အသုံးပြုနိုင်ပါမယ်။ ဒါ့အပြင် OneDrive ပေါင်းစပ်မှုနဲ့ Office Lens အသုံးပြုပြီး စာရွက်စာတမ်းတွေကို သိမ်းဆည်းနိုင်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ Micrsooft က app preview ကိုမပြသခင် ၂၀၁၉ အစောပိုင်းမှာ အမြည်းမိတ်ဆက်ထားပါတယ်။ နောက်ပိုင်းမှာ Microsoft ကအစီအစဉ်ကို ရပ်ဆိုင်းခဲ့ပေမယ့် app ရဲ့ APK ဖိုင်တွေကတော့ ပေါက်ကြားထွက်ပေါ်လာပါတယ်။ မိုဘိုင်းပေါ်က Microsoft Office ဟာ လူသုံးအများဆုံး app […]

Read More
Huawei
Tech

Huawei အတွက် ချစ်ပ်ထုတ်လုပ်မှုရပ်တန့်ဖို့ TSMC ကို အမေရိကန်ဖိအားပေး

ထရမ့်အစိုးရဟာ Huawei ကိုချေမှုန်းဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ TSMC က Huawei အတွက် ချစ်ပ်တွေ ထုတ်လုပ်မှုကို ရပ်တန့်ဖို့ အမေရိကန်က ဖိအားပေးနေပါတယ်။ TSMC ဟာ ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီ ဖြစ်ပေမယ့် ကုမ္ပဏီမှာ အမေရိကန် ထုတ်လုပ်ရေးပစ္စည်းတွေကိုပဲ အသုံးပြုနေပါတယ်။ အမေရိကန်ကုန်သွယ်ရေးရဲ့ နိုင်ငံရပ်ခြားဆီ တိုက်ရိုက် ထုတ်ကုန်ရောင်းချမှု စည်းမျဉ်း အပြောင်းအလဲအရ အမေရိကန်နည်းပညာ အသုံးပြုတဲ့ ကုမ္ပဏီတွေ Huawei ဆီ ပစ္စည်းရောင်းချဖို့ လိုင်စင်လျှောက်ထားရမှာ ဖြစ်ပါတယ်။ TSMC ဟာ Huawei Kirin ချစ်ပ်တွေရဲ့အဓိက ထောက်ပံ့သူဖြစ်ပါတယ်။ တကယ်လို့ အခုစည်းမျဉ်းက အတည်ပြုဖြစ်ရင်တော့ အမေရိကန်နည်းပညာ မပါဘဲ ချစ်ပ်တွေ ထုတ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။ တရုတ်နိုင်ငံအတွင်းက ထုတ်လုပ်ရေးကုမ္ပဏီကတော့ အမေရိကန်က စက်ပစ္စည်းကို အသုံးမပြုပါဘူး။ […]

Read More
Tech

အနာဂတ် 5G ဖုန်းတွေမှာ မြင်တွေ့ရမယ့် Qualcomm X60

Qualcomm ဟာ ကြိုးမဲ့လှိုင်းအမျိုးမျိုးကို ထုတ်လွှင့်ပြီး လာမယ့်နှစ်အတွင်း အသစ်ထွက်ရှိမယ့် 5G ဖုန်းရဲ့ ပျှမ်းမျှမြန်နှုန်းကို မြှင့်တင်ဖို့ modem သစ်ကို မိတ်ဆက်လိုက်ပါတယ်။ Qualcomm ဟာ Snapdragon X60 5G modem ကိုထုတ်ဖော်ပြသလိုက်ပါတယ်။ X60 ကို 5 nanometer နည်းပညာနဲ့ ဖန်တီးထားပါတယ်။ ဒါကြောင့် စွမ်းအင်အသုံးပြုမှုနည်းပါးပြီး ထုတ်ကုန်တွေကို ပိုမိုမြန်ဆန်စေပါတယ်။ X60 မတိုင်မီက ထွက်ရှိခဲ့တဲ့ X55 လိုမျိုး 2G ကနေ 5G ကွန်ရက်တွေအထိ အသုံးပြုနိုင်ပါတယ်။ X60 ဟာ အလွန်အမင်း မြန်နှုန်းမမြင့်ပေမယ့် 5G ကွန်ရက်တွေမှာ အချက်အလက်တွေကို 7.5 Gbps အထိ download လုပ်ကာ အချက်အလက်တွေကို 3 Gbps […]

Read More
Mobile
Tech

ဒီဇိုင်းသစ် TCL ရှေ့ပြေးပုံစံ ခေါက်စမတ်ဖုန်း

TCL ဟာ ပျော့ပျောင်းတဲ့ မျက်နှာပြင်တွေကို slide လုပ်ပြီး ဖြန့်နိုင်မယ့် ရှေ့ပြေးပုံစံ ဖုန်းအသစ်ကို ဖန်တီးနေပါတယ်။ TCL ဟာ ခေါက်နိုင်တဲ့ concept ကိုယ်ပိုင်ဖုန်းတွေကို ဖန်တီးနေပြီး Galaxy Z Flip နဲ့ Motorola Razr လိုမျိုး ခေါက်စမတ်ဖုန်းသစ်ထွက်ရှိဖို့ ကြိုးပမ်းနေပါတယ်။ TCL ခေါက်စမတ်ဖုန်းဒီဇိုင်းက သမားရိုးကျဖုန်းနဲ့ ဆင်ပေမယ့် ဖုန်းကို tablet အဖြစ် အသွင်ပြောင်းနိုင်ဖို့ ဆွဲထုတ်ရပါမယ်။ TCL ဟာ concept ဖုန်းကို ဒီလမှာ ပြုလုပ်မယ့် Mobile World Congress ပြပွဲမှာ ပြသဖို့ စီစဉ်ထားခဲ့ပါတယ်။ MWC ပွဲဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေမှုကြောင့် ဖျက်သိမ်းထားပါတယ်။ ဓာတ်ပုံတွေအရ TCL concept ဖုန်းဒီဇိုင်းမှာ display […]

Read More
Education

၁၈ လအရွယ်မှ စတင်တက်ရောက်နိုင်မည့် နွေရာသီအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်

အသက် ၁၈ လအရွယ်မှစတင်ကာ ၁၀ နှစ်အထိ ကလေးငယ်များတက်ရောက်နိုင်တဲ့ နွေရာသီအင်္ဂလိပ်စာ သင်တန်းကို Pingu’s English International Kindergarten မူကြိုကျောင်းမှ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ သင်တန်းကို မတ် ၁၆ ရက်မှစတင်ကာ တနင်္လာမှသောကြာအထိ တက်ရောက်နိုင်မှာဖြစ်ပြီး သင်တန်းချိန်မှာ နံနက် ၉ နာရီ မှ ၁၂ နာရီနဲ့ နေ့လည် ၁ နာရီမှ ၄ နာရီအထိ ဖြစ်ပါတယ်။ အဆိုပါ Summer School မှာ ကလေးငယ်များရဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာအောင် မွမ်းမံပေးခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်အောင် ပြုလုပ်ပေးခြင်း၊ ကလေးငယ်များရဲ့စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ဆောင်ရွက်ပေးခြင်း အစရှိတဲ့ အစီအစဉ်များ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Second Language များ သင်ကြားရုံတင်မကဘဲ […]

Read More
Local

အမေရိကန်ဒေါ်လာ ငါးသောင်းကျော်ချီးမြှင့်မည့် Mobile Legends: Bang Bang Professional League Season 4 ကို မတ်လတွင်ကျင်းပမည်

Moonton မှ Mobile Legends: Bang Bang Professional League Myanmar Season 4 ကို ယခုလတွင် စတင်ကျင်းပမှာဖြစ်ပြီး ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Mobile Legends: Bang Bang တီထွင်ဖန်တီးသူ Moonton, ပွဲစီစဉ်ဆောင်ရွက်သူ Game Cast Network Myanmar (GCN) နဲ့ အဓိက စပွန်ဆာတွေဖြစ်တဲ့ Telenor Myanmar နဲ့ OPPO Myanmar တို့မှ ပူးပေါင်းကျင်းပမယ့် MPL MM-S4 ရဲ့ လက်ရည်စစ်ပွဲ ပထမအဆင့်ကို မတ် […]

Read More
Local

Ericsson မှ AI စွမ်းအင်အသုံးပြုထားသည့် အခြေခံအဆောက်အအုံလုပ်ငန်းများကို စတင် မိတ်ဆက်

Ericsson (NASDAQ: ERIC) မှ OPEX နဲ့ CO2 ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်တဲ့ AI အခြေပြု စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံလုပ်ငန်း လည်ပတ်ခြင်းစနစ်ကို ယခုလမှာ စတင်မိတ်ဆက်ပေးခဲ့ပြီး အဆိုပါစနစ်မှာ စွမ်းအင်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် solution အသစ်တစ်ခုဖြစ်ကာ လူလုပ်မှတ်ဉာဏ်တုစနစ်နဲ့ အဆင့်မြင့်အချက်အလက်များ ခွဲခြမ်းစိတ်ဖြာမှုအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသူများက ၎င်းတို့ရဲ့ ကွန်ရက်အဆောက်အအုံများမှတစ်ဆင့် လုံလောက်တဲ့ စွမ်းအင်ပမာဏရရှိစေခြင်းတို့အတွက် အဆင့်မြှင့်တင်ပေးထားတဲ့ စနစ်ဖြစ်တယ်လို့ သိရပါတယ်။ Ericsson ရဲ့ Head of Business Area Managed Services ဖြစ်သူ Peter Laurin က “ကျွန်တော်တို့အနေနဲ့ ကတော့ ဖောက်သည်တွေအတွက် သူတို့ရဲ့ ဆိုက်တွေမှာ စွမ်းအင်အသုံးပြုမှုတွေကို လျော့နည်းနိုင်သမျှ နည်းအောင် လုပ်ဖို့ အဓိက ရည်ရွယ်တာဖြစ်သလို […]

Read More
Samsung
Tech

ဇူလိုင်လမှာ under display ကင်မရာပါဝင်တဲ့ Galaxy Fold 2 ကို Samsung ရောင်းချနိုင်

ပြီးခဲ့တဲ့အပတ်က Samsung ဟာ ကုမ္ပဏီရဲ့ဒုတိယမြောက်ခေါက်စမတ်ဖုန်း Galaxy Z Flip ကို မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာလည်း Samsung ဟာ Galaxy Fold ဗားရှင်းတစ်မျိုးကို ထုတ်လုပ်ဖို့ ပြင်ဆင်တယ်လို့ သတင်းတွေကဖော်ပြလာကြပါတယ်။ ကိုရီးယားသတင်းဌာန Ajunews နဲ့ Display Supply chain Consultants (DSCC) တည်ထောင်သူ ရော့စ်ယန်းတို့က Galaxy Fold 2 အကြောင်းကို ပြောခဲ့ကြပါတယ်။ Samsung ဟာ စီမံကိန်းအမည် Champ နဲ့ Galaxy Fold 2 ကိုလုပ်ကိုင်နေပါတယ်။ ထုတ်ကုန်သစ်မှာ မျက်နှာပြင်အရွယ်အစားက ၇.၇ လက်မအထိ ရှိလာပါမယ်။ Samsung ဟာ notch မပါဝင်တဲ့ display အသုံးပြုဖို့ under display […]

Read More
Local

SIM Card မှတ်ပုံတင်ရေး ပြည်သူများပူးပေါင်းပါဝင်ရန် နိုင်ငံတော်အတိုင်ပင်ခံတိုက်တွန်း

ပြည်သူတွေအနေနဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် နေပြည်တော် MICC 2 မှာ ကျင်းပတဲ့ 4th eGOVERNMENT Conference ICT Exhibition အခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ လူတိုင်းနီးပါး စမတ်ဖုန်းတွေကို သုံးလာနိုင်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်လာနိုင်သလို ရောင်းတာဝယ်တာတွေပါ ဆောင်ရွက်လုပ်ဆောင်လာနိုင်ကြောင်း၊ နေ့စဉ်လူမှုဘဝတော်တော်များများကို ဖုန်းတွေနဲ့ မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေ ဆောင်ရွက်နိုင်လာတာတွေ့ရမှာဖြစ်ကြောင်း၊ အွန်လိုင်းဝန်ဆောင်မှုတွေကို သုံးစွဲကြတဲ့အခါမှာ မိုဘိုင်းဖုန်းနံပါတ်ကိုအသုံးပြုပြီးတော့ မှန်ကန်ကြောင်းကို ပြုလုပ်ကြရကြောင်း၊ ဒီလိုအသုံးပြုကြတဲ့အခါမှာ မိမိဖြစ်ကြောင်း မဖော်ဘဲ၊ မပြောဘဲ အဖျက်အမှောက်လုပ်ငန်း ဆောင်ရွက်လိုသူတွေက ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ရဲ့အားနည်းချက်ကိုအသုံးချပြီး သတင်းတုသတင်းမှားတွေ ဖြန့်ဝေခြင်း၊ အမုန်းစကားတွေဖြန့်ဝေခြင်း၊ ဆိုက်ဘာပြစ်မှုကျူးလွန်ခြင်း စတာ တွေကို ကျူးလွန်နေကြကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်တွေကို ထိန်းကျောင်းဖို့အတွက် […]

Read More
LG
Tech

ဈေးသက်သာတဲ့ K စီးရီး စမတ်ဖုန်းမှာ 48-megapixel ကင်မရာ LG ထည့်သွင်း

LG ဟာ ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်း K စီးရီးစမတ်ဖုန်းသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ LG ရဲ့ K စီးရီးဖုန်းသစ်တွေဖြစ်တဲ့ K61, K51S နဲ့ K41S အတွက် ကျောဘက်ကင်မရာ ၄ လုံးနဲ့ ရုပ်ထွက်အရည်အသွေးမြင့် အဓိက ကင်မရာ၊ depth sensor နဲ့ macro lens တို့ပါဝင်လာပါတယ်။LG ရဲ့ K61 စမတ်ဖုန်းဟာ 48-megapixel အဓိက ကင်မရာ ပါဝင်လာတဲ့ ပထမဆုံး LG စမတ်ဖုန်းဖြစ်လာပါတယ်။ LG G8 ThinQ လိုမျိုး 12-megapixel မှန်ဘီလူးကိုလည်း K61 မှာထည့်သွင်းထားပါတယ်။ K51S ဖုန်းမှာတော့ အဓိကကင်မရာ 32-megapixel ပဲပါဝင်လာပါတယ်။ K61 ဖုန်းမျက်နှာပြင် အရွယ်အစား ၆.၅ […]

Read More