တရုတ်-မြန်မာ ဘာသာပြန် App အနေနဲ့သာမကဘဲ အဘိဓာန်အနေနဲ့ပါ အသုံးပြုနိုင်မယ့် App ဖြစ်ပါတယ်။ တရုတ်-မြန်မာ၊ မြန်မာ-တရုတ် ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး ဝေါဟာရအဓိပ္ပာယ်တွေကို အသံနဲ့ ရှာဖွေနိုင်အောင် ဖန်တီးထားပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read MoreFast Wireless Charging 2.0 ဆိုတာ Samsung ရဲ့ ကြိုးမဲ့အားသွင်းစနစ် အသစ်တစ်ခု ဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ် Wireless Charging နည်းပညာကို ယခုနောက်ပိုင်း ထွက်ရှိလာတဲ့ မိုဘိုင်းထုတ်ကုန်တွေမှာ တွင်ကျယ်စွာ ထည့်သွင်း အသုံးပြုလာပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ဆိုတာကတော့ ဝါယာကြိုးတွေနဲ့ ပလပ်ခေါင်း အသုံးပြုစရာမလိုဘဲ မိုဘိုင်းထုတ်ကုန်တွေရဲ့ ဘက်ထရီအားကို အလွယ်တကူ အားပြန်သွင်းနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပြီး ဒီနည်းပညာက ထုတ်ကုန်ပစ္စည်းတွေကို ဝါယာကြိုးတွေ ရှုပ်ထွေးမှုမရှိဘဲ အားသွင်းနိုင်တဲ့အပြင် လျှပ်စစ်အန္တရာယ်ကင်းစွာနဲ့ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ ဒီစနစ်ကအသုံးပြုထားတဲ့ မိုဘိုင်းထုတ်ကုန်ကို အားသွင်းစက်ပေါ်ကို တင်ထားလိုက်ရုံနဲ့ အလိုအလျောက် ဘက်ထရီကို အားသွင်းပေးမှာဖြစ်တဲ့အတွက် သွားလေရာ ယူဆောင်အသုံးပြုမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကြိုးမဲ့အားသွင်းစနစ်တွေက အကန့်အသတ်တွေရှိနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ကြိုးမဲ့အားသွင်းမှုက ကေဘယ်ကြိုး၊ ဝါယာကြိုးတွေနဲ့ အားသွင်းမှုလောက်တော့ မြန်ဆန်တဲ့နှုန်းနဲ့ […]
Read More၂၀၂၀ ပြည့်နှစ်သည် ၂၁ ရာစုအတွင်းသို့ နှစ်ပေါင်း ၂၀ တိတိ ချင်းနင်းဝင်ရောက်လာသော နှစ်တစ်နှစ်ဖြစ်ပါသည်။ ၂၁ ရာစုသည် ကုန်လွန်ခဲ့သော ၂၀ ရာစုနှင့် မတူညီသော စိန်ခေါ်မှုအသစ်များဖြင့် လူသားများကို ဆီးကြိုနေပါသည်။ စိန်ခေါ်မှုများစွာထဲမှ လူသားများ အသက်ရှင်သန်ရပ်တည် နိုင်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ စိန်ခေါ်မှုသည် အကြီးမားဆုံးတစ်ခု ဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထို့ကြောင့် ၂၀၂၀ပြည့်နှစ်အတွင်း ခေတ်စားပြီး လိုအပ်ချက် မြင့်မားနေသော အလုပ်အကိုင်အခွင့်အလမ်းများကို စတင်ရှာဖွေ ကြည့်ပါမည်။ အလုပ်လိုချင်သူတွေက ဘာတွေဖြည့်ဆည်းထားရမလဲ အလုပ်အကိုင်ကောင်းကောင်း တစ်ခုကို ဆုပ်ကိုင်မိပြီးတည် ငြိမ်သည့်ဘဝကို တည်ဆောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားစရာများရှိပါသည်။ အဆိုပါ ကြိုတင်ပြင်ဆင်မှုများသည် အလုပ်ရှင်များ၏ လိုအပ်ချက်နှင့် တစ်ထပ်တည်းကျရန် တွက်ဆနိုင်ရေးမှာ အလွန်အရေးကြီးပါသည်။ ရိုးရှင်းစွာစဉ်းစားပြီး ပြင်ဆင်ထားရန်မှာ မိမိကအလုပ်ရှင်ဖြစ်လျှင် မိမိကိုယ်တိုင် ဘယ်လိုဝန်ထမ်းမျိုးကို […]
Read Moreခရီးဝေးသွားရင်း မိုဘိုင်းဖုန်း ၄ လုံးကို တစ်ချိန်တည်းမှာ အားသွင်းနိုင်မယ့် Hoco အမှတ်တံဆိပ် Z35 မော်ဒယ် PD 3.0 Car Charger ဖြစ်ပါတယ်။ ကိုယ်ထည်ကို Aluminum alloy + flame retardant PC material ပုံစံနဲ့ ပြုလုပ်ထားပါတယ်။ USB Port သုံးခုနဲ့ Type-C Port တစ်ခု ပါဝင်မှာဖြစ်ပါတယ်။ USB Port သုံးခုက 5V-2.4A, Fast Charger စနစ်ဖြစ်ပြီး Type-C ကတော့ iPhone အသုံးပြုသူတွေအတွက်ဖြစ်ပါတယ်။ အားသွင်းကြိုး အရှည်အနေနဲ့ 1.2 m ရှိမှာဖြစ်ပါတယ်။ တန်ဖိုးက ၁၃,၅၀၀ ကျပ်ဖြစ်ပြီး Hoco Myanmar Authorized Distributor […]
Read Moreအစိုးရနည်းပညာနှင့် သက်မွေးပညာအထက်တန်းကျောင်း (GTVHS) ရှိ ကျောင်းသား၊ ကျောင်းသူများ ကျွမ်းကျင်မှု ပိုမိုရရှိစေရန် ပညာသင်နှစ် (၂) နှစ်ဖြင့် အကောင်အထည်ဖော်နိုင်ရေး EU Budget Support အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၇ ရက်ကပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ ကျွမ်းကျင်မှုကို ပိုမိုရရှိစေရန် Technical Stream နှင့် Vocational Stream ဟူ၍ Stream နှစ်ခုဖြင့် သင်ကြားနိုင်ရေးအတွက် ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်မှစ၍ အစိုးရနည်းပညာနှင့် သက်မွေးပညာအထက်တန်းကျောင်း (GTVHS) များကို ပညာသင်နှစ် (၂) နှစ်ဖြင့် အကောင်အထည်ဖော်နိုင်ရေး EU […]
Read Moreမိမိအနေနဲ့ ဖုန်းမှာ အသံမှတ်စုတွေအနေနဲ့ သိမ်းတတ်တဲ့သူဆိုရင် မိမိဖုန်းထဲက အသံမှတ်စုကို အခြားဖုန်းတစ်လုံးကို ဘယ်လို လွှဲပြောင်းပေးလဲဆိုတာကို သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ မိမိအနေနဲ့ iPhone ကိုသုံးပြီး အသံမှတ်စုတွေကို မှတ်ထားနိုင်သလို ဖုန်းထဲမှာ နေရာလွတ်မရှိတော့တဲ့အခါမှာ အခြားသိမ်းဆည်းနိုင်တဲ့ အွန်လိုင်း Cloud နေရာမျိုးတွေကို အလွယ်တကူ လွှဲပြောင်းထားနိုင်ပါတယ်။ ခုဖော်ပြပေးရမယ့် နည်းကတော့ ဖုန်းထဲက အသံမှတ်စုတွေကို iCloud ထဲကို ရွှေ့ပြောင်းတာကို ဦးစွာ ဖော်ပြပေးပါမယ်။ မိမိရဲ့ဖုန်းက iOS 11 နဲ့ အထက်ဆိုရင်တော့ ခုဖော်ပြတဲ့နည်းအတိုင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ မိမိအနေနဲ့ အသံမှတ်စုတွေကို Voice memos app ကနေ Files app ထဲ သို့မဟုတ် iCloud ထဲကို ရွှေ့ပြောင်းနိုင်ပါတယ်။ အရင်ဆုံး Voice […]
Read Moreစျေးနှုန်း – 299,900 Ks (4GB/64GB) အားသာချက် ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်ပြီး ဆန်းသစ်မှုရှိတဲ့ ကင်မရာလေးလုံး တပ်ဆင်အသုံးပြုထားမှုနဲ့ ရှေ့နောက် ကင်မရာစနစ်တွေက ဓာတ်ပုံရိုက်ကူးမှုအတွက် ကောင်းမွန်တာတွေက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ Power bank/Reverse charging စနစ်ပါဝင်တာကလည်း ဒီဖုန်းရဲ့ ထူးခြားတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ အားနည်းချက် Display ကတော့ Full HD မဟုတ်တာနဲ့ ကင်မရာစနစ်မှာ OIS စနစ်မပါဝင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပါ။ စွမ်းဆောင်ရည် • Qualcomm Snapdragon 665 (11 nm) CPU • Adreno 610 GPU • 4GB RAM • 64GB; […]
Read More“မေမေ” အမည်ရှိတဲ့ အသုံးပြုသူနဲ့ အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်မယ့် chatbot ကို Viber မှ မိတ်ဆက်လိုက်ပါတယ်။ “မေမေ” chatbot ဟာ ကိုယ်ဝန်ဆောင်၊ ကလေးငယ် ကျန်းမာရေးတွေနဲ့ ပတ်သက်ပြီး ဆရာဝန်တွေနဲ့ အခြားသော ကျန်းမာရေးပညာရှင်များထံမှ အကြံပေးချက်များ၊ ဗဟုသုတများကို အပတ်စဉ် စာတိုပေးပို့မှုများ၊ မေးလေ့မေးထရှိသော မေးခွန်းများမှတစ်ဆင့် အသုံးပြုသူများထံ ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အသုံးပြုသူတွေအနေနဲ့ ‘မေမေ’ Viber chatbot မှတစ်ဆင့် ကိုယ်ဝန်သက်တမ်း (သို့) ကလေးငယ်ရဲ့ မွေးနေ့ အစရှိတဲ့ အခြေခံ အချက်အလက်တွေကို ဖြည့်သွင်းလိုက်တာနဲ့ တစ်ပြိုင်နက် တစ်ဦးတစ်ယောက်ချင်းစီနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးအကြံပေးချက် စာတိုတွေကို တစ်ပတ်မှာ (၃) ကြိမ် လက်ခံရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ” ဒီပလက်ဖောင်းကနေတစ်ဆင့် အမျိုးသမီးတွေအနေနဲ့ […]
Read Moreစင်ကာပူနိုင်ငံ PSB Academy မှ ဘွဲ့ရ ကျောင်းသားတွေရဲ့ အတွေ့အကြုံနှီးနှောဖလှယ်ခြင်းအပြင် UK, Australia, New Zealand ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းအကြောင်း ဆွေးနွေးပွဲကို MSI မှ ကြီးမှူးကျင်းပသွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၈ ရက်၊ ရန်ကုန်မြို့ရှိ Novotel Hotel (Eureka Room) မှာ နေ့လယ် ၁ နာရီ မှ ၃ နာရီ အထိလည်းကောင်း၊ ဖေဖော်ဝါရီ ၉ ရက်၊ မန္တလေးမြို့ရှိ Pullman Hotel (Thazin – 1 Room) မှာ နေ့လယ် ၁ နာရီ မှ ၃ နာရီအထိ လည်းကောင်း ကျင်းပသွားမယ်လို့ သိရပါတယ်။ […]
Read More