တရားတော်ဗီဒီယိုဖိုင်တွေကို ဖုန်းကနေ အလွယ်တကူ နာယူနိုင်မယ့် App ဖြစ်ပါတယ်။ တရားတော်အမည်အလိုက်၊ ဆရာတော်များကြီးများရဲ့ တရားဗီဒီယိုတွေကို စုစည်းဖော်ပြပေးထားပြီး မိမိနှစ်သက်ရာကို အလွယ်တကူ ရွေးချယ်နာယူနိုင်မှာဖြစ်သလို မိမိနာယူချင်တဲ့ တရားတော်ကိုလည်း Serach ကနေ ရှာဖွေကြည့်နိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read Moreမြန်မာနိုင်ငံအတွင်းရှိ တည်းခိုစရာဟိုတယ်တွေကို အသက်သာဆုံးဈေးနှုန်းဖြင့် ရရှိနိုင်အောင် ဝန်ဆောင်မှုပေးနေတဲ့ Handler Myanmar OTA (Online Travel Agent) မှ ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်း အပ်ပလီကေးရှင်း ကို ဇန်နဝါရီ ၂၄ ရက်က မိတ်ဆက် လိုက်ပါတယ်။ Handler Myanmar Travel Booking App ကို ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Myantel မှ ဖန်တီးပြုလုပ်ထားခြင်းဖြစ်ပြီး ဟိုတယ်ဘိုကင်ပြုလုပ်ရာမှာ ကြုံတွေ့ရလေ့ရှိသော အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တဲ့ App တစ်ခု ဖြစ်ကြောင်း၊ ပြည်တွင်းခရီးသွားတွေအနေနဲ့ ခရီးစဉ်တွေကို ကြိုတင်စီစဉ်ရာမှာလည်း ဟိုတယ်တွေနဲ့တိုက်ရိုက် ဆက်သွယ်နိုင်မယ့်အပြင် လွယ်ကူစွာ ငွေပေးချေနိုင်ရန် အွန်လိုင်းငွေချေစနစ်ဖြင့်သာမက ငွေသားဖြင့်ပါ ပေးချေနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ကိုယ်စားလှယ်ပေါင်း ၆၅၀ ကျော်နဲ့ Instant ဘိုကင်ဝန်ဆောင်မှု […]
Read Moreမြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဦးဆောင်မှုနဲ့ Clash of Robots Team( COR) တို့ ပူးပေါင်းကာ World Robot Games (Myanmar) ပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက်မှ ၂၆ ရက်အထိ ၂ ရက်တိုင်တိုင် MICT Park ရှိ Conference Hall မှာ ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါ ပြိုင်ပွဲအသီးသီးမှ အနိုင်ရရှိသူတွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ World Robot Games Myanmar 2020 ပြိုင်ပွဲမှာ ဆုရရှိသူတွေကတော့ Rugby Robot မှာ ပထမဆုကို Team Venom, Info Myanmar University မှ လည်းကောင်း၊ ဒုတိယဆုကိုTeam […]
Read Moreနှစ်စဉ်နှစ်တိုင်း နှစ်ဆန်းချိန်လေးမှာ အမေရိကန်နိုင်ငံ လပ်စ်ဗီးဂတ်စ်မြို့ရဲ့ ထူးခြားလှတဲ့ လူသုံးကုန်အီလက်ထရွန်နစ်ပြပွဲကြီး (Consumer Electronic Show) ကို နည်းပညာသမားများနဲ့ စီးပွားရေးသမားများ တက်ရောက်ကြစမြဲဖြစ်တယ်။ ၂၀၂၀ ခုနှစ်မှာလည်း ဇန်နဝါရီ ၇ ရက်ကနေ ၁၀ ရက်အထိ CES-2020 ကို ကျင်းပခဲ့တယ်။ CES ပြပွဲကြီး ကျင်းပချိန်မှာ နှစ်အစ ဖြစ်လေ့ရှိသလို တစ်နှစ်တာကာလအတွင်း ထွန်းကားဖြစ်ထွန်းမယ့် နည်းပညာသုံး ပစ္စည်းကိရိယာလူ သုံးကုန်ပေါင်းစုံကို မိတ်ဆက်ပေးကြလေ့ရှိတယ်။ ၂၀၂၀ ခုနှစ်အတွက် ထူးထူးခြားခြား စိတ်ဝင်စားဖွယ်ရာ နည်းပညာလမ်းကြောင်းထဲက Personal Translators လမ်းကြောင်းကို အံ့အားသင့်ဖွယ် အဆင့်မျိုးနဲ့ တွေ့မြင်လိုက်ကြရတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော် ကာလက ကမ္ဘာ့ကွန်ရက်ကြီးပေါ်မှာ အခြေပြုတည်ဆောက်ထားပြီး အသုံးပြုလိုသူများအတွက် ဘာသာစကားတစ်ခုကနေတစ်ခုကို ပြန်ဆိုပေးခဲ့တဲ့ Yahoo! […]
Read Moreရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ် ငန်းရှင်အသင်းတို့ ပူးပေါင်းကျင်းပမယ့် Yangon ICT Fair (Jan 2020) ကို မြန်မာနိုင်ငံရဲ့ Mobile, Tablet နဲ့ IT ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဆိုပါကဏ္ဍတွေကို အထူးစိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနဲ့ ပြည်သူလူထုတို့အား ကွန်ပျူတာပစ္စည်းများ၊ ကွန်ပျူတာဆက်စပ် အပိုပစ္စည်းများ၊ နောက်ဆုံးပေါ် အီလက်ထရောနစ် ပစ္စည်းများ၊ ဆက်သွယ်ရေး ကိရိယာများ၊ Mobile နည်းပညာနဲ့ ပစ္စည်းများ၊ ကွန်ပျူတာအသုံးချ ဆောဖ့်ဝဲနည်းပညာများကို တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာနိုင်ရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ် တယ်လို့ သိရပါတယ်။ ပြပွဲမှာ ကုမ္ပဏီစုစုပေါင်း (၄၉) ခုမှပြ ခန်းပေါင်း (၁၁၉) ခန်း ပါဝင်ပြသသွားမှာ […]
Read MoreSMVTI Vocational Training Institute မှ Engineering & Technology နဲ့ Hospitality & Tourism ဘာသာရပ်တွေ အတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေပါတယ်။ သင်တန်းကို မေ ၄ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက် (၁၆) နှစ်နဲ့ အထက်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ လျှောက်ထားနိုင်ပါတယ်။ သင်တန်းကာလ ၆ လ တက်ရောက်ရမှာဖြစ်ပြီး သင်ကြားရမယ့်ဘာသာရပ်တွေကတော့ Hospitality & Tourism မှာ Front Office Operations, Housekeeping Operations, Restaurant Operations, Retail Operations ဖြစ်ပြီး Engineering & Technology မှာ Electrical Technology, Electronic […]
Read MoreCopyright © 2021 | Internet Journal