မကြာသေးမီ ရက်ပိုင်းအတွင်း SpaceX ကုမ္ပဏီက သူတို့ရဲ့ဖယ်လ်ကွန် (၉) ဒုံးပျံကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဒုံးပျံက ဂြိုဟ်တုပေါင်း (၆၀) ကို ကမ္ဘာပတ်လမ်း ကြောင်းထဲ ပို့ဆောင်ပြီးတာနဲ့ သတ်မှတ်ထားတဲ့နေရာမှာ ပြန်လည်ဆင်းသက်ခဲ့ပါသေးတယ်။ ဒါက ဒီဒုံးပျံအတွက် လေးကြိမ်မြောက် အာကာသခရီး ဖြစ်သလို ဂြိုဟ်တုပေါင်း (၁၂၀၀၀) အထိ လွှတ်တင်ဖို့ ခွင့် ပြုချက်ရထားပြီးဖြစ်တဲ့ SpaceX ကုမ္ပဏီအတွက် ခြေလှမ်းလေး တစ်လှမ်းသာ ရှိပါသေးတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ Tesla ကားကုမ္ပဏီက သူတို့ရဲ့ ဆိုင်ဘာ ထရပ် လျှပ်စစ်ကားသစ်နဲ့ မိတ်ဆက်ခဲ့ပါတယ်။ အသွင်ဆန်းလွန်းလှတဲ့ ဆိုင်ဘာထရပ်က မြင်သူတိုင်းကို ဖမ်းစားနိုင်ခဲ့လို့ ချက်ချင်း ကမ္ဘာကျော်သွားခဲ့ပါတယ်။ ပြသပြီး (၄၈) နာရီအတွင်း ကြိုတင် အမှာစာပေါင်း […]
Read MoreApple ရဲ့ iOS 13 နဲ့ iPadOS သစ်တွေမှာ messaging app အတွက် လုပ်ဆောင်ချက်အသစ်တွေကို ထည့်သွင်းထားပါတယ်။ Message ထဲမှာ နာမည်နဲ့ ဓာတ်ပုံဝေမျှတာအပြင် ရှာဖွေမှုမျိုးစုံ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် memoji ကိုစိတ်ကြိုက်ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေလည်း ပါဝင်လာပါတယ်။ iOS 13.2 နဲ့အထက် အဆင့်မြှင့်တင်ထားရင် Siri ကနားကြပ်ကနေ တစ်ဆင့် message အသစ်တွေကို ဖတ်ပြနိုင်ပါတယ်။ နာမည်နဲ့ ဓာတ်ပုံဝေမျှခြင်း Settings > Messages ကိုသွားပြီး သုံးစွဲသူက အမည်နဲ့ ဓာတ်ပုံကို set up လုပ်နိုင်ပါတယ်။ အချက်အလက် ဖြည့်သွင်းဖို့ Name and Photo ကို tap လုပ်ပြီး Name and […]
Read Moreပလတ်စတစ်အမှိုက်ဟု ဆိုလိုက်သည်နှင့် လမ်းမပေါ်တွင် အလွယ်တကူ တွေ့မြင်နိုင်မည့် အရာတစ်ခု ဖြစ်သည်ကို မြင်ယောင်မိကြလိမ့်မည် ဖြစ်သည်။ အမှန်တကယ်အားဖြင့်လည်း အဆိုပါစွန့်ပစ်ပစ္စည်းဖြစ်သည့် အမှိုက်များသည် လူသားများ နေထိုင်ရာ ကမ္ဘာမြေကြီးကို အချိန်ကာလ ကြာမြင့်စွာဖြင့် ဒုက္ခပေးနိုင်သည့် ပစ္စည်းများလည်း ဖြစ်ပေသည်။ ကမ္ဘာကြီး အပေါ်တွင် နေထိုင်သည့် လူသားတို့အနေဖြင့် စွန့်ပစ်ပလတ်စတစ် အမှိုက်များကို တနှစ်စဉ် တန်ချိန်အားဖြင့် ဘီလီယံနှင့်ချီလျက် စွန့်ပစ်နေကြသည်ဖြစ်ရာ ကြီးစွာသော ဆုံးရှုံးနစ်နာမှုများကို ရင်ဆိုင်ကြုံတွေ့နေရပြီလည်း ဖြစ်သည်။ စွန့်ပစ်ပလတ်စတစ်တစ်ခုသည် ၎င်းတွင်ပါ၀င်ပြုလုပ်ထားသည့် ဓါတုဒြပ်ပစ္စည်းအပေါ် မူတည်ကာ ပျက်စီးရန်ကြာချိန်သည် ရာစုနှစ်တစ်ခုရှိသည်ဟုလည်း စစ်တမ်းများကဆိုထားပေသည်။ စွန့်ပစ်ပလတ်စတစ် ပစ္စည်းနှင့်ပတ်သက်၍ ပိုမိုကြီးမားသည့် အန္တရာယ်မှာ ရေနေသတ္တဝါများ အတွက်ပင်ဖြစ် သည်။ ကုန်းမြေပေါ်ရှိလူသားတို့မှ စွန့်ပစ်လိုက်သော ပလတ်စတစ်များသည် ပင်လယ်သမုဒ္ဒရာ အတွင်းရှိ ရေနေသတ္တဝါများအတွက် ကပ်ဆိုးတစ်ခုအဖြစ် […]
Read Moreအိမ်တွင်းအသေးစားလုပ်ငန်း လုပ်ကိုင်လိုသူတွေအနေနဲ့ လက်မှုလုပ်ငန်းဆိုင်ရာတွေကို လေ့လာနိုင်မယ့် app ဖြစ်ပါတယ်။ ကလစ်လုပ်ငန်း၊ ပန်းပင်စိုက်နည်း၊ အင်္ကျီချုပ်နည်း၊ အပင်စိုက်နည်း စတဲ့ အိမ်တွင်းအသေးစားလုပ်ငန်းဆိုင်ရာတွေကို ကဏ္ဍအလိုက် လေ့လာနိုင်မှာဖြစ်ပြီး အခြား အသုံးဝင်တဲ့ အကြောင်းအရာသစ်တွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read MoreFacebook လူမှုကွန်ရက်မှာ မြန်မာလိုရေးသားထားတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်အမည်ကို “Mr. Shithole” လို့ အင်္ဂလိပ် ဘာသာပြန်မှုအတွက် ကုမ္ပဏီကတောင်းပန်သွားခဲ့ပါတယ်။ အဲဒီအမှားဟာ နည်းပညာဆိုင်ရာ ပြဿနာတစ်ခုဖြစ်တယ်လို့ Facebook ကပြောခဲ့ပါတယ်။ “ကျွန်တော်တို့ဟာ Facebook ပေါ်က မြန်မာကနေ အင်္ဂလိပ်လို ဘာသာပြန်မှားယွင်းတဲ့ နည်းပညာဆိုင်ရာပြဿနာကို ပြင်ဆင်လိုက်ပါပြီ။ ဒီကိစ္စဟာ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့အနေနဲ့ နောက်ထပ်မဖြစ်စေဖို့ ဂရုတစိုက် ဆောင်ရွက်နေပါတယ်။ အခုကိစ္စကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းအတွက် တောင်းပန်ပါတယ်” လို့ Facebook ကထုတ်ပြန်ခဲ့ပါတယ်။ Facebook မှာအသုံးပြုထားတဲ့ Google ပိုင်ဆိုင်တဲ့ ဘာသာပြန် feature ဟာ တူညီတဲ့ အမှားကို မပြသပေးပါဘူး။ ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာနိုင်ငံမှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင် […]
Read MoreApple ဟာ ခွင့်ပြုချက်ရ ပြန်လည်ထုပ်ပိုးထားတဲ့ iPhone XS နဲ့ iPhone XS Max မော်ဒယ်တွေကို စတင်ရောင်းချနေပါပြီ။ အဲဒီ ထုတ်ကုန်တွေဟာ ၂၀၁၈ စက်တင်ဘာလက ထွက်ရှိပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရောင်းချတာ ဖြစ်ပါတယ်။ အဲဒီဖုန်းတွေကို Space Gray အပြင် ငွေရောင်နဲ့ ရွှေရောင်ကို 64GB, 256GB နဲ့ 512GB storage တို့နဲ့ ၃ မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Apple ရဲ့အွန်လိုင်းစတိုးကနေ ဝယ်ယူနိုင်ကာ မော်ဒယ်တွေအားလုံးက unlock ဖြစ်ပါတယ်။ ပြန်လည်ထုပ်ပိုးထားတဲ့ iPhone XS နဲ့ iPhoen XS Max ဈေးနှုန်းတွေကတော့- iPhone XS – 64GB: […]
Read MoreTikTok ဟာ ကမ္ဘာ့တတိယမြောက်အကြီးဆုံး လူမှုကွန်ရက် Instagram ကိုကျော်တက်နို်ငတဲ့ အခြေအနေရှိနေပြီလို့ Snap တည်ထောင်သူ အီဗန်စပီဂျယ်က ပြောခဲ့ပါတယ်။ အီဗန်စပီဂျယ်ရဲ့ Snapchat ဟာ ၈ နှစ်လုံးလုံး အကြီးဆုံး လူမှုကွန်ရက်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ အခုအခါမှာတော့ ဗီဒီယိုအတိုလေးတွေဝေမျှနိုင်တဲ့ TikTok ဟာ အဲဒီအခြေအနေမှာ ရှိနေပါပြီ။ အီဗန်စပီဂျယ်ဟာ TikTok နဲ့ပတ်သက်တဲ့မှတ်ချက်ကို Digital Life Design (DLD) မှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော် TikTok ကိုသဘောကျတယ်။ အကြီးစားပရိသတ်တစ်ယောက်ပါ။ မူလတည်ဆောက်မှု လူမှုရေးမီဒီယာက stauts ဖြစ်ပြီး ကိုယ်ဟာ ဘယ်သူဖြစ်တယ်ဆိုတာ ကိုယ်စားပြုကြပါတယ်။ ခင်ဗျားက ဘယ်လောက်မိုက်ပြီး like နဲ့ comment တွေရရှိတယ်” လို့ အီဗန်စပီဂျယ်က ပြောခဲ့ပါတယ်။ သုံးစွဲသူတွေ […]
Read Moreတယ်လီနောမြန်မာ အနေနဲ့ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (MILI) နဲ့ ပူးပေါင်းပြီး တယ်လီနော Open Mind အစီအစဉ်ကို စတင်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ အဆိုပါ အစီအစဉ်မှာ ရွေးချယ်ခံရသူတွေကို သင့်လျော်တဲ့ လုပ်ငန်းခွင်လေ့ကျင့်မှုမှတစ်ဆင့် ၎င်းတို့ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးသွားမယ့် အခွင့်အလမ်းများ ပံ့ပိုးပေးသွားနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်လေ့ကျင့်ရေး အစီအစဉ်တစ်ခုဖြစ်ပြီး မသန်စွမ်းသူများ (PwDs) အတွက် အထောက်အကူပြု နည်းစနစ်များနှင့် နည်းပညာများမှတစ်ဆင့် မြှင့်တင်ပံ့ပိုးပေးသွားမယ့် ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီအစီအစဉ်ကို အချို့သော ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ၊ အကြားအာရုံ သို့မဟုတ် အမြင်အာရုံ ချို့ယွင်းသူများအပြင် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသူများ ပါဝင်နိုင်ရန် လုပ်ဆောင်ထားခြင်းဖြစ်ပြီး လျှောက်ထားသူများထဲမှ ရွေးချယ်ခံရသူတွေအနေနဲ့ သင့်လျော်တဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ လေ့ကျင့်မှုများမှတစ်ဆင့် လုပ်ငန်းစွမ်းဆောင်ရေးကို […]
Read More