Day: January 16, 2020

iPhone နဲ့ iPad ပေါ်က လူသိနည်းသေးတဲ့ Safari လုပ်ဆောင်ချက် (၁၀) ခု

iPhone နဲ့ iPad ပေါ်မှာ Haptic Touch လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ Haptic Touch ဆိုတာ ဖုန်းမျက်နှာပြင်ပေါ်က app ကို ကြာကြာနှိပ်ထားရင် ပေါ်လာမယ့် လုပ်ဆောင်ချက်တွေရှိပါတယ်။ မကြာသေးခင်က ထွက်ရှိထားတဲ့ iPhone တွေမှာ အဲဒီလုပ်ဆောင်ချက်ကို တိုးချဲ့ထည့်သွင်းထားပါတယ်။ ဒါကြောင့် Safari ကိုအသုံးပြုတဲ့အခါ Haptic Touch လုပ်ဆောင်ချက်နဲ့ အသုံးဝင်မယ့် အရာတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ iOS 13 အသုံးပြုထားတဲ့ iPhone နဲ့iPad ပေါ်မှာ အခုဖော်ပြထားတဲ့ Safari feature တွေကိုအသုံးပြုနိုင်ပါတယ်။ (၁) Tab အမျိုးမျိုးကို bookmark လုပ်ခြင်း သုံးစွဲသူက Safari မှာ tab အနည်းငယ်ဖွင့်ထားပါ။ အဲဒီ tab […]

Read More

Reverse Wirelss Charging နည်းပညာ

Reverse Wireless Charging (ပြောင်းပြန်ကြိုးမဲ့အားသွင်းခြင်း) နည်းပညာဆိုတာကတော့ စမတ်ဖုန်းကို power bank တစ်လုံးအနေနဲ့ပါ အသုံးပြုနိုင်မယ့် နည်းပညာဖြစ်ပါတယ်။ ဒီနည်းပညာက နောက်ဆုံးပေါ် စမတ်ဖုန်းမော်ဒယ်တွေမှာ ထည့်သွင်းအသုံးပြုလာတဲ့ ကြိုးမဲ့အားသွင်းခြင်းနည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာကို Qi ရဲ့ ကြိုးမဲ့အားသွင်းစံပေါ် အခြေခံပြီး Huawei က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ မိတ်ဆက်ခဲ့တဲ့ ၎င်းတို့ရဲ့ Mate 20 Pro မော်ဒယ်စမတ်ဖုန်းမှာ စတင် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီဖုန်းက Wireless Charging ကြိုးမဲ့အားသွင်းနည်းပညာ ထောက်ပံ့ပါတွင်တဲ့ စမတ်ဖုန်း၊ နားကြပ်၊ စမတ်နာရီ စတဲ့ အီလက်ထရွန်းနစ်ထုတ်ကုန်ပစ္စည်းတွေကို ကြိုးမဲ့အနေနဲ့ ပြန်လည်အားသွင်းပေးနိုင်ပါတယ်။ ဒီနည်းပညာက ဖုန်းဘက်ထရီကတစ်ဆင့် အခြားဖုန်းတစ်လုံးကို ကြိုးမဲ့ပြန်လည် အားသွင်းပေးနိုင်ပေမယ့် မြန်ဆန်မှုတော့ သိပ်မရှိသေးပါဘူး။ Mate […]

Read More

Future Care ဗေဒင်

နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်နဲ့ တစ်သက်တာ ကံကြမ္မာဟောစာတမ်းတွေကို ဖတ်ရှုနိုင်မယ့် ဗေဒင်ဆိုင်ရာ App ဖြစ်ပါတယ်။ နာမည်ကျော်ဆရာကြီးများရဲ့ ဟောစာတမ်းနဲ့ အခြား မြန်မာ့ရိုးရာဗေဒင်ဟောစာတမ်းတွေကို AI ကနေ တွက်ချက်ပေးကာ ဖတ်ရှုနိုင်အောင် ဖန်တီးထားတာဖြစ်ပြီး နေ့စဉ်ဟောစာတမ်း အခမဲ့ကို ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး မြန်မာလို အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ App ကို Android version 4.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

မြန်မာနိုင်ငံတွင် ပိုမိုဖြစ်ထွန်းလာနိုင်မည့် နည်းပညာရေစီးကြောင်း ၅ ခုကို တယ်လီနောလုပ်ငန်းစု၏ သုတေသနပြုလုပ်ခြင်းဆိုင်ရာဌာနမှ ထုန်ပြန်ခဲ့

တယ်လီနောလုပ်ငန်းစုရဲ့ သုတေသနပြုလုပ်ခြင်းဆိုင်ရာဌာနမှ ၂၀၂၀ ခုနှစ်တွင် မြန်မာနှင့်ကမ္ဘာတစ်ဝန်း ပုံဖော် သွားမယ့် နည်းပညာသစ်တွေနဲ့ ရေစီးကြောင်းသစ်တွေအပေါ် ခန့်မှန်းချက် “တယ်လီနော – ၂၀၂၀ ကို ပုံဖော်သွားမည့် နည်းပညာရေစီးကြောင်း (၂၀)” ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထိပ်တန်းနည်းပညာရေစီးကြောင်း ၂၀ အနက် ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ပိုမိုဖြစ်ထွန်းလာနိုင်မယ့် နည်းပညာရေစီးကြောင်း ၅ ခုဆိုင်ရာ စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၆ ရက်က တယ်လီနောမြန်မာရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ “လာမယ့်နှစ် နည်းပညာဆိုင်ရာ ခန့်မှန်းချက်တွေအရ ဆန်းသစ်တီထွင်မှုတွေက အမြန်ဆန်ဆုံးနှုန်းနဲ့ ဖြစ်ပေါ် နေပြီး ခေတ်သစ်နည်းပညာပလက်ဖောင်းတွေနဲ့ လူမှုနိုင်ငံရေးဆိုင်ရာ တွန်းအားပေးမှုတွေကြောင့် အသုံးပြု သူတွေ ပိုမိုများပြားလာမှာဖြစ်သလို အသုံးပြုခွင့်တွေလည်း ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တခြားသော နည်းပညာရေစီးကြောင်းတွေအရ […]

Read More

Chrome app တွေကို Google ဖျက်သိမ်းမည်

Google ဟာ platform တွေအားလုံးပေါ်က Chrome app တွေဖျက်သိမ်းမယ့်အချိန်ကို ကြေညာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လပိုင်းအရောက် Chrome app တွေကို platform အပေါ်မူတည်ပြီး ဖျက်သိမ်းသွားပါမယ်။ တစ်ချိန်ချိန်မှာ Chrome app တွေကို Windows, macOS နဲ့ Linux တို့မှာ အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Chrome OS ပေါ်က Chrome app ထောက်ပံ့မှုကိုလည်း ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။ Chrome app ဟာ ဝက်ဘ်အခြေခံ app ဖြစ်ပြီး desktop ကနေ ဖွင့်လိုက်တဲ့ app လုပ်ဆောင်ချက်တွေ အသုံးပြုနိုင်ပါတယ်။ ဥပမာအနေနဲ့ Pocket လိုမျိုး စာဖတ် app ကို […]

Read More

Huawei P40 သရုပ်ဖော်ပုံအသစ်တွေ ထွက်ရှိလာ

အသစ်ထွက်ရှိမယ့် Huawei P40 အတွက် သရုပ်ဖော်ပုံသစ်တွေ ထပ်မံ ထွက်ပေါ်လာပါတယ်။ ဖုန်းရဲ့ ကျောဘက်ကင်မရာမှာ ကင်မရာ ၃ လုံးပါဝင်ပြီး ထောင့်မှန်စတုဂံအကွက်ထဲ ကင်မရာတွေ ထည့်သွင်းထားပါတယ်။ ၂၀၂၀ မှာ အလားတူ ကင်မရာဒီဇိုင်းနဲ့ ဖုန်းတွေထွက်ရှိလာနိုင်ပါတယ်။ Huawei P40 ရှေ့ဘက်မှာ selfie ကင်မရာ ၂ လုံး ပါဝင်လာပါတယ်။ မျက်နှာပြင်အရွယ်အစားက ၆.၁ လက်မ ဒါမှမဟုတ် ၆.၂ လက်မ ရှိပါတယ်။ Huawei P40 ကျောဘက်မှာ 3D ToF sensor ကင်မရာအပြင် အဓိက ကင်မရာနဲ့ ultrawide တို့ပါဝင်လာပါတယ်။ ဖုန်းရဲ့ တတိယမြောက် ကင်မရာကတော့ 80mm telephoto lens (3x zoom) ဖြစ်နိုင်ပါတယ်။ […]

Read More

မျက်နှာပြင် နှစ်ဖက်ပါဝင်တဲ့ စမတ်ဖုန်းတွေကို Xiaomi မူပိုင်ခွင့်တင်ထား

WIPO (ကမ္ဘာလုံးဆိုင်ရာဉာဏပစ္စည်းရုံး) က Xiaomi စမတ်ဖုန်း ၂ လုံးရဲ့ မူပိုင်ခွင့်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမူပိုင်ခွင့်မှာ ထုတ်ကုန် ၂ ခု ပါဝင်ပြီး မျက်နှာပြင် နှစ်ဖက်ပါဝင်တဲ့ စမတ်ဖုန်းတွေမှာ မျက်နှာပြင်တွေကို ပတ်ပြီး ထည့်သွင်းထားပါတယ်။ ပထမဆုံးထုတ်ကုန်က Xiaomi Mi Mix Alpha Concept ဖုန်းနဲ့ ဆင်ပါတယ်။ ကွာခြားချက်ကတော့ Mi Mix Alpha မှာ ဒေါင်လိုက်အနားစွန်းတွေကို မျက်နှာပြင်နဲ့ ဖုံးထားပါတယ်။ ဖုန်းကို ခေါက်လိုက်ရင်တော့ Huawei Mate X နဲ့ဆင်ပါတယ်။ ဒုတိယထုတ်ကုန်ရဲ့ display ကတော့ မျက်နှာပြင်ကို နေရာအမျိုးမျိုးကနေ ဖုံးအုပ်ထားပါတယ်။ ဖုန်းရဲ့ ထိပ်ဘက်အနားစွန်းကို မျက်နှာပြင်နဲ့ ဖုံးအုပ်ထားပါတယ်။ ကျောဘက်မှာ punch hole […]

Read More

Technopreneurship For Myanmar 4.0 ခေါင်းစဉ်ဖြင့်ဆွေးနွေပွဲပြုလုပ်ခဲ့ပြီး MYTDP 2020 အတွက် ပြိုင်ပွဲဝင်များထပ်မံဖိတ်ခေါ်ခဲ့

MPT နှင့် MCF တို့ပူးပေါင်းဆောင်ရွက်သော မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ (MYTDP 2020) မှ ကြီးမှူး၍ နည်းပညာ စွန့်ဦးတီထွင်မှု ဓလေ့ကို လူငယ်များအကြား တိုးမြှင့်ပေးရန်နှင့် အနာဂတ်မျိုးဆက်သစ် နည်းပညာစွန့်ဦးတီထွင်သူ လူငယ်များကို မွေးထုတ်ပေးရန် ရည်ရွယ်၍ “Technopreneurship For Myanmar 4.0” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၁ ရက် ၊ နေ့လယ် ၁း၃၀ နာရီ မှ ညနေ ၄ နာရီအထိ MICT Park မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားမှာ MYTDP 2020 အတွက်ပြိုင်ပွဲဝင်တွေကို ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ အခမ်းအနားတွင် စွန့်ဦးတီထွင်ခြင်းမှတစ်ဆင့် အောင်မြင်မှုရရှိလာနိုင်ရန် မည်သို့စတင်လုပ်ဆောင်သင့်သည်၊ မည်သို့ပြင်ဆင်ပါက အောင်မြင်နိုင်မည် စသည်တို့ကို […]

Read More

AI ကုမ္ပဏီ Xnor.ai ကို Apple ဝယ်ယူ

Apple ဟာ ထုတ်ကုန်ပေါ်က artificial intelligence ကျွမ်းကျင်စွာ ထည့်သွင်းနိုင်တဲ့ ဆီယက်တယ်အခြေစိုက် Xnor.ai ကုမ္ပဏီကို ဝယ်ယူလိုက်ပါတယ်။ Apple ဟာ Xnor.ai အတွက် ဒေါ်လာသန်း ၂၀၀ ပေးချေခဲ့ရပါတယ်။ Apple နဲ့ Xnor.ai ကတော့ ဝယ်ယူမှုအတွက် မှတ်ချက်မပေးခဲ့ပါဘူး။ အခုဆိုရင် Xnor.ai ဝက်ဘ်ဆိုက်ဟာ offline ဖြစ်သွားကာ ကုမ္ပဏီရုံးခန်တွေ အပြောင်းအလဲ ဖြစ်ပေါ်နေတယ်လို့ GeekWire ကပြောခဲ့ပါတယ်။ Xnor.ai ရဲ့နည်းပညာက cloud အတွင်းမှာ တွက်ချက်မှုမလုပ်ဘဲ စမတ်ဖုန်းနဲ့ ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန်တွေအတွင်း deep learning algorithm တွေကို လည်ပတ်အောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ Xnor ဟာ memory load လျှော့ချပေးပြီး စွမ်းအင်တောင်းဆိုမှုနဲ့အတူ […]

Read More

Windows နဲ့ macOS အတွက် Microsoft ရဲ့ Edge Chromium browser ကိုဖြန့်ချိ

Microsoft ဟာ Windows နဲ့ macOs အတွက် Edge Chromium browser အသစ်ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ အခု Edge browser အသစ်ကို လူတိုင်း download ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ Microsoft ဟာ browser ကို Chromium ပြောင်းလဲမယ့် အစီအစဉ်ကို ထုတ်ဖော်ပြသပြီး ၁ နှစ်အကြာမှာ Edge browser အသစ်ကို ဖြန့်ချိလိုက်ပါတယ်။ လာမယ့်လအနည်းငယ်အတွင်း Microsoft ဟာ Windows သုံးစွဲသူတွေအတွက် ရှိပြီးသား browser ကို Edge ဗားရှင်းအသစ်နဲ့ အလိုအလျောက် update လုပ်ပေးဖို့ စီစဉ်နေပါတယ်။ Microsoft အနေနဲ့ Windows Update ကတစ်ဆင့် Edge အသစ်ကို တဖြည်းဖြည်း […]

Read More