Day: January 15, 2020

191 Report

မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်နဲ့ အခြား ရုတ်တရက်ဖြစ်ပွားတဲ့ ဘေးအန္တရာယ်တွေ ကြုံတွေ့ရတဲ့အခါ မီးသတ်ဦးစီးဌာနကို လှမ်းအကြောင်းကြားနိုင်မယ့် App ဖြစ်ပါတယ်။ စမ်းသပ်ဆဲဗားရှင် Beta အနေနဲ့သာ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံနိုင်မှာဖြစ်ပါတယ်။ အသုံးပြုရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ သို့မဟုတ် အကြံပြုချက်တွေကို Feedback ရေးသားပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။ App ကို Android version 4.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

 iPhone ရဲ့ Find My iPhone လုပ်ဆောင်ချက်ကို ဘယ်လိုသုံးမလဲ

iPhone ရဲ့ Find My iPhone လုပ်ဆောင်ချက်က မိမိအနေနဲ့ ဖုန်းမတော်တဆပျောက်ခဲ့ရင် အလွယ်တကူ ဖုန်းရဲ့တည်နေရာကို ထောက်လှမ်းသိရှိနိုင်မယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ဆောင်ချက်ကို ဖုန်းမပျောက်ခင်ကတည်းက ဖုန်းမှာ ဖွင့်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါမှ မိမိအနေနဲ့ မတော်တဆ ဖုန်းပျောက်ပါက အခြား iOS ထုတ်ကုန်ကဖြစ်ဖြစ်၊ သူငယ်ချင်းရဲ့ iPhone ကနေ ဖြစ်ဖြစ် ပျောက်သွားတဲ့ မိမိဖုန်းရဲ့ တည်နေရာကို ရှာဖွေကြည့်နိုင်မှာဖြစ်ပါတယ်။ အရင်ဆုံး ပုံမှာပြထားသလို ဖုန်းရဲ့ Settings icon ကို နှိပ်လိုက်ပါ။ Settings စနစ်ထဲကိုရောက်သွားရင်တော့ ပုံမှာပြထားတဲ့အတိုင်း နာမည် (name) နေရာကို တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင်တော့ iCloud ဆိုတဲ့ စာသားကိုတစ်ချက်နှိပ်လိုက်ပါ။ iCloud စနစ်ထဲကိုရောက်သွားပါလိမ့်မယ်။ အဲဒီထဲက Find My […]

Read More

Tinder နဲ့ OkCupid app အချက်အလက်တွေကို အခြားကုမ္ပဏီတွေက အသုံးချနေ

ကြင်ဖော်ရှာတဲ့ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ Tinder, OkCupid နဲ့ Grindr အပါအဝင် နာမည်ကျော် app ၁၀ ခုဟာ သုံးစွဲသူဆန္ဒမပါဘဲ အချက်အလက်တွေကို အခြားကုမ္ပဏီ ဒါဇင်ပေါင်းများစွာနဲ့ ဝေမျှသုံးစွဲနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။ သုံးစွဲသူတွေက အချက်အလက်တွေ ကာကွယ်ဖို့ app တွေကို install မလုပ်သင့်ဘူးလို့ အကြံပေးထားပါတယ်။ နော်ဝေစားသုံးသူကောင်စီ (Forbrukerradet) ကပြုလုပ်တဲ့ စစ်တမ်းအရ အဲဒီ app တွေမှာ အချိန်ကာလတစ်ခု အထိ ခြေရာခံတဲ့ Clue နဲ့ My Days app တွေပါဝင်ပြီး ကြော်ငြာနဲ့ဆက်စပ်တဲ့ ကုမ္ပဏီပေါင်း ၁၃၅ ခုနဲ့ အချက်အလက်တွေ ဝေမျှသုံးစွဲနေပါတယ်။ ဝေမျှထားတဲ့အချက်အလက်တွေထဲမှာ သုံးစွဲသူ GPS တည်နေရာနဲ့ IP လိပ်စာတွေအပြင် […]

Read More

Yangon ICT Fair ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး Yangon ICT Fair (Jan 2020) ကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ (၃) ရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပြပွဲရက်အတွင်း နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ Mobile, Tablet နဲ့ IT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါ ကဏ္ဍတွေကို အထူးစိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနဲ့ ပြည်သူလူထုတို့အား ကွန်ပျူတာပစ္စည်းများ၊ ကွန်ပျူတာဆက်စပ် အပိုပစ္စည်းများ၊ နောက်ဆုံးပေါ်အီလက်ထရောနစ်ပစ္စည်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ Mobile […]

Read More

OnePlus 8 Pro အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်

OnePlus ဟာ ဒီနှစ်အတွင်း ဖုန်းမော်ဒယ် ၃ မျိုးကို ဖြန့်ချိနိုင်ပါတယ်။ OnePlus 8 ဟာ အိန္ဒိယနိုင်ငံအတွင်း တရားဝင်အထောက်အထား ရရှိခဲ့ပါတယ်။ OnePlus 8 Pro ရဲ့ အသေးစိတ် အချက်အလက်ကလည်း Geekbench မှာထွက်ပေါ်လာပါတယ်။ OnePlus 8 မော်ဒယ်နံပါတ်ကတော့ IN2011 ဖြစ်ပါတယ်။ OnePlus 8 Pro မှာကျောဘက် ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။ OnePlus 8 Pro အချက်အလက်တွေက Geekbench 4 database မှာရှိပါတယ်။ ဖုန်းရဲ့ software နဲ့ hardware တွေကအစောပိုင်း အဆင့်မှာရှိနေပြီး Android 10 အသုံးပြုကာ Snapdragon 865 chipset နဲ့ […]

Read More

HP Elite Dragonfly

ဈေးနှုန်း – ကန်ဒေါ်လာ ၂၁၆၉ အားသာချက် ဆွဲဆောင်မှုအပြည့်ရှိသလို ပေါ့ပါးပါးလွှာတဲ့ ဒီဇိုင်း၊ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေအပြင် အသုံးပြုရတာ ကောင်းမွန်တဲ့ ကီးဘုတ်စနစ်၊ ပြည့်ဝတဲ့ စွမ်းဆောင်ရည်၊ တောက်ပကောင်းမွန်တဲ့ Display နဲ့ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေပါဝင်တာက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက် အလုံးစုံကောင်းမွန်တဲ့ Laptop တစ်လုံးဖြစ်ပေမယ့် အသံပိုင်း ဒီထက်ပိုကောင်းရင်တော့ ပြီးပြည့်စုံတဲ့ Laptop တစ်လုံးလို့ ဆိုရမှာဖြစ်ပါတယ်။ သုံးသပ်ချက် HP Elite Dragonfly မှာ Intel vPro နည်းပညာထောက်ပံ့ပါဝင်တဲ့ 8th Gen processor ကို အသုံးပြုထားသလို ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ တောက်ပတဲ့ display နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ […]

Read More

Instagram ဝက်ဘ်ဆိုက်မှာ message ပေးပို့နိုင်တော့မည်

Instagram ဟာ ဝက်ဘ်ဆိုက်မှာ တိုက်ရိုက် message ပေးပို့နိုင်မယ့် လုပ်ဆောင်ချက်ကို မိတ်ဆက်လိုက်ပါတယ်။ Instagram ဟာ ကမ္ဘာတစ်ဝန်းက သုံးစွဲသူ အနည်းငယ်အတွက် ဝက်ဘ်ဆိုက်မှာ DMs လုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီ feature က လုပ်ငန်းတွေ၊ ကျော်ကြားသူတွေနဲ့ message အသုံးပြုမှု များပြားသူတွေအတွက် အလွန်အသုံးဝင်လာမှာ ဖြစ်ပါတယ်။ အခုဖြန့်ချိမှုက စမ်းသပ်မှုတစ်ခုလို့ ကုမ္ပဏီကပြောခဲ့ပါတယ်။ လာမယ့်ကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိမယ်လို့ ပြောထားပါတယ်။ အခု direct message လုပ်ဆောင်ချက်ဟာ မိုဘိုင်းလိုမျိုး browser မှာလည်း အသုံးပြုနိုင်ပါမယ်။ သုံးစွဲသူက DM မျက်နှာပြင် ဒါမှမဟုတ် profile စာမျက်နှာကနေ စကားပြောတာအပြင် group အသစ်တွေလည်း ဖန်တီးနိုင်ပါတယ်။ Message ကို like […]

Read More

NSA ထောက်ပြတဲ့ Windows အားနည်းချက်ကို Microsoft ပြင်ဆင်

Microsoft ဟာ Windows operating system အတွင်း ကြီးမားတဲ့ cryptographic အားနည်းချက်ကို ပြင်ဆင်မယ့် လုံခြုံရေး update ကိုဖြန့်ချိလိုက်ပါတယ်။ အဲဒီ အားနည်းချက်ကို အမေရိကန်နိုင်ငံတော်လုံခြုံရေးအေဂျင်စီ (NSA) ကတွေ့ရှိပြီး ဖော်ထုတ်ခဲ့ပါတယ်။ NSA ဆိုက်ဘာလုံခြုံရေးအကြီးအကဲဖြစ်သူ အန်နျူဘာဂါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အခုအားနည်းချက်ဟာ CVE-2020-0601 ဖြစ်ပြီး Windows CryptoAPI အပေါ်သက်ရောက်မှုရှိပါတယ်။ Windows အတွင်းက cryptographic လုပ်ဆောင်ချက်တွေ ကိုင်တွယ်တဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ တိုက်ခိုက်သူက အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်နဲ့ ယုံကြည်ရတဲ့ တရားဝင်ရင်းမြစ် ဖိုင်တစ်ခုအဖြစ် အယောင်ဆောင်နိုင်တယ်လို့ လုံခြုံရေးအကြံပေးတစ်ဦးက ဖော်ပြခဲ့ပါတယ်။ အားနည်းချက်ကို အသုံးချပြီး ဖိုင်လက္ခဏာအတုတွေ လုပ်နိုင်သလို လုံခြုံတဲ့ ဆက်သွယ်ရေးအတွက် ဒီဂျစ်တယ် certificate […]

Read More

Ongo app ကိုအသုံးပြု၍ ငွေစုစာရင်းများ စီမံခန့်ခွဲနိုင်ရန် မြန်မာအရှေ့တိုင်းဘဏ် (MOB) နှင့် Ongo တို့ပူးပေါင်း

Ongo e-Money နဲ့ မြန်မာအရှေ့တိုင်းဘဏ် (MOB) တို့အနေနဲ့ ၎င်းတို့ customer များအတွက် Ongo မိုဘိုင်း app အသုံးပြုပြီး ငွေစုစာရင်းများ စီမံခန့်ခွဲနိုင်ရန်အတွက် ပူးပေါင်းလိုက်တယ်လို့ သိရပါတယ်။ MOB နဲ့ Ongo ရဲ့ ဝန်ဆောင်မှုများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် customer တွေအနေနဲ့ ၎င်းတို့ရဲ့ MOB ငွေစုအကောင့်အတွင်းကို အလွယ်တကူ ငွေကြေး အပြောင်းအရွှေ့လုပ်နိုင်ပြီး အတိုးများ ရယူနိုင်သကဲ့သို့ Ongo e-wallet အတွင်းသို့ ငွေများ လွယ်ကူသက်သာစွာ ထည့်သွင်း ရွှေ့ပြောင်းနိုင်မှာဖြစ်ပါတယ်။ “၂၀၁၈ တုန်းက မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဒီဂျစ်တယ်စနစ်သုံးပြီး လစာငွေပေးတဲ့ ဝန်ဆောင်မှုကို MOB နဲ့ လက်တွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်စီးပွားရေးအတွက် ခေတ်မီအဆင့်မြင့်တဲ့ […]

Read More

(၂) နှစ်အတွင်း Chrome မှာ cookies ထောက်ပံ့မှုကို အဆုံးသတ်မယ့် Google

Google ဟာ လာမယ့် (၂) နှစ်အတွင်း Chrome မှာ third-party cookies ထောက်ပံ့မှုကို အဆုံးသတ်ဖို့ စီစဉ်နေပါတယ်။ Google ဟာ cookies ထောက်ပံ့မှုကို အဆုံးသတ်သွားပါမယ်။ Cookies တွေဟာ ဝက်ဘ်ဆိုက်သုံးစွဲမှုကို ခြေရာခံနေပါတယ်။ Google ဟာ Cookies နေရာမှာ privacy sandbox အပါအဝင် Chrome အတွင်း တစ်ကိုယ်ရေလုံခြုံရေးကို ပိုမို အလေးထားသွားပါမယ်။ “ကျွန်တော်တို့အနေနဲ့ တစ်ကိုယ်ရေလုံခြုံရေးကို အလေးထားတဲ့ ဝက်ဘ်ဆိုက်စံချိန်စံညွှန်းတွေကို ပြန်လည်တည်ဆောက်ဖို့ကို ရည်ရွယ်ထားပါတယ်။ အခုဆိုရင် third-party cookies တွေများစွာ ရှိနေပြီး ခြေရာခံမှုလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ ဒါဟာ ခြေရာခံမှု လုပ်ငန်းစဉ်တစ်ခုပဲ ရှိနေသေးပြီး လူတွေအာရုံစိုက်ဖို့ လိုတဲ့ကိစ္စဖြစ်တယ်” လို့ Google ရဲ့ […]

Read More