Day: January 14, 2020

News
Tech

OnePlus မျိုးဆက်သစ်ဖုန်းတွေမှာ 120Hz မျက်နှာပြင် ပါဝင်လာမည်

OnePlus မျိုးဆက်သစ်ဖုန်းတွေမှာ refresh rate 120Hz နှုန်းရှိတဲ့ မျက်နှာပြင်ပါဝင်လာမယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်ပီတာလူက CES ပွဲမှာ အတည်ပြုခဲ့ပါတယ်။ အဲဒီမျက်နှာပြင်ဟာ OnePlus 8 မှာပါဝင်လာဖွယ်ရှိပါတယ်။ OnePlus ဟာ Samsung နဲ့ပူးပေါင်းပြီး OLED မျက်နှာပြင်တစ်မျိုးကို လုပ်ကိုင်နေပါတယ်။ ဒါ့အပြင် ရုပ်ထွက်ပိုင်း လှုပ်ရှားမှုကို တိုးတက်အောင် Android ပေါ်မှာ ဆောင်ရွက်နေတာကြောင့် 120Hz မျက်နှာပြင် ရုပ်ပုံတွေ ပိုမိုချောမွေ့လာမှာ ဖြစ်ပါတယ်။OnePlus ဟာ လှုပ်ရှားမှုပိုင်းအတွက် အထူးပြုလုပ်ထားတဲ့ MEMC ချစ်ပ်ကို အသုံးပြုပြီး 120Hz အထိရောက်စေဖို့ ဗီဒီယိုထဲ frame အပိုတွေ ထည့်သွင်းနိုင်ပါတယ်။ OnePlus ရဲ့ 120Hz မျက်နှာပြင်က HDR content ကိုကြည့်ရှုတဲ့အခါ 1000 nits […]

Read More
News
Tech
Uncategorized

Super Nintendo World အပန်းဖြေပန်းခြံနဲ့ တွဲဖက်လည်ပတ်နိုင်မယ့် စမတ်လက်ပတ်

Super Nintendo Land ဟာ Universal Studios ကတည်ဆောက်တဲ့ Mario ပုံစံ အပန်းဖြေပန်းခြံဖြစ်ပါတယ်။ အဲဒီပန်းခြံဟာ စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ နည်းပညာပါဝင်မှု အများဆုံး အပန်းဖြေကစားကွင်း ဖြစ်လာမှာပါ။ အဲဒီပန်းခြံကို ၂၀၂၀ တိုကျိုအိုလံပစ် မတိုင်မီ နွေရာသီမှာ အိုဆာကာမြို့အတွင်း Universal Studios Japan တစ်စိတ်တစ်ပိုင်း အဖြစ် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ပန်းခြံရဲ့ လည်ပတ်မှု အစီအစဉ်မှာ Power Up Bands အမည်ရ စမတ်လက်ပတ်လည်း ပါဝင်ပါတယ်။ အဲဒီ စမတ်လက်ပတ်ကို စမတ်ဖုန်း app နဲ့ချိတ်ဆက်ပြီး ပန်းခြံအတွင်း လည်ပတ်တဲ့ ဒီဂျစ်တယ်လုပ်ဆောင်ချက်ကို ခြေရာခံပေးနိုင်တယ်လို့ သိရပါတယ်။ လက်ပတ်ဝတ်ဆင်သူက ပန်းခြံထဲ အလည်အပတ်လာတဲ့အခါမှာ အခြား လာရောက်လည်ပတ်သူတွေ ယှဉ်ပြိုင်ပြီး […]

Read More
Local
News

မန္တလေးတွင် ကျင်းပမည့် ဖန်တီးရာ Business Challenge 2020 ပြိုင်ပွဲအတွက် လျှောက်လွှာများစတင်ဖိတ်ခေါ်

ဖန်တီးရာမှဦးစီးတဲ့ Tech startup များအတွက် အဓိကထားပြီး နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိတဲ့ Startup Challenge စီးပွားရေးအကြံဉာဏ်ပြိုင်ပွဲကို Business Challenge 2020 အမည်နဲ့ မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်သွားမယ်လို့သိရပါတယ်။ အဆိုပါပွဲမှာ Startup တွေသာမက မိရိုးဖလာ SME လုပ်ငန်းတွေပါ ပါဝင်ယှဉ်ပြိုင်နိုင်မယ်လို့ သိရပါတယ်။ Business Challenge 2020 ကို မန္တလေးမြို့မှာ ဇန်နဝါရီလ ၂၅ ရက် မှ ဖေဖော်ဝါရီ ၂ ရက်အထိ ၉ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး နောက်ဆုံးနေ့ပြိုင်ပွဲ မတိုင်မီ ပါဝင်ယှဉ်ပြိုင်သူများအတွက် လုပ်ငန်းပေါ်မူတည်ပြီး လုပ်ငန်းစတင်ခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းတို့နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ၈ ရက်ကြာ ပို့ချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲကာလအတွင်း စနေ၊ […]

Read More
News
Tech

Walmart စတိုးတွေမှာ စက်ရုပ်တွေကို တိုးချဲ့တပ်ဆင်

Walmart ဟာ ဒီနှစ်အတွင်း စတိုးဆိုင်ပေါင်း ၆၅၀ မှာ အလိုအလျောက် ပစ္စည်းတွေဖြည့်သွင်းပေးနိုင်တဲ့ စက်ရုပ်တွေများစွာ ထည့်သွင်းသွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ စက်ရုပ်တွေကို ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် Bossav Nova Robitics ကဖန်တီးထားပါတယ်။ စက်ရုပ်တွေက စတိုးဆိုင်က ကုန်ပစ္စည်းတွေကို scan လုပ်ပြီး ဈေးနှုန်းမှန်ကန်စွာ ကပ်ကာ ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။ စက်ရုပ်တွေကို Walmart ဆိုင်ပေါင်း ၃၅၀ မှာ အသုံးချနေပါတယ်။ အရှည် ၆ ပေရှိတဲ့ စက်ရုပ်မှာ ကင်မရာ ၁၅ လုံး ပါဝင်ပြီး လျှောက်လမ်းနဲ့ ပစ္စည်းထားရာ စင်တွေကို scan ပြုလုပ်ကာ ဝန်ထမ်းတွေဆီ သတိပေးချက် ပေးပို့နိုင်ပါတယ်။ “အခုစက်ရုပ်တွေက ဖောက်သည်တွေအတွက် အလုပ်လုပ်တာနဲ့ ကုန်ပစ္စည်းရောင်းချမှုကို ပိုမိုအာရုံစိုက်နိုင်ပါတယ်။ ဖောက်သည်တွေက လက်လီလုပ်ငန်းအတွင်း […]

Read More
News
Tech

Mac စွမ်းဆောင်ရည်မြှင့်တင်ပေးမယ့် ‘Pro Mode’ ကို Apple ဖြန့်ချိနိုင်

Apple ဟာ Mac မှာ ပန်ကာမြန်နှုန်းကို ကန့်သတ်ပြီး စွမ်းအင်ချွေတာပေးနိုင်မယ့် ‘Pro Mod’ ကိုထည့်သွင်းဖို့ စဉ်းစားနေပါတယ်။ 9to5Mac က macOS Catalina 10.15.3 beta ဗားရှင်းမှာ Pro Mode ပါဝင်မယ့် ကုတ်ကို စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီကုတ်အရ Apple ဟာ ထုတ်ကုန် စွမ်းဆောင်ရည်ကို လျင်မြန်စွာ ပြုလုပ်ပေးထားပေမယ့် ဘက်ထရီသက်တမ်းကျဆင်းကာ ပန်ကာဆူညံသံ ပိုမိုကျယ်လောင်မယ်လို့ သိရပါတယ်။ စွမ်းဆောင်ရည်ပိုင်း မြှင့်တင်မှုက ယာယီပိုင်းပဲ ဖြစ်ပါတယ်။MacBook တွေမှာပဲ Pro Mode ပါဝင်လာဖွယ်ရှိပြီး ၁၆ လက်မ MacBook Pro မှာပဲ ပါဝင်လာနိုင်ပါတယ်။ MacRumors ရဲ့ဖော်ပြချက်အရ Mac Pro မှာ Pro Mode […]

Read More
Local
News

MRTV Channel ကို SD စနစ်မှ HD စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်မည်

မြန်မာ့ရုပ်မြင်သံကြား MRTV Channel ကို ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ပြီး Standard Definition (SD) စနစ်မှ High Definition (HD) စနစ်အဖြစ် ပြောင်းလဲထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ MRTV Channel ကို ပုံမှန်ထုတ်လွှင့်နေတဲ့အတိုင်း Standard Definition (SD) စနစ်အပြင် High Definition (HD) စနစ်ကို တွဲဖက်ပြီး ၁၅-၁-၂၀၂၀ ရက်မှ စတင်စမ်းသပ် ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ပြီး HD စနစ် တစ်မျိုးတည်းဖြင့်သာ ပြောင်းလဲ ထုတ်လွှင့်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ HD စနစ်သို့ အဆင့်မြှင့်တင် […]

Read More
News
Tech

Bitcoin နဲ့ငွေပေးချေတဲ့ စနစ်ကို ထည့်သွင်းဖို့ Twitter စဉ်းစားနေ

Twitter ဟာ platform ပေါ်မှာ Bitcoin ကိုအသုံးပြုပြီး ဘောက်ဆူးပေးနိုင်မယ့် feature တစ်မျိုးကို စဉ်းစားနေပါတယ်။ Twitter အနေနဲ့ လူတစ်ဦးနဲ့တစ်ဦး ငွေလွှဲနိုင်မယ့် ငွေပေးချေမှု feature တစ်မျိုးကို လုပ်ကိုင်နေပါတယ်။ ဒါပေမဲ့ Twitter က ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဂျက်ဒိုဆေးပိုင်ဆိုင်တဲ့ Square နဲ့ပေါင်းစပ်မလားဆိုတာ မသိသေးပါဘူး။ Square ကလည်း ဘဏ္ဍာရေးဝန်ဆောင်မှုဖြစ်ပြီး ကုန်သည်ဝန်ဆောင်မှုတွေ လုပ်ကိုင်ကာ ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် ငွေပေးချေမှုကုမ္ပဏီ ဖြစ်ပါတယ်။ Bitcoin ဟာ အင်တာနက်ရဲ့ ငွေကြေးစနစ် ဖြစ်လာမယ်လို့ Twitter အမှုဆောင်အရာရှိချုပ် ဂျက်ဒိုဆေးက ပြောကြားထားပါတယ်။ ဂျက်ဒိုဆေးဟာ Square မှာ Bitcoin ငွေပေးချေမှု စနစ်ကို ထည့်သွင်းထားတယ်လို့ NewsBTC ကဖော်ပြခဲ့ပါတယ်။ ဒိုဆေးဟာ Bitcoin အသေးစားငွေပေးချဝန်ဆောင်မှု […]

Read More
Sony
Tech

ဂိမ်းပြပွဲမှာ Sony ပါဝင်ပြသမည် မဟုတ်

Sony ဟာ E3 ပြပွဲမှာ ပူးပေါင်းပါဝင်မှာ မဟုတ်ပါဘူး။ Sony ဟာ ၂၀၂၀ အားလပ်ရက်ရာသီအတွင်း PlayStation 5 ဂိမ်းစက်သစ်ကို ရောင်းချဖို့ စီစဉ်ထားပါတယ်။ E3 ကလည်း PlayStation 5 ဂိမ်းစက်မရောင်းချခင် လအနည်းငယ် အလိုမှာ ကျင်းပမှာဖြစ်ပါတယ်။ Sony အနေနဲ့ ကမ္ဘာ့အကြီးဆုံး ဂိမ်းပြပွဲထဲက တစ်ခုဖြစ်တဲ့ E3 မှာ ဝင်ရောက် မပြသတာ ၂ နှစ်ဆက်တိုက်ရှိပါပြီ။ E3 ကို နှစ်စဉ် ဇွန်လရောက်တိုင်း လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်ခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် E3 ပွဲမှာ Microsoft နဲ့ Sony ကတော့ အသစ်ထွက်ရှိမယ့် software နဲ့ hardware ကိုထုတ်ဖော်ပြသခဲ့ကြပါတယ်။ Sony အနေနဲ့ ကိုယ်ပိုင် […]

Read More
Android
Download

U like – ယူလိုက်

မြန်မာဇာတ်ကား၊ အိန္ဒိယဇာတ်ကား၊ ကိုရီးယား၊ ထိုင်း၊ တရုတ်ဇာတ်ကားများ အပြင် ခေတ်ပေါ်သီချင်း၊ အငြိမ့်၊ ဟာသ ဗီဒီယိုအစုံကို ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ မိမိနှစ်သက်တဲ့ ဇာတ်ကားတွေကို ခလုတ်တစ်ချက်နှိပ် ကြည့်ရှုနိုင်မှာဖြစ်ပြီး အွန်လိုင်းအခြေပြု App ဖြစ်တဲ့အတွက် အသုံးပြုစဉ် ဖုန်းမှာ အင်တာနက်ဖွင့်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Education
News

[email protected] National Launch ကျင်းပပြုလုပ်

[email protected] National Launch ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ [email protected] သည် ၂၀၀၁ ခုနှစ်တွင် အာရှ-ဥရောပအစည်းအဝေး (ASEM)မှ စတင်ခဲ့သော ဉရောပ-အာရှ သတင်းအချက်အလက်ကွန်ရက် (Trans-Eurasia Information Network -TEIN) တည်ဆောက်ရေးအတွက် ဥရောပသမဂ္ဂ အထောက်အပံ့ပေးသော စီမံကိန်းအစီအစဉ်များမှ စတုတ္ထအဆင့် စီမံကိန်းဖြစ်ကြောင်း၊ [email protected] Project တွင် အာရှနိုင်ငံပေါင်း(၂၄) နိုင်ငံမှ တက္ကသိုလ်များနှင့် သုတေသနဌာနများမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး ဥရောပမှ သုတေသနပညာရှင်ပေါင်း သန်း ၅၀ ကို GEANT ကွန်ရက်မှတစ်ဆင့် ဆက်သွယ်၍ သုတေသနလုပ်ငန်းပေါင်းများစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ [email protected] Project ၏အဓိကလုပ်ငန်း (၆) ခုအနက် တစ်ခုဖြစ်တဲ့ ဒေသတွင်း ဒီဂျစ်တယ်နည်းပညာကွာဟမှု […]

Read More