Day: January 9, 2020

Local
News

ဆင်းမ်ကတ်အသုံးပြုခြင်းနှင့် ပတ်သက်၍ အသိပေးကြေညာ

ဆင်းမ်ကတ်အသုံးပြုခြင်းနှင့် ပတ်သက်၍ အသိပေးကြေညာချက်တစ်ခုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အဆိုပါ အသိပေးကြောညာချက်မှာ အများပြည်သူများအနေနဲ့ ဆင်းမ်ကတ်များ အသုံးပြုရာမှာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ မိမိတို့ဝယ်ယူတဲ့ဆိုင်မှာ ဦးစွာပထမ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးဖြစ်သော ဆင်းမ်ကတ်ကို ဝယ်ယူသည့်နေ့မှစတင်၍ ဖုန်းခေါ်ဆိုခြင်း (သို့) စာတိုပေးပို့ခြင်း (သို့) ငွေဖြည့်ခြင်း စသည့် နည်းလမ်းတစ်ခုခုအား ဝယ်ယူသည့်နေ့မှ ရက်ပေါင်း (၁၈၀) အတွင်း ပြုလုပ်ပါက ဆင်းမ်ကတ်အား စတင် အသုံးပြုနိုင်မည်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်း မရှိ ပါက ဆင်းမ်ကတ်အား အသုံးပြု၍ မရနိုင်ကြောင်း၊ ရက်ပေါင်း ( ၁၈၀ ) အတွင်း အသုံးပြုခြင်း မရှိတဲ့ နံပါတ်တွေကို အော်ပရေတာများက သုံးစွဲသူအသစ်သို့ […]

Read More
Mobile Phone Review
Review

Samsung Galaxy A30s

စျေးနှုန်း – 379,000 Ks_4GB/64GB အားသာချက် တောက်ပပြီး ကောင်းမွန်တဲ့ Display၊ ပြည့်ဝတဲ့ စွမ်းဆောင်ရည်၊ ကောင်းမွန်တဲ့ စနစ်တွေနဲ့ under-display လက်ဗွေစနစ်တွေ အသုံးပြုထားတာက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက် ပုံမှန်မြင်နေကျ ဖုန်းဒီဇိုင်းနဲ့ ကင်မရာမှာ OIS နည်းပညာမပါဝင်တာက ဒီဖုန်းရဲ့ အားနည်းချက်လို့ ဆိုရမှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် • Exynos 7904 (14 nm) CPU • Mali-G71 MP2 GPU • 4GB RAM • 64GB; microSD, up to 1TB ဒီဖုန်းမှာ Exynos 7904, 8 cores processor, Mali-G71 MP2, […]

Read More
Android
Download

မဃဒေဝ

မန်လည်ဆရာတော်ဘုရားကြီး ရေးသားထားတဲ့ မဃဒေဝအလင်္ကာသစ်ကို app ကနေ လေ့လာဖတ်ရှုနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ မြန်မာဘာသာနဲ့ မဃဒေဝအလင်္ကာသစ် အခန်းအလိုက် ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်သလို မိမိရှာဖွေလေ့လာလိုတဲ့ အကြောင်းအလိုက် ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ကာ Offline အနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Education
News

IFRS for Banks and Financial Institutions Course သင်တန်းအတွက် ပြင်ပသင်တန်းသားခေါ်ယူ

မြန်မာနိုင်ငံဘဏ်များအသင်း၊ ဘဏ်သင်တန်းကျောင်းမှ IFRS for Banks and Financial Institutions Course အမှတ်စဉ် ၁ သင်တန်းကို ဖွင်လှစ်သွားမယ်လို့သိရပါတယ်။ သင်တန်းကာလကတော့ ဖေဖော်ဝါရီ ၃ ရက်မှ မတ် ၂၆ ရက်အထိ ဖြစ်ပြီး သင်တန်းချိန်ကတော့ နံနက် ၇ နာရီမှ ၉ နာရီအထိ ဖြစ်ပါတယ်။ သင်တန်းကို ဦးအောင်ဖြိုးမြတ် (Manager of Win Thin Associates and Executive Lectures of Win Thin Academy) ကသင်ကြားပေးမှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေဟာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူတွေ၊ စာရင်းကိုင်ပညာ အခြေခံရှိသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။ သင်တန်းကို ဇန်နဝါရီ ၂၈ ရက်နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ အသေးစိတ်ကို […]

Read More
Education
News

YSEALI FuturePreneur Workshop အလုပ်ရုံဆွေးနွေးပွဲ အတွက် လျှောက်လွှာခေါ်ယူ

အရှေ့တောင်အာရှတစ်လွှားက လူငယ်တွေ၊ တက်ကြွတဲ့ခေါင်းဆောင်တွေနဲ့အတူ ဝိုင်ဆီးလီကပြုလုပ်မယ့် YSEALI FuturePreneur Workshop အလုပ်ရုံဆွေးနွေးပွဲအတွက်လျှောက်လွှောခေါ်ယူနေပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို မေ ၃၁ ရက် မှ ဇွန် ၅ ရက် အထိ ဘန်ကောက်မြို့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လျှောက်လွှာတွေကိုတော့ ဇန်နဝါရီ ၂၀ နောက်ဆုံးထားလျှောက်ထားရမှာပါ။ ဆွေးနွေးပွဲ မှာ ပါဝင်သူတွေ အနေနဲ့ အလုပ်ရုံဆွေးနွေးပွဲမတိုင်မီနဲ့ အလုပ်ရုံဆွေးနွေးပွဲလှုပ်ရှားမှုတွေကနေ တစ်ဆင့် မိမိတို့ ပြုလုပ်နေတဲ့ ကိုယ်ပိုင်ပရောဂျက်အိုင်ဒီယာတွေ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းတွေရရှိမှာဖြစ်ပြီး မိမိတို့နေထိုင်ရာ လူမှုအသိုင်းအဝိုင်းရဲ့ အရှိန်အဟုန်နဲ့ပြောင်းလဲတိုးတက်မှုဆိုင်ရာ လိုအပ်တဲ့ Skill တွေကိုလဲ ရရှိမှာဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ www.kenan-asia.org/yseali-bkk မှ တစ်ဆင့်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ -သန္တာ

Read More
Education
News

နိုင်ငံခြားတက္ကသိုလ်များ၏ ဘာသာရပ်နှင့်ဝင်ခွင့်သတ်မှတ်ချက် အသစ်များအကြောင်း ဟောပြောပွဲ ပြုလုပ်မည်

နိုင်ငံခြားတက္ကသိုလ်တွေရဲ့ ဘာသာရပ်အသစ်နဲ့ ဝင်ခွင့်သတ်မှတ်ချက်အသစ်များဟောပြောပွဲကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီ မှ ၁၂ နာရီအထိ Novotel Hotel Yangon ရှိ Eureka Room မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဟောပြောပွဲမှာ ၂ဝ၂ဝ တွင် တက္ကသိုလ်ဝင်ခွင့်တွေ ဘယ်လိုပြောင်းမှာလဲ၊ IELTS/TOFEL မဖြေဘဲကျောင်းလျှောက်လို့ရမလား၊နိုင်ငံခြားမှာကျောင်းတက်ချင်တယ်၊ ဝါသနာနဲ့ ဘာသာရပ်တွေ မသိသေးဘူးဆိုရင်ဘာလုပ်ရမလဲ၊ iGCSE ကိုကျောင်းမှာတက်တာနဲ့ အပြင်ကျူရှင်နဲ့ဘာကွာမလဲ၊ တက္ကသိုလ်တွေကလက်ခံပါ့မလား ၊ iGCSE နဲ့ သြစတြေးလျ၊ ကနေဒါတက္ကသိုလ်တွေလျောက်လို့ရမလား၊ အမေရိကန်စနစ်ကျောင်းမှာထားတဲ့ကလေးတွေ (၁၂)တန်းအစား iGCSE ပြင်ရင်ရမလား၊ iGCSE ဘယ်နှစ်ဘာသာယူရမလဲ၊ iGCSE ပြီးရင် တက္ကသိုလ်တက်ဖို့ GCE A ပြင်စရာမလိုဘူးဆိုတာအမှန်လား၊ နိုင်ငံခြားမှာကျောင်းတက်ဖို့ဆို မြန်မာနိုင်ငံမှာအသစ်ပြောင်းမယ့် (၁၂)တန်းပြီးမှ […]

Read More
Education
News

သြစတြေးလျ အစိုးရ ပညာသင်ဆုများ အကြောင်းဆွေးနွေးပွဲ ပြုလုပ်မည်

MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှဦးစီး၍ သြစတြေးလျ အစိုးရတက္ကသိုလ် James Cook University Singapore မှ ၂၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းနဲ့ ၁၀၀ ရာခိုင်နှုန်းအထိ လျှောက်ထားနိုင်မယ့် ပညာသင်ဆုများအကြောင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက် ၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel (Taungngu Room) မှာလည်းကောင်း ၊ ဇန်နဝါရီ ၁၉ ရက် နေ့လယ် ၁ နာရီမှ ၃ နာရီအထိ မန္တလေးမြို့ရှိ Hilton Hotel (Jacaranda Meeting Room) မှာလည်းကောင်း ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ မတ်လကျောင်းဖွင့်ချိန်အတွက် ယခုအချိန်မှစ၍ လျှောက်ထားနိုင်မယ့်အကြောင်း […]

Read More