Day: January 8, 2020

မိုဘိုင်းဆက်သွယ်ရေးတာဝါများမှ သက်ရောက်လျက်ရှိသည့် လျှပ်စစ်သံလိုက်စက်ကွင်းပမာဏ သိရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ မိုဘိုင်းဆက်သွယ်ရေးတာဝါများရှိ ရေဒီယိုစက်ပစ္စည်းများမှ ထုတ်လွှင့်နေတဲ့ လျှပ်စစ် သံလိုက်စက်ကွင်း (Electromagnetic Field- EMF) တွေဟာ နိုင်ငံတကာစံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီခြင်း ရှိ/မရှိ သိရှိနိုင်ဖို့အတွက် EMF တိုင်းတာရေး စီမံချက်ရေးဆွဲကာ NARDA Safety Test Solution မှ ထုတ်လုပ်တဲ့ EMF Measuring Equipment နဲ့ EMF တိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ Posts and Telecommunications Department ဖေ့စ်ဘွတ်စာမျက်နှာမှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ တိုင်းတာတွေ့ရှိတဲ့ ရလဒ်တွေနဲ့ အများပြည်သူသို့ အသိပညာပေးခြင်းတွေကို ဆောင်ရွက်လျက်ရှိရာ ဒေသငါးခု အတွင်းရှိ အများပြည်သူဆိုင်ရာ ၁၀ နေရာနဲ့ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတွေရဲ့ တာဝါတိုင် စုစုပေါင်း […]

Read More

iPhone ရဲ့ Voicemail လုပ်ဆောင်ချက်ကို ဘယ်လိုသုံးမလဲ

iPhone ရဲ့ voicemail လုပ်ဆောင်ချက်က မိမိဖုန်းဆီကို ပို့လိုက်တဲ့ စာသားမက်ဆေ့ချ်တွေကို အသံဖိုင်အနေနဲ့ ပြန်လည် နားဆင်နိုင်မှာဖြစ်သလို အသံအနေနဲ့ပို့လိုက်တဲ့ မက်ဆေ့ချ်ကိုလည်း စာသားအနေနဲ့ ဖတ်ရှုနိုင်အောင် အလိုအလျောက် ပြောင်းလဲပေးပါတယ်။ မိမိအနေနဲ့ ဖုန်းကို အသုံးပြုဖို့ အဆင်မပြေတဲ့ အချိန်မျိုးမှာ မိမိဆီဖုန်းခေါ်တဲ့သူတွေကို အသံမက်ဆေ့ချ် ချန်ထားခဲ့ဖို့အတွက်ကိုလည်း Voicemail လုပ်ဆောင်ချက်ကိုသုံးပြီး မက်ဆေ့ချ်ချန်ထားခဲ့ဖို့လည်း လုပ်ဆောင်ထားနိုင်မှာပါ။ ဖုန်းမှာ voicemail လုပ်ဆောင်ချက်ကို ဘယ်လိုစီမံအသုံးပြုရမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံး ပုံမှာပြထားသလို ဖုန်းခေါ်ဆိုတဲ့ icon လေးကို တစ်ချက်နှိပ်လိုက်ပါ။ ဖုန်းခေါ်တဲ့စနစ်ထဲကိုရောက်သွားပါလိမ့်မယ်။ အဲလိုရောက်သွားရင်တော့ အစိမ်းရောင်နဲ့ဝိုင်းပြထားတဲ့ voicemail နေရာလေးကို ထပ်နှိပ်လိုက်ပါ။ အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး Set Up ဆိုတဲ့ စာသားကိုနှိပ်လိုက်ပါ။ အဲလိုနှိပ်လိုက်ရင်တော့ Apple […]

Read More

Asus ProArt StudioBook Pro W700G3T

ဈေးနှုန်း – ကန်ဒေါ်လာ ၂၉၉၉ အားသာချက် ပေါ့ပါးပါးလွှာတဲ့ ပရီမီယံဒီဇိုင်း၊ ပြည့်ဝတဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်နဲ့ Laptop စွမ်းဆောင်ရည်၊ ကာလာရုပ်ထွက်ပိုင်း စိုပြည်ကောင်းမွန်တဲ့ 16:10 dislay နဲ့ အသုံးပြုရတာကောင်းမွန်တဲ့ ကီးဘုတ်စနစ်တွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက် 4K display အမျိုးအစားအနေနဲ့တော့ ဝယ်ယူအသုံးပြုနိုင်မှာ မဟုတ်သလို ဈေးအနည်းငယ်ကြီးတယ်လို့ မြင်ပါတယ်။ သုံးသပ်ချက် Asus ProArt StudioBook Pro W700G3T က စွမ်းဆောင်ရည်မြင့်မားကောင်းမွန်လို ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပရီမီယံဒီဇိုင်း Laptop တစ်လုံးဖြစ်ပါတယ်။ စွမ်းဆောင်ရည် မြင့်မားကောင်းမွန်တဲ့ processor နဲ့ GPU စနစ်တွေပါဝင်တာက ပရော်ဖက်ရှင်နယ် လုပ်ငန်းဆောင်တာတွေကို အဆင်ပြေကောင်းမွန်စွာ လုပ်ဆောင်နိုင်စေမှာဖြစ်ပေမယ့် ပေးရတဲ့ ဈေးက အနည်းငယ်များတယ်လို့ […]

Read More

Chord4U

ဂီတာကော့ဒ်တွေပါဝင်တဲ့ မြန်မာသီချင်းတွေကို ရှာဖွေနိုင်မယ့် App ဖြစ်ပါတယ်။ သီချင်းတွေကို အဆိုတော်နာမည်နဲ့ ရှာဖွေနိုင်မှာဖြစ်သလို၊ သီချင်းအလိုက်လည်း ရှာဖွေနိုင်မှာဖြစ်ပြီး အဆိုတော် တစ်ဦးချင်းစီအနေနဲ့လည်း ရှာဖွေနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ သီချင်းဂီတာကော့ဒ်တွေကိုလည်း App ကနေ တစ်ဆင့် ပြန်လည် မျှဝေနိုင်မှာဖြစ်ပြီး အွန်လိုင်းအခြေပြု App ဖြစ်ကာ Offline အနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

CES 2020 ပွဲအတွင်းက အလန်းစား ထုတ်ကုန်များ

နှစ်စဉ်ပြုလုပ်နေကျ CES ပွဲဟာ စတင်နေပြီ ဖြစ်ပါတယ်။ CES 2020 ပွဲကို ဇန်နဝါရီလ ၇ ရက်ကနေ ၁၀ ရက် အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ပွဲမှာ Samsung တီဗီအကြီးစား၊ ဝက်သားအတုနဲ့ ဒီဂျစ်တယ် လူသားတွေအထိ ပါဝင်ပြသခဲ့ကြပါတယ်။ Wall MicroLED TV Samsung ဟာ နာမည်နဲ့လိုက်ဖက်တဲ့ Wall MicroLED တီဗီကို ပြသခဲ့ပါတယ်။ တီဗီမျက်နှာပြင် ၂၉၂ လက်မရှိပြီး CES ပြပွဲထဲမှာ အကြီးမားဆုံးတီဗီ ဖြစ်ပါတယ်။ အရွယ်အမျိုးမျိုးနဲ့ ထုတ်လုပ်ထားပြီး ၈၈ လက်မ၊ ၉၃ လက်မ၊ ၁၁၀ လက်မနဲ့ လက်မ ၁၅၀ တို့လည်း ရှိပါတယ်။ Impossible Pork ပြီးခဲ့တဲ့နှစ်က […]

Read More

Google Assistant သုံးစွဲသူ သန်း ၅၀၀ ကျော်လွန်

လစဉ် Google Assistant ကို အသုံးပြုသူ သန်း ၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ Google ဟာ၂၀၂၀ ခုနှစ်အတွင်း ဖြန့်ချိမယ့် feature တွေကို ပြသခဲ့ပါတယ်။ Google Assistant ဟာ ဆောင်းပါးတွေနဲ့ ဝက်ဆိုက်စာမျက်နှာတွေကို သဘာဝကျစွာ ဖတ်ရှုပေးနိုင်တဲ့ feature တွေပါဝင်လာမှာပါ။ ဒီနှစ် နှောင်းပိုင်းမှာ “Hey Google, read it” ဒါမှမဟုတ် “Hey Google, read this pag” လို့ညွှန်ကြားလိုက်တာနဲ့ ဘာသာစကား ၄၂ မျိုးနဲ့ ဆောင်းပါးတွေကို ဖတ်ရှုတာ၊ ဘာသာပြန်တာ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Google အနေနဲ့ ဆောင်းပါးနဲ့ ဝက်ဘ်စာမျက်နှာကို ဖတ်ပြနိုင်တဲ့ ပေါ့ပါးတဲ့ Go app ကို ၂၀၁၈ […]

Read More

စမတ်စပီကာနည်းပညာ ခိုးယူမှုနဲ့ Google ကို Sonos တရားစွဲ

အသံပိုင်းဆိုင်ရာ နည်းပညာကုမ္ပဏီ Sonos ဟာ မူပိုင်ခွင့်တင်ထားတဲ့ စပီကာနည်းပညာကို ခိုးယူခံရမှုနဲ့ Google ကိုတရားစွဲဆိုလိုက်ပါတယ်။ Sonos ကြိုးမဲ့စပီကာဒီဇိုင်း မူပိုင်ခွင့် ၅ ခုနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှု၂ ခု ပြုလုပ်ထားတယ်လို့ New York Times ကဖော်ပြခဲ့ပါတယ်။ Google ရဲ့ laptop တွေ၊ ဖုန်းတွေနဲ့ စပီကာရောင်းချမှုကို ပိတ်ပင်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကော်မရှင် သီးခြားအမှုကတစ်ဆင့် Sonos က တောင်းဆိုထားပါသေးတယ်။ Google ဟာ ၂၀၁၃ ခုနှစ် ပူးပေါင်းမှုက တစ်ဆင့် စပီကာနည်းပညာကို ခိုးယူခဲ့တယ်လို့ Sonos ကပြောခဲ့ပါတယ်။ မူလလုပ်ငန်း ၂ ခု ပူးပေါင်းမှုအရ Sonos က Google Play Music ကိုထောက်ပံ့ပေးရမှာ […]

Read More

စမတ်အိမ်ကို စီမံခန့်ခွဲပေးနိုင်တဲ့ Ballie စက်ရုပ်ကို Samsung ပြသ

Samsung ရဲ့ CES ထုတ်ကုန်မိတ်ဆက်မှုအတွင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ် HS Kim ကနေ အိမ်တစ်လျှောက် အကူအညီပေးနိုင်တဲ့ စက်ရုပ်ကို ပြသခဲ့ပါတယ်။ Ballie စက်ရုပ်ဟာ သုံးစွဲသူ လိုအပ်ချက်ကို နားလည်၊ ထောက်ပံ့ပေးသလို စမတ်အိမ်ကို စီမံပေးနိုင်ပါတယ်။ Ballie စက်ရုပ်ကို ကိုယ်လက်ကြံ့ခိုင်ရေး အထောက်အပံ့အဖြစ်လည်း အသုံးပြုနိုင်ပြီး ပါဝင်ပြီးသား AI ကို အသုံးပြုကာ လိုအပ်ချက်အလိုက် ဘဝနေထိုင်မှုတိုးတက်မယ့်နည်းလမ်းတွေ ရှာဖွေပေးမယ့် မိုဘိုင်း interface ပါဝင်လာပါတယ်။ Ballie ဟာ တိကျတဲ့ အချက်အလက်ကာကွယ်မှုနဲ့ တစ်ကိုယ်ရေလုံခြုံရေး စံချိန်စံညွှန်းတွေကို ကိုင်တွယ်ပေးနိုင်တယ်လို့ Samsung ကပြောခဲ့ပါတယ်။ ဒါ့အပြင် Samsung က Ballie ဗီဒီယိုတစ်ခုကို ပြသခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ Ballie က စမတ်ခန်းဆီးဖွင့်တာ၊ လူတွေ […]

Read More

ဈေးနှုန်းအသက်သာဆုံး 5G ဖုန်း

CES 2020 ပွဲမှာ Coolpad က Legacy 5G အမည်ရ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Legacy 5G ဖုန်းဟာ ဒေါ်လာ ၄၀၀ အောက်ပဲရှိပြီး ဒီနှစ် ဒုတိယသုံးလပတ်အတွင်း ရောင်းချသွားပါမယ်။ Legacy 5G မှာ ၆.၅၃ လက်မ display ပါဝင်ပြီး ကျောဘက်မှာ အပြာနဲ့ ombre ဒီဇိုင်း အသုံးပြုထားပါတယ်။ ဖုန်းက အလွန်ပေါ့ပါးပြီး ပလတ်စတစ်ကိုယ်ထည် အသုံးပြုထားပါတယ်။ ဖုန်းမှာ 3.5mm နားကြပ်ပေါက် ပါဝင်လာပါတယ်။ ဖုန်းမှာ Android 10 အသုံးပြုထားပါတယ်။ ဒေါ်လာ ၄၀၀ တန် Coolpad Legacy 5G ဖုန်းကြောင့် 5G ကို […]

Read More

စာရေးနည်း အခြေခံလမ်းညွှန်သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးကျင်းပတဲ့ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ ဘာသာပြန် ရေးသားနည်း အခြေခံလမ်းညွှန်သင်တန်းအတွက် သင်တန်းသားလျှောက်လွှာ ခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကို ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းမှာ လယ်တွင်းသားစောချစ်၊ မောင်ခင်မင် (ဓနုဖြူ)၊ မနုဿကျော်ဝင်း၊ မြင်းမူမောင်နိုင်မိုး၊ ချစ်နိုင် (စိတ်ပညာ)၊ မောင်ငြိမ်းသူ (ကြို့ပင်ကောက်)၊ စလင်း ဘုန်းကျော်၊ မောင်စိမ်းနောင် (လယ်ဝေး)၊ မစန္ဒာ၊ ကြူကြူသင်း၊ မနှင်းဖွေး၊ မမိုးမြေ၊ မြတ်စိုး (လှိုင်)၊ မှော်ဝန်းကြည်မြတ်၊ မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်)၊ ဒေါက်တာတင်အောင်ရွှေ (သုတေသီ)၊ ပုသိမ် အောင်သန်းဦး […]

Read More