Day: January 3, 2020

Thai Class – ထိုင်းစကားပြော

ထိုင်းစကားပြော အခမဲ့ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ထိုင်းအက္ခရာ ဗျည်း ၂၀ နဲ့ သရ ၂၄ လုံး အပါအဝင် စာအရေးအသားဆိုင်ရာတွေကို ဗီဒီယိုနဲ့တကွ လေ့လာနိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်တွေကို App ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် ဖုန်းထဲကို download ပြုလုပ်ကာလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

Xiaomi Mi Note 10

Price : 749,000 Ks_6GB/128GB) အားသာချက် ကောင်းမွန်တဲ့ ဓာတ်ပုံအရည်အသွေး၊ ကျေနပ်စရာ မြင်ကွင်းကျယ် ကင်မရာစနစ်၊ သေသပ်တဲ့ ကင်မရာဒီဇိုင်း၊ ဘက်ထရီနဲ့အချိန်ကြာကြာ အသုံးပြုနိုင်မှု၊ မြန်ဆန်တဲ့ ဘက်ထရီအားသွင်းနည်းပညာနဲ့ IR Blaster စနစ်တွေ ပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက် ပုံမှန်မြင်နေကျ ဖုန်းဒီဇိုင်း၊ ဆော့ဖ်ဝဲပိုင်းက update သိပ်မဖြစ်တာနဲ့ Optical zoom ပိုင်းက အထင်နဲ့အမြင် ကွဲလွဲစေတာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။ စွမ်းဆောင်ရည် • Qualcomm Snapdragon 730G • Adreno 618 GPU • 6GB RAM • 128GB of UFS 2.1 storage ဒီဖုန်းမှာ flagship […]

Read More

Apple Mail App ရဲ့အသုံးဝင်ဆုံး feature (၁၀) ခု

Apple ရဲ့ Mail app မှာ iOS 13 နဲ့ iPad OS 13.1 ကြောင့် feature အသစ်တွေ ပါဝင်လာပါတယ်။ အဲဒီ feature တွေထဲက format ရွေးချယ်မှုတွေထဲမှာ scans, photos, videos, drawings နဲ့အခြား attachment တွေ ထည့်သွင်းနိုင်ပါတယ်။ အဆင့်မြင့် Reply menu လည်းပါဝင်လာပါတယ်။ ဒါ့အပြင် အီးမေးလ်ပေးပို့သူကို အလွယ်တကူ ပိတ်ပင်နိုင်ပါတယ်။ Formatting Menu Mail app ကိုဖွင့်ပြီး message အသစ်ကို စတင်လိုက်တဲ့အခါ အီးမေးလ်လက်ခံသူနဲ့ subject ကိုရိုက်ထည့်၊ message ကိုယ်ထည်ကို tap လုပ်လိုက်ပါ။ အဲဒီအခါမှာ ညာဘက်မှာ ပေါ်လာတဲ့ မြားကို […]

Read More

Windows ပေါ်မှာ iPhone ကို mirror လုပ်ခွင့်ပေးသွားမယ့် Dell laptop များ

Apple ဟာ iPhone နဲ့ Mac အကြား ကွာခြားမှုကို ပေါင်းစပ်ပေးခဲ့ပေမယ့် Windows အတွက် မထောက်ပံ့ပေးထားပါဘူး။ အဲဒီ အခြေအနေကို ပြောင်းလဲဖို့ Dell က Windows နဲ့အတူ iPhone ကို အသုံးပြုနိုင်မယ့် tool အသစ်ကို laptop အသစ်မှ ထောက်ပံ့ပေးလိုက်ပါတယ်။ Dell ရဲ့ Mobile Connect utility ဟာ Android အတွက် feature တွေများစွာ ထောက်ပံ့ထားပေးထားပါတယ်။ အခုဆိုရင် ကွန်ပျူတာပေါ်မှာ iPhone screen ကို mirror လုပ်နိုင်ပြီး အချက်အလက်ကို syn လုပ်နိုင်ဖွယ် ရှိပါတယ်။ အခု feature သစ်တွေထဲက တစ်ခုက ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အခြားဖိုင်တွေကို […]

Read More

၂၀၁၉ ခုနှစ်အတွင်း 5G ဖုန်း ၆.၇ သန်းအထိ Samsung တင်ပို့ရောင်းချနိုင်ခဲ့

Samsung ဟာ ၂၀၁၉ ခုနှစ်အတွင်း 5G ဈေးကွက်ကို လွှမ်းမိုးထားနိုင်ခဲ့ပြီး အင်တာနက်ချိတ်ဆက်မှု မြန်ဆန်တဲ့ စမတ်ဖုန်းများစွာကို တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ စမတ်ဖုန်း ၆.၇ သန်းကျော် ရောင်းချခဲ့ရတဲ့ Samsung ဟာ ကမ္ဘာ့ဈေးကွက် ၅၄ ရာခိုင်နှုန်းခန့်ကို ရယူထားနိုင်ပါတယ်။ Samsung ရဲ့ပထမဆုံး 5G စမတ်ဖုန်း Galaxy S10 5G ဟာ ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ထွက်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ Galaxy Note10 5G နဲ့ Note 10+ 5G တို့က နှစ်လည်ပိုင်းအတွင်း ထွက်လာရှိကာ မကြာသေးခင်က Galaxy A90 5G နဲ့ Galaxy Fold 5G တို့ကို မိတ်ဆက်ထားပါတယ်။ Samsung […]

Read More

Oleophobic coating စနစ်

Oleophobic coating စနစ်ဟာ ဆေးဘက်ဆိုင်ရာပစ္စည်းတွေနဲ့ စားသုံးသူအီလက်ထရွန်နစ်ထုတ်ကုန် တစ်နည်း မိုဘိုင်းတွေရဲ့ မျက်နှာပြင်တွေပေါ်မှာ အများဆုံး အသုံးပြုလာကြတဲ့ အပေါ်ယံအလွှာစနစ်တစ်ခု ဖြစ်ပါတယ်။ ဒီ coating စနစ်က လူ့ခန္ဓာကိုယ်က ထွက်တဲ့ အဆီကြောင့် ဖုန်း Screen ရဲ့ လက်ဗွေစနစ်ကို မထိခိုက်အောင် အဓိက ကာကွယ်ဖို့အပြင် စမတ်ဖုန်းရဲ့ မျက်နှာပြင်ကို လက်ချောင်းများရဲ့ ထိတွေ့မှုဒဏ်ကို ပိုမိုခံနိုင်အောင်လည်း ထောက်ပံ့ပေးပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်မှာ ဒီ coating စနစ်ကို အသုံးပြုထားခြင်းအားဖြင့် ဖုန်းမြင်ကွင်းကို အလွယ်တကူ သန့်ရှင်းနိုင်မှာဖြစ်သလို oleophobic အလွှာက ဖုန်း screen ကို အနည်းငယ် ချောတယ်ဆိုတဲ့ ခံစားမှုကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖန်သားမျက်နှာပြင်တွေကို ခြစ်ရာခံနိုင်ရည်ပိုမို ကောင်းမွန်စေသလို ပွတ်တိုက်မှုတွေကြောင့် Screen […]

Read More

Idle Robbery

အခုဂိမ်းဟာ နေရာတစ်နေရာမှာ ရဲတွေရောက်မလာခင် ပစ္စည်းတွေအားလုံး အဖွဲ့လိုက် ခိုးယူရပါမယ်။ အခုဂိမ်းမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ နေရာတွေ၊ ရတနာတွေများစွာကိုလည်း ရှာဖွေနိုင်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်

Read More

Ghost Hunter

အခုဂိမ်းမှာ ကစားသူက ရန်သူတွေကို တိတ်တဆိတ်ချေမှုန်းရပါမယ်။ သေနတ်ပါတဲ့ ရန်သူတွေကို သတိထားဖို့ လိုအပ်ပါတယ်။ ဂိမ်းအတွင်းက မီးရောင်တွေကို ကာကွယ်ဖို့ ပတ်ဝန်းကျင်နဲ့ အရိပ်တွေကို အသုံးချရပါမယ် Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်

Read More

Pimp My Car

ကစားသူအတွက် စိတ်လက်ပြေပျောက်စေမယ့် ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ ကားတွေကို ဆပ်ပြာမှုန့်နဲ့ လိမ်းကျံပြီး ရေဆေးပေးရပါမယ်။ ကားတွေကိုလည်း ဝယ်ယူနိုင်ကာ ပြန်လည်ရောင်းချနိုင်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်

Read More

Johnny Trigger

အခုဂိမ်းမှာ ကစားသူက မာဖီးယားဂိုဏ်းကို ဖြိုခွင်းရမှာ ဖြစ်ပါတယ်။ ကစားသူက ရန်သူတွေကို ပစ်ခတ်ရမှာ ဖြစ်ပြီး သွက်လက်တဲ့ အက်ရှင်ဂိမ်းဖြစ်ပါတယ်။  Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -စိုးထက်

Read More