2020 @YSEALI Professional Fellows ပညာတော်သင်ဆုအတွက် လျှောက်လွှာခေါ်ယူ

2020 @YSEALI Professional Fellows ပညာတော်သင်ဆုအတွက် လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။

လျှောက်လွှာကို မတ် ၁ ရက် နောက်ဆုံးထား လျှောက်ထားရမှာပါ။ ဒီပညာတော်သင်ဆုကတော့ အသက် ၂၅-၃၅ အကြားက မြန်မာတွေ အမေရိကန်ပြည်ထောင်စုမှာ သီတင်းပတ် ငါးပတ်ကြာ နေထိုင်ပြီး နိုင်ငံတစ်ဝန်းက အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ ဒေသန္တရအစိုးရဌာနတွေ၊ ပုဂ္ဂလိက ကဏ္ဍရုံးတွေက အသင့်ပြင်ဆင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အမေရိကန်လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ တစ်ယောက်ချင်းစီ တိုက်ရိုက် တွဲဖက်ဆောင်ရွက်ကြရမယ့် အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။

Civic Engagement, Economic Empowerment, Governance and Society , Sustainable Development and the Environment အစရှိတဲ့နယ်ပယ်တွေအတွက် ခေါ်ယူတာဖြစ်ပါတယ်။ ဝိုင်ဆီးလီ အသင်းဝင်မဟုတ်သူတွေအနေနဲ့ ဒီနေရာမှာ အသင်းဝင်နိုင်ပြီး လျှောက်လွှာကို ဒီလင့်မှာ လျှောက်ထားနိုင်ပါတယ်။

-သန္တာ