
အာရှရဲ့အကြီးမားဆုံး သတင်းအချက်အလက်နဲ့ နည်းပညာ ပြပွဲ ConnecTech Asia 2020 ကိုတော့ စက်တင်ဘာလ ၂၉ရက်ကနေ အောက်တိုဘာ ၁ရက်အထိ စင်ကာပူမှာ ပြုလုပ်သွားပါမယ်။ ဒီနှစ်ပွဲကတော့ COVID-19 ကပ်ရောဂါကြောင့် virtual ပုံစံနဲ့ ကျင်းပသွားပါမယ်။ ပွဲအတွင်း အလားအလာအရှိဆုံး ကိုရီးယား startup ၆ခုက ပြသမယ့် နည်းပညာသစ်တွေနဲ့ တီထွင်ဆန်းစစ်မှုရှိတဲ့ platform တွေပါဝင်ပါတယ်။
-
Trivia Challenge
Trivia Challenge ကိုလည်း ပွဲတက်ရောက်သူ ဝင်ရောက်ကစားနိုင်ဖို့အတွက် စီစဥ်ပေးထားပါတယ်
-
ServiceNow
ServiceNow မှာ “သဘောထားကွဲလွဲမှုမရှိတဲ့ သုံးစွဲသူအတွေ့အကြုံပေးခြင်း” ခေါင်းစဉ်နဲ့ ပြုလုပ်မယ့် တိုက်ရိုက်ထုတ်လွှင့်မှု သရုပ်ပြ ဆွေးနွေးပွဲကို ညနေ ၃နာရီမှာ ပြုလုပ်ပါတော့မယ်။ ပုံမှာပြထားတဲ့ ဆွေးနွေးပွဲကို နားထောင်နိုင်ပါတယ်။
-
IMDA
IMDA ကုမ္ပဏီ လက်ထောက်အမှုဆောင်အကြီးအကဲ အိုင်လင်းချီရာပါဝင်တဲ့ ကွန်ဖရင့်ဆွေးနွေးပွဲ လာပါတော့မယ်။
https://www.connectechasia.com/home/ မှာ virtual ပွဲအတွက် စာရင်းသွင်းပြီး “Theatre” > CommunicAsia > “Operator Technologies ကနေ ဆွေးနွေးပွဲကို နားထောင်နိုင်ပါတယ်။
-
Zoom
SPTel Ptte Ltd ရဲ့ Software အခြေပြု Networking နဲ့ Cloud Ecosystem ကိုအသုံးပြုခြင်း ခေါင်းစဉ်နဲ့ Zoom ဆွေးနွေးပွဲ ပြုလုပ်နေပါပြီ။ ConnecTechAsia ဝက်ဘ်ဆိုက်က virtual ပွဲအတွင်း SPTel လို့ရိုက်ရှာထည့်ပြီး ပုံမှာ ပြထားတဲ့အတိုင်း Zoom လင့်ခ်ကနေ ဆွေးနွေးမှုကို နားထောင်နိုင်ပါတယ်။
-
The Weather Company
IBM လုပ်ငန်းတစ်ခုဖြစ်တဲ့ The Weather Company ကလည်း ကမ္ဘာ့လုံးဆိုင်ရာ ရာသီဥတုခန့်မှန်းမှု အတိကျဆုံးဖြစ်အောင် ထောက်ပံ့ပေးထားပါတယ်။ The Weather Company က ConnecTechAsia ပွဲမှာ စိတ်ကြိုက်ပြင်ဆင်ပြီး သက်ရောက်မှုရှိတဲ့ အချက်အလက်နဲ့ insight တွေနဲ့ နေ့စဉ် ရာသီဥတုခန့်မှန်းမှု ၂၅ဘီလျံကျော်ကို ဆောင်ရွက်ပေးပါတယ်။