Day: December 23, 2019

Android
Download

MM TopUp (ငွေဖြည့်ကဒ်စကင်နာ)

ပြည်တွင်းက ဆက်သွယ်ရေးအော်ပရေတာတွေဖြစ်တဲ့ MPT, Ooredoo, Telenor, MyTel ငွေဖြည့်ကတ်တွေမှာ ပါဝင်တဲ့ ပင်နံပါတ်ကို စကင်ဖတ်ကာအလွယ်တကူ ဖုန်းကို ငွေဖြည့်နိုင်မယ့် App ဖြစ်ပါတယ်။ ဒါ့အပြင် အော်ပရေတာ လေးခုလုံးရဲ့ ဆားဗစ်တွေဖြစ်တဲ့ ငွေလက်ကျန်စစ်ခြင်း၊ Call Centre သို့ ဆက်သွယ်ခြင်း၊ ဖုန်းနံပါတ်စစ်ခြင်း၊ အင်တာနက်ဝန်ဆောင်မှုများ ဝယ်ယူခြင်း၊ ဖုန်းငွေချေးခြင်း၊ ဖုန်းငွေလွှဲခြင်း စတာတွေကို App ကနေ လုပ်ဆောင်နိုင်မှာြဖစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Local
News

Gaming Desktop ကွန်ပျူတာများကို သက်သာသောနှုန်းထားဖြင့် တပ်ဆင်နိုင်မည်

Gaming Desktop ကွန်ပျူတာအစိတ်အပိုင်းတွေကို စိတ်တိုင်းကြိုက်ရွေးချယ်ကာ စျေးနှုန်းသက်သာစွာနဲ့ တပ်ဆင်နိုင်မှာဖြစ်တယ်လို့Innovation Computer Sales & Service Networking, CCTV & PABX Installation မှသိရပါတယ်။ မိမိဆော့လိုတဲ့ဂိမ်းအမျိုးအစားနဲ့ လိုက်ဖက်မယ့် CPU, GPU တွေကိုစိတ်တိုင်းကျရွေးချယ်နိုင်မှာဖြစ်သလို ဒီဇင်ဘာအထူးပရိုမိုးရှင်းအနေနဲ့လျော့စျေးတွေရရှိမှာလဲဖြစ်ပါတယ်။ ဒါ့အပြင် Monitor, CUP, GPU, Motherboard, SSD, HDD, Power Supply တွေကိုလည်း မိမိစိတ်တိုင်းကျတစ်ခုချင်းစီ စိတ်တိုင်းကျဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အထူးပရိုမိုးရှင်းမှာ Core i3 Desktop, Intel Pentium 7th Generations Desktop ကွန်ပျူတာတွေကို သက်သာသောနှုန်းထားနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နေအိမ်၊ ရုံခန်း၊ ဆိုင်ခန်းနဲ့ စက်ရုံတွေအမှာ လစဉ်ကြေးနဲ့ Computer and Network […]

Read More
News
Tech

Pixel 4 အတွက် feature သစ်တွေကို Google ဖြန့်ချိခဲ့

ဒီလအစောပိုင်းမှာ Google ဟာ ပုံမှန် Android update တွေလိုမဟုတ်တဲ့ Pixel 4 ထုတ်ကုန်အတွက် “Pixel Feature Drop” ကနေ feature သစ်တွေကို ဖြန့်ချိပေးမယ်လို့ ပြောခဲ့ပါတယ်။ အခုဆိုရင် Pixel 4 အတွက် update တွေထွက်ရှိလာပါတယ်။ Pixel 4 မှာ robocall screening နဲ့ Duo ဖုန်းခေါ်ဆိုမှု အပြောင်းအလဲတွေ ပါဝင်လာသလို အံ့အားသင့်စရာ feature တစ်ချို့လည်းပါဝင်တယ်လို့ XDA Developers နဲ့ Android Police တို့ကဖော်ပြခဲ့ကြပါတယ်။ ပထမဆုံး Pixel 4 မှာ Face Unlock ပါဝင်လာပါတယ်။ “ထုတ်ကုန်မှာ face unlock ရုပ်ပုံတွေက မျက်နှာပုံစံတူဖန်တီးဖို့ […]

Read More
Article

၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး Android ဖုန်းများ

၂၀၁၉ ခုနှစ်အတွင်း ဖုန်းကုမ္ပဏီတွေဟာ 5G ချိတ်ဆက်မှုကနေ ခေါက်စမတ်ဖုန်းတွေဟာ မြန်ဆန်စွာနဲ့ ဆန်းသစ်တီထွင် ဖွံ့ဖြိုးလာပါတယ်။ Samsung ရဲ့ Galaxy စမတ်ဖုန်းတွေကို လူများစွာ နှစ်သက်ကြပြီး အခြားဖုန်းထုတ်လုပ်သူတွေကလည်း အံ့အားသင့်စရာဟန်းဆက်တွေ ထုတ်လုပ်လာကြပါတယ်။ အခုပြိုင်ဆိုင်မှုကြောင့် သုံးစွဲသူတွေ အကျိုးရှိလာပြီး ဖုန်းကောင်းများစွာကို ရွေးချယ်ဝယ်ယူလာနိုင်ကြပါတယ်။ CNET က ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး Android ဖုန်းတွေကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီဖုန်းတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ တန်ဖိုးကြီးဖုန်း Samsung Galaxy Note 10 Plus Note 10 Plus မှာ feature ကောင်းများစွာပါဝင်ပြီး ဖုန်းတွေအကြား ကွာဟချက်ပြိုင်ဆိုင်မှု ကျဉ်းမြောင်းအောင် ပြုလုပ်ပေးခဲ့ပါတယ်။ အကောင်းဆုံး Android ဖုန်းလိုချင်သူတွေ ရွေးချယ်သင့်ပါတယ်။ မျက်နှာပြင်အရွယ်စား […]

Read More
Apple
Tech

iCloud ဒါမှမဟုတ် iOS ထုတ်ကုန်တွေရဲ့အားနည်းချက် ဖော်ထုတ်နိုင်သူကို ဒေါ်လာ ၁ သန်းအထိ Apple ပေးမည်

Apple ဟာ အရင်က ကြေညာထားတဲ့ ဆုလာဘ်ပေးတဲ့အစီအစဉ်ကို ပိတ်ပြီး အစီအစဉ်အသစ် တစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။ လုံခြုံရေးသုတေသီတွေ အနေနဲ့ Apple ထုတ်ကုန်အတွင်းက အားနည်းချက်ကိုရှာဖွေပြီး တွေ့ရှိတာကို Apple Product Security ဆီသတင်းပို့တာနဲ့ ငွေကြေးများစွာရရှိမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အမြင့်ဆုံးဆုကြေးက ဒေါ်လာ ၁၀၀,၀၀၀ ကနေ ၁ သန်းအထိ ရှိလာနိုင်ပါတယ်။Apple အနေနဲ့ iCloud ထုတ်ကုန်ကို physical access ကတစ်ဆင့် တိုက်ခိုက်မှုနဲ့ သုံးစွဲသူအချင်းချင်းဆက်သွယ်တဲ့ ကွန်ရက်တိုက်ခိုက်မှု အပါအဝင် အားနည်းချက်ရှာတဲ့ အစီအစဉ်အတွက် ဆုအမျိုးမျိုးကို ကဏ္ဍများစွာ ခွဲခြားထားပါတယ်။ အခုအခါမှာတော့ Apple က လုံခြုံရေးသုတေသီတွေကိုပဲ ရွေးချယ်ထားတဲ့ အစီအစဉ်ကိုပြုလုပ်ခဲ့ပြီး ရှာဖွေတွေ့ရှိတဲ့ လုံခြုံရေးအားနည်းချက်က iOS ထဲမှာပဲ ဖြစ်ရမယ်လို့ […]

Read More
How To
Mobile Phone

iPhone ရဲ့ Haptic Touch စနစ်ကို ဘယ်လို စိတ်ကြိုက်ပြင်ဆင် အသုံးပြုမလဲ

iOS အသုံးပြုသူတွေအနေနဲ့ iPhone မှာပါဝင်တဲ့ haptic touch စနစ်ကို မိမိစိတ်ကြိုက် ပြင်ဆင်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိမိအနေနဲ့ ဒီစနစ်ကိုအသုံးပြုဖို့အတွက် ဖုန်းရဲ့ touchscreen ကို စက္ကန့်အနည်းငယ်ကြာ ဖိထားရတဲ့ ဖိအား sensitivity level ရဲ့ တုံ့ပြန်မှု အနှေး-အမြန်ကို မိမိစိတ်ကြုက်ပြင်ဆင် ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ အဲလိုအသုံးပြုတာက မိမိအနေနဲ့ haptic touch အသုံးပြုမှုက ပိုမို လွယ်ကူအဆင်ပြေစေမှာလည်း ဖြစ်ပါတယ်။ အဲလိုမျိုး မိမိစိတ်ကြိုက် အသုံးပြုနိုင်ဖို့အတွက် ဖုန်းထဲက Settings icon ကို နှိပ်လိုက်ပါ။ Settings စနစ်ထဲကို ရောက်သွားရင်တော့ Accessibility စနစ်ထဲကို ထပ်ဝင်ပေးပါ။ Accessibility စနစ်ထဲရောက်သွားရင်တော့ Touch ဆိုတဲ့ စာသားဘေးနားက icon လေးကို […]

Read More
Review
Technical

P-OLED Display နည်းပညာ

Google Pixel 4XL မှာ အသုံးပြုထားတဲ့ Touchscreen Display က P-OLED Display အမျိုးအစားဖြစ်ပါတယ်။ P-OLED Display ဆိုတာကတော့ Screen နည်းပညာတစ်ခုရဲ့ ခေါ်ဝေါ်သုံးစွဲမှု စကားစုတစ်ခု ဖြစ်ပြီး ဒီစနစ်ကိုတော့ LG ကနေပြီး စတင်ခဲ့တာဖြစ်ပါတယ်။ P-OLED ဆိုတာကတော့ Plastic OLED ရဲ့ အတိုကောက် အသုံးနှုန်းတစ်ခု ဖြစ်ပြီး OLED လို့ခေါ်တဲ့ Screen နည်းပညာကနေ ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဂျစ်တယ်မျက်နှာပြင် နည်းပညာတစ်ခုဖြစ်တဲ့ OLED (Organic light-emitting diode) နည်းပညာမှာတော့ P-MOLED (Passive-matrix OLED) နဲ့ AMOLED (Active-matrix OLEDs) ဆိုပြီး နှစ်မျိုးရှိပါတယ်။ OLED Display […]

Read More
Local
News

Developer Conference 2019 သို့ တက်ရောက်သူတစ်ထောင်ခန့်ရှိ

မြန်မာနိုင်ငံကွန်ပျုတာပညာရှင်အသင်း (MCPA) မှ ကြီးမှူးကျင်းပတဲ့ Developer Conference 2019 ကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး နှစ်ရက်အတွင်း တက်ရောက်သူ တစ်ထောင်ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။ “မနှစ်က ပွဲတုန်းကတော့ ကျောင်းသား၊ ကျောင်းသူတွေတက်ရောက်တာများတယ်။ ဒီနှစ်ကတော့ အရင်နှစ်နဲ့ ယှဉ်မယ် ဆိုရင် developer တွေပိုပြီး တက်ရောက်လာတယ်။ အဲ့ဒါကြောင့် တက်ရောက်လာတဲ့သူတွေ အနေနဲ့ လည်း များစွာအကျိုးရှိပါတယ်” လို့ Developer Conference Yangon 2019 ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ Developer Conference ကို ၂၀၁၁ ခုနှစ်မှ စတင် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုကျင်းပခဲ့တဲ့ Developer Conference 2019 မှာ […]

Read More
Article

ပြည်တွင်းအစိုးရတက္ကသိုလ်တွင် တက်ရောက်နိုင်မည့် ဘွဲ့လွန်စျေးကွက်ဆိုင်ရာ စီမံခန့်ခွဲမှုပညာ ဒီပလိုမာဘွဲ့အကြောင်း

ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ဝါဏိဇ္ဇဗေဒဌာနမှ ဖွင့်လှစ်မယ့် ဘွဲ့လွန်စျေးကွက်ဆိုင်ရာ စီမံခန့်ခွဲမှုပညာ ဒီပလိုမာဘွဲ့ (Post-graduate Diploma in Marketing Management)အကြောင်းကို အသေးစိတ် ဖော်ပြပေးလိုက်ပါ တယ်။ ဒီသင်တန်းကိုတော့ စီမံခန့်ခွဲမှုပညာ (Management)၊ စျေးကွက်ဆိုင်ရာ စီမံခန့်ခွဲမှုပညာ (Marketing Management) စသည်များကို အကျွမ်းတဝင်ရှိပြီး လက်တွေ့ကျင့်သုံးနိုင်စေရန်၊ ယနေ့ခေတ် အပြိုင်အဆိုင်များလာ သော စျေးကွက်ပတ်ဝန်ကျင်တွင် ခေတ်မီစျေးကွက်စီမံခန့်ခွဲမှုနှင့် ဖြန့်ဖြူးမှု၊ ရောင်းချမှုနည်းပညာများကို ပိုင်နိုင်ကျွမ်းကျင်၍ လုပ်ငန်းခွင်တွင် ထိရောက်စွာအသုံးချ နိုင်စေရန်၊ မိမိအဖွဲ့ အစည်းများ၏ ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများ ကို အောင်မြင်စွာ စျေးကွက်အတွင်း ပို့ဆောင်နိုင်ရန်အတွက် စျေးကွက်ဆိုင်ရာ သဘောတရားများကို ကောင်းမွန်တတ်ကျွမ်းပြီး တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးနိုင်စွမ်း (Innovation and Creativity) များ ရရှိလာစေရန်၊ နိုင်ငံတကာနှင့် အဖွဲ့အစည်းပတ်ဝန်ကျင်တွင် […]

Read More
Article

မသန်စွမ်းသူများ အားထားစရာ Exoskeleton

ပင်ကိုယ်သဘာဝတရားများကို လေ့လာရင်း လူသားတို့အတွက် အသုံးဝင်စေမယ့် နည်းလမ်းကို ရှာယူကြလေ့ရှိတယ်။ မြက်ပင်လေးတွေရဲ့ ပင်ကိုယ်သဘာဝကို လေ့လာရင်း Angle Iron တွေကို ဖန်တီးအသုံးချကြတယ်။ သစ် ကြားသီးခွံကို ကြည့်ပြီး Dome ပုံစံ အဆောက်အဦတွေ ဆောက်ယူကြတယ်။ တိရစ္ဆာန်တချို့က ကိုယ်ထည်ခွံအမာ (Shell) ဆိုတဲ့ သဘာဝကို မြင်တွေ့သိရှိကြတဲ့အခါ လူသားတွေမှာလည်း ပြင်ပအရိုးစုသဘာဝ ရယူနိုင်ရင် ခန္ဓာ ကိုယ် တောင့်တင်းမှု ရနိုင်တယ်လို့ လေ့လာသိရှိကြတယ်။ ဒါကြောင့် မသန်စွမ်းသူတွေရဲ့ ပျော့ညံ့အားနည်းတဲ့ ခန္ဓာကိုယ်တွေကို ပြင်ပအရိုးစု (Exoskeleton) ဖန်တီးပေးနိုင်ရင်လည်း အားနည်းချို့ တဲ့မှုကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံ ကြည်ခဲ့ကြတယ်။ ဆင့်ကဲဆင့်ကဲ ဖြစ်ထွန်းမှုတွေနဲ့အတူ Robotic Exoskeleton နည်းပညာများ၏ အရှိန်အဝါက လူသားတို့ရဲ့ မသန်စွမ်းမှုကို များစွာအထောက်အကူ […]

Read More