၂၀၂၀ ပြည့်နှစ်အတွက် ပြက္ခဒိန် App ဖြစ်ပါတယ်။ သာသနာနှစ်၊ မြန်မာသက္ကရာဇ်၊ ခရစ်နှစ် သုံးမျိုးစလုံး ကြည့်ရှုအသုံးပြုနိုင်မှာဖြစ်ပြီး App ကို အင်္ဂလိပ် – မြန်မာ ဖော်ပြချက်နှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် တစ်နှစ်တာ အစိုးရရုံးပိတ်ရက်များ၊ လပြည့် – လကွယ်နဲ့ ရက်ရာဇာ – ပြဿဒါး စတာတွေကိုလည်း ကြည့်ရှုနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီ Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read Moreလက်မှတ်ရ ပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ် (၄၆) အတွက် သင်တန်းသားလျှောက်လွှာ ခေါ်ယူလျက်ရှိပါတယ်။ သင်တန်းကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ရန်ကုန်သင်တန်းကျောင်းမှာ ဖွင့်လှစ်မှာဖြစ်ပြီး မြန်မာနိုင်ငံစာရင်းကောင်စီက အသိအမှတ်ပြု ဖွင့်လှစ်ခွင့်ပြုထားတဲ့ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း တွေမှာလည်း တက်ရောက်နိုင်ပါတယ်။ သင်တန်းကို ရုံးဖွင့်ရက်များမှာ နံနက် ၇ နာရီမှ ၈ နာရီ ၅၀ အထိ လည်းကောင်း၊ စနေနေ့မှာ နံနက် ၇ နာရီမှ ၁၁ နာရီ ၅၀ မိနစ်အထိလည်းကောင်း တက်ရောက်ရမှာ ဖြစ်ပြီး B.com, B.Act, B.B.A ဘွဲ့စာမေးပွဲအောင်မြင်သူတွေ၊ B.BSc (Accountin and Finance) ဘွဲ့ စာမေးပွဲအောင်မြင်သူတွေ၊ မြန်မာနိုင်ငံစာရင်းကောင်စီက ကျင်းပခဲ့တဲ့ ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) စာမေးပွဲ အောင်မြင်သူတွေ၊ […]
Read MoreFacebook မှ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာ ၎င်းရဲ့ တရားဝင် မိတ်ဖက်အရောင်းကိုယ်စားလှယ် အဖြစ် Httpool ကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။ Facebook ရဲ့ တရားဝင် မိတ်ဖက်ကုမ္ပဏီအနေနဲ့ Httpool ဟာ အဆိုပါ နိုင်ငံ (၃) နိုင်ငံရှိ ဒေသတွင်း စီးပွားရေး လုပ်ငန်းများ အတွက် Facebook, Instagram, Facebook Messenger နဲ့ WhatsApp အက်ပလီကေးရှင်းတို့ထံမှ လိုအပ်တဲ့ ပံ့ပိုးကူညီမှုများနဲ့ ဒေသအလိုက် ထိရောက်မှုရှိစေမယ့် ဝန်ဆောင်မှုများကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ရဲ့ အရောင်းအဖွဲ့တွေက အရှေ့တောင်အာရှဒေသတစ်လွှား အောင်မြင်စွာနဲ့ ဈေးကွက်တိုးချဲ့အပြီးမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကို တာဝန်ယူပေးမယ့် တရားဝင် မိတ်ဖက် အရောင်းကိုယ်စားလှယ် တစ်ဦးကို ထားရှိပေးခဲ့တာပါ။ […]
Read Moreရန်ကုန်မြို့တွင်း၊ လေဆိပ်ကြိုပို့ အပါအဝင် မြို့ပြင်ခရီးသွားလာခြင်းအတွက် ၇ ယောက်စီး Toyota Alphard ဗန်ကားတွေကို နာရီအလိုက်၊ တစ်နေ့တာအတွက် လိုအပ်သလို ငှားရမ်းအသုံးပြုနိုင်မယ့် Grab Premium Rentals (Beta) ကို စတင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ လက်ရှိပြည်တွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ စံချိန်စံနှုန်းမြင့်မားလာစေပြီး ရန်ကုန်မြို့တွင်း ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ Grab အသုံးပြသူများအနေနဲ့ Premium Rentals (Beta) ဝန်ဆောင်မှုကို Grab app ထဲရှိ “Rentals” လုပ်ဆောင်မှုမှတစ်ဆင့် အလွယ်တကူ ရယူနိုင်မှာဖြစ်ပါတယ်။ ဝန်ဆောင်မှုအသစ်မှာ ကျွမ်းကျင်ယာဉ်မောင်းများနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များပါဝင်ကာ ခရီးသည်တွေအနေနဲ့ မိမိအသုံးပြုတဲ့ အချိန်အတွင်း ရပ်နားသည့်နေရာ အရေအတွက်၊ ခရီးအကွာအဝေးနဲ့ သွားရောက်လိုတဲ့ မြို့နယ်တွေကို […]
Read Moreဆန်းသစ်တီထွင်မှုရှိပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍတစ်ခု ဖြစ်လာစေရေးနှင့် လုပ်ငန်းများဖွံ့ဖြိုးမှုစီမံကိန်း (SEAD Project) အကောင်အထည်ဖော်ရေးကို ကူညီပေးရန်အတွက် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီချက်တစ်ရပ်ကို Ooredoo မြန်မာနဲ့ UNDP မြန်မာတို့ ဒီဇင်ဘာ ၁၆ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ “SEAD စီမံကိန်းဟာ ကျေးလက်နေပြည်သူတွေကို သူတို့ရဲ့ ဒေသတွင်းဖွံ့ဖြိုးရေးအခက်အခဲတွေကို ကျော်လွှားနိုင်စေဖို့၊ မိုဘိုင်းအိုင်စီတီနည်းပညာနဲ့ မောင်းနှင်နေတဲ့ ဈေးကွက်ချိတ်ဆက်မှု အလားအလာကောင်းတွေကို နားလည်သဘောပေါက်စေဖို့နဲ့ ထုတ်လုပ်မှုစွမ်းအား တိုးတက်စေဖို့အတွက် ကူညီပေးမှာဖြစ်ပါတယ်” လို့ UNDP ရဲ့ လက်ရှိဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Gordan Johnson က ပြောပါတယ်။ အဆိုပါ SEAD စီမံကိန်းအရ Ooredoo ရဲ့ ခေတ်မီမိုဘိုင်းနည်းပညာနဲ့ UNDP ရဲ့ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိတဲ့ စိုက်ပျိုးရေးအလေ့အထများမြှင့်တင်ရေး အတွေ့အကြုံတွေကို အရှိန်အဟုန်ဖြင့် […]
Read Moreသြစတြေးလျနိုင်ငံရှိ Central Queensland University (Australia) မှ ပညာသင်ဆု ၂၀ ရာခိုင်နှုန်းကို ကျောင်းလခအတွက် ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ သြစတြေးလျ ဘွဲ့ဒီဂရီကို CQ University မှာ မြန်မာနိုင်ငံမှ (၁၀) တန်းနဲ့ IGCSE ‘O’ Level အောင်မြင်ထားသူတွေ အနေနဲ့ ဒီပလိုမာတန်းမှ စတင် တက်ရောက်နိုင်ပြီး အစိုးရတက္ကသိုလ်များမှ ပထမနှစ်အောင်မြင်ထားသူတွေ၊ International School မှ Year 12 ပြီးဆုံးထားသူတွေနဲ့ GCE ‘A’ Level ပြီးဆုံးထားသူတွေအနေနဲ့ Foundation တက်ရောက်သင်ယူစရာ မလိုဘဲ Bachelor တန်း ပထမနှစ်က စပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Allied Health, Business and Accounting, Creative, […]
Read More