Day: December 17, 2019

ဈေးနှုန်းအလွန်သက်သာတဲ့ ဖုန်း (၁၂) မျိုး

ယနေ့ကာလမှာ စမတ်ဖုန်းဈေးကွက်ထဲ ဈေးနှုန်းသက်သာပြီး ကောင်းမွန်တဲ့ ဖုန်းပေါင်းများစွာ ရှိနေပါပြီ။ ဈေးနှုန်းကလည်း တရိပ်ရိပ်ကျဆင်းနေပြီး software ပိုင်းလည်း ပိုမိုကောင်းမွန်လာပါတယ်။ အောက်မှာတော့ CNET ဝက်ဘ်ဆိုက်ရဲ့ အယ်ဒီတာအဖွဲ့က ရွေးချယ်ထားတဲ့ ဈေးနှုန်းမမြင့်မားတဲ့ဖုန်းတွေကို ဖော်ပြလိုက်ပါတယ်။ (၁) Apple iPhone 7 ဈေးနှုန်း- ၄၄၉ ဒေါ်လာ ၂၀၁၆ ခုနှစ်ထုတ် iPhone 7 ဟာ Apple ရဲ့ဈေးနှုန်းသက်သာမှုအရှိဆုံးဖုန်း ဖြစ်ပါတယ်။ အခုစာရင်းမှာတော့ ဈေးနှုန်းအမြင့်ဆုံးဖုန်း ဖြစ်နေပါတယ်။ iPhone 7 ဟာ အလွန်ကောင်းမွန်တဲ့ဖုန်းဖြစ်ပြီး iPhone XS လိုမျိုး နောက်ဆုံးပေါ် ပရိုဆက်ဆာတော့ မပါဝင်ပါဘူး။ iPhone 7 ဟာ ရေစိုခံနိုင်ရည်ရှိကာ physical ဖြစ်တဲ့ home ခလုတ်နဲ့ ကင်မရာမှာ […]

Read More

Windows Update ကတစ်ဆင့် Edge browser အသစ်ကို ဖြန့်ချိမယ့် Microsoft

Microsoft ဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်ကနေ စတင်ပြီး Chromium အခြေခံ Edge browser အသစ်ကို ဖြန့်ချိမယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာလ အစောပိုင်းအတွင်း Windows 10 နဲ့အတူ Edge အသစ် ပါဝင်လာမယ်လို့ ထုတ်ပြန်ထားပေမယ့် ထွက်ရှိမယ့်အချိန် နှောင့်နှေးနေခဲ့ပါတယ်။ Windows 10 အတွက် ထွက်ရှိလာမယ့် Edge အသစ်နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ Edge ရဲ့ Chromium အခြေခံဗားရှင်း Windows operating system အသစ်နဲ့မဆိုင်ဘူးလို့ Microsoft က ပြောခဲ့ပါတယ်။ Microsoft ဟာ Windows 10 1709 နဲ့အထက် အသုံးပြုထားတဲ့ ကွန်ပျူတာအားလုံးအတွက် […]

Read More

သတင်းမှားတွေကို ဖုံးကွယ်ပေးမယ့် Instagram feature အသစ်

Instagram ဟာ မေလက စတင်ပြီး အမေရိကန်အတွင်း အချက်အလက်ကို အကန့်အသတ်နဲ့စစ်ဆေးနေတာကို တိုးချဲ့စမ်းသပ်ခဲ့ပါတယ်။ Instagram app မှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ စစ်မှန်မှု ရှိ၊ မရှိ စစ်ဆေးနေတဲ့ third-party အဖွဲ့အစည်း ၄၅ ခု ရှိလာပါမယ်။ သတင်းမှားလို့ သတ်မှတ်ခံရတဲ့ post တွေကို Explore နဲ့ hashtag စာမျက်နှာတွေမှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ Instagram ရဲ့ feed ဒါမှမဟုတ် Stories မှာ သုံးစွဲသူတွေက post ကိုထပ်မံမြင်တွေ့ရဖို့ သတိပေးချက်နဲ့ ပိတ်ပင်မှုကို tap လုပ်ရပါမယ်။ Instagram အနေနဲ့ Facebook လိုမဟုတ်ဘဲ သုံးစွဲသူကို သတင်းမှားဆိုတာကို post မှာသတိပေးကာ သုံးစွဲသူက post […]

Read More

လူငယ်များအတွက်Taste of Dream Profession ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်ခဲ့

လူငယ်များအတွက်Taste of Dream Profession ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၅ ရက်၊ နံနက် ၉ နာရီ ၃၀ မှ ညနေ ၅ နာရီအထိ Rose Garden ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ လူငယ်များ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဆောင်ရွက်လျက်ရှိတဲ့ Myanmar Youth Inititate (MYI) နဲ့ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမို ကောင်းမွန်လာစေရေး ရှေးရှုလျက်ရှိတဲ့ Intern Plus Myanmar တို့ ပူးပေါင်းပြီး ယခု အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ -အောင်သူ

Read More

vivo X30 မှာ 5G modem နဲ့ 50mm portrait ကင်မရာ ပါဝင်လာ

အသစ်မိတ်ဆက်လိုက်တဲ့ vivo X30 နဲ့ X30 Pro မှာ 5G modem ထည့်သွင်းထားတဲ့ Samsung chipset တွေ အသုံးပြုထားပါတယ်။ စမတ်ဖုန်းဈေးကွက်ထဲမှာ Samsung chipset စတင် အသုံးပြုလိုက်တဲ့ ပထမဆုံးထုတ်ကုန်တွေ ဖြစ်လာပါတယ်။ vivo ရဲ့ဖုန်းမော်ဒယ် ၂ မျိုးဟာ ဆင်ပေမယ့် Pro ဗားရှင်းမှာ 5x periscope ကင်မရာ ပါဝင်လာပါတယ်။ ဖုန်းမှာ 135mm focal အရှည်နဲ့ 12MP ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပြီး ဒီဂျစ်တယ် zoom ကတော့ 60x magnification အထိ အသုံးပြုနိုင်ပါတယ်။ X30 ကင်မရာရဲ့ ထူးခြားတဲ့ အရာကတော့ 50mm portrait ကင်မရာ ပါဝင်လာတာ ဖြစ်ပါတယ်။ […]

Read More

တူရကီ Android ဖုန်းသစ်တွေမှာ Google ဝန်ဆောင်မှု ပါဝင်ဖွယ်မရှိ

တူရကီနိုင်ငံရဲ့ စီးပွားပြိုင်ဆိုင်မှုဘုတ်အဖွဲ့က Google ရဲ့စာချုပ်ကို လက်သင့်ခံနိုင်ဖွယ်မရှိ ဆိုပြီး ပယ်ချလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံတွင်း ထွက်ရှိမယ့် Android ဖုန်းသစ်တွေနဲ့အတူ လက်တွဲလုပ်ကိုင်သွားမှာ မဟုတ်ဘူးလို့ Google က တူရကီလုပ်ငန်းတွဲဖက်လုပ်ကိုင်သူတွေကို ပြောထားပါတယ်။ တူရကီရဲ့ စီးပွားပြိုင်ဆိုင်မှုအာဏာပိုင်တွေက မိုဘိုင်း software ရောင်းချမှုမှာ ပြိုင်ဆိုင်ရေးဥပဒေကို ချိုးဖောက်ခဲ့တဲ့ Google ကို ၂၀၁၈ ခုနှစ်မှာ လီရာ ၉၃ သန်း (ဒေါ်လာ ၁၇.၄ သန်း) ဒဏ်ရိုက်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှုကို ပုံမှန်အတိုင်း အပြောင်းအလဲ ပြုလုပ်သွားဖို့ Google ကို ၆ လ အချိန်ပေးထားပါတယ်။ တူရကီရဲ့ စီးပွားပြိုင်ဆိုင်မှုဘုတ်အဖွဲ့က နိုဝင်ဘာ ၇ ရက်မှာတော့ Google က လုပ်ငန်းတွဲဖက်လုပ်ကိုင်သူတွေနဲ့ ချုပ်ဆိုမယ့် စာချုပ်ကို […]

Read More

နိုင်ငံခြားဘာသာစကား ညနေပိုင်းသင်တန်းများအတွက် လျှောက်လွှာခေါ်ယူ

လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန (ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်) မှာ အခြေခံ (၁) (Basic Level I) တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ထိုင်းနဲ့ မြန်မာဘာသာ ညနေသင်တန်းများအတွက် သင်တန်းသားလျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ပါတယ်။ သင်တန်းတွေကို ဒီနေရာမှ လျှောက်လွှာတင်သွင်းရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်၊ နံနက် ၉ နာရီခွဲမှစတင်ကာ သတ်မှတ်ဦးရေပြည့်သည့်အထိ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အင်္ဂလိပ်စာသင်တန်းကို ၂၀၂၀ ခုနစ်၊ ဇန်နဝါရီ ၁၃ ရက်မှ မတ် ၁၃ ရက်အထိ ၃ လကြာဖွင့်လှစ်မှာဖြစ်ပြီး ကျန်ဘာသာရပ်တွေကို ဇန်နဝါရီ ၁၃ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ၆ လကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ […]

Read More

Samsung Galaxy S11 ရဲ့ 108MP ကင်မရာမှာ 9-to-1 Bayer sensor ပါဝင်လာနိုင်

Samsung ဟာ Galaxy S11 ဖုန်းကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ Twitter သုံးစွဲသူတစ်ဦးဖြစ်တဲ့ Universelce ဆိုသူက Galaxy S11+ မှာ 9-to-1 နည်းပညာနဲ့အတူ 108MP sensor ပါဝင်လာမယ်လို့ ပြောခဲ့ပါတယ်။ Universelce က အခြား tweet တစ်ခုမှာ ဖုန်းဒီဇိုင်းကို ထုတ်ဖော်ပြသထားပါတယ်။ Galaxy S စီးရီး မော်ဒယ်သစ်တွေမှာ A နဲ့ M မော်ဒယ်တွေလိုမျိုး ထုတ်ကုန်ဘယ်ဘက်ခြမ်းမှာ ထောင့်မှန်စတုဂံဒီဇိုင်း ပါဝင်လာနိုင်ပါတယ်။ Samsung Galaxy S11 ဖုန်းမှာပါဝင်မယ့် 108MP က 12MP ဓာတ်ပုံ ထုတ်လုပ်ပေးမှာ ဖြစ်ပြီး ကြည်လင်ပြတ်သားမှု အရှိဆုံး ဓာတ်ပုံကို ရရှိစေမှာပါ။ ပုံမှာဖော်ပြထားတဲ့ […]

Read More

မိုဘိုင်းဆက်သွယ်ရေးတာဝါများနှင့် သင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင် ထုတ်ဝေ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး “မိုဘိုင်းဆက်သွယ်ရေးတာဝါများနှင့် သင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင်ကို ထုတ်ဝေလိုက်တယ်လို့ Posts and Telecommunications Department ဖေ့စ်ဘွတ်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးတာဝါများမှ မိုဘိုင်းဆက်သွယ်ရေးတာဝါများရှိ ရေဒီယိုစက်ပစ္စည်းများ မှ ထုတ်လွှင့်နေတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းတွေဟာ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ သိရှိနိုင်ရန်အတွက် EMF တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တိုင်းတာတွေ့ရှိတဲ့ရလဒ်တွေနဲ့ အများပြည်သူသို့ အသိပညာပေးခြင်းတွေကို အလေးထားဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ -အောင်သူ

Read More