Day: December 16, 2019

Android
Download

Myanmar Electric Bill Calculator

​လစဥ်သုံးစွဲတဲ့ ယူနစ်ပေါ်မူတည်ကာ မိမိအသုံးပြုတဲ့ လျှပ်စစ်မီတာခကို အလွယ်တကူ တွက်ချက်ကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ အိမ်သုံးမီတာ၊ လုပ်ငန်းမီတာ နှစ်မျိုးလုံးအတွက် တွက်ချက်ကြည့်နိုင်မှာြဖစ်ပြီး လျှပ်စစ်မီတာရုံးဖုန်းနံပါတ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ App ကို မြန်မာဘာသာဖြင့်အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Article

Apple ကအသစ်ဖြန့်ချိလိုက်တဲ့ iOS 13.3 နဲ့ပတ်သက်ပြီး သိသင့်သမျှ

Apple iOS 13.3 ဟာ ခန့်မှန်းထားတဲ့အတိုင်း ဒီဇင်ဘာလ ၁၀ ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ စက်တင်ဘာလအတွင်း စတင် ထွက်ပေါ်လာတဲ့ iOS 13 ဟာ အားနည်းချက်တွေ များစွာဖြစ်ပေါ်ခဲ့တာကြောင့် iOS 13.3 ဟာ ၈ ခုမြောက် update ဖြစ်ပါတယ်။ iOS 13.3 မှာ feature အသစ်တွေနဲ့ fix တွေပါဝင်လာပါတယ်။ ဘယ်သူ့အတွက်လဲ iOS 13.3 ကို iOS 13 ထောက်ပံ့မှုရရှိတဲ့ ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် iPhone 6S နဲ့အထက် ထုတ်ကုန်တွေ ထည့်သွင်းနိုင်ပြီး iPod touch သတ္တမမြောက်မျိုးဆက်မှာလည်း အသုံးပြုနို်ငပါတယ်။ သုံးစွဲသူက Settings > General > […]

Read More
News
Tech

Tesla ရဲ့ဆိုက်ဘာထရပ်အတွက် ကိုယ်ပိုင်ဂိုဒေါင်စီမံကိန်း

Tesla ဆိုက်ဘာထရပ်ရဲ့ တော်လှန်တဲ့ဒီဇိုင်းဟာ အခြားစီမံကိန်းများစွာကို ဖြစ်ပေါ်လာပါတယ်။ အခုဆိုရင် ဒီဇိုင်းနဲ့ သုတေသနအေဂျင်စီ Lars Büro က ဆိုက်ဘာထရပ်ကို ထည့်ထားနိုင်တဲ့ Cybunker စီမံကိန်းကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ Tesla ရဲ့ဆိုက်ဘာထရပ်ကားက ပုံမှန်ဂိုဒေါင်နဲ့ မဆံ့တဲ့အတွက် သီးသန့်ဂိုဒေါင်တစ်ခုကို တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အေဂျင်စီက ထုတ်ပြန်ထားပါတယ်။ ဆိုက်ဘာထရပ်အတွက် ဂိုဒေါင်ဒီဇိုင်း ဓာတ်ပုံတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ ဆိုက်ဘာထရပ် ဂိုဒေါင်တံခါးစနစ်မှာ တံခါးစနစ်၂ မျိုးပါဝင်ပြီး အကျယ်က စတုရန်းပေ ၆၀၀ ရှိပါတယ်။ ပုံမှန်ဂိုဒေါင်တွေနဲ့ အံကိုက်မဖြစ်တဲ့ ထရပ်ကားတွေ၊ ပစ္စည်းတွေနဲ့ ယာဉ်အမျိုးမျိုးကို ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် ပိုမို ပြင်းထန်ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်အတွက် လေလုံခန်းအဖြစ် အသုံးပြုနိုင်တဲ့အတွက် လုံခြုံအောင် ထားရှိနိုင်တယ်လို့ ကုမ္ပဏီက ရှင်းလင်းခဲ့ပါတယ်။ အဆောက်အဦက […]

Read More
News
Tech

ကမ္ဘာ့လူဦးရေ နေထိုင်တဲ့အရပ်ဒေသ ၉၈ ရာခိုင်နှုန်းကို Google Earth လွှမ်းခြုံထား

Google အနေနဲ့ Street View ကို မိတ်ဆက်ခဲ့တာ ၁၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ Street View ဆိုတာ Google က ကမ္ဘာတစ်ဝန်း စေလွှတ်ထားတဲ့ကားတွေက ကမ္ဘာပေါ်က လမ်းမတွေကို ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်ပေးတာ ဖြစ်ပါတယ်။ Stree View မှာ မြို့ပြ၊ မြို့တော်နယ်နိမိတ်နဲ့ ဝေးလံသီခေါင်တဲ့ တောအရပ်က ဓာတ်ပုံတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က Google ဟာ Street View ရိုက်ကူးတဲ့ကားတွေနဲ့ အခြားထုတ်ကုန်တွေက ကမ္ဘာ့မြေပုံနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ကိုင်နေလဲ ဆိုတာ ထုတ်ပြန်ခဲ့ပါတယ်။ Google အနေနဲ့ Street View ရုပ်ပုံ မိုင် ၁၀ သန်းကျော် ရိုက်ကူးခဲ့ပါတယ်။ အဲဒီ အကွာအဝေးနဲ့ ကမ္ဘာကို လှည့်ပတ်မယ်ဆိုရင် […]

Read More
Local
News

လျှပ်စစ်မီတာခကို Pre Paid စနစ်ဖြင့်ပါ ဆောင်ရွက်ရန် စီစဉ်လျက်ရှိ

လျှပ်စစ်မီတာခများ ကောက်ယူရာမှာ လူအားနဲ့ မီတာဖတ်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အားနည်းချက်များကို ရှောင်ရှားရန် SMART METER စနစ်အတွက် ဆောင်ရွက်လျက်ရှိပြီး နောက်ပိုင်းတွင် နိုင်ငံတကာနည်းတူ ကြိုတင် ငွေပေးချေထားရတဲ့ Pre Paid စနစ်ပါ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်နေ့မြောက်မှာ ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ်၏ မီတာဖတ်ခြင်း၊ မီတာကောက်ခံခြင်းများတွင် လျှပ်စစ်သုံးစွဲသူနှင့် လျှပ်စစ်ဌာနတို့အကြား ပွင့်လင်းမြင်သာမှု ရှိရန်အတွက် လူမြင်နိုင်သောနေရာ သို့မဟုတ် အိမ်ခြံဝင်းများအတွင်းတွင် မီတာပုံးများထားရှိရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းတဲ့ မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။ […]

Read More
Local
News

Tech Age Girls Myanmar Leadership Summit နှင့် ဆန်းသစ်တီထွင်သော ပြည်သူ့စာကြည့်တိုက်ဆုပေးပွဲ အခမ်းအနား ကျင်းပ

အူရီဒူးမြန်မာနဲ့ MBAPF (Myanmar Book Aid and Preservation Foundation) တို့ပူးပေါင်းပြီး Tech Age Girls Myanmar အတွက် Leadership Summit နှင့် ဆန်းသစ်တီထွင်သော ပြည်သူ့စာကြည့်တိုက် ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ရှိ Yangon Innovation Centre မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး တက်ရောက်ခဲ့ပြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက အမျိုးသမီးလူငယ်များ လူမှုပတ်ဝန်းကျင် အသီးသီးတွင် ခေါင်းဆောင်များဖြစ်လာစေရန် မှန်ကန်သောလမ်းကြောင်းနှင့် အခွင့်အလမ်းများကို ပေးအပ်မှုသည် အရေးပါကြောင်း၊ လူအများ စာကြည့်တိုက်များအပေါ် စိတ်ဝင်စားမှုမြင့်တက်လာစေရန်အတွက် ရှေးရိုးပြည်သူ့စာကြည့်တိုက်များကို ဆန်းသစ်တီထွင်မှုရှိသော စာကြည့်တိုက်များအဖြစ် အသွင်ပြောင်းလဲမှုတို့နှင့် ပတ်သက်ပြီး အမှာစကား ပြောကြားခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း အစီအစဉ်မှာပါဝင်တဲ့ […]

Read More
Local
News

မြန်မာ့ခရီးသွားဝင်ရောက်မှု တိုးတက်လျက်ရှိတဲ့ အာရှနိုင်ငံများတွင် အသက်သာဆုံးနှုန်းဖြင့် အင်တာနက်သုံးနိုင်မည့် အစီအစဉ်ကို တယ်လီနောမိတ်ဆက်

တယ်လီနောမြန်မာ အနေနဲ့ မြန်မာ့ခရီးသွားဝင်ရောက်မှု တိုးတက်လျက်ရှိတဲ့ အာရှနိုင်ငံတွေမှာ အသက်သာဆုံးနှုန်းထားနဲ့ အင်တာနက်သုံးစွဲနိုင်မယ့် အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ မြန်မာနိုင်ငံသား အများစု သွားရောက်လည်ပတ်လေ့ရှိတဲ့ အိန္ဒိယ အပါအဝင် ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအိုနဲ့ တောင်ကိုရီးယားတို့မှာ အထူးနှုန်းထား ပရိုမိုးရှင်းများနဲ့ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြည်တွင်းနှုန်းထားများအတိုင်း ၁ မဂ္ဂါဘိုက်လျှင် ၁၀ ကျပ် (ကုန်သွယ်လုပ်ငန်းခွန်မပါ) ဖြင့် အသုံးပြုနိုင်မယ့် အထူးပရိုမိုးရှင်း အစီအစဉ်ကို ရယူအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဝန်ဆောင်မှုရယူပါက ပေးဆောင်ရမယ့် ဝန်ဆောင်ခဟာလည်း အသက်သာဆုံးနှုန်းထားဖြစ်တဲ့ အပတ်စဉ် စာရင်းပေးသွင်းခ ၅၉၉ ကျပ် သို့မဟုတ် နေ့စဉ်စာရင်းပေးသွင်းခ ၉၉ ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။ နေ့စဉ်နဲ့ အပတ်စဉ် စာရင်းပေးသွင်းမှု မပြုလုပ်လိုတဲ့ အသုံးပြုသူများ အနေနဲ့လည်း သုံးသလောက်ပေး အင်တာနက်အစီအစဉ်ကို […]

Read More
Article

အဋ္ဌမအကြိမ်မြောက် ကျင်းပမည့် Developer Conference Yangon 2019

မြန်မာနိုင်ငံ ကွန်ပျူတာပညာ ရှင်အသင်းမှကြီးမှူးပြီး မြန်မာ နိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏပညာရှင်များ တွေ့ဆုံဆွေးနွေးမယ့် Developer Conference Yangon 2019 ကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၂ ရက် အထိ နှစ်ရက်တိုင်တိုင် MICT Park, Conference Hall မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Developer Conference Yangon 2019 ကျင်းပရခြင်း၏ ရည်ရွယ်ချက် မြန်မာနိုင်ငံရဲ့ အိုင်စီတီအခန်းကဏ္ဍနဲ့ Industry ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ ခေတ်နဲ့ အညီ နည်းပညာအသစ်များကို မျှဝေသုံးစွဲရန် အတွက်လည်းကောင်း၊ Developer Community တိုးတက်စေရန်အတွက် လည်း ကောင်း၊ တိုးတက်ပြောင်းလဲလာ တဲ့ ICT နည်းပညာပေါ် အခြေခံပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ICT ဆားဗစ်များ၊ […]

Read More
Article

ကမ္ဘာ့အရေးပါဆုံး စီအီးအိုအတွက် အခက်အခဲလား၊ အခွင့်အလမ်းလား

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ Googleရဲ့ စီအီးအို ဆန်ဒါ ပီချိုင်းကို Alphabet ကုမ္ပဏီရဲ့ စီအီးအိုအဖြစ်ပါ ခန့်အပ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါက နည်းပညာလောကအတွက် ထုတ်ကုန်သစ်တစ်ခု၊ နည်းပညာသစ်တစ်ခုပေါ် ထွက်လာခဲ့ခြင်းထက်ပိုပြီး အဓိပ္ပါယ်ရှိနေခဲ့ပါတယ်။ ဒီရာထူး သစ်ကြောင့် ဆန်ဒါပီချိုင်းက ကမ္ဘာပေါ်မှာ အရေးပါဆုံး အမှုဆောင်အရာရှိချုပ်ဆိုတဲ့ ဂုဏ်ပုဒ်သစ်ကို အပ်နှင်းခံလိုက်ရသလို နည်းပညာလောကအတွက် အထူးသဖြင့် Google အတွက် ခေတ်သစ်တစ်ခုကို အစပြုလိုက်တာလည်း ဖြစ်ပါတယ်။ Alphabet က ဘာလဲ ၁၉၉၈ ခုနှစ် စက်တင်ဘာလမှာ စတန်းဖိုဒ်တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြတဲ့ လယ်ရီပေ့နဲ့ ဆာဂျီဘရင်းတို့က သူတို့ရဲ့ အဆောင်အိပ်ခန်းထဲမှာ Google ကို စတင်တည်ထောင်ခဲ့ကြပါတယ်။ နောက်ပိုင်း ဒေါ်လာဘီလျံနဲ့ချီတန် ဖိုးရှိတဲ့ ဧရာမကုမ္ပဏီကြီးတစ်ခု ဖြစ်လာပြီးနောက်မှာ သူတို့နှစ်ယောက်စလုံးက ကုမ္ပဏီရဲ့ နေ့တဓူဝကိစ္စတွေကို မသေမချင်းလုပ်နေဖို့ […]

Read More
Samsung
Tech

Samsung Galaxy A51 နဲ့ Galaxy A71 ကို တရားဝင်မိတ်ဆက်

Samsung ဟာ Galaxy A ၂၀၂၀ မော်ဒယ်တွေဖြစ်တဲ့ Galaxy A51 နဲ့ Galaxy A71 တို့ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ Samsung Galaxy A51 Galaxy A51 မှာ Exynos 9611 SoC ကို RAM 8GB နဲ့တွဲဖက်ပေးထားပါတယ်။ Android 10 အခြေခံ One UI 2.0 ပါဝင်ပြီး storage 128GB ပါဝင်လာပါတယ်။ ဒါ့အပြင် microSD ကတ်ပေါက် ပါဝင်ပြီး 512GB အထိ တိုးချဲ့ထည့်သွင်းနိုင်ပါတယ်။ Galaxy A51 မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ 20:9 Infinity-O AMOLED display နဲ့ရုပ်ထွက်အရည်အသွေး FullHD+ ပါဝင်လာပါတယ်။ […]

Read More