Day: December 9, 2019

ဗီဒီယိုထဲမှာ လူမျက်နှာတွေ ထည့်သွင်းနိုင်မယ့် Snapchat Cameo

Snapchat ဟာ ဗီဒီယိုထဲမှာ လူမျက်နှာတွေ ထည့်သွင်းအစားထိုးဖို့ selfie ကိုအသုံးပြုနိုင်မယ့် feature သစ်ကို ပြင်ဆင်နေပါတယ်။ GIF အတွင်း Deepfake နည်းပညာထည့်သွင်းဖို့ အရိုးရှင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Snapchat Cameo ဟာ Snapchat message အတွင်းက စိတ်ပိုင်းဆိုင်ရာ၊ တုံ့ပြန်မှု ဒါမှမဟုတ် အခြေအနေတစ်ခုကို လျင်မြန်စွာဖော်ပြဖို့ Bitmoji အစားအသုံးပြုနိုင်မယ့် feature တစ်ခုဖြစ်ပါတယ်။ ပြင်သစ်သုံးစွဲသူတချို့က feature ကိုစမ်းသပ်အသုံးပြုတဲ့ဗီဒီယိုကို တင်ထားတာတွေ့ရပါတယ်။လက်ရှိမှာ Cameo ကို နိုင်ငံတကာဈေးကွက်မှာ ကန့်သတ်စမ်းသပ်နေတယ်လို့ Snap က TechCrunch ကိုပြောခဲ့ပါတယ်။ “Cameo အနေနဲ့ အဆင့်တစ်ခုမှာ အဆင်သင့်မဖြစ်သေးပေမယ့် မကြာခင်မှာ တစ်ကမ္ဘာတစ်လုံးအတွက် ဖြန့်ချိဖို့ ရှိပါတယ်” လို့ Snap ကထုတ်ပြန်ခဲ့ပါတယ်။ စိုးထက် […]

Read More

Netflix နေရာ အစားထိုးနိုင်မယ့် အခမဲ့ ရုပ်ရှင်ဝန်ဆောင်မှု (၁၀) မျိုး

Netflix ဟာ ဒီနှစ်အစောပိုင်းမှာ ဈေးနှုန်းကို မြှင့်တင်လိုက်တဲ့အတွက် တစ်လ ၉ ဒေါ်လာ ကျသင့်ပြီး နာမည်အကြီးဆုံး plan ကတော့ ၁၃ ဒေါ်လာ ကျသင့်ကာ ultra-HD ကတော့ ၁၆ ဒေါ်လာအထိ ရှိလာပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကြောင့် သုံးစွဲသူတွေ စိတ်မပူသင့်ပါဘူး။ အင်တာနက်ရှိနေသမျှ ကာလပတ်လုံး ဟောလိဝုဒ်ကားတွေကို အခမဲ့ကြည့်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ Captain Fantastic, Eighth Grad, Gravity, Raging Bull လိုမျိုးကားတွေကို ငွေကုန်ကြေးကျမများဘဲ ကြည့်နိုင်မယ့် အခွင့်အရေးရှိပါတယ်။ သုံးစွဲသူက စမတ်တီဗီ၊ မီဒီယာထုတ်လွှင့်နိုင်တဲ့ထုတ်ကုန်နဲ့ မိုဘိုင်းဖုန်းတွေမှာ တရားဝင်နည်းလမ်းနဲ့ အခမဲ့ ရုပ်ရှင်ကြည့်နိုင်မယ့် ဝန်ဆောင်မှု (၁၀) မျိုးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ တချို့ဝန်ဆောင်မှုတွေမှာ တီဗီအစီအစဉ်တွေမှာ ပါဝင်လာပါတယ်။ […]

Read More

Sony ကင်မရာ sensor အသုံးပြုထားတဲ့ Redmi K30

Redmi K30 ဖုန်းကို 4G နဲ့ 5G နှစ်မျိုး ထုတ်လုပ်ဖွယ်ရှိပါတယ်။ K30 ဖုန်းမှာ ကျောဘက်ကင်မရာ ၄ လုံး ပါဝင်လာမယ်လို့ Redmi က Weibo account ကနေ အသေးစိတ် ထုတ်ပြန်ခဲ့ပါတယ်။ ဖုန်းရဲ့ ကျောဘက်ကင်မရာ ၄ လုံးထဲမှာ Sony IMX686 sensor နဲ့အတူ 64MP ပါဝင်ပြီး wide-angle နဲ့အတူ ၁၂၀ ဒီဂရီ FoV အပြင် macro lens နဲ့ depth sensor တစ်ခုစီတို့ ပါဝင်လာပါတယ်။ ရှေ့ကင်မရာမှာ 20MP ကင်မရာ အတွက် punch-hole ဒီဇိုင်း အသုံးပြုထားသလို depth sensor နဲ့တွဲဖက်ထားပါတယ်။ Redmi […]

Read More

Samsung Galaxy S11+ မှာ ဘက်ထရီ 5,000 mAh အထိ ပါဝင်လာနိုင်

Galaxy S11 နဲ့ပတ်သက်တဲ့ သတင်းတွေပေါက်ကြားထွက်ပေါ်လာပါတယ်။ Samsung Galaxy S11+ မှာ ဘက်ထရီ 5,000 mAh အထိ ပါဝင်လာမယ်လို့ Safety Korea ကဖော်ပြခဲ့ပါတယ်။ Samsung ရဲ့ SM-G988 မော်ဒယ်ဟာ EB-BG988ABY မော်ဒယ်နံပါတ်နဲ့ ဖြစ်ပြီး ပြီးခဲ့တဲ့နှောင်းပိုင်း Geekbench စံသတ်မှတ်ချက် အတွင်း S11+ ကိုတွေ့ခဲ့ရပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံအရ Samsung Galaxy S11+ မှာ ဘက်ထရီ 4,855mAh အထိ ဖော်ပြထားတဲ့အတွက် ဘက်ထရီ 5,000mAh နီးပါးအထိ ပါဝင်လာတာ တွေ့ရပါတယ်။ Samsung Galaxy S10+ မှာတော့ ဘက်ထရီ 4,100 mAh အထိ ပါဝင်လာပါတယ်။ လက်ရှိ Samsung […]

Read More

(၃) နှစ်အတွင်း နိုင်ငံရပ်ခြားထုတ်ကုန်နဲ့ software အသုံးပြုမှုကို ဖယ်ရှားသွားမယ့် တရုတ်အစိုးရ

လာမယ့် (၃) နှစ်အတွင်း အစိုးရရုံးတွေနဲ့ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေမှာ နိုင်ငံရပ်ခြားနည်းပညာ ထုတ်ကုန်နဲ့ software အသုံးပြုမှုနေရာမှာ ပြည်တွင်းဖြစ်နဲ့ အစားထိုးသွားမယ်လို့ ဘေကျင်းအာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ ဒီနှစ် နွေဦးကတည်းက အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေမှာ ထုတ်ကုန်အစားထိုးမယ့် လုပ်ငန်းစဉ်အသေးစိတ်ကို အစိုးရက တိုက်ရိုက်ညွှန်ကြားထားပါတယ်။ ရာခိုင်နှုန်းအပေါ် အခြေခံထားတဲ့ “3-5-2” လို့သိကြတဲ့ ညွှန်ကြားမှုက အစိုးရအဖွဲ့အစည်းတွေပေါ် ပြဋ္ဌာန်းထားတဲ့ တရုတ်ကွန်မြူနစ်ပါတီကို ပြောင်းလဲဖို့ ပစ်မှတ်ထားပါတယ်။ ၂၀၂၀ခုနှစ် အတွင်း ညွှန်ကြားမှုက စတင် အသက်ဝင်မှာ ဖြစ်ပြီး အစိုးရအဖွဲ့အစည်းတွေက အသေးစိတ် စာရင်းအတွင်းက နိုင်ငံရပ်ခြား နည်းပညာထုတ်ကုန်နဲ့ software ၃၀ ရာခိုင်နှုန်းကို အစားထိုးရမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ အစားထိုးမှု ၅၀ ရာခိုင်နှုန်းနဲ့ ၂၀၂၂ ခုနှစ်မှာ […]

Read More

သက်တမ်း ၂၅ နှစ် အထိရှိလာတဲ့ PlayStation ဂိမ်းစက်

အခုဆိုရင် မူလ PlayStation ဂိမ်းစက်ထွက်ရှိလာတဲ့ သက်တမ်း ၂၅ နှစ် ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှာ ဂျပန်နိုင်ငံအတွင်း PlayStation ဂိမ်းစက် စတင်ဖြန့်ချိခဲ့ပြီး ၁၉၉၅ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးကို PlayStation ဂိမ်းစက် စတင်ရောင်းချခဲ့ပါတယ်။ ထူးခြားစွာနဲ့ PlayStation ဂိမ်းစက်သမိုင်းကို TheVerge ကဓာတ်ပုံတွေနဲ့ ဖော်ပြခဲ့ပါတယ်။ အဲဒီပုံတွေဂိမ်းစက်တွေကို eBay ကနေဝယ်ယူခဲ့ပြီး ဂိမ်းစက်အမျိုးမျိုး၊ ဂိမ်းခလုတ်တွေနဲ့ လက်ကိုင် ဂိမ်းစက်တွေအပြင် ဆက်စပ်ပစ္စည်းတွေလည်း ပါဝင်လာပါတယ်။ အနှစ်နှစ်ဆယ်သက်တမ်းရှိတဲ့ PlayStation အမှတ်တံဆိပ်တစ်ခုရဲ့ ဂိမ်းစက်ဒီဇိုင်းတွေကို ပြန်လည်ခြေရာခံခြင်း ဖြစ်ပါတယ်။ စိုးထက် Ref: TheVerge

Read More

ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ စာပေးစာယူ (၂) နှစ်သင်တန်း ပထမနှစ်အတွက်ခေါ်ယူ

၂၀၂၀-၂၀၂၁ ပညာသင်နှစ် ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ စာပေးစာယူ (၂) နှစ်သင်တန်း ပထမနှစ်အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။ သင်တန်းသို့ဘွဲ့တစ်ခုခုရရှိပြီး B.Ed မရရှိသေးသူတွေ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက် မှစတင် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲ လျှောက်လွှာပုံစံတွေကို တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးတွေမှာ ရယူနိုင်ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးရဲ့ ထောက်ခံချက်နဲ့အတူ မြို့နယ်ပညာရေးမှူးရုံးတွေကို ဒီဇင်ဘာ ၂၄ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ သင်တန်းကာလ (၂) နှစ်ဖြစ်တဲ့အတွက် ဘာသာရပ်ကျွမ်းကျင်မှု၊ သင်ပြနည်းကျွမ်းကျင်မှုတို့အတွက် အထူးပြုဘာသာရပ် တစ်ခုတည်းကိုသာ ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲမှာ ဘာသာရပ်အလိုက် တက္ကသိုလ်ဝင်တန်းသင်ရိုးညွှန်းတမ်းနဲ့သက်ဆိုင်ရာ အထူးပြုဘာသာရပ်ရဲ့ တက္ကသိုလ်ပညာသင်ရိုးညွှန်းတမ်းများ ဘွဲ့ကြိုသင်တန်း ပထမနှစ်၊ ဒုတိယနှစ် သင်ရိုးအထိ လေ့လာရန် ဖြစ်ပြီး […]

Read More