Day: December 6, 2019

Maps of Myanmar: Offline Maps Without Internet

အင်တာနက်မလိုဘဲ အသုံးပြုနိုင်မယ့် မြန်မာမြေပုံ App ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မော်လမြိုင်၊ ပဲခူး၊ မြစ်ကြီးနား၊ မုံရွာ၊ ပုသိမ်၊ ပြည် စတဲ့ မြို့ကြီးတွေရဲ့ တည်နေရာတွေကို မြေပုံမှာ အလွယ်တကူ ရှာဖွေ ကြည့်ရှုနိုင်အောင် ဖန်တီးထားပါတယ်။ 3D မြေပုံအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး လမ်းကြောင်းအသေးစိတ်ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

Xiaomi Mi 9T Pro

Price : 659,000 Ks (RAM 6GB/1282GB ROM) အားသာချက် ပရီမီယံဒီဇိုင်း၊ Flagship spec နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ အားနည်းချက် ရေစိုခံနိုင်တဲ့ ဖုန်းအမျိုးအစား မဟုတ်သလို Mono စပီကာစနစ်ကို အသုံးပြုထားတာတွေက ဒီဖုန်းရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။ ဒီဇိုင်းနဲ့ မျက်နှာပြင် ကြီးမားတဲ့ မြင်ကွင်းကျယ် ဖုန်းဒီဇိုင်းက ဆွဲဆောင်မှုရှိသလို ရှေ့ကင်မရာကို Pop-up selfie ကင်မရာအနေနဲ့ ထည့်သွင်းထားတဲ့ အတွက် မြင်ကွင်းအပြည့် ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး ကျောဘက် ဘယ်ညာထောင့်ကွေးဒီဇိုင်းကလည်း ကိုင်ရတာ လက်ထဲမှာ အံဝင်ခွင်ကျရှိပေမယ့် အနည်းငယ်ချောတယ်လို့ ခံစားရပါတယ်။ ကိုယ်ထည်က ထူထဲမှုမရှိတာကလည်း သဘောကျစရာပါ။ ပါဝါခလုတ်နဲ့ အသံ အတိုးအကျယ် […]

Read More

Lightning Connector မပါဝင်တဲ့ ကြိုးမဲ့ iPhone ကို Apple ဖြန့်ချိနိုင်

Apple ဟာ ၂၀၂၁ ခုနှစ် ဒုတိယပိုင်းမှာ Lightning connector မပါဝင်တဲ့ တန်ဖိုးကြီး iPhone ကို ဖြန့်ချိနိုင်တယ်လို့ နာမည်ကျော် လေ့လာဆန်းစစ်သူ မင်ချီကူက ခန့်မှန်းပြောကြားခဲ့ပါတယ်။ Apple အနေနဲ့ ကြိုးမဲ့စနစ် လုံးဝ အသုံးပြုထားတဲ့ အတွေ့အကြုံရရှိမယ့် iPhone ကိုထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ port တစ်ခုမှ ပါဝင်လာဖွယ်မရှိပါဘူး။ “Apple ဟာ တန်းဖိုးမြင့်နဲ့ တန်ဖိုးကြီး ထုတ်ကုန်အကြား ပိုမိုကွဲပြားဖို့ ဖန်တီးသွားပါမယ်။ တန်ဖိုးမြင့်နဲ့ iPhone ပျှမ်းမျှရောင်းချဈေး တင်ပို့မှုကို အကျိုးရှိလာမှာပါ။ 2H21 iPhone မော်ဒယ်တွေရဲ့ တန်ဖိုးမြင့်ထုတ်ကုန်မှာ Lightning port ကိုဖျက်သိမ်းဖွယ်ရှိပြီး ကြိုးမဲ့အတွေ့အကြုံပဲ ပါဝင်လာမယ်” လို့ TF International Secrities ရဲ့မင်ချီကူရဲ့ […]

Read More

အာရှရဲ့ ပထမဆုံး နံပါတ်မဲ့ငွေပေးချေရေးကတ်ကို Grab ဖြန့်ချိ

အရှေ့တောင်အာရှရဲ့ အငှားယာဉ်ဝေမျှစီးနင်းမှု platform ကိုဦးဆောင်ထားတဲ့ Grab ဟာ ဒီဂျစ်တယ်ငွေပေးချေမှု လောကထဲ ဝင်ရောက်လာပါပြီ။ ဒီဇင်ဘာ ၅ရက်မှာ Grab က Mastercard နဲ့ပူးပေါင်းပြီး အာရှရဲ့ ပထမဆုံးနံပါတ်မဲ့ ငွေပေးချေရေးကတ်ကို ဖြန့်ချိလိုက်ပါတယ်။ အခုကတ်ကို Mastercard ရဲ့ကမ္ဘာတစ်ဝန်း ကွန်ရက်အတွင်းက လက်ကားစီးပွားရေးသမား ၅၃ သန်းကျော် လက်ခံသုံးစွဲနိုင်ပါတယ်။ ကတ်ရဲ့ ဒီဂျစ်တယ် အချက်အလက်တွေက ကတ်ထဲက ငွေကြေးသုံးစွဲမှု ကတ်ကိုင်ဆောင်သူရဲ့ အသေးစိတ် အချက်အလက်တွေအားလုံးကို GrabPay feature လိုမျိုးနဲ့ ခြေရာခံသွားပါမယ်။ ကတ်ရဲ့ ရှေ့နဲ့နောက်မှာ နံပါတ်မပါဝင်တဲ့အတွက် တစ်ကိုယ်ရေ အချက်အလက်နဲ့ ဘဏ္ဍာရေးအချက်အလက် ခိုးယူမှုကို တားဆီးဖို့ ဖြစ်ပါတယ်။ GrabPay ကတ်ကို အစုလိုက်ထုတ်လုပ်မှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ် အစောပိုင်းမှာ […]

Read More

Darktable Linux (Linux)

Darktable ဆိုတဲ့ဆော့ဖ်ဝဲကတော့ Linux အသုံးပြုထားတဲ့ ကွန်ပျူတာတွေမှာ RAW နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုနိုင်ဖို့နဲ့ ကြည့်ရှုနိုင်ဖို့အတွက် စီစဉ်ပေးထားးတဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါ တယ်။ RAW ပုံတွေကို Linux system မှာ ထည့်သွင်းလိုက်ရုံနဲ့ အသုံး ပြုနိုင်မှာဖြစ်ပါတယ်။  Download ပြလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ

Read More

Logo Maker (Mac)

Mac အသုံးပြုတဲ့ ကွန်ပျူတာတွေကနေLogo တွေကို အလွယ်တကူ နဲ့ဖန်တီးနိုင်အောင် စီစဉ်ပေးထားတဲ့ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Logo design တွေကို အလွယ်တကူနဲ့ ရေးဆွဲနိုင်စေဖို့အတွက် အသင့်သုံးနိုင်တဲ့ design တွေနဲ့ font 500 ခန့်ကိုထည့်သွင်းပေးထားပါတယ်။  Download ပြလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ

Read More

HDCleaner (Win)

HDCleaner ဆိုတဲ့ ဆော့ဖ်ဝဲကတော့ system maintenance toolkit တစ်ခုဖြစ်ပါတယ်။ Hard disk ထဲက မလိုအပ်တဲ့ ဖိုင်တွေနဲ့ registry file တွေကို ဖယ်ရှားရှင်းလင်းပြီး နေရာလွတ်တွေ ပိုမိုရရှိအောင် ရှင်းလင်းပေးနိုင်မယ့်ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။  Download ပြလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ

Read More

Car Drivers Online

Car Drivers Online ဂိမ်းဟာ online ချိတ်ဆက်ပြီး ကားမောင်း ပြိုင်ရမယ့် ဂိမ်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ကားကို အဆင့်မြင့်တင်ပြီး နှစ်သက်ရာ အရောင်တွေကို ကိုယ်တိုင် ရွေးချယ်ကာ အလှဆင်နိုင်မှာ ဖြစ်ပါတယ်။ ထည့်သွင်း ကစားလိုသူတွေအနေနဲ့ App Store ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ iOS version 9.0 နဲ့ အထက်မှာ ထည့်သွင်း ကစားနိုင်မှာဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

Read More

NelaZviadi 2

NelaZviadi 2 ဂိမ်းဟာ မိန်းကလေးတစ်ယောက်ကို ကယ်တင်ဖို့အတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တဝါတွေကို ရင် ဆိုင် တိုက်ခိုက်ကစားရမှာဖြစ်ပါတယ်။ ကြောက်မက်ဖွယ် ခံစားရစေဖို့အတွက် အသံပိုင်းဆိုင်ရာတွေကိုလည်း အထူးပြုလုပ်ထည့်သွင်း ပေးထားပါတယ်။ ဒီဂိမ်းကို App Store ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ iOS version 8.0 နဲ့ အထက်မှာ ထည့်သွင်း ကစားနိုင်မယ့် ဂိမ်းဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ

Read More

Battleship & Puzzle

Battleship တွေနဲ့ တိုက်ခိုက်ကစားရတာ ဇာတ်လမ်းနောက်ခံထားပြီး ကစားရမယ့်ဂိမ်းဖြစ်ပါ တယ်။ ရာနဲ့ချီတဲ့ စစ်သင်္ဘောတွေ နဲ့ ရေငုပ်သင်္ဘောတွေကို တည်ဆောက်ရန်အတွက် puzzle ဂိမ်းကို ကစားပေးရမှာဖြစ်ပါတယ်။ ထည့်သွင်း ကစားလိုသူတွေအနေနဲ့ App Store ကနေ အခမဲ့ရယူနိုင်မှာဖြစ်ပါတယ်။ iOS version 9.0 နဲ့အထက်မှာထည့် သွင်းကစားနိုင်မယ့် ဂိမ်းဖြစ်ပါ တယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ

Read More