Day: December 3, 2019

Article

Google Chrome သုံးစွဲသူတွေ သိထားသင့်တဲ့ နည်းလမ်းများ

Chrome ဟာ မိုဘိုင်းသုံးစွဲသူတွေအကြားမှာ ရေပန်းစားတဲ့ browser ဖြစ်ပြီး ၂၀၁၉ ဩဂုတ်လမှာ ဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်းရှိပါတယ်။ Chrome ဟာ သုံးစွဲရတာ ပေါ့ပါးပြီး feature တွေစုံလင်ပြီး မြန်နှုန်းမြင့်မားသလို သက်သောင့်သက်သာ ရှိပါတယ်။ Android ဖုန်းအများစုမှာလည်း ပါဝင်ပြီးသားဖြစ်တဲ့အတွက် သုံးစွဲမှုမြင့်မားပါတယ်။ အခုအခါမှာ Android မှာ chrome သုံးစွဲသူတွေအတွက် အသုံးဝင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးချင်ပါတယ်။ Google ရဲ့မိုဘိုင်း browser ဟာ ရိုးရှင်းပြီး သုံးစွဲသူအတွေ့အကြုံ တိုးတက်စေဖို့ (တရားဝင်နဲ့ စမ်းသပ်) feature များစွာ ပါဝင်လာပါတယ်။ Chrome ရဲ့နည်းလမ်းတွေကို လူအများစုက မသိရှိသေးနိုင်တဲ့အတွက် အောက်မှာဖော်ပြပေးလိုက်ပါတယ်။ (၁) Dark mode Developer တွေဟာ Android […]

Read More
Android
Download

Myanmar Guitar Ebooks – ဂီတာတီးနည်းစာအုပ်များ

ဂီတာတီးနည်းစာအုပ်တွေကို စုစည်းပေးထားတဲ့ App ဖြစ်ပါတယ်။ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ ဂီတာတီနည်းစာအုပ်တွေကို အလွယ်တကူ App ကနေ Download ပြုလုပ်ကာ ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပြီး အခြေခံကနေ အဆင့်မြင့်အထိ လေ့လာနိုင်မယ့် စာအုပ်တွေဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Apple
Tech

 iPhone 11 Pro နဲ့ နှင်းခဲဘောလုံးတိုက်ပွဲကို ရိုက်ကူးခဲ့တဲ့ John Wick ဒါရိုက်တာ

John Wick နဲ့ Deadpool 2 လိုမျိုးရုပ်ရှင်တွေ ရိုက်ကူးခဲ့တဲ့ ဒေးဗစ်လေ့ချ်ဟာ Apple နဲ့ပူးပေါင်းပြီး “shot on iPhone” ကြော်ငြာအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ အက်ရှင်ဇာတ်ဝင်ခန်းတွေကို ပိုင်နိုင်လှတဲ့ ဒေးဗစ်လေ့ချ်ဟာ နှင်းဘောလုံးတိုက်ပွဲကို အဆင့်တစ်ခုအထိ ရောက်အောင် ရိုက်ကူးခဲ့ပါတယ်။ စက္ကန့် ၉၀ ရှိတဲ့ Snowbrawl အမည်ရကြော်ငြာမှာ မိန်းကလေးငယ်တစ်ဦးက နှင်းဘောလုံးတိုက်ပွဲအတွင်း သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး အစ်ကိုဖြစ်သူဦးဆောင်တဲ့ အဖွဲ့ကို အနိုင်ယူပုံ ရိုက်ကူးထားဖြစ်ပါတယ်။ ဗီဒီယိုမှာ စတန့်များစွာနဲ့ ဖုန်းနဲ့ ရိုက်ကူးဖို့ မမျှော်လင့်နို်ငတဲ့ slow-mo ရိုက်ချက်များစွာ ပါဝင်လာပါတယ်။ ဒါ့အပြင် Apple ဟာ ကြော်ငြာကို ဖန်တီးတဲ့ ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုကိုလည်း ဖြန့်ချိခဲ့ပါတယ်။ အဲဒီ ဗီဒီယိုကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒေးဗစ်လေ့ချ်နဲ့ […]

Read More
News
Tech

မူးယစ်ရာဇာ ပါဘလိုအက်စကိုဘာရဲ့ အစ်ကိုဖြစ်သူ ထုတ်လုပ်တဲ့ Escobar Fold 1

Samsung Galaxy Fold, Huawei Mate X ဒါမှမဟုတ် Razr ဖုန်းသစ်လိုမျိုး ခေါက်စမတ်ဖုန်းသစ်တစ်မျိုး ထွက်ပေါ်လာပါတယ်။ အဲဒီ ဖုန်းအမည်ကတော့ ဒေါ်လာ၃၅၀ တန်ဖိုးရှိ Pablo Escobar Fold 1 ပဲဖြစ်ပါတယ်။ ထူးခြားတာက Fold 1 ကို ကိုလံဘီယာမူးယစ်ရာဇာ ပါဘလိုအက်စကိုဘာရဲ့ အစ်ကိုဖြစ်သူ ရောဘတ်တိုအက်စကိုဘာက ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Fold 1 မှာ Android 9 အပြင် Qualcomm Snapdragon 8 Series CPU ကိုအသုံးပြုထားပြီး 16-megapixel နဲ့ 20-megapixel ကင်မရာတွေ ပါဝင်လာသလို ၇.၈ လက်မ AMOLED မျက်နှာပြင် ၂ ခု အသုံးပြုထားပါတယ်။ ဒါ့အပြင် […]

Read More
News
Tech

မသန်စွမ်းသူတွေရဲ့ ဗီဒီယိုတွေကို TikTok တိတ်တဆိတ်ဖုံးကွယ်ခဲ့

TikTok ဟာ မသန်စွမ်းသူတွေတင်တဲ့ ဗီဒီယိုတွေအပြင် LGBTQ နဲ့ အဝလွန်တဲ့သုံးစွဲသူတွေရဲ့ ဗီဒီယိုတွေကို ဖုံးကွယ်ခဲ့တယ်လို့ ပေါက်ကြားထွက်ပေါ်လာတဲ့ စာရွက်စာတမ်းနဲ့ အတွင်းပိုင်းသတင်းရင်းမြစ်တို့ကို ကိုးကားပြီး ဂျာမန်ဝက်ဘ်ဆိုက် Netzpolitik ကဖော်ပြခဲ့ပါတယ်။ ဗီဒီယိုက အကြောင်းအရာတွေက အရေးမပါဘဲ အနိုင်ကျင့်ခံရနိုင်တဲ့ အထူးသုံးစွဲသူအဖြစ် သတ်မှတ်ထားသူရဲ့ ဗီဒီယိုကို အမှတ်အသားပြုထားပါတယ်။ TikTok က ထိန်းချုပ်တဲ့စည်းမျဉ်းကို အွန်လိုင်းမှာ အနိုင်ကျင့်ခံရမှု ဖြစ်ပွားနိုင်ခြေများတဲ့ ရုပ်ပုံသရုပ်ဖော်မှုလို့ ခေါ်ဆိုပါတယ်။ တချို့ TikTok သုံးစွဲသူတွေကို စိစစ်သူတွေက “ထောက်ခံချက်မပေး” ဆိုတဲ့ ကဏ္ဍထဲမှာ ထည့်သွင်းထားပါတယ်။ အဲဒီသုံးစွဲသူတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာ ပျက်ယွင်းနေသူတွေ၊ အော်တစ်ဇင် (autism) နဲ့ Down syndrome သမားတွေ ပါဝင်တယ်လို့ Netzpolitik ရရှိတဲ့စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။ ကန့်သတ်ခံလိုက်တဲ့ သုံးစွဲသူတွေရဲ့ […]

Read More
Local
News

Grab အက်ပလီကေးရှင်းတွင် Hotels ဝန်ဆောင်မှု လုပ်ဆောင်ချက်ကို ထည့်သွင်း

Grab အနေနဲ့ Agoda နဲ့ Booking.com တို့မှာရရှိနိုင်တဲ့ ဟိုတယ်နှင့် အခြားနေရာထိုင်ခင်း အစီအစဉ်တွေကို Grab App မှ တိုက်ရိုက်ကြိုတင်မှာယူနိုင်မယ့် Hotels အမည်ရှိတဲ့ဝန်ဆောင်မှု လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။ “Grab ရဲ့ ‘Hotels’ ဝန်ဆောင်မှုက အသုံးပြုသူတွေကို လာမယ့် ပိတ်ရက်ခရီးအတွက်ပဲဖြစ်ဖြစ်၊ staycation နေပြီး နားချင်လို့ပဲဖြစ်ဖြစ် ဟိုတယ်တစ်ခုခုမှာ ဘွတ်ကင်တင်တဲ့အခါ ပိုပြီး စိတ်ကျေနပ်မှုရှိစေမှာပါ။ ဒီဝန်ဆောင်မှုက ပိတ်ရက်တွေမှာ မကြာခဏ ခရီးထွက်တတ်တဲ့ လုပ်ငန်းခွင်က လူငယ်တွေ၊ မိသားစုခရီးထွက်ဖို့ ဈေးအတန်ဆုံးတည်းခိုစရာ နေရာရှာချင်တဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။ ‘Hotels’ ဝန်ဆောင်မှုကို သုံးပြီး Grab အသုံးပြုသူတွေဟာ ကမ္ဘာ့ထိပ်တန်း ဟိုတယ်ဘွတ်ကင် ဝက်ဘ်ဆိုက်တွေကနေ ကိုယ့်ရဲ့ဘတ်ဂျတ်တွင်းမှာရှိတဲ့ အကောင်းဆုံးဟိုတယ်တွေကို ရှာနိုင်မှာဖြစ်တဲ့အပြင် Grab သုံးတဲ့သူတွေပဲ ရနိုင်မယ့် အထူးဈေးနှုန်းတွေနဲ့ သီးသန့်လျှော့ဈေးတွေကိုလည်း […]

Read More
News
Tech

Xiaomi ရဲ့ Mi Watch မှာ iOS ထောက်ပံ့မှုပါဝင်လာ

အသစ်ထွက်ရှိထားတဲ့ Xiaomi Mi Watch ရဲ့ပထမဆုံး firmware update မှာ အကြီးမားဆုံး တိုးတက်မှုတွေ ပါဝင်လာပြီး iOS ထောက်ပံ့မှုလည်း ထည့်သွင်းထားပါတယ်။ Xiaomi ရဲ့ Wear App ကို iOS အတွက်ဖြန့်ချိခဲ့ပြီး firmware update လည်းထောက်ပံ့လိုက်ပါတယ်။ အခု update ကို တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၃ ရက်မှာ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။ Xiaomi အနေနဲ့ ဖုန်းနဲ့ နာရီချိတ်ဆက်မှု လုပ်ငန်းစဉ်ကို ပိုမိုတိုးတက်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သုံးစွဲသူတချို့က ပထမဆုံးအကြိမ်အဖြစ် ဖုန်းနဲ့ စမတ်နာရီ ချိတ်ဆက်တဲ့အခါမှာ နာရီရပ်တန့်သွားတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ ပြောထားပါတယ်။ အခု firmware အသစ်က Xiaomi Wear […]

Read More
News
Tech

YouTube ရဲ့ဂိမ်းပေါ်လစီသစ်ကြောင့် ကြမ်းတမ်း ပြင်းထန်တဲ့ဗီဒီယိုတွေ ပိုမိုထွက်ပေါ်လာနိုင်

ဒီဇင်ဘာလ ၂ ရက်မှာ YouTube ဟာ gaming ဗီဒီယိုတွေနဲ့ သက်ဆိုင်တဲ့ ဗီဒီယိုသစ် ပေါ်လစီသစ်ကို စတင်ကျင့်သုံးလိုက်ပါတယ်။ အဲဒီ ပေါ်လစီသစ်ကြောင့် ကြမ်းတမ်းပြင်းထန်တဲ့ gaming ဗီဒီယိုတင်တဲ့အခါမှာ အသက်ကန့်သတ်မှု ထားရှိတော့မှာ မဟုတ်ပါဘူး။ YouTube ပေါ်လစီသစ်က အနာဂတ် gaming ဗီဒီယိုမှာ ကြိုတင်ထည့်သွင်းထားတဲ့ ကြမ်းတမ်းတဲ့အကြောင်းအရာ ဒါမှမဟုတ် မတော်တဆ ပါဝင်တဲ့ ပြင်းထန်မှုတွေပါဝင်လာရင် အသက်ကန့်သတ်ချက် မရှိတော့ဘဲ တိုက်ရိုက်တင်ခွင့်ပြုမှာပါ။ ဒါကြောင့် ကြမ်းတမ်းပြင်းထန်တဲ့ gaming ဗီဒီယိုတွေကို ကြည့်ရှုဖို့ အသက် ၁၈ နှစ်ပြည့်စရာ မလိုဘဲ လူတိုင်းကြည့်နိုင်ပါမယ်။ Mortal Kombat လိုမျိုး ဂိမ်းဗီဒီယိုတွေဟာ အလွန်ကြမ်းတမ်းပြင်းထန်တဲ့ အသက်ကန့်သတ်ချက် ရှိနိုင်ပါသေးတယ်။ အခုပေါ်လစီသစ်က gaming ဗီဒီယိုအတွင်းက အကြမ်းဖက်မှုအတွက် ကန့်သတ်မှုအနည်းငယ်တော့ […]

Read More
News
Tech

Google ဆီဓာတ်ပုံတွေ ပေးပို့နိုင်တဲ့ tool ကို Facebook စမ်းသပ်

သုံးစွဲသူတွေက Facebook ကဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အခြား storage ဝန်ဆောင်မှုတွေဆီ လွှဲပြောင်းနိုငမယ့် tool အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Facebook အနေနဲ့ Google Photos ဆီဓာတ်ပုံတွေပေးပို့နိုင်အောင် စတင်ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီ tool က Facebook သတင်းအချက်အလက်တွေကို download လုပ်ခွင့်ပြုတဲ့ feaure နဲ့ဆင်ပါတယ်။ သုံးစွဲသူများစွာဟာ ဓာတ်ပုံတွေကို သိမ်းဆည်းဖို့ Google ဝန်ဆောင်မှုကို အသုံးပြုကြပါတယ်။ အဲဒီဝန်ဆောင်မှုကို လွယ်ကူစွာ အသုံးပြုလိုသူတွေအနေနဲ့ Facebook ကကူညီပေးမှာ ဖြစ်ပါတယ်။ လတ်တလောမှာ Facebook က tool ကိုစမ်းသပ်နေပြီး သုံးစွဲသူတွေဆီက တုံ့ပြန်မှုကို စောင့်ဆိုင်းနေပါတယ်။ အခု tool ဟာအလွန်အသုံးတည့်လာမှာ ဖြစ်ပြီး Facebook, Google, Apple, Microsoft နဲ့ […]

Read More
Education
News

UnionPay မှ ငွေကျပ် သိန်း ၁၈၀ တန်ဖိုးရှိ ရွှေဒင်္ဂါးပြားများပါဝင်သော Go for Gold ကမ်ပိန်းပြုလုပ်

UnionPay ကတ်တွကို အသုံးပြုသူတွေအတွက် ငွေကျပ် ၃၀,၀၀၀ သုံးသူတိုင်း ရွှေဒင်္ဂါးပြားများ ကံစမ်းနိုင်မည့် Go-for-Gold ကမ်ပိန်းကို ၁၃ ပတ်ကြာကျင်းပသွားမှာ ဖြစ်ပါတယ်။ ကမ်ပိန်းတွင် အပတ်စဉ် ကံထူးရှင်တစ်ဦးစီ ရွေးချယ်သွားမှာ ဖြစ်ပြီး အဆိုပါ ကံထူးရှင်ဟာ ကျပ် ၁၀ သိန်းခန့် တန်ဖိုးရှိတဲ့ ၁၂ ဂရမ် အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားတွေကို ရရှိမှာပါ။ ကမ်ပိန်းတွင် ပါဝင်သူတွေ အနေနဲ့ ကျပ်သိန်း ၅၀ ခန့် တန်ဖိုးရှိ အလေးချိန် ၅၇ ဂရမ်ရှိသော ရွှေဒင်္ဂါးပြားများကို အလိုအလျောက် ကံစမ်းနိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ “UnionPay ကတ် သုံးစွဲသူတွေအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဒင်္ဂါးပြားများ ကံစမ်းမဲ ပရိုမိုးရှင်းကို ပထမဆုံးအနေနဲ့ ကျင်းပခွင့်ရလို့ ဝမ်းသာပါတယ်။ သိကြတဲ့အတိုင်း ရွှေဆိုတာက […]

Read More