Day: December 2, 2019

ယာဉ်မောင်းတွေ ဖုန်းပြောတာကို ခြေရာခံပေးမယ့် ကင်မရာ ဩစတြေးလျမှာ ဖြန့်ချိ

ယာဉ်မောင်းတွေ ကားမောင်းရင်း ဖုန်းပြောတာကို ခြေရာခံဖမ်းဆီးဖို့ ဒီဇိုင်းထုတ်ထားတဲ့ ကင်မရာကို ဩစ​တြေးလျနိုင်ငံ၊ New South Wales ပြည်နယ်မှာ ဖြန့်ချိခဲ့ပါတယ်။ မိုဘိုင်းဖုန်းကို ခြေရာခံပေးမယ့် ကမ္ဘာ့ပထမဆုံးကင်မရာက ဖုန်းနဲ့ပတ်သက်ဆက်နွှယ်နေတဲ့ ကားတိုက်မှုဖြစ်ပွားတာကို လျှော့ချပေးမှာ ဖြစ်ပါတယ်။ ဩစတြေးလျရဲ့ လူဦးရေအများဆုံး ပြည်နယ် New South Wales အာဏာပိုင်တွေက လာမယ့် ၂ နှစ်ကျော် အတွင်း လမ်းမပေါ်က သေဆုံးမှု ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ဖို့ ကင်မရာတွေ တပ်ဆင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ကင်မရာတွေက ရာသီဥတုအမျိုးမျိုးမှာ နေ့ရော ညပါ ဆောင်ရွက်လုပ်ကိုင်သွားမယ်လို့ NSW သယ်ယူပို့ဆောင်ရေးအာဏာပိုင်တွေက ပြောထားပါတယ်။ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်း မိုဘိုင်းဖုန်းနဲ့ပတ်သက်ပြီး NSW လမ်းမပေါ်မှာ မတော်တဆ သေဆုံးသူဦးရေ […]

Read More

တရုတ်နိုင်ငံမှာ ဝီဂါလူမျိုးတွေကို ဖိနှိပ်ဖို့နည်းပညာကို ဘယ်လို အသုံးချနေကြသလဲ

လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ တရုတ်အစိုးရ စာရွက်စာတမ်းနဲ့ပတ်သက်တဲ့ အရေးကြီး သတင်း၂ ပုဒ် ထွက်ပေါ်လာပါတယ်။ အဲဒီ စာရွက်စာတမ်းထဲမှာ တရုတ်နိုင်ငံအတွင်းက ဝီဂါလူမျိုးတွေကို ဖိနှိပ်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပါဝင်လာပါတယ်။ စာရွက်စာတမ်းထဲမှာ လူများစွာကို စောင့်ကြည့်ဖို့ ဘယ်လိုနည်းပညာတွေ အသုံးပြုတဲ့ အသေးစိတ် အချက်လက်တွေအပြင် ယခင်က မရှိဖူးတဲ့ ပုံစံမျိုးနဲ့ လူတွေရဲ့နေ့စဉ်ဘဝကို ခြေရာခံတဲ့အကြောင်းတွေ ပါဝင်လာပါတယ်။ ပထမဆုံး သတင်းဖော်ပြမှုက New York Times ဆောင်းပါးဖြစ်ပြီး စာမျက်နှာ ၄၀၀ ကျော်ရှိတဲ့ စာရွက်စာတမ်းကို လေ့လာဆန်းစစ်ထားတာ ဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင်ဖျင့် အပါအဝင် အစိုးရခေါင်းဆောင်တွေက ဝီဂါလူမျိုးတွေကို ဖိနှိပ်ဖို့ ပေါ်လစီတွေ ဖန်တီး၊ အတင်းအကျပ် အသုံးပြုတာတွေ ရေးသားထားပါတယ်။ ဒုတိယ […]

Read More

တရုတ်နိုင်ငံမှာ ဖုန်းဝန်ဆောင်မှုကို အသုံးပြုဖို့ မျက်နှာ scan ပြုလုပ်ရမည်

တရုတ်နိုင်ငံအနေနဲ့ ဒီဂျစ်တယ်ကမ္ဘာကို မှတ်ပုံတင်အချက်အလက်နဲ့ ချိတ်ဆက်လိုနေပါတယ်။ တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၁ ရက်အရောက် ဆယ်လ်ဖုန်းသစ် ဒါမှမဟုတ် ဆယ်လူလာ data စာချုပ်ကို ဝယ်ယူတဲ့လူတိုင်း နိုင်ငံသားမှတ်ပုံတင်ပြဖို့ လိုအပ်သလို ကိုယ်ပိုင်လက္ခဏာကို အတည်ပြုဖို့ face scan လည်းပြုလုပ်ရပါမယ်။ တရုတ်အစိုးရအနေနဲ့ ဖုန်းဝန်ဆောင်မှုတွေကို လျှို့ဝှက်စွာသုံးစွဲမှုနဲ့ လိမ်လည်မှု ပြုလုပ်တာတွေကိုလျှော့ချဖို့ ဖြစ်တယ်လို့ သိရပါတယ်။ အခုကိစ္စဟာ တစ်ကိုယ်ရေ လုံခြုံရေးအချက်အလက်ကာကွယ်မှု ပြဿနာကို ကျော်လွန်နေပါတယ်။ တရုတ်အစိုးရဟာ မျိုးနွယ်စုတွေ ဖိနှိပ်၊ ခြေရာခံဖို့ facial recognition ကိုအသုံးပြုနေပြီး အစိုးရရဲ့ နာမည်ပျက်စာရင်းမှာ ပါဝင်တဲ့ လူတွေကနေ ခရီးသွားနဲ့ ကားတွေကို သိနိုင်ဖို့ facial recognition ကို အသုံးပြုနေပါတယ်။ ဖုန်းဝယ်ယူသူတွေက မျက်နှာကို scan လုပ်ပြီးနောက် […]

Read More

Android 10 အခြေခံ MiFavor 10 OS ကို ZTE ထုတ်ဖော်မိတ်ဆက်

ZTE ဟာ Android အခြေခံ နောက်ဆုံးပေါ် UI ကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ အဲဒီ UI ကို ZTE ထုတ်ကုန်များစွာအတွက် ထောက်ပံ့သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ZTE ဟာ MiFavor 10 OS ရဲ့ အဓိက အချက်အလက်ကို ဖော်ပြထားတဲ့ Infographic ကိုလည်း Weibo မှာတင်ခဲ့ပါတယ်။ Icon နဲ့ dark mode MiFavor မှာ dark mode ပါဝင်လာမှာ ဖြစ်ပါတယ်။ Dark mode ကိုအပြီးမသတ်ရသေးပေမယ့် ဆက်လက်လုပ်ကိုင်နေပြီး အနက်ရောင် နောက်ခံတွေနဲ့ ကြည့်ရှုရအဆင်ပြေစေမယ့် အဖြူရောင်စာသားတွေ ပါဝင်လာပါတယ်။ ဒါကြောင့် ညအခါမှာ ဖုန်းအသုံးပြုတဲ့အခါမှာ သက်သောင့်သက်သာ ဖြစ်လာမှာပါ။ ဒါ့အပြင် ဖုန်းရဲ့ […]

Read More

ဆက်သွယ်မှုစနစ်များကို ဖြတ်တောက်တားဆီးနိုင်မည့် Jamming နည်းပညာအကြောင်း

၂၁ ရာစုနည်းပညာခေတ်ကြီးတွင် သင့်အနေဖြင့် လက်ကိုင်ဖုန်း သုံးစွဲသူတစ်ဦးဖြစ်သည်ဆိုလျှင် အီလက်ထရောနစ် နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဖိဖျက်ခြင်း (Jamming) စနစ်အကြောင်းကို အနည်းငယ် နားလည်ထားဖို့လို အပ်မည်ဖြစ်သည်။ အဆိုပါနည်း ပညာသည် Jammer စက်တည် ရှိရာနေရာ ပတ်လည်အတွင်း ဆက်သွယ်မှုစနစ်များကို ခေတ္တဖြတ်တောက်ပေးနိုင်စွမ်းရှိမည် ဖြစ်သည့်အတွက် အရပ်ဘက်၊စစ် ဘက်ဆိုင်ရာတွင်လွန်မင်းစွာ အသုံးပြုလာလျက်ရှိနေပြီလည်း ဖြစ်သည်။ ဥပမာအနေဖြင့် လက်ကိုင်ဖုန်းများဖြင့် စာသင်ကြားမှုကို အနှောင့်အယှက်မဖြစ် နိုင်စေရန်အတွက် အချို့သောအရပ်ဘက်ရှိ စာသင်ကျောင်းများတွင် အဆိုပါစနစ်များ တပ်ဆင်အ သုးပြုနေကြသည်ကိုလေ့လာတွေ့ ရှိရမည်ဖြစ်သလိုအရေးကြီး ပုဂ္ဂိုလ်ဆိုင်ရာ ခရီးသွားလာမှုများတွင် လုံခြုံရေးအရနှောင့်ယှက် တိုက်ခိုက်နိုင်ခြင်း မပြုလုပ်နိုင်ရန်အတွက်လည်း အဆိုပါ နည်းပညာများ တပ်ဆင်ထားသော ယာဉ်များကိုအသုံးပြုလျက်ရှိနေ ကြပြီလည်း ဖြစ်ပါသည်။ ထိုသို့အသုံးပြုမှုတွင် ဖိဖျက်စက် (Jammer) အမျိုးမျိုးရှိပြီး ၎င်းတို့ကို စျေးကွက်အတွင်း […]

Read More

ဝက်ဘ်အနာဂတ်အတွက် သဘောတူညီချက်

၂၀၁၂ ခုနှစ် နွေရာသီအိုလံပစ် ပြိုင်ပွဲကြီးရဲ့  ဖွင့်ပွဲအခမ်းအနား စင်မြင့်ထက်မှာ အားကစားလောကနဲ့ လုံးဝမသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဖိတ်ခေါ် ဂုဏ်ပြုခဲ့ကြပါတယ်။ သူကိုယ်တိုင်က မသက်ဆိုင်ပေမယ့် သူတီထွင်ဖန်တီးခဲ့တဲ့ အရာကတော့အားကစား သမားတွေ၊ ပရိသတ်တွေနဲ့သာမက ကမ္ဘာပေါ်မှာ ရှိသမျှလူအားလုံးနဲ့ သက်ဆိုင်နေတာပါ။ ဒါကြောင့် နိုင်ငံတကာ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသတဲ့ အိုလံပစ်ပွဲကြီးမှာ သူ့ကို အခုလို လေးလေးစားစား ဖိတ်ခေါ်ပြီး တစုတဝေးတည်း ဂုဏ်ပြုခဲ့ကြပါတယ်။ သူကတော့ လက်ရှိကျနော်တို့ အသုံးပြုနေကျ အင်တာနက်ရဲ့ အဓိကအကျဆုံး နည်းပညာတစ်ခုဖြစ်တဲ့ World Wide Web (www) ကိုတီ ထွင်ခဲ့သူ ဆာတင်မ်ဘာနာလီး (Sir Tim Berners-Lee) ဖြစ်ပါတယ်။ www နည်းပညာ မပေါ်ပေါက်ခင်မှာ ကွန်ပျူတာကွန်ရက်တွေ ရှိနှင့်ပြီးသား ဖြစ်ပေမယ့် ပညာရပ်နယ်ပယ်၊ […]

Read More

စမတ်တီဗီလုံခြုံရေးနဲ့ ပတ်သက်ပြီး FBI သတိပေး

စမတ်တီဗီတွေဟာ အင်တာနက်ထောက်ပံ့မှု ပါဝင်တဲ့တီဗီဖြစ်ပါတယ်။ Netflix, Hulu နဲ့အခြား streaming ဝန်ဆောင်မှုတွေ ပေါ်ပေါက်တိုးတက်လာတာနဲ့အမျှ အင်တာနက်ချိတ်ဆက်ထားတဲ့ တီဗီတွေက ရေပန်းစားလာပါတယ်။ အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ ထုတ်ကုန်ဖြစ်တာကြောင့် စမတ်တီဗီတွေကလည်း လုံခြုံရေးအားနည်းချက်နဲ့ ဟက်ကာတွေ တိုက်ခိုက်မှုခံရနိုင်ပါတယ်။ စမတ်တီဗီများစွာမှာ ကင်မရာနဲ့ မိုက်ကရိုဖုန်းတွေလည်း ပါဝင်လာပါတယ်။ အင်တာနက်ချိတ်ဆက်ထားတဲ့ ထုတ်ကုန်အများစုလိုပဲ ကုန်ပစ္စည်းထုတ်လုပ်သူတွေက လုံခြုံရေးကို ဦးစားမပေးထားပါဘူး။ ဒါကြောင့် FBI ရဲ့ပို့တ်လန်းပညာရပ်ဆိုင်ရာရုံးက နှစ်တစ်နှစ်ရဲ့အကြီးမားဆုံး ဈေးဝယ်ထွက်ရက် Black Friday မတိုင်မီ ဝက်ဘ်ဆိုက်ပေါ်မှာ စမတ်တီဗီနဲ့ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။ “စွန့်စားမှုအလွန်မှာ တီဗီထုတ်လုပ်သူနဲ့ app ဖန်တီးသူတွေက သုံးစွဲသူတွေရဲ့ လုပ်ရပ်ကို နားထောင်တာနဲ့ စောင့်ကြည့်မှုတွေ ရှိနိုင်ပါတယ်။ တီဗီတွေက ဟက်ကာတွေ သုံးစွဲသူနေအိမ်ထဲ ဝင်ရောက်ဖို့ ဂိတ်ပေါက်တစ်ခု ဖြစ်ပါတယ်။ တိုက်ခိုက်သူတွေက လုံခြုံအောင် […]

Read More

မြောက်ကိုရီးယားကို ကူညီခဲ့တဲ့ Crptocurrency ပညာရှင်ကို ဖမ်းဆီး

မြောက်ကိုရီးယားဟာ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ cryptocurrency ကို အသုံးပြုနေတယ်လို့ စွပ်စွဲခံနေရာတာ ကြာမြင့်ပြီ ဖြစ်ပါတယ်။ Ethereum စီမံကိန်းအဖွဲ့ဝင်နဲ့ cryptocurrency ပညာရှင် ဗာဂျီဂရစ်ဖင်ဟာ မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုကိုရှောင်လွှဲဖို့ blockchain နဲ့ cryptocurrency အသုံးပြုမှုနဲ့ ပတ်သက်တဲ့ နည်းပညာကွန်ဖရင့်ကို တက်ရောက်ခဲ့အတွက် အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိ ဗာဂျီဂရစ်ဖစ်ဟာ စင်ကာပူမှာ နေထိုင်တဲ့ အမေရိကန်နိုင်ငံသားဖြစ်ပါတယ်။ ဗာဂျီဂရစ်ဖစ်ကို လော့အိန်ဂျလိစ်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး တရားရုံးမှာစွဲချက်တင်ထားပါတယ်။ ဂရစ်ဖစ်ဟာ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး ပြုံယမ်း blockchain နဲ့ cryptocurrency ကွန်ဖရင့်မှာ နည်းပညာဆိုင်ရာ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက […]

Read More

Global English Course (1/2020) လျှောက်လွှာခေါ်ယူမည်

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်နဲ့ အင်္ဂလိပ်ဘာသာစကားအမျိုးသားဗဟိုဌာနနဲ့ ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတို့ ပူးပေါင်းဖွင့်လှစ်တဲ့ Global English Course (1/2020) အတွက် လျှောက်လွှာခေါ်ယူမှာ ဖြစ်ပါတယ်။ Basic Level တက်ရောက်လိုသူတွေ အနေနဲ့ ဒီဇင်ဘာ ၈ ရက်၊ နံနက် ၉ နာရီမှာ register.ncel.edu.mm မှတစ်ဆင့် လျှောက်ထားရမှာဖြစ်ပါတယ်။ သင်တန်းချိန်တွေ အနေနဲ့ Weekday – တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (နံနက် ၇ နာရီမှ ၉ နာရီအထိ) ၊ Weekend 1 – စနေနဲ့တနင်္ဂနွေ ( နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ)၊ Weekend 2 – စနေနဲ့တနင်္ဂနွေ ( […]

Read More

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း အတွက် လျှောက်လွှာခေါ်ယူ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပါတယ်။ သင်ကြားရမယ့်ဘာသာရပ်တွေကတော့ ဂီတပညာဌာန (စောင်း/ပတ္တလား/တယော/စန္ဒရား/အဆို)၊ သဘင်ပညာဌာန (မြန်မာ့ရိုးရာရုပ်သေးပညာ/မြန်မာ့ရိုးရာအကပညာ)၊ ပန်းချီပညာဌာန (အခြေခံပန်းချီသင်တန်း/ရေဆေးရောင်စုံ ရေးဆွဲနည်းနှင့် လူပုံရေးဆွဲနည်းသင်တန်း၊ ဆီဆေးနှင့် အခရိုက်လစ် ရေးဆွဲနည်းသင်တန်း၊ ပန်းပုပညာဌာန (အခြေခံပန်းပုသင်တန်း/မြန်မာ့ရိုးရာပန်းပုသင်တန်း/ ပန်းပုနည်းပညာသင်တန်း) ၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန ဓာတ်ပုံသင်တန်း (Still and Movie) သင်တန်းတွေပဲ ဖြစ်ပါတယ်။ သင်တန်းကာလက ၃ လဖြစ်ပြီး သင်တန်းပြီးဆုံးပါက Diploma in Music, Diploma in Dramatic Arts, Diploma in Painting, Diploma in Sculpture, Diploma in Cinematography ကိုရရှိမှာဖြစ်ပါတယ်။ ရုပ်ရှင်နှင့်ပြဇာတ်ဌာနက ဖွင့်လှစ်မယ့် ဓာတ်ပုံသင်တန်းကို […]

Read More