Day: November 28, 2019

Local
News

ခရီးသွားလာရေးဆိုင်ရာ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် Wave Money နှင့် FlyMya တို့ ပူးပေါင်း

မိုဘိုင်းငွေပေးချေမှုရဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Wave Money နဲ့ ပြည်တွင်းခရီးသွားလက်မှတ်များ၊ ခရီးသွားရေးဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ FlyMya.com တို့ ခရီးသွားလာရေးဆိုင်ရာ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာရေးထိုးခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်က ဆူးလေရှန်ဂရီလာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ “ ကျွန်တော်တို့အနေနဲ့ ဒီဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုအတွေ့ကြုံတွေ ရရှိလာအောင် လုပ်ဆောင်ပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အထူးအားပေးပါတယ်။ ဒါ့အပြင် Wave Money အနေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေ ငွေပေးချေမှု ပိုမိုလွယ်ကူစေရုံသာမက အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဏာရေးဆိုင်ရာ အသိုက်အဝန်းအတွက် ဒီဂျစ်တယ်ငွေပေးချေမှု အရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်” ဟု Wave Money ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Brad Jones က ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် […]

Read More
News
Samsung

Samsung Galaxy Note10 Lite ရဲ့ S Pen မှာ Bluetooth ပါဝင်လာဖွယ်ရှိ

Samsung Galaxy Not10 Lite မှာ Bluetooth လုပ်ဆောင်ချက်ပါဝင်တဲ့ SPen ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါပေမဲ့ Galaxy Not10 Lite မှာ နောက်ဆုံးပေါ်အဆင့်မြင့် လုပ်ဆောင်ချက်တွေ (ဥပမာ gyroscopic ထိန်းချုပ်မှုတွေ) ဒါမှမဟုတ် Note9 ကအခြေခံထိန်းချုပ်မှုတွေ ပါဝင်လာမလားဆိုတာ မသိရသေးပါဘူး။ FCC (ဖက်ဒရယ်ဆက်သွယ်ကော်မရှင်) ရဲ့စာရွက်စာတမ်းမှာ stylus အရွယ်အစားကို ဖော်ပြထားပါတယ်။ Note10 Lite stylus ကတော့ Note10 stylus နဲ့ဆင်ပေမယ့် အနည်းငယ်ကြီးမားပါတယ်။ FCC အနေနဲ့ S Pen ဓာတ်ပုံကို လာမယ့်နှစ် မေ၂၅ ရက်အထိ ထုတ်ပြန်ဦးမှာ မဟုတ်ဘူးလို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အဲဒီကာလတစ်ဝိုက်မှာ Galaxy Note10 Lite […]

Read More
Android
Download

DAN Myanmar

UNDP နှင့် Adaptation Fund တို့ရဲ့ ပံ့ပိုးမှုနဲ့ ရေးဆွဲထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်အသိပေးချက်တွေကို ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှုနှုန်း များပြားတဲ့ သဘာဝဘေးအန္တရာယ် ၈ မျိုးနဲ့ဆိုင်တဲ့ အသိပေးချက်တွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်အောင် ဖန်တီးထားပြီး စာဖြင့်သာမကဘဲ အသံနဲ့ပါ နားထောင်နိုင်မှာဖြစ်ပါတယ်။ ကြုံတွေ့နိုင်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အသိပေးချက်တွေ အပြင် ကြုံတွေ့နိုင်တဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ ဆောင်ရန်-ရှောင်ရန်တွေကိုပါ သိရှိနိုင်မှာဖြစ်ပါတယ်။ App ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Android
Download

ဂါထာမန္တာန်ပေါင်းချုပ်

အသုံးဝင်လှတဲ့ အစွမ်းထက် ဂါထာမန္တာန်တွေကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ မျက်စိနာရေမန်း၊ ခေါင်းကိုက်မန်း၊ ဈေးခေါ်၊ မျက်နှာပွင့် စတဲ့ ဂါထာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ App ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားပြီး offline အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More
Local
News

Developer Conference Yangon 2019 ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးပြီး မြန်မာနိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏပညာရှင်များ တွေ့ဆုံဆွေးနွေးမယ့် Developer Conference Yangon 2019 ကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်တိုင်တိုင် MICT Park၊ Conference Hall မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံရဲ့ အိုင်စီတီအခန်းကဏ္ဍနဲ့ Industry ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ ခေတ်နဲ့အညီ နည်းပညာအသစ်များကို မျှဝေသုံးစွဲရန် အတွက်လည်းကောင်း၊ Developer Community တိုးတက်စေရန်အတွက် လည်းကောင်း၊ တိုးတက်ပြောင်းလဲလာတဲ့ ICT နည်းပညာပေါ် အခြေခံပြီး လူ့စွမ်းအား အရင်းအမြစ် ဖြစ်တဲ့ ICT ဆားဗစ်များ၊ Skill Level များ၊ ဝန်ဆောင်မှုများ ဖြစ်လာစေရန်အတွက်လည်းကောင်း Developer Conference […]

Read More
News
Samsung

Galaxy ဖုန်းမှာ ကွန်ပျူတာဂိမ်းတွေ ကစားနိုင်မယ့် Samsung ရဲ့ PlayGalaxy Link

ဂိမ်းတွေကို ဈေးသက်သက်သာသာ ဒါမှမဟုတ် အခမဲ့ ကစားနိုင်မယ့် နည်းလမ်းများစွာရှိပါတယ်။ အခုဆိုရင် Samsung Galaxy ဖုန်းတွေပဲ အသုံးပြုနိုင်တဲ့ PlayGalaxy Link ဝန်ဆောင်မှုကို beta စမ်းသပ်မှု ပြုလုပ်နေပါပြီ။ Steam Link app ဒါမှမဟုတ် Parsec လိုမျိုး PlayGalaxy ကို Windows ကွန်ပျူတာပေါ်မှာ install ပြုလုပ်ပြီး ဖုန်းပေါ်မှာ app ကိုထည့်သွင်းရပါမယ်။ ပြီးရင်တော့ ဟန်းဆက်ပေါ်မှာ ဂိမ်းကို ကစားနိုင်ပါတယ်။ ဧပြီလက Samsung Galaxy S10, S10e, S10 Plus နဲ့ S10 5G အတွက် beta ဗားရှင်းကို ထောက်ပံ့ပေးလိုက်ပြီး အခုဆိုရင် Note 10 အတွက် ထောက်ပံ့ပေးလိုက်ပါတယ်။ […]

Read More
News
Tech

ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားပိုင်နက်အဖြစ် Apple နဲ့ Google Maps ဖော်ပြထား

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးအခြေအနေကို သာမန်ကိစ္စအဖြစ် ကိုင်တွယ်ဖို့ ခက်ခဲပြီး ပဋိပက္ခဖြစ်ပွားနေချိန်မှာ ကုမ္ပဏီတွေက ဘက်မလိုက်တဲ့ မြေပုံ ဒါမှမဟုတ် ရှာဖွေမှု ဝန်ဆာင်မှုအဖြစ် ထောက်ပံ့လိုပေမယ့် တစ်ဖက်ဖက်ကို ရပ်ရပါတယ်။ အခုဆိုရင် Apple ဟာ ယူကရိန်းက ခရိုင်းမီးယားသိမ်းပိုက်ခံရမှုနဲ့ ပတ်သက်ပြီး ရုရှားဘက်က ရပ်တည်ခဲ့ပြီး Google ကလည်း ရုရှားအကျိုးစီးပွားကို ထည့်သွင်း စဉ်းစားခဲ့ပါတယ်။ ပင်လယ်နက် မြောက်ဘက်က ကျွန်းဆွယ်အကြီးစား ခရိုင်းမီးယားဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားလက်အောက် ရောက်ရှိခဲ့ပါတယ်။ ယူကရိန်းနိုင်ငံအတွင်း ခရိုင်းမီးယားအရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးမတည်မငြိမ်မှုအတွင်း ရုရှားလက်အောက် ကျရောက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေက ရှုတ်ချပြီး ရုရှားက အသာစီးရယူဖို့ အကျပ်အတည်း မဖြစ်ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ရုရှားစစ်တပ် ဝင်ရောက် တပ်စွဲမှုက […]

Read More
News
Tech

၂၀၂၀ မှာ အရွယ်အကြီးမားဆုံးဖုန်းကို Apple ဖြန့်ချိနိုင်

Apple ဟာ ၂၀၂၀ ခုနှစ်အတွင်း အရွယ်အကြီးမားဆုံး iPhone ကိုဖြန့်ချိဖွယ်ရှိတယ်လို့ ကိုရီးယားသတင်းဝက်ဘ်ဆိုက် ETNews က ဖော်ပြခဲ့ပါတယ်။ Apple အနေနဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ ဖုန်းမော်ဒယ် ၃ မျိုးကို ထုတ်ဖော်မိတ်ဆက်မယ်လို့ သိရပါတယ်။ အဲဒီသတင်းက အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လက်ရှိ iPhone မျက်နှာပြင် အရွယ်အစားကတော့ iPhone 11 က ၆.၁ လက်မ၊ iPhone 11 Pro က ၅.၈ လက်မနဲ့ iPhone 11 Pro Max ကတော့ ၆.၅ လက်မ ဖြစ်ပါတယ်။ ETNews ရဲ့သတင်းအရ အရွယ်အသေးငယ်ဆုံး မျိုးဆက်သစ် iPhone 12 က ၅.၄ […]

Read More
News
Tech

ကွယ်လွန်သူ account တွေ ဆုံးရှုံးနိုင်တာကြောင့် inactive account ဖယ်ရှားမယ့်အစီအစဉ်ကို Twitter ရပ်တန့်

Twitter ဟာ လာမယ့်လအတွင်း inactive account တွေဖယ်ရှားမယ့် အစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီးနောက် အစီအစဉ်အသေးစိတ်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ပထမဆုံး ကုမ္ပဏီအနေနဲ့ အီးယူနိုင်ငံတွေက Twitter account တွေအပေါ် သက်ရောက်မှုရှိမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ နိုဝင်ဘာ ၂၆ ရက်မှာတော့ အရေးကြီးသတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ Twitter အနေနဲ့ ကွယ်လွန်သူတွေရဲ့ account ကိုထိန်းသိမ်းမယ့်နည်းလမ်းကို ရှာဖွေဖို့ account ဖျက်သိမ်းမယ့် အစီအစဉ်ကို ခေတ္တခဏ ရပ်တန့်လိုက်ပါတယ်။ ကွယ်လွန်သူတွေရဲ့ account တွေအပေါ် သက်ရောက်နိုင်တာကြောင့် အဲဒီ account တွေအတွက် အမှတ်ရစေမယ့် နည်းလမ်းမရှိမချင်း inactive account တွေကို ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ Twitter က ထုတ်ပြန်ခဲ့ပါတယ်။ Twitter ဟာ […]

Read More
Education
News

အမေရိကန်နိုင်ငံ University of Kansas မှ ပညာသင်ဆုပေးအပ်မည်

အမေရိကန်နိုင်ငံရှိ Association of American Universities (AAU) စာရင်းဝင် University of Kansas မှာ အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်တွေကို ပညာသင်ဆုနဲ့ တက်ရောက်နိုင်မယ်လို့ AT&S Co.,Ltd မှသိရပါတယ်။ အမေရိကန်နိုင်ငံတက္ကသိုလ်များအသင်း (AAU) မှာ Harvard,MIT,Stanford ကဲ့သို့ ထိပ်တန်းတက္ကသိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း၊ University of Kansas ဟာ Association of American Universities (AAU) စာရင်းဝင် ပြည်သူပိုင်တက္ကသိုလ် ၃၄ ကျောင်းမှာ တစ်ကျောင်း အပါအဝင်ဖြစ်ပြီး Lawrence မြို့ Kansas ပြည်နယ်မှာ တည်ရှိတယ်လို့ သိရပါတယ်။ အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်ကို အထူးစိတ်ဝင်စားပြီး တီထွင်ဖန်းတီမှု ပြုလုပ်လိုသူများတက်ရောက်ရန် သင့်လျော်တဲ့ ထိပ်တန်း သုတေသနတက္ကသိုလ် […]

Read More