အိုင်တီဆိုင်ရာ နည်းပညာအကြောင်းအရာတွေကို မြန်မာလို လေ့လာဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဆော့ဖ်ဝဲဆိုင်ရာ၊ ဟက်ကင်းဆိုင်ရာ၊ Gmail ဆိုင်ရာ၊ ကွန်ပျူတာဆိုင်ရာ အကြောင်းအရာတွေကို ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပြီး App ကို ဇော်ဂျီ၊ ယူနီကုတ် ဖောင့်စနစ်နှစ်မျိုးစလုံးနဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး အွန်လိုင်း Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read MoreMytel နဲ့ မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့(MBAPF) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ၁၄ ခုရှိ ကျောင်းသား၊ ကျောင်းသူတွေကို ဒီဂျစ်တယ်စာတတ်မြောက်မှု ပရိုဂရမ်များ ပြုလုပ်ပေးရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၂၇ ရက်၊ နေ့လယ် ၂ နာရီက နေပြည်တော်ရှိ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ Mytel ဟာ ဒီဂျစ်တယ်နည်းပညာတတ်မြောက်မှု ပရိုဂရမ်ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ဝါရှင်တန်တက္ကသိုလ် လူမှုအဖွဲ့အစည်း အသွင်ကူးပြောင်းရေး အစီအစဉ်မှာ အချက်အလက်ပိုင်းဆိုင်ရာ နည်းဗျူဟာများကို သင်ကြားပို့ချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပို့ချမှု အစီအစဉ်ကို MBAPF အပြင် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး တက္ကသိုလ် ၁၄ […]
Read Moreကမ္ဘာ့အဆင့် နိုင်ငံခြားတက္ကသိုလ် ကျောင်းပေါင်းစုံပါဝင်တဲ့ MSI ပညာရေးပြပွဲကို (၁၂) ကြိမ်မြောက်အဖြစ် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ပညာရေးပြပွဲကို ဒီဇင်ဘာ ၁၄ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel (ပဲခူးခန်းမ) မှာလည်းကောင်း၊ ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ မန္တလေးမြို့ရှိ Hilton Hotel ၊ အမရပူရခန်းမမှာလည်းကောင်း ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ပညာရေး ပိုမိုထွန်းပေါက်စေဖို့ အင်္ဂလန်၊ အမေရိကန်၊ ဆွစ်ဇာလန် ၊ သြစတြေးလျ ၊ ကနေဒါ ၊ […]
Read MoreHonor V30 နဲ့ Honor V30 Pro ကို ဘေကျင်းမြို့မှာ ပွဲတစ်ခုနဲ့ မိတ်ဆက်ခဲ့ပါတယ်။ Honor က ပထမဆုံးအကြိမ် ထုတ်လုပ်တဲ့ 5G ဖုန်းတွေဖြစ်လာပြီး Kirin 990 chipset နဲ့ကင်မရာ ၅ လုံး ပါဝင်လာပါတယ်။ ဖုန်းရဲ့ရှေ့ဘက်မှာ ကင်မရာ ၂ လုံးနဲ့ ကျောဘက်မှာ ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ Honor V30 နဲ့ V30 Pro မှာ မျက်နှာပြင် ၆.၅၇ LCD Full HD+ ရုပ်ထွက်အရည်အသွေး ပါဝင်လာပါတယ်။ ဖုန်းရဲ့ဘေးဘက်မှာ fingerprint scanner ထည့်သွင်းထားပြီး ကျောဘက်မှာ ကင်မရာ ၃ လုံးကို နေရာတကျ ထည့်သွင်းထားပါတယ်။ […]
Read Moreရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် စျေးကွက်စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ Master of Marketing Management အတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူနေပါပြီ။ သင်တန်းသို့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ၊ စျေးကွက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းခွင် (အလယ်အလတ်အဆင့် စီမံခန့်ခွဲမှု) အတွေ့အကြုံ အနည်းဆုံး နှစ်နှစ် ရှိသူ၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် အသက် ၂၅ နှစ်ပြည့်ပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။ လျှောက်လွှာတွေကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အခန်း ၂၀၆ မှာ ရယူနိုင်ပါတယ်။ သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ […]
Read Moreနိုင်ငံတကာကုန်သွယ်ရေးနှင့် လုပ်ငန်းလည်ပတ်မှုစီမံခန့်ခွဲမှုဘာသာရပ် Bachelor of Arts (Hons) International Trade and Operations Management ကို စင်ကာပူနိူင်ငံရှိ MDIS Business School မှာ လျှောက်ထားတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဘာသာရပ်ကို မြန်မာနိုင်ငံမှ တက္ကသိုလ်၀င်တန်းအောင်မြင်ထားသူများ၊ IGCSE အောင်မြင်ထားသူများ တက်ရောက်နိုင်ပြီး MDIS ကျောင်းမှာ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် လုပ်ငန်းလည်ပတ်မှုစီမံခန့်ခွဲမှု ဘာသာရပ်ကို အချိန် နှစ်နှစ်ခွဲကျော်တက်ရုံနဲ့ UK နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Plymouth မှ တိုက်ရိုက်ပေးအပ်တဲ့ ဘွဲ့ဒီဂရီကို ရရှိမှာဖြစ်ပါတယ်။ အင်္ဂလိပ်စာ ၀င်ခွင့်သတ်မှတ်ချက်အနေနဲ့ IELTS (5.5) ရှိရန်လိုအပ်ပါတယ်။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် လက်တွေ့ခန်းများ သီးသန့်ထားရှိပေးထားတဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ […]
Read MoreFacebook ဟာ Beat Games ကိုဝယ်ယူပြီး Oculus နဲ့ပေါင်းစပ်သွားမယ်လို့ နိုဝင်ဘာ ၂၆ ရက် (အင်္ဂါနေ့) က ထုတ်ပြန်ခဲ့ပါတယ်။ VR ဂိမ်းစတီဒီယို Beat Games ဟာ ပရတ်မြို့က Oculs လက်အောက်က လွတ်လပ်တဲ့ စတူဒီယိုတစ်ခု ဖြစ်လာပါမယ်။ Beat Saber ဂိမ်းနဲ့ update တို့ကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး Facebook ကလည်း ထပ်တိုးထောက်ပံ့သွားမယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။ Beat Saber ဟာ Valve ရဲ့ Steam Store မှာ ရောင်းအားအကောင်းဆုံး VR ဂိမ်းဖြစ်ပြီး ကစားသူတွေက သီချင်းစည်းချက်အတိုင်း အတုံးတွေကို လှီးဖြတ်ရပါမယ်။ Facebook ဟာ Beat Saber […]
Read MoreTwitter အနေနဲ့ ခြောက်လကျော် sign in မဝင်ထားတဲ့ account တွေကို စတင်ဖယ်ရှားသွားမယ်လို့ ပြောခဲ့ပါတယ်။ Twitter က ဒီဇင်ဘာ ၁၁ ရက်မှာ account ကို sign in ပြုလုပ်ဖို့ inactive ဖြစ်တဲ့ account တွေဆီ အီးမေးလ်ပေးပို့ခဲ့ပါတယ်။ “ကျွန်တော်တို့က အများနဲ့သက်ဆိုင်တဲ့ စကားပြောဆိုမှုတွေ ပြုလုပ်မယ့် အစိတ်အပိုင်းအဖြစ် Twitter ပေါ်မှာ တိကျ၊ အားကိုးရတဲ့ သတင်းအချက်အလက်တွေ ရှိစေဖို့ inactive ဖြစ်နေတဲ့ account တွေကို ရှင်းလင်းသွားပါမယ်။ အခု အစီအစဉ်ရဲ့ အားထုတ်မှုအဖြစ် ကျွန်တော်တို့ရဲ့ inactive accounts policy အတိုင်း account တစ်ခုအဖြစ် စာရင်းသွင်းတဲ့အခါမှာ Twitter ကို log-in […]
Read MoreiOS သုံးစွဲသူတွေအနေနဲ့ Apple ရဲ့ iMessage စနစ်မှာ ဓာတ်ပုံ၊ animojis, emojis, voice notes စတာတွေကို အလွယ်တကူ ပေးပို့နိုင်ပါတယ်။ iMessage ကို macOS နဲ့ iPadOS တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ ပုံမှန် iMessage က စာပို့ရင်တော့ အစိမ်းရောင် bubble ပုံစံနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီ အစိမ်းရောင်ကို မိမိစိတ်ကြိုက် အရောင်ဆန်းလေးတွေ ချိန်းပြီးအသုံးပြုနိုင်ပါတယ်။ အဲလိုအသုံးပြုဖို့အတွက် အရင်ဆုံး App Store ကို ဖွင့်ပါ။ ပြီးရင်တော့ “Color Text Bubbles on iMessage” ဆိုတာကို ရိုက်ရှာပြီး ပေါ်လာရင်တော့ GET ဆိုတာကို နှိပ်ကာ ဖုန်းထဲကို install လုပ်ပါ။ […]
Read MoreHonor အနေနဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးကို အာရုံစိုက်ပြီး ဘက်ထရီသက်တမ်း ၁၄ ရက်အထိ အသုံးပြုနိုင်တဲ့ MagicWatch 2 ကိုမိတ်ဆက်လိုက်ပါတယ်။ Honor MagicWathc 2 ဟာ ရေအနက် 5ATM အထိ ခံနိုင်ရည်ရှိပါတယ်။ MagicWatch 2 ဟာ သုံးစွဲသူ နှလုံးခုန်နှုန်းကိုစောင့်ကြည့်ပေးတာ အပြင် အကွာအဝေး၊ မြန်နှုန်းနဲ့ ကယ်လိုရီလောင်ကျွမ်းမှုတွေကိုလည်း ခြေရာခံပေးပါတယ်။ သုံးစွဲသူရဲ့ လမ်းလျှောက်နှုန်းနဲ့ ရေကူးမှုနှုန်းဖြစ်တဲ့ SWOLF ရမှတ်ကိုလည်း တွက်ချက်ပေးပါတယ်။ နာရီက နှလုံးခုန်နှုန်းကို စောင့်ကြည့်ပေးပြီး အနိမ့်၊ အမြင့်အပေါ် သတိပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ သုံးစွဲသူက စိတ်ဖိစီးမှုများနေတဲ့အခါ အသက်ရှူလေ့ကျင့်ခန်းတွေကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သုံးစွဲသူရဲ့ အိပ်စက်မှုကို ခြေရာခံပြီး တိုးတက်မှုရှိအောင် အကြံပြုပေးမှာ […]
Read More