Day: November 25, 2019

Tutorial Chat Bot

Facebook မှာ အော်တိုစာပြန်ပေးတဲ့ စနစ်တစ်ခုကို ဘယ်လိုမျိုး တည်ဆောက်မလဲ ဆိုတာကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ မြန်မာလို လေ့လာနိုင်အောင် ရေးသားပေးထားပြီး သင်ခန်းစာတွေကို အခန်းအလိုက် ခွဲခြားထားပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး Online/Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း

Read More

Samsung Galaxy S11 ကို ဖေဖော်ဝါရီလအတွင်း မိတ်ဆက်ဖွယ်ရှိ

Samsung ဟာ ဖေဖော်ဝါရီလအတွင်း Galaxy S11 စီးရီးစမတ်ဖုန်းကို မိတ်ဆက်ဖွယ်ရှိပါတယ်။ Galaxy S11 ကို ဖေဖော်ဝါရီ ၁၁ ရက်မှာ မိတ်ဆက်နိုင်တယ်လို့ MatrixLife သတင်းကဖော်ပြခဲ့ပါတယ်။ Samsung Galaxy S11 ကိုမိတ်ဆက်မယ့် ရက်စွဲအပြင် S11, S11e နဲ့ S11+ ဆိုပြီး feature သစ်တွေ ပါဝင်လာမယ်လို့ သိရပါတယ်။ S11 စီးရီးဖုန်းတွေမှာ Exynos 990 SoC အပြင် Snapdragon ဗားရှင်းအသုံးပြုထားတဲ့ ထုတ်ကုန်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဖုန်း ၃ မျိုးစလုံးမှာ 25W အားသွင်းမြန်ဆန်တဲ့စနစ်နဲ့ 25W charger လည်းပါဝင်လာပါမယ်။ Galaxy S11 မှာ SIM နဲ့ eSIM […]

Read More

“ဟပ်ချလောင်း သူဌေးလောင်း” အစီအစဉ်ကို တယ်လီနောမိတ်ဆက်

Picanto ကားသစ် ၄ စီးနဲ့ Honda Scoopy ဆိုင်ကယ်အစီး ၃၀ အပါအဝင် သန်းပေါင်းများစွာ တန်ဖိုးရှိ နေ့စဥ်ဆုများ၊ အပတ်စဥ်ဆုများကို ကံထူးခွင့်ရရှိနိုင်မယ့် “ဟပ်ချလောင်း သူဌေးလောင်း” အစီအစဥ်ကို တယ်လီနော သုံးစွဲသူ များထံသို့ နိုဝင်ဘာ ၂၂ ရက်က မိတ်ဆက်လိုက်ပါတယ်။ ” တယ်လီနောက သုံးစွဲသူတွေအတွက် အလိုအပ်ဆုံးအရာတွေကို ဖြည့်ဆည်းပေးနိုင်အောင် အမြဲကြိုးစားနေပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ ဒီဂျစ်တယ်ဂိမ်းကစားနည်းတွေကတစ်ဆင့် တယ်လီနောရဲ့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို ဆုလက်ဆောင်တွေ ပြန်လည်ချီးမြှင့်သွားဖို့လည်း အမြဲဖော်ဆောင်ကြိုးစားလျက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်ကုန်ဆုံးဖို့ နီးလာတာနဲ့အမျှ တယ်လီနောရဲ့ သုံးစွဲသူတွေ ချက်ခြင်းသူဌေးလောင်းဖြစ်နိုင်တဲ့ ဟပ်ချ လောင်း သူဌေးလောင်း အစီအစဥ်နဲ့ ပံ့ပိုးလုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီအစီအစဥ်ဟာ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ခဲ့သမျှထဲမှာ […]

Read More

Motorola Razr 2 ဖုန်းဘေးဘက်မှာ touch sensor တွေထည့်သွင်းထားဖွယ်ရှိ

မကြာသေးခင်က Motorola ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Razr ခေါက်စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် မျိုးဆက်သစ် စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ဖို့ Motorola ပြင်ဆင်နေပါတယ်။ Motorola ဟာ ခေါက်စမတ်ဖုန်းတစ်မျိုးအတွက် US USPTO နဲ့ WIPO မှာ မူပိုင်ခွင့်သစ်တစ်ခုကို တင်ခဲ့ပါတယ်။ အဲဒီစမတ်ဖုန်းမှာ ခေါက်ထားနိုင်တဲ့ display နဲ့ ဖုန်းရဲ့ ဘေးဘက်မှာ touch ပါဝင်လာမှာ ဖြစ်တယ်လို့ မူပိုင်ခွင့်မူကြမ်းမှာ ဖော်ပြထားပါတယ်။ ဘေးဘက်က touch မှာပါဝင်တဲ့ sensor တွေက လုပ်ဆောင်ချက် အမျိုး ၂၀ ကို ပြုလုပ်နိုင်ကာ လက်ဟန်အမူအရာ အခု ၂၀ ကို သိနိုင်တယ်လို့ မူပိုင်ခွင့်မှာ ဖော်ပြထားပါတယ်။ လက်ဟန်အမူအရာ အမျိုးမျိုးကို ထုတ်ကုန် […]

Read More

OnDoctor App အာဆီယံစီးပွားရေးထူးချွန်ဆုရရှိ

ပြည်တွင်း ကျန်မာရေး App တစ်ခုဖြစ်တဲ့ OnDoctor ဟာ ASEAN Business Awards(ABA) 2019 ကို Startup & IDE (Innovation Driven Entrepreneur) အမျိုးအစားအောက်မှာ ရရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ASEAN Businesss Awards(ABA) 2019 ဆုကို နိုဝင်ဘာ ၂ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ASEAN Business & Investment Summit 2019 မှာ ပေးအပ်ခဲ့ပြီး OnDoctor ရဲ့ CEO ဒေါက်တာထက်ဇံလင်းနဲ့ COO ဒေါက်တာဆုမွန်မွန်ထွန်းတို့က ဆုကိုလက်ခံရယူခဲ့ပါတယ်။ “လုပ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်က Universal Health Coverage လို့ခေါ်တဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးစောင့်ရှောက်မှု အခြေခံကျတဲ့ […]

Read More

Lenovo ThinkPad X1 Yoga (4th Gen, 2019)

ဈေးနှုန်း ကန်ဒေါ်လာ ၁၃၆၇ အားသာချက် ရုပ်ထွက်ကာလာပိုင်းကောင်းမွန်သလို တောက်ပမှုရှိတဲ့ 1080p display ၊ ပါးလွှာပြီး အကြမ်းခံတဲ့ သတ္တုကိုယ်ထည်နဲ့ အသုံးပြုရတာ ကောင်းမွန်တဲ့ ကီးဘုတ်စနစ်တွေက ကျေနပ်စရာပါ။ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေအပြင် stylus slot ပေါက်နဲ့ webcam ကာဗာလေးတွေ ပါဝင်တာက ဒီ Laptop ရဲ့ အားသာချက်ဖြစ်ပါတယ်။ အားနည်းချက် SD ကတ်ပေါက်တော့ မပါဝင်ပါဘူး။ သုံးသပ်ချက် Thinkpad X1 Yoga က စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သလို ဒီဇိုင်းပိုင်းကလည်း သေသပ်မှုရှိပါတယ်။ Laptop တစ်လုံးအနေနဲ့ သာမကဘဲ Tablet PC တစ်လုံးကို Stylus Pen နဲ့ တွဲဖက်အသုံးပြုနိုင်မယ့် စွယ်စုံသုံး ထုတ်ကုန်တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ […]

Read More

ကိုယ်ပိုင် မိုဘိုင်းချစ်ပ်တစ်မျိုးကို Oppo ဖန်တီးနေ

Samsung, Apple နဲ့ Huawei တို့လို Oppo ကလည်း ကိုယ်ပိုင်ဒီဇိုင်းထုတ်ထားတဲ့ SoC ကိုထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ အနာဂတ် Oppo မော်ဒယ်ဖုန်းတွေမှာ ကိုယ်ပိုင်ချစ်ပ်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အလားတူသတင်းက အရင်ကလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုအခါမှာတော့ Oppo ကိုယ်ပိုင်ထုတ်လုပ်မယ့် ချစ်ပ်နဲ့ပတ်သက်ပြီး အထောက်အထားထွက်ပေါ်လာပါတယ်။ Oppo ရဲ့ချစ်ပ်ကို Oppo M1 လို့ခေါ်ဆိုမယ်လို့ အမှတ်တံဆိပ်မှတ်ပုံတင်တဲ့ရုံး EUIPO (ဥရောပသမဂ္ဂဉာဏဆိုင်ရာရုံး) မှတ်တမ်းအရ သိရပါတယ်။ Oppo အနေနဲ့ M1 ချစ်ကို ထုတ်လုပ်ဖို့ Speadtrum နဲ့ MediaTek က အင်ဂျင်နီယာတွေကို ငှားရမ်းထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ Oppo အနေနဲ့ လာမယ့်နှစ် MWC ပြပွဲမှာ ချစ်ပ်ကို ထုတ်ဖော်မိတ်ဆက်ဖွယ်ရှိပါတယ်။ […]

Read More

Super LCD Display နည်းပညာ

Super LCD (SLCD) Display နည်းပညာက LCD Display နည်းပညာကနေ တိုးတက်ဖြစ်ထွန်း လာတဲ့ Display နည်းပညာတစ်ခုပါ။ မိုဘိုင်းဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတော်တော်က သူတို့ရဲ့ မိုဘိုင်းဖုန်းတွေမှာ ဒီ SLCD Display နည်းပညာကို အသုံးပြုခဲ့ကြပါတယ်။ ဒီ Super LCD panel တွေက S-LCD Corporation ရဲ့ ကိုယ်ပိုင်ထုတ်ကုန်တစ်ခုလည်း ဖြစ်ပါတယ်။ Super LCD တွေက သာမန် LCD တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံ မတူညီကြပါဘူး။ သာမန် LCD Display တွေက အပေါ်ယံ မှန်အလွှာနဲ့ LCD အလွှာကြားမှာ လေဟာနယ်ကြားခံကို ထည့်သွင်းထားပြီး SLCD တွေမှာတော့မပါဝင်ပါဘူး။ အဲလိုမပါဝင်တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ Super LCD […]

Read More

Dell XPS 15 (2019)

ဈေးနှုန်း – ကန်ဒေါ်လာ ၂၆၄၉ အားသာချက် 4K OLED Display က မြင့်မားတဲ့ ရုပ်ထွက်အရည်အသွေး၊ ကောင်းမွန်တဲ့ ဂရပ်ဖစ် စွမ်းဆောင်ရည်တွေအပြင် ပါးလွှာပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဇိုင်းတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက် ဘက်ထရီသက်တမ်းကတော့ ပုံမှန်ရှိသင့်တဲ့ ကြာချိန်ထက် မဆိုစလောက် လျော့နည်းတာက ဒီ Laptop ရဲ့ အားနည်းချက်လို့ဆိုရမှာပါ။ သုံးသပ်ချက် Dell XPS 15 2019 က မြင့်မားကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ပြည့်ဝတဲ့ ပရီမီယံ Laptop တစ်လုံးဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေး မြင့်မားတဲ့ 4K OLED Dispaly ၊ ဂရပ်ဖစ်စွမ်းဆောင်ရည်တွေ အပြင် မြန်ဆန်တဲ့ SSD တွေ ပါဝင်တာက […]

Read More

Tesla ရဲ့ ဆိုက်ဘာထရပ်ကို ကြိုတင်မှာယူမှု ၂၀၀,၀၀၀ နီးပါးရှိနေဟု အီလွန်မက်စ်ပြောကြား

လွန်ခဲ့တဲ့ ၂ ရက်က Tesla ဟာ ဒီဇိုင်းပိုင်းဆန်းကြယ်တဲ့ ဆိုက်ဘာထရပ်ကား ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ ဆိုက်ဘာထရပ်နဲ့ပတ်သက်တဲ့ သတင်းနဲ့ ဓာတ်ပုံတွေ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အခုဆိုရင် Tesla အနေနဲ့ ဆိုက်ဘာထရပ်ကို ကြိုတင်မှာယူ ဝယ်လိုတဲ့ အမှာစာ ၁၄၆,၀၀၀ လက်ခံရရှိထားတယ်လို့ အီလွန်မက်စ်က twitter မှာရေးသားခဲ့ပါတယ်။ ကြိုတင်မှာယူမှုတစ်ခုစီတိုင်း အတွက် ဒေါ်လာ ၁၀၀ ပေးရမှာ ဖြစ်ပြီး ကြိုက်တဲအချိန်မှာ ပြန်လည်ထုတ်ယူနိုင်ပါတယ်။ အခုဆိုရင် ဆိုက်ဘာထရပ် ကြိုတင်မှာယူမှုတွေကြောင့် ၄၈ နာရီအတွင်း Tesla ဘဏ်အကောင့်မှာ ဒေါ်လာ ၁၄.၆ သန်းအထိ ရှိနေပါတယ်။ Tesla အနေနဲ့ ဆိုက်ဘာထရပ်ကို ဗားရှင်း ၃ မျိုးထုတ်လုပ်မှာ ဖြစ်ပါတယ်။ နောက်ရပ်မော်တာတစ်လုံးပါဝင်ပြီး မိုင် ၂၅၀ အထိ […]

Read More