Day: November 22, 2019

PlayStation 5 တရားဝင်မိတ်ဆက်မယ့် နေ့ရက်နဲ့ ဈေးနှုန်း ပေါက်ကြားထွက်ပေါ်

PlayStation 5 ဂိမ်းစက်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှာ မြောက်အမေရိကအတွင်း တရားဝင်မိတ်ဆက်သွားလို့ သတင်းတစ်ခုဖော်ပြခဲ့ပါတယ်။ PlayStation 5 ဈေးနှုန်းက ၄၉၉ ဒေါ်လာ ကျသင့်နိုင်ပါတယ်။ PlayStation 5 ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကို PSErebus ရဲ့ tweet မှာဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကြောင့် PlayStation 5 ကိုစောင့်စားနေတဲ့ ဂိမ်မာတွေအနေနဲ့ ဂိမ်းစက်ကို ဝယ်ယူဖို့ တစ်နှစ်နီးပါး စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ Sony အနေနဲ့ ဇွန်လအတွင်း ပြုလုပ်မယ့် ကွန်ဖရင့်တစ်ခုမှာ PS5 ဂိမ်းစက်အကြောင်း ထုတ်ပြန်မယ်လို့ PSErebus ကဖော်ပြထားပါတယ်။ PS5 ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်ဝန်းကျင်မှာ မိတ်ဆက်နိုင်တယ်လို့ ကောလာဟလလည်း […]

Read More

Huawei ဆီ software တင်ပို့ရောင်းချဖို့ လိုင်စင်ရရှိခဲ့တဲ့ Microsoft

Microsoft ဟာ Huawei အတွက် software တင်ပို့ရောင်းချဖို့ အမေရိကန်အစိုးရဆီက လိုင်စင်ခွင့်ပြုချက် ရရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ဆီ ကုန်ပစ္စည်းတွေ ပြန်လည် စတင်ရောင်းချဖို့ ကုမ္ပဏီတချို့ကို ခွင့်ပြုသွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က အခုတစ်ပတ်အတွင်း ပြောခဲ့ပါတယ်။ Huawei ဟာ လွန်ခဲ့တဲ့ ၆ လ လောက်က အမျိုးသားလုံခြုံရေးကိစ္စကြောင့် ကုန်သွယ်ရေးအမည်ပျက် စာရင်းသွင်းခံခဲ့ရပါတယ်။ Huawei ဆီကုန်ပစ္စည်းတွေ ရောင်းချဖို့ လိုင်စင်တွေ စတင်ထုတ်ပေးနေတယ်လို့ ကုန်သွယ်ရေးဌာနက အတည်ပြုခဲ့ပါတယ်။ Huawei ရဲ့ကုန်ပစ္စည်းထောက်ပံ့မှု ဌာနကို တိုးချဲ့နေပြီး ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိတဲ့ ကုန်ပစ္စည်းတွေ ရောင်းချပြီးတာနဲ့ လုပ်ငန်းအတွက် ရှင်းလင်းသေချာတဲ့ အစီအစဉ် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ လိုင်စင်လျှောက်ထားမှု ၃၀၀ ကျော်ရှိပြီး ထက်ဝက်လောက်ကို […]

Read More

2FA နည်းလမ်းထဲက SMS ကိုပိတ်ခွင့်ပြုလိုက်တဲ့ Twitter

Twitter ဟာ သုံးစွဲသူ account အတွက် SMS အခြေခံ two-factor authentication (2FA) ကိုပိတ်နိုင်အောင် ပြုလုပ်ပေးထားပြီး အခြားနည်းလမ်း သုံးစွဲခွင့်ပြုထားပါတယ်။ ဒါကြောင့် mobile one-time (OTP) အတည်ပြု app ဒါမှမဟုတ် လုံခြုံရေးသော့ စတဲ့ အခြားနည်းလမ်းတွေကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ တကယ်လို့ သုံးစွဲသူက Twitter account အတွက် 2FA နည်းလမ်းကို အသုံးပြုမယ်ဆိုရင် ဖုန်းနံပါတ်ကို စာရင်းသွင်းပြီး SMS အခြေခံ 2FA နည်းလမ်းကို ခွင့်ပြုပေးရပါတယ်။အရင်တုန်းက OTP နည်းလမ်းနဲ့ လုံခြုံရေးသော့ကို အသုံးပြုမယ့်သူတွေက ပထမဆုံး SMS အခြေခံ 2FA ကိုခွင့်ပြုပေးရကာ ပိတ်လို့မရပါဘူး။ တကယ်လို့ လုံခြုံရေးသော့ကို အသုံးပြုမယ်ဆိုရင် SMS […]

Read More

MCPA Certified Network Associate (NA) Exam Preparation (Intensive Course) ဖွင့်မည်

MCPA Certified Network Associate (NA) Exam Preparation (Intensive Course) သင်တန်းကို ဒီဇင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ အဆိုပါသင်တန်းကို MCPA Certified Network Associate (NA) စာမေးပွဲမှာ ဖြေဆိုအောင်မြင်သူတွေ တိုးတက်လာစေဖို့နဲ့ Networking ဆိုင်ရာ အခြေခံဗဟုသုတရရှိစေရန် ရည်ရွယ် ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းမှာ Desktop PC Hardware, Networking Fundamental, Desktop OS, WLAN, NOS and Network Environment, Security, Network Management စတာတွေကို သင်ကြားရမှာဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ နံနက် ၉ နာရီမှ ညနေ ၅ […]

Read More

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲကို ဒီဇင်ဘာ ၂၂ ရက်မှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ အဆိုပါ စာမေးပွဲကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနဲ့ အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ တစ်ပြိုင်နက် ကျင်းပစစ်ဆေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရဲ့ စာမေးပွဲများမှာ အိုင်တီပညာရှင် များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုတဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့ အသင်းဝင်များအတွက် အရည်အချင်းအား အသိအမှတ်ပြုခံနိုင်ရေးကို ဦးတည်စစ်ဆေးတဲ့ စာမေးပွဲဖြစ်ပါတယ်။ စာမေးပွဲ အမျိုးအစားတွေကတော့ Network Associated Examination (NA Exam) နဲ့ Networik Professionals Examination (NP Exam) တို့ဖြစ်ပြီး စာမေးပွဲဖြေဆိုရမယ့် အချိန်ကတော့ ဒီဇင်ဘာ ၂၂ ရက်၊ နံနက် ၉ […]

Read More

၂၀၂၀ အစောပိုင်းတွင် Surface Earbuds ကို Microsoft ဖြန့်ချိမည်

Microsoft ဟာ ဒီနှစ်နှောင်းပိုင်းမှာ Surface Earbuds အသစ်ဖြန့်ချိဖို့ စီစဉ်ခဲ့ပေမယ့် အခုအခါ ၂၀၂၀ ခုနှစ် နွေရာသီမှပဲ ကြိုးမဲ့ earbuds ကိုဖြန့်ချိမယ်လို့ သိရပါတယ်။ Surface Earbuds ကို ၂၀၂၀ ခုနှစ် နွေရာသီမှာ ကမ္ဘာတစ်ဝန်း ဖြန့်ချိသွားမယ်လို့ Microsoft ရဲ့ ထုတ်ကုန်အကြီးအကဲအရာရှိ ဖြစ်သူ ပါနို့ပါနေက tweet လုပ်ခဲ့ပါတယ်။Micrsoft အနေနဲ့ Surface Earbuds ဖြန့်ချိမှု နှောင့်နှေးမှုနဲ့ပတ်သက်ပြီး ပါနေက မထုတ်ပြန်ခဲ့ပါဘူး။ အခုဆိုရင် Microsoft ဟာ Surface Earbuds ကို မီးခိုးနဲ့ အဖြူရောင် ထုတ်လုပ်မယ်လို့ သိရပါတယ်။ Microsoft ဟာ ပြီးခဲ့တဲ့လက အထူးသတင်းစာရှင်းလင်းပွဲမှာ မူလ Surface Earbuds ကို […]

Read More

ရုပ်ရှင်လက်မှတ်တွေ ကြိုတင်မှာယူပေးနိုင်တဲ့ Google Duplex

Google ဟာ ဒီနှစ်အတွင်း I/O ကွန်ဖရင့်မှာ AI ထောက်ပံ့ထားတဲ့ Duplex assistant ကိုမိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် Google ဟာ Duplex ရဲ့လုပ်ဆောင်ချက်ကို တိုးမြှင့်ခဲ့ပါတယ်။ Google Duplex ဟာ သုံးစွဲသူလုပ်အား မပါဝင်ဘဲ အွန်လိုင်းမှာ ရုပ်ရှင်လက်မှတ်တွေကို မှာယူပေးမှာ ဖြစ်ပါတယ်။ သုံးစွဲသူအနေနဲ့ စာရွက်စာတမ်းတွေ ဖြည့်စရာမလိုဘဲ Duplex က အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ သုံးစွဲသူက Google Duplex ကိုကြည့်ရှုမယ့် ရုပ်ရှင်အကြောင်း ပြောဆိုညွှန်ကြားနိုင်သလို ဖုန်းပေါ်က Google search ပေါ်မှာလည်း ညွှန်ကြားနိုင်ပါတယ်။ ခုံရွေးချယ်တာနဲ့ လက်မှတ်အတွက် ငွေပေးချေဖို့ Google Duplex က သုံးစွဲသူကို မေးမြန်သွားမှာ ဖြစ်ပါတယ်။ Google Duplex […]

Read More

၂၀၁၉-၂၀၂၀ တက္ကသိုလ်ပညာသင်နှစ် အတွက် ပထမနှစ်ဝင်ခွင့် ရရှိသူများ ဒီဇင်ဘာ ၁၃ ရက် နောက်ဆုံးထား ကျောင်းအပ်ရမည်

ပညာရေးဝန်ကြီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်များမှာ ပထမနှစ် ဝင်ခွင့် ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ စတင်ပြီး ဒီဇင်ဘာ ၁၃ ရက် နောက်ဆုံးထားပြီး မိမိကိုယ်တိုင် ကျောင်းအပ်နှံရမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ကျောင်းရွှေ့ပြောင်းလိုသူတွေ အနေနဲ့ မူလဝင်ခွင့်ရရှိတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်များမှ ကျောင်းအပ်နှံတက်ရောက်ခြင်း မရှိကြောင်း ထောက်ခံစာကို ရယူကာ ကျောင်းပြောင်းရွှေ့ရေးမူများအတိုင်း ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူတွေအနေနဲ့ သက်ဆိုင်ရာတက္ကသိုလ်ရဲ့ သင်တန်းရေးရာဌာနသို့ ဆက်သွယ် မေးမြန်းနိုင်မှာဖြစ်ပါတယ်။ -သန္တာ

Read More

စင်ကာပူနိုင်ငံ Nanyang Institute of Management (NIM) မှ ၂၀၂၀ ခုနှစ် ကျောင်းဖွင့်ချိန် အတွက် Tuition Grant ပေးအပ်မည်

စင်ကာပူနိုင်ငံ Nanyang Institute of Management (NIM) မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောင်းဖွင့်ချိန် အတွက် Tuition Grant ပေးအပ်သွားမယ်လို့ သိရပါတယ်။ စင်ကာပူနိုင်ငံရှိ Nanyang Institute of Management (NIM) မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားတဲ့ မြန်မာနိုင်ငံမှ ၁၀ တန်းအောင်မြင်ထားပြီး အင်္ဂလိပ်စာနဲ့သင်္ချာ အမှတ်( ၇၀) ရာခိုင်နှုန်းရှိသူများ၊ IGCSE ဖြေဆိုအောင်မြင်ထားပြီး အင်္ဂလိပ်စာနဲ့ သင်္ချာ Grade (B) ရရှိထားတဲ့ ကျောင်းသူ၊ ကျောင်းသားများကို Diploma in Construction Engineering ဘာသာရပ်အတွက် Tuition Grant စင်ကာပူဒေါ်လာ ၂၀၀၀ ပေးအပ်မှာ ဖြစ်ပြီး […]

Read More

ရန်ကုန်စာအုပ်လမ်း အမည်ဖြင့် စာအုပ်အရောင်းပွဲတော်ပြုလုပ်မည်

“ရန်ကုန်စာအုပ်လမ်း” (Yangon Book Street) အမည်နဲ့ စာအုပ်စာပေအရောင်းပွဲတော်ကို နိုဝင်ဘာ ၂၃ နဲ့ ၂၄ ရက်၊ သိမ်ဖြူလမ်းမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။ အပတ်စဥ် စနေ၊ တနင်္ဂနွေမှာ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပါတယ်။ စာအုပ်ပွဲတော်မှာ စာအုပ်ဆိုင်အရောင်းပြခန်းပေါင်း ၇၀ ခန့်ပါဝင်ကာ အသစ်ထွက်စာအုပ်တွေကိုလည်း မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်စာရေးဆရာ ချမ်းမြေ့ဝင်းရဲ့ “ဘာသာပြန်ခြင်းအနုပညာ” ခေါင်းစဥ်နဲ့ စာပေဟောပြောပွဲအစီအစဥ်လည်းပါ၀င်ပါတယ်။ -အောင်သက်ကို

Read More