ဇာတ်လမ်းနဲ့ ဇာတ်လမ်းတွဲတွေကို ဖုန်းထဲကို download လုပ်ကာကြည့်ရှုနိုင်မယ့်အပြင် အွန်လိုင်းကနေ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ အခမဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး နာမည်ကျော် ရုပ်သံချန်နယ်တွေက ရုပ်ရှင်ကားတွေကို စုစည်းပေးထားတဲ့ App လည်းဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း
Read Moreအီရန်နိုင်ငံမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ဒေါသထွက်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေကြောင့် အီရန်အစိုးရက နိုင်ငံတစ်ဝန်း အင်တာနက်အသုံးပြုမှု အားလုံးနီးပါးကို ပိတ်သိမ်းလိုက်ပါတယ်။ အစိုးရက အခုတစ်ပတ်အတွင်းမှာ အပြင်ဘက်ကမ္ဘာနဲ့ သတင်းအချက်အလက်ဝေမျှမှုကို အီရန်နိုင်ငံသားတွေအပေါ် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အခုတစ်ပတ်အတွင်းမှာပဲ အီရန်နိုင်ငံမှာ စက်သုံးဆီဈေးနှုန်း ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အတွက် ဆန္ဒပြအုံကြွမှုတွေ ဖြစ်ပေါ်လာတယ်လို့ Associated Press ကဖော်ပြခဲ့ပါတယ်။ အီရန်အနေနဲ့ အင်္ဂါနေ့ နံနက်မှာ ချိတ်ဆက်မှုပုံမှန်အနေအထားကို ၅ ရာခိုင်နှုန်းထားရှိပြီး နိုင်ငံတစ်ဝန်း အင်တာနက်အသုံးပြုမှု အများအပြားကို ပိတ်ပင်လိုက်တယ်လို့ NetBlocks.org က ဖော်ပြခဲ့ပါတယ်။ NetBlocks.org ဟာ ကမ္ဘာတစ်ဝန်းက အင်တာနက် ပိတ်ပင်မှုနဲ့ ပြတ်တောက်မှုကို စောင့်ကြည့်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပါ။ အင်တာနက်နှေးကွေးမှုက သောကြာနေ့က စတင်ခဲ့ပြီး အီရန်ရဲ့ အကြီးဆုံး မိုဘိုင်းအော်ပရေတာတွေဖြစ်တဲ့ MCI, Rightel […]
Read MoreSnooze လုပ်တယ်ဆိုတာကတော့ ခဏတာ ဖုန်းကနေ အသိပေးတဲ့ notification တွေကို မပေါ်အောင် လုပ်ထားတာမျိုးဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ချက်ကို ခုနောက်ဆုံးထွက်ရှိထားတဲ့ Android ဖုန်းမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို မိမိအနေနဲ့ မိနစ် အပိုင်းအခြားနဲ့ ပိတ်ထားနိုင်မှာဖြစ်ပါတယ်။ ဖုန်းမှာ notification တွေကို snooze လုပ်ထားဖို့အတွက် အရင်ဆုံး ဖုန်းရဲ့ မြင်ကွင်းအပေါ် ထောင့်စွန်းကနေ အောက်ဘက်ကို ပွတ်ဆွဲလိုက်ပါ။ အဲလို ဆွဲလိုက်ရင်တော့ ဖုန်း notifications ဘောက်တစ်ခု ပေါ်လာမှာဖြစ်ပါတယ်။ မိမိအနေနဲ့ ဖုန်းမှာ noti ကို ခဏတာမတက်စေချင်တဲ့ တစ်နည်း snooze လုပ်ချင်တဲ့ တစ်ခုကို သေချာရှာပြီး ရွေးပါ။ ပြီးရင်တော့ အဲဒီ noti ကို မြင်ကွင်း ညာဘက်ကို ဖြည်းဖြည်းဖိဆွဲလိုက်ပါ။ […]
Read MoreFacebook ကပိုင်ဆိုင်တဲ့ VR ကုမ္ပဏီ Oculus ဟာ Oculus Link နည်းပညာကို beta ဗားရှင်းစမ်းသပ်နေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် သီးသန့် Quest headset ကို gaming ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး Oculus Rift ဂိမ်းတွေ ကစားနိုင်ပါမယ်။ ကြိုးမပါဝင်တဲ့ Quest ထုတ်ကုန်က Rift S ထုတ်ကုန်ထက် စွမ်းဆောင်ရည် အလွန်ကောင်းမွန်ပါတယ်။ VR ချိတ်ဆက်နိုင်တဲ့ ကွန်ပျူတာမှာ Oculus Link နည်းပညာပါဝင်ရင် Quest နဲ့ တိုက်ရိုက်ချိတ်ဆက်ကစားနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူအနေနဲ့ Oculus Link နည်းပညာကို အသုံးပြုနိုင်ဖို့ အရည်အသွေးမြင့် USB 3 cable နဲ့ Intel i5-4590 ဒါမှမဟုတ် AMD […]
Read MoreApple ဟာ ဒီဇင်ဘာ ၂ ရက်၊ နယူးယောက်စီးတီးမှာ ပွဲတစ်ခုပြုလုပ်သွားပါမယ်။ Apple ဟာ ပွဲအတွက် ဖိတ်စာတွေ ဝေငှနေပြီး ဖိတ်စာထဲမှာ ရွှေရောင် App Store လိုဂိုဖော်ပြထားပါတယ်။ ပွဲပြုလုပ်မယ့်အကြောင်းကို 9to5mac ကလည်း ဖော်ပြခဲ့ပါတယ်။ ဖိတ်စာမှာ “Loved by millions. Created by the best” ဆိုတဲ့အရေးအသား ပါဝင်လာပါတယ်။ ၂၀၁၉ ရဲ့ စိတ်ကြိုက် app တွေနဲ့ ဂိမ်းတွေကို ဂုဏ်ပြုတဲ့ Apple အထူးပွဲလို့လည်း ရေးသားထားပါတယ်။ ဖိတ်စာထဲက စာသားတွေအရ Apple နှစ်ကုန်ပွဲမှာ app တွေနဲ့ ဂိမ်းတွေအပေါ် အာရုံစိုက်သွားဖွယ်ရှိပါတယ်။ အခုပွဲက Apple ရဲ့စက်တင်ဘာလပွဲနဲ့ မတူပါဘူး။ စက်တင်ဘာလပွဲမှာ iPhone […]
Read Moreမြန်မာကိုယ်စားပြုအသင်း အနေနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ ကျင်းပမယ့် (၄) ကြိမ်မြောက် Cyber SEA Game ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကနေ ထွက်ခွာသွားတယ်လို့ မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ mm-CERT ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ Cyber SEA Game 2019 ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပမှာဖြစ်ပြီး အာဆီယံနိုင်ငံများက လက်ရွေးစင်အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲလည်းဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲ ကြာမြင့်ချိန် ၈ နာရီ ဖြစ်ပြီး ပြိုင်ပွဲပုံစံမှာ Jeopardy CTF ပုံစံဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များ အနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ […]
Read MoreWINNER Economic EnterpriseService Co.,Ltd မှ ကြီးမှူးကျင်းပတဲ့ NAYPYITAW EXPO & CAR SHOW ကို နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ ဥပါတသန္တိဘုရားကွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ expo မှာ မော်တော်ယာဉ်တင်သွင်းရောင်းချတဲ့ ကုမ္ပဏီများ၊ မော်တော်ယာဉ်ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်းများ ၊ ကားအတွင်းအသံပိုင်းစနစ်များ၊ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ ကွန်ပျူတာနှင့် နည်းပညာရပ်ဆိုင်ရာပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ သင်တန်းကျောင်းများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်မှုလက်မှုပစ္စည်းများ၊ ခရီးသွားဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ စာရေးကိရိယာနဲ့ အလှကုန် ဖက်ရှင်ပိုင်းတို့ကို ခင်းကျင်းပြသသွားမယ်လို့ သိရပါတယ်။ ကုန်စည်သရုပ်ပြပွဲများ ၊ Model & Dancer ဖျော်ဖြေမှုများ၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းအစီအစဉ်များနဲ့ […]
Read MoreAmazon ဟာ ကြော်ငြာပါဝင်တဲ့ အခမဲ့ တေးဂီတဝန်ဆောင်မှုကို Alexa သာမကဘဲ Android, iOS နဲ့ Fire TV အတွက် ထောက်ပံ့ပေးလိုက်ပါတယ်။ Amazon Music app ကို အမေရိကန်၊ ယူကေနဲ့ ဂျာမနီအတွက် ဖြန့်ချိထားပါတယ်။ Amazon Music ကို အသုံးပြုမယ့်သူ အနေနဲ့ playlist တွေနဲ့ station တွေကို အဆိုတော်၊ ခေတ်၊ ဂီတအမျိုးအစားနဲ့ သီချင်းအပေါ်မူတည်ပြီး အကန့်အသတ်နဲ့ နားထောင်ပါမယ်။ ဒါကြောင့် နောက်ဆုံးပေါ် ရပ်ပ်သီချင်း ဒါမှမဟုတ် အားလပ်ရက်သီချင်းတွေကိုတော့ မြင်တွေ့ရနည်းသွားမှာ ဖြစ်ပါတယ်။ Amazon အနေနဲ့ Music app ကို ကနဦးမိတ်ဆက်မှုမှာ ဝန်ဆောင်မှုကို လူများစွာ အသုံးပြုနိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ […]
Read MoreApple ဟာ iOS 13 မိတ်ဆက်တုန်းက ထူးခြားတဲ့ အားနည်းချက်တွေပြင်ဆင်မယ့် iOS နဲ့ iPad OS 13.2.3 ကိုမိတ်ဆက်ခဲ့ပါတယ်။ အခု update မှာ သုံးစွဲသူတချို့ ကြုံတွေ့ခဲ့ရတဲ့ Spotlight စနစ် ရှာဖွေမှုကို ပြင်ဆင်ထားခဲ့ပါတယ်။ Mail, Files နဲ့ Notes app အတွင်းနဲ့ စနစ်အတွင်း ရှာဖွေမှုတွေကို ကိုက်ညီအောင် ပြုလုပ်ပေးခဲ့ပါတယ်။ တကယ်လို့ နောက်ကွယ်ကနေ content ကို download လုပ်တဲ့ app ကိုအသုံးပြုမယ်ဆိုရင် iOS 13.2.2 မှာ ပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။ အခုဆိုရင် update အသစ်နဲ့ ပြဿနာကို ဖြေရှင်းခဲ့ပါတယ်။ Mail မှာ Exchange account ကနေ […]
Read More