Day: November 18, 2019

ကမ္ဘာတစ်ဝန်းက ဝင်ငွေနည်းပါးတဲ့ သုံးစွဲသူတွေအပေါ် ဖုန်းကုမ္ပဏီတွေက ဘယ်လို အမြတ်ထုတ်နေသလဲ

တစ်ကိုယ်ရေ အချက်အလက် လုံခြုံရေးအကြောင်း ပြောမယ်ဆိုရင် လူ့အဖွဲ့အစည်းထဲက အချမ်းသာဆုံးနဲ့ အဆင်းရဲဆုံးလူတွေအကြား အမြဲတမ်း ကွဲပြာခြားနားမှု ရှိနေမယ်။ ချမ်းသာသူတွေက အိပ်ခန်းများစွာပါဝင်တဲ့ နေအိမ်တွေမှာ ဇိမ်ကျကျနေနိုင်ပြီး ကျူးကျော်တွေကို မောင်းထုတ်ဖို့ ထိပ်တန်းလုံခြုံရေးစနစ်တွေအတွက် ငွေပေးချေနိုင်ပါတယ်။ လူ့အဖွဲ့အစည်းထဲက အဆင်းရဲဆုံးသူတွေကတော့ တစ်ကိုယ်ရေလုံခြုံရေး အာမခံချက် အနည်းငယ်နဲ့ အခြားသူတွေနဲ့အတူ နေရာလွတ်မှာ ဝေမျှနေထိုင်ရုံကလွဲပြီး အခြားရွေးချယ်စရာမရှိပါဘူး။ ဒါပေမဲ့ အင်တာနက်အသုံးပြုမှု မြင့်တက်လာတဲ့ ခေတ်မှာတော့ အချက်အလက် တစ်ကိုယ်ရေလုံခြုံရေး ပြဿနာကလည်း စိုးရိမ်ပူပန်စရာ ကိစ္စပါပဲ။ ကော်ပိုရေးရှင်းတွေက ဝက်ဘ်ဆိုက်တွေကို လက်ဝါးကြီးအုပ် ဆက်လက်လုပ်ကိုင်နေတာကြောင့် ဆင်းရဲ၊ ချမ်းသာကွာခြားမှုက ကြီးထွားနေပါတယ်။ ကြားဖူးနေကျ ဆိုရိုးတစ်ခုရှိပါတယ်။ အဲဒါကတော့ “ထုတ်ကုန်အတွက် ပိုက်ဆံမပေးနိုင်ရင် ခင်ဗျားကိုယ်တိုင်က ထုတ်ကုန်ပဲ” ဆိုတာပါ။ အင်တာနက်လိုမျိုးလူတွေကို ထုတ်ကုန်အဖြစ် အသွင်ပြောင်းလဲနိုင်တဲ့ အရာဆိုတာ […]

Read More

Myanmar Calendar 2020

၂၀၂၀ ပြည့်နှစ် ပြက္ခဒိန် app ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ်၊ မြန်မာသက္ကရာဇ် နှစ်မျိုး အသုံးပြုနိုင်မှာဖြစ်ပြီး အစိုးရရုံးပိတ်ရက်များနဲ့ လပြည့်၊ လကွယ်၊ ရက်ရာဇာ၊ ပြဿဒါး စတာတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်သာမကဘဲ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေရဲ့ ပြက္ခဒိန်ကိုလည်း ပြန်လည် ကြည့်ရှုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Download လုပ်ချင်ရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

Read More

TikTok ကို download ပြုလုပ်တဲ့အကြိမ်ရေ ၁.၅ ဘီလျံကျော်လွန်

TikTok ကို App Store နဲ့ Google Play ပေါ်မှာ ကမ္ဘာတစ်ဝန်းက download ပြုလုပ်တဲ့အကြိမ်ရေ ၁.၅ ဘီလျံ ကျော်လွန်သွားပြီလို့ မိုဘိုင်းအချက်အလက် စုဆောင်းတဲ့ Sensor Tower ကထုတ်ပြန်ခဲ့ပါတယ်။ လူမှုရေးမီဒီယာ app ဖြစ်တဲ့ TikTok ဟာ တစ်နှစ်အတွင်း gaming app မဟုတ်ဘဲ တတိယအများဆုံး download အပြုလုပ်အခံရဆုံး app ဖြစ်ပါတယ်။ အဲဒီစာရင်းရဲ့ နံပါတ် (၁) နေရာကို WhatsApp နဲ့ နံပါတ် (၂) နေရာကို Messenger တို့ကရယူထားပါတယ်။ Facebook နဲ့ Instagram တို့က နံပါတ် (၄) နဲ့ (၅) နေရာမှာ ရပ်တည်နေတယ်လို့ စစ်တမ်းမှာ […]

Read More

မကြာမီ Samsung Galaxy A51 ကိုမိတ်ဆက်နိုင်

ပြီးခဲ့တဲ့လက မော်ဒယ်နံပါတ် SM-A515F ဖြစ်တဲ့ Samsung Galaxy A51 ဟာ Geekbench စွမ်းဆောင်ရည် ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ရက်အနည်းငယ်က Samsung Galaxy A51 ဟာ Wi-Fi Alliance ကနေ အသိအမှတ်ပြု လက်မှတ်တစ်ခုလည်း ရရှိခဲ့ပါတယ်။ Samsung ကတော့ Galaxy A51 နဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ Samsung ရဲ့ရုရှား တရားဝင်ဝက်ဘ်ဆိုက်ကတော့ Galaxy A51 ရဲ့ support page ကိုတင်လိုက်ပါတယ်။ ဒါကြောင့် Samsung Galaxy A51 ဟာ မကြာမီထွက်ရှိလာနိုင်ပါတယ်။ အခုဆိုရင် Galaxy A51 သရုပ်ဖော်ပုံ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှေ့ဘက်မှာ ၆.၅ လက်မ display နဲ့အတူ […]

Read More

Instagram လိုမျိုး feature တစ်မျိုးကို Facebook စမ်းသပ်

Facebook မှာ ဗီဒီယိုကြည့်ရှုတဲ့အခါ full-screen mode နဲ့ scroll down လုပ်ပြီး ကြည့်ရပါတယ်။ အခုအခါမှာတော့ Facebook ဟာ ဓာတ်ပုံတွေကိုလည်း အလားတူ အတွေ့အကြုံအတိုင်း ကြည့်ရှုနိုင်မယ့် feature တစ်ခုကို စမ်းသပ်နေပါတယ်။ Facebook ဟာ “Popular Photos” လို့အမည်ရတဲ့ ဓာတ်ပုံတွေအတွက် feature တစ်ခုကို တည်ဆောက်ပေးထားပါတယ်။ အခု setting မှာ သုံးစွဲသူက ဓာတ်ပုံကို tap လုပ်လိုက်ရင် နောက်ခံအနက်နဲ့ full-screen mode ဖြစ်သွားပါမယ်။ နောက်တော့ သုံးစွဲသူက scroll down ဒါမှမဟုတ် swipe လုပ်ပြီး ဓာတ်ပုံတွေကို ကြည့်ရှုနိုင်ပါတယ်။ Popular Photos မှာ Facebook ရဲ့ algorithm […]

Read More

 iOS နဲ့ Android အတွက် Cortana ထောက်ပံ့မှုကို Microsoft ရပ်တန့်သွားမယ်

Microsoft ဟာ ဇန်နဝါရီလအတွင်း iOS နဲ့ Android အတွက် ထုတ်လုပ်ထားတဲ့ Cortana app ကို ပိတ်သိမ်းသွားဖို့ စီစဉ်နေတယ်လို့ ပြောခဲ့ပါတယ်။ Microsoft အနေနဲ့ ယူကေ၊ ကနေဒါနဲ့ ဩစတြေးလျဈေးကွက်တွေမှာ iOS နဲ့ Android အတွက် Cortana ထောက်ပံ့မှုကို ပိတ်သိမ်းမယ်ဆိုတဲ့ ဆောင်းပါးကို တင်ခဲ့ပါတယ်။ ဇန်နဝါရီ ၃၁ ရက်မှာ ယူကေ၊ ဩစတြေးလျ၊ ဂျာမနီ၊ မက္ကဆီကို၊ တရုတ်၊ စပိန်၊ ကနေဒါနဲ့ အိန္ဒိယအတွက် Cortana app ကိုပိတ်မယ်လို့ Microsoft ကအတည်ပြုထားပါတယ်။ “Cortana ဟာ ကျွန်တော်တို့ platform တွေနဲ့ ထုတ်ကုန်တွေအားလုံးအတွက် စကားပြောဆိုနိုင်တဲ့ တွက်ချက်မှုနဲ့ အလုပ်တွင်ကျယ်အောင် ပြုလုပ်ပေးမယ့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ […]

Read More